သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။
ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။
နောက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး။
အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်
လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင်ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။
(မနာပဒါယီ အရှင်ဝိစိတ္တ - ဒိုက်ဦး)
နှလုံးသားအာဟာရ
No comments:
Post a Comment