Wednesday, February 19, 2014

သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ


သင်အရမ်းချစ်ရတဲ့လူတစ်ယောက် သင့်အပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဘယ်လောက်ချစ်သလဲဆိုတာက
ဒီအတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...

သူ့ဖြစ်စေချင်သလို ကိုယ့်ဘက်ကမဖြည့်ဆည်းမပေးနိုင်တော့တဲ့အချိန်...
သူနဲ့ကိုယ် ရန်တွေဖြစ်ကြလို့ ကိုယ့်ဘက်ကအလျော့မပေးမိတဲ့အချိန်...
သူနဲ့ကိုယ် အခြေအနေအမျိုးမျိုးကြောင့် ဝေးကွာနေကြချိန်ကျမှပဲ...

သူကိုယ့်အပေါ်ကိုဘယ်လောက်ချစ်သလဲ
သူကိုယ့်ကို ဘယ်လောက်အလေးအနက်ထားသလဲ
ကိုယ်က အရမ်းကောင်းမှ သူကပြန်ကောင်းတာလား

ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ
သင့်ကိုသူဘယ်လောက်မစွန့်လွှတ်ပဲတောင့်ခံထားနိုင်သလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်...

တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမဲ့ စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကိုအလွယ်တကူပဲ စွန့်ခွာတတ်ကြသလို...

အချို့ကကျတော့လည်း သင့်ဘက်ကအလျော့ပေးနေသရွေ့တော့
အဆင်ပြေနေပေမဲ့ သင့်ဘက်ကနည်းနည်းလေးအလျော့မပေးလိုက်တာနဲ့ စွန့်ခွာချင်လာသလို...

အချို့က သင့်ထက်သာတဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါမှာ
အလွယ်တကူပဲသင့်အပေါ်အေးစက်သွေးအေးသွားတတ်ကြတယ်လေ...

အချို့ကကျတော့ သင့်ဘက်ကအချိန်ပေးနေသရွေ့တော့ အဆင်ပြေနေပေမဲ့ သင့်ဘက်က ဂရုမစိုက်နိုင်တော့ရင် သင့်ကိုစွန့်ခွာလာချင်တတ်ကြတယ်လေ..

အဲလိုလူတွေနဲ့တွေ့ခဲ့ရင်
သူတို့ဟာသင့်အပေါ်မှာတကယ်မချစ်ခဲ့တဲ့လူတွေဆိုတာ သိနိုင်ပါတယ်...

အဲလိုလူတွေနဲ့ လမ်းခွဲရရင်လဲ
တကယ်ဝမ်းနည်းရမှာက သင်မဟုတ်ပါဘူး....
သင့်ကိုမချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာထက်
ကိုယ့်အပေါ်အရမ်းကောင်းတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူတို့က ဆုံးရှုံးမှုပိုပြီးများတာပါ..

သင့်ကို တကယ်ချစ်တဲ့လူဆိုတာ
သင်သူ့အပေါ်ဘယ်လောက်ဆိုးဆိုး သူတတ်နိုင်သလောက် သည်းခံပေးသလို သင့်အပေါ်မှာ အပြည့်အ၀နားလည်ပေးတတ်သူပဲဖြစ်ပါတယ်...

တကယ်လို့ အခြေအနေတွေ အကြောင်းဖန်လာလို့
သင့်အပေါ် တကယ်ချစ်ခဲ့တဲ့လူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲဖြစ်ခဲ့မှာသေချာပါတယ်...

-----------------------------------------------------

" In the version of 37"
Credits: ကောင်မလေးရဲ့ကောင်ကလေး
posted by: We live in Philosophy

No comments:

Post a Comment