မေတ္တာဆိုတာဟာ သတ္တ၀ါတို့ ၏ အကျိုးစီးပွားကို ကျင့်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာသာ ရှိပါသည်။ သတ္တ၀ါတို့ ရဲ့ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း ကိစ္စမျိုးကိုသာ ရှိစေပါသည်။
တစ်နည်းအားဖြင့် အာဃာတကို ပါယ်ဖျောက်ခြင်း ကိစ္စမျိုး ဖြစ်ပါသည်။ အေးမြသော၊ ငြိမ်းချမ်းသော၊ စိတ်သဘောသာလျှင် ဉာဏ်အားရှေးရှု ထင်လာစေ တတ်သော အခြင်းအရာ ဖြစ်လေသည်။
သတ္တ၀ါတို့ ၏ နှစ်သက်ဖွယ်ကောင်းသော ဂုဏ်ကိုသာ ရှုမြင်တတ်သော ယောနိသော မနသိကာရ သာလျှင် နီးစွာသော အကြောင်းရှိပါသည်။
မေတ္တာရှိလာပြီ ဆိုလျှင်တော့ သူတစ်ပါးတို့ ရဲ့ ကောင်းကွက်များကိုသာ ကြည့်တတ်၊ မြင်တတ်လာပါသည်။ မကောင်းကွက်တို့ ကို မမြင်တတ်၊ မကြည့်တတ်တော့ပါ။
ကောင်းကွက်ကိုကြည့်လျှင် ကောင်းတာတွေချည်းသာမြင်၍ စိတ်၌ ကုသိုလ်ချည်း ဖြစ်နေကာ၊ မကောင်းကွက်ကို ကြည့်လျှင် မကောင်းတာတွေ ကိုသာမြင်၍ စိတ်၌ အကုသိုလ်ချည်းသာ ဖြစ်နေလေသည်တည်း။
အရှင်ဇ၀န ( မေတ္တာရှင် ) ရွှေပြည်သာ
ဓမ္မဒါနမူရင်း https://www.facebook.com/pages/သူတော်ကောင်းတို-့လျှောက်သောလမ်း/478197798936948?ref=hl
No comments:
Post a Comment