Monday, February 24, 2014

Salmon ငါးကြော်နှင့် စပျစ်သီးအသုပ်


(Pan Fried Salmon With Graps Sals)

လွယ်လွယ်ကူကူနဲ့ ချက်ပြုတ်ပြင်ဆင်လို့လွယ်တဲ့
အနောက်တိုင်းအစားအစာပဲ ဖြစ်ပါတယ်။
Salmon ငါးကြော်ရဲ့အရသာနဲ့ စပျစ်သီးအသုပ် လိုက်ဖက်ပြီး
စားလို့အရမ်း ကောင်းပါတယ်။ စပျစ်သီးကို အချိုပွဲအနေနဲ့
စားသုံးကြတာများပြီး ဟင်းတစ်ခွက်အနေနဲ့ ချက်ပြုတ်ပြီး
ကျွေးမွေးတဲ့အခါ အံ့အားသင့်ပြီး ဆွဲဆောင်မှုကောင်းတဲ့
အနောက်တိုင်း အစားအစာလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
........................
• Salmon ငါး - ၂၀၀ ဂရမ် ၂ တုံး
• ငရုတ်ကောင်းမူန့်အဖြူ - အနည်းငယ်
• ဆား - အနည်းငယ်
• သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း

Graps Salasa အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းများ
.....................................................................
• အစေ့မပါတဲ့စပျစ်သီးအနီ - ၅၀၀ ဂရမ် (နှစ်ခြမ်းခြမ်းထားပါ)
• ကြက်သွန်မြိတ် - ၂ ပင်
• ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးအမှည့် - ၁ တောင့် (အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၁ တောင့်(အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးဆော့စ် (Chili Sauce) - လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ တစ်ဝက်
• နံနံပင် - ၃ ပင် (ပါးပါးလှီးပါ)
• လီမွန်ရည် (Lemon Juice) - ၁ လုံး

ပြုလုပ်နည်း
.................
Salmon ငါးနှစ်တုံးကို ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ရောနယ်ပြီး
၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးလျှင် ဒယ်အိုးအပြားတွင် Salmon ငါးကို
သံလွင်ဆီနှင့်ကြော်ပါ။ Salmon ငါးက အစိမ်းစားလို့ရတဲ့ငါးဖြစ်တဲ့အတွက်
ကြွပ်နေအောင်ကြော်စရာမလိုပါ။ ပြီးလျှင် ဒယ်အိုးထဲမှဆယ်ယူပြီးထားပါ။
စားသုံးမည်ဆိုပါက Graps Salsa အတွက် လိုအပ်တဲ့
ပါဝင်ပစ္စည်းများအားလုံးကို ဇလုံကြီးတစ်လုံးတွင်ထည့်ပြီး
ဖွဖွလေးနယ်ပါ။ ပြီးလျှင် စားသုံးမည့် ပန်းကန်ပြားနှစ်ချပ်တွင်ထည့်ပြီး
အဆင်သင့်ကြော်ထားသော Salmon ငါးကြော်ကို
Graps Salsa ပေါ်တွင်တင်ပြီး စားသုံးနိုင်ပါပြီ။

.......................................................................................
Delicious Food From All Over The World By Myint Oo Tha

No comments:

Post a Comment