Wednesday, February 26, 2014

အောင်မြင်ချင်သော သူငယ်ချင်းများအတွက်


ကောင်လေးတစ်ယောက်၊ အိမ်က လူတွေက သူ့ကို Sparky လို့ ခေါ်ကြတယ်။ ကျောင်းတက်တယ် သူ့အတွက် ကျောင်းဆိုတာ အပျော်ပဲ၊ ဘာစာမှ သူစိတ်မ၀င်စားဘူး၊ ဘာသာရပ်အားလုံး ကျတယ်။ အိမ်က ဆူတယ်၊ ဂရုမစိုက်ဘူး၊ အဆိုးဆုံးကတော့ ရူပဗေဒစာမေးပွဲတိုင်း သုည နဲ့ ကျတယ်။

ကျောင်းမှာလည်း သူငယ်ချင်းမရှိဘူး။ သူဘ၀ကြီးမှာ ဘေးက လူတွေ အမြင် မှာတော့ ပျင်းစရာ၊ လူကြီးတွေကလည်း ဒီကလေး ကြီးလာရင်တော့ မိဘ ကို ဒုက္ခပေးမယ့် ကောင်ဘဲ လို့ ပြော၊ ဟုတ်မှာပါလေ ပညာကို အလေးထား တဲ့ အမေရိကားလို နိုင်ငံမှာ သူကတေလေဂျပိုး၊ အဲတာလည်း သူ ဂရုမစိုက်ပါဘူး။

https://www.facebook.com/mmwikipedia

ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမယ့် သူမြတ်နိုးတာတော့ တခုရှိတယ်၊ ကာတွန်း ဆွဲတာပဲ။ အချိန်အားရင် ကာတွန်းဆွဲတယ်။ ကျောင်းမှာ ပြိုင်ပွဲ တွေ
လုပ်ရင် ၀င်ပြိုင်တယ်။ အမှတ်ပေးသူတွေက သူ့နာမည်တွေ့တာနဲ့ သူ့အမှတ်ကို အလိုလို သုည ပေးလိုက်တယ်။

ဒါပေမယ့်လည်း သူ့ကာတွန်းကို သူကတော့ သဘောကျတယ်။ ပတ်ဝန်းကျင်က သူ့ကို မကောင်းမြင်နေပေမယ့် သူ့ကို အကောင်းမြင်တာ တစ်ဦးပဲ ရှိတယ်၊ အဲတာ သူ့အမေပဲ။ အားပေးတယ်၊ ဒါကြောင့် သူပျော်နေ နိုင် တာပေါ့။

ဘာသာရပ်တွေ ကျသော်လည်း ကျောင်းမှ သူ့ကို ချွင်းချက်နဲ့ အတန်းတွေ တင်ပေးတယ်။ အထက်တန်း ကျောင်းသားဘ၀ မှာ Walt Disney Studios ဆီကို သူ စာရေးပို့တယ်။ Walt Disney မှ သူ့ကာတွန်းတွေကို ပို့လာ ပေးဖို့ တောင်းဆိုတော့ သူပျော်ရွှင်သွားပြီး သေသေချာချာ ပြင်ဆင် ပြီး ပို့လိုက်သော်လည်း သူ့ကာတွန်းကို အရည်အသွေးမရှိ ဆိုပြီး ပယ်ချခံ ရပါတယ်။

https://www.facebook.com/mmwikipedia

အတန်းတိုင်းမှာ သူ့ကို အရူံးသမား လို့ ခေါ်ခံရတာ သူ ဂရုမစိုက်ပေမယ့်၊ နာမည်ကြီး ကာတွန်း company မှ သူ့ကာတွန်းကို အရည်အသွေး မရှိ လို့ ပြောလိုက်တာဟာ သာမန်လူဆိုရင် ဘာမှ လုပ်တော့မှ မဟုတ်ပါဘူး။

ဒါပေမယ့် သူက Sparky လေ အရူံးမပေးဘူး။ သူ့ဘ၀ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်းတခု ရေးဆွဲပြီး ကာတွန်းတခု ထုတ် လိုက်တယ်။ အဲ့ကာတွန်းထဲက ဇာတ်လိုက်ကလည်း သူ့လိုပဲ အရူံးသမား ပဲ၊ အဲ့ ကာတွန်းက အနောက်နိုင်ငံတွေမှာ ချက်ချင်း ဆိုသလိုပဲ နာမည်ကျော် သွားတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း အံ့သြကုန်တယ်။ ကျောင်းက သူ့ ဆရာ တွေဆိုရင် အိမ်ထိတောင် လာပြီး ဟုတ်ပါ့ဟုတ်မလား ဆိုပြီး သေချာ အောင် လာကြည့်ကြတယ်။

ကာတွန်းလေးကတော့ Peanuts လို့ အမည်ရပါတယ်။ သူဟာ အဲ့ ကာတွန်း တခုထဲကနေ အမြတ်ငွေ 1 billion အထိ မြတ်ကာ ချမ်းသာ ခဲ့ပါတယ်။ ကာတွန်းဆရာနာမည်အရင်းကတော့ Charles M. Schulz ဖြစ်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အရာကို ဇွဲ၊လုံ့လ မလျော့ဘဲ၊ စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်နဲ့ ပေါင်းကာ ကြိုးစားခဲ့သည့်အတွက် သူဟာ အရူံးသမားကနေ သန်းကြွယ် သဌေးဘ၀ကို ရောက်သွားပါတယ်။

အောင်မြင်တဲ့သူတွေရဲ့ ဘ၀ဟာ ဘယ်တော့မှ တာထွက် မကောင်း ခဲ့ပါဘူး၊ အခက်အခဲတွေဆိုတာလည်း သူ့တို့အတွက်ဟာ ပန်းနဲ့ ပေါက်သလိုပါပဲ၊ ကိုယ် ယုံကြည်ရာကို ဇွဲသန်သန်နဲ့ ကြိုးစားနေဖို့က ကိုယ့်တာဝန်ပါပဲ၊ ကျန်တာ သူ့အလိုလိုဖြစ်လာလိမ့်မယ်။ အောင်မြင်ချင်သော သူငယ်ချင်းများ အတွက်...

-MM-
သုတစွယ်စုံကျမ်း

No comments:

Post a Comment