Monday, February 24, 2014

အတိုင်းအတာဖြင့် သည်းခံခြင်း


တစ်ခါ တစ်ရံ တော့ လည်း

မြွေ ဆိုး တစ်ကောင်က သူတော်စင် တစ်ဦး ထံပါးမှာ ဂတိ သစ္စာ တခု ပြုလေတယ် ။
နောက်နောင် ဘယ်သော အခါမှ လူတွေ ကို အန္တရာယ် မပြုတော့ ပါဘူး ။ မြွေ ယဉ်ကျေး လိမ်မာ ဖြစ်အောင် နေပါတော့မည် ဟု လေးလေး နက်နက် သစ္စာလည်း ပြု လိုက်တယ် ။

ဒီလိုနဲ့ မကြာဘူး ရပ်နီး ရွာစပ်က ခလေး တသိုက် က ဆော့ ကစားရင်းနဲ့ မြွေအောင်းရာ အရပ်မှာ မြွေကို မြင်တော့ လောက်လေး တွေနဲ့ ပစ်တယ် ခဲတွေနဲ့ မရဲတရဲ ထုကြည့်ကြတယ် ။

မြွေလည်း သူတော်စင် အပါးမှာ ပြုခဲ့တဲ့ ဂတိ သစ္စာ ထာဝရတည် စေရမယ်ဟု သူ့ ရင် ၌ ကြုံးဝါးပြီး သွေးအလိမ့်လိမ့် ဖြစ်လာလင့်ကစား ကလေး အပေါင်းအား ရန်မပြုရုံတင် မက မာန်ပင် မဖီခဲ့ဘူး ။

ပြန်မလုပ် မှန်းသိသော အခါ ထုလို့ ရမှန်း သိတော့အခါ၊ ခလေးတွေလည်း တရက် နှစ်ရက် ရက်အတန်ကြာ သည် အထိပင် မြွေကို နှိပ်စက်ပြီး သူတို့ကိုယ်ကို သူတို့ သူရဲကောင်းပြု ကြတယ် ။

နောက်ဆုံး ဝေဒနာ မခံနိုင် ဖြစ်ကာ ဒဏ်ရာ ဗရပွနဲ့ သူတော်စင် အပါး၌ ခစားပြီး ၀မ်းနည်း ပက်လက်ဖြင့် သူ့ ဖြစ်ရပ်ကို ရင်ဖွင့်လေတယ် ။
သူတော်စင် ကြီးက ဆုံးအောင် နားထောင်ပြီး ဆုံးမ စကားဆိုတယ် ။

သင် မြွေကြီး ( သင် ခန္တီ ရှိရမည် ဟု ငါ လမ်းပြ ခဲ့လေသည် သို့ သော် လည်း သင့်ကို ပြု သမျှ မခုခံ အံကြိတ် ခံရမည် ဟု ငါ မဆိုခဲ့ သင် သည် ကိုယ်ပိုင် အဆိပ် ရှိသော ကိုယ်ပိုင် အစွယ်ရှိသော မြွေ တစ်ကောင် ဖြစ်မှန်း တော့ သူတို့ သိစေရမည် ။ )

နောက် တနေ့ ၌ ထုံးစံ အတိုင်း ပင် လောက် လေးခွ ခဲ ကျောက် တို့ ဖြင့် ပစ်ပေါက် အနိုင်ကျင့် ရန် ခလေး တစ်သိုက် ရောက်လာကြ ပြန် သည် ။

္စ္ကဤအခါ ၌ မြွေသည် တရွှီရွှီ မြည်တွန်ပြီး ပါးပြင်း ထောင်လိုက်တော့ အခါ သူတို့ သည်လည်း ကြောက်လန့်တကြား ထွက်ပြေး ကြလေ တော့သည်။

ထိုနေ့ မှ စ၍ မြွေသည် လည်း အေးချမ်းသွားလေ သည် ။

(Roulin Piya) ၏ စာမျက်နှာမှ ကူးယူမျှဝေသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment