Sunday, February 16, 2014

ဝိတ်ကျချင်သူများ ရေကူးပါ


အမျိုးသမီး (သို့) အမျိုးသား မည်သူမဆို လုပ်ဆောင် နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်လို့ အဆင်ပြေစေမှာပါ။ ရေမကူးတတ် သူများလည်း အလွယ်တကူ သင်ယူနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

ရေကူးခြင်းဟာ ဝိတ်ကျချင်သူများ အတွက် အထောက်အကူပြုနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ဝိတ်ကျချင် သူများ အနေနဲ့ ရေကူးခြင်း လေ့ကျင့်ခန်းကို ပြုလုပ်သင့် ပါတယ်။ သို့မှသာ အမြန်ဆုံး ဝိတ်ကျလာပါ လိမ့်မယ်။ ဒါ့အပြင် ရေးကူးခြင်းဟာ ကြွက်သားများ အတွက် သန်မာစေနိုင်လို့ အမျိုးသားများ လုပ်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

ရေကူးခြင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးနှင့် သက်ဆိုင်တဲ့ လေကျင့်ခန်းဖြစ်လို့ အထိုင်များသူများ ပြုလုပ်သင့် ပါတယ်။ အမောဖောက် သူများ ရေကူးခြင်း လေ့ကျင့်ခန်းကို လုပ်ပါက အမောဒဏ်ကို ခံနိုင်စေမှာပါ။ ဒါကြောင့် ရေကူးခြင်းဟာ ဝိတ်ကျမှုကို အထောက်အကူ ပြုစေနိုင်ရုံသာ မကဘဲ အခြားသော အကျိုးကျေးဇူး များစွာရရှိလို့ လိုက်စားသင့်သော လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။


share comment

ကျန်းမာရေးနှင့် အလှအပ သတင်းများ

No comments:

Post a Comment