Thursday, May 24, 2012

ဝိပဿနာ

မိမိတို့ ကံတွေကောင်းအောင် စွမ်းနိုင်တာ ဒီအကျင့်၊ စိတ်မရှုတ်ပဲ ကြည်လင်အောင်စွမ်းနိုင်တာ ဒီအကျင့်၊

တကယ့်ကို လွတ်လပ်တဲ့ အရသာခံစားနိုင်တာ ဒီအကျင့်၊
ကဲ့ရဲ့ ခံရခြင်း ချီးမွန်းခံရခြင်း၊ ဥစ္စာရရှိခြင်း မရရှိခြင်း၊ အခြွေအရံများခြင်း မရှိခြင်း၊

ကိုယ်စိတ် ချမ်းသာခြင်း ဆင်းရဲခြင်းစတဲ့  လောကဓံ ၈ပါး တွေ့  ကြုံလာချိန်မှာ

အပြုံးမပျက် ရင်ဆိုင်နိုင်အောင် စွမ်းနိုင်တာ ဒီအကျင့်၊ ကျန်းမာရေး ကောင်းအောင် စွမ်းနိုင်တာဒီအကျင့်၊
ရုပ်ကြီးဖောက်ပြန်မှု လွန်ကဲလာလို့  မကျန်းမာတဲ့ အချိန်မှာ ကိုယ်နာသော်လည်းစိတ်မနာစေတာ ဒီအကျင့်၊

အပါယ် ၄ပါးက အလွတ် ရုန်းနိုင်အောင် စွမ်းနိုင်တာ ဒီအကျင့်၊

အများကို စိတ်အေးချမ်းစွာနေတတ်အောင်၊အပါယ်လွတ်အောင် တကယ့် ကူညီခြင်းအစစ်နဲ့ ကူညီနိုင်တာ ဒီအကျင့် ၊

ကိလေသာအပူဓါတ်တွေ ဘယ်လောက်ရိုက်ရိုက် ငြိမ်းအေးသော နိဗ္ဗာန်ကို အာရုံပြုနိုင်တာ ဒီအကျင့်....

အကျိုးတွေကတော့ ပြောမကုန်ပါ။ စာသိ၊ အများပြောအသိ၊ သင်္ညာသိနဲ့ သူများပါးစပ် လမ်းမဆုံးပဲ

ဤ၀ိပဿနာ အကျင့်ဖြင့် လက်တွေ့ စမ်းကြည့်စေ ချင်ပါတယ်။ တရားခွေတွေ မနက်တိုင်းဖွင့်နေရုံ၊ တရားနာရုံ၊

တရားစာတွေ ရွတ်နေ ဖတ်နေရုံနဲ့ အပါယ်လေးပါးက အလွတ်ရုန်းလို့ မရပါ။ အကျင့်ကျင့်မှ ရမှာပါ။

နည်းမသိလို့ ..မလုပ်တတ်လို့ ခက်နေတာ.. တရားတွေရဖို့  ကြာနေတာပါ။

နည်းလွယ်လေးနဲ့ စက္ကန့် မလပ်သာ ကြိုးစား ကြည့်ပါ။ တရားက ဆုပေးလာပါလိမ့်မယ်။

မိမိအလုပ်ကတော့ တရစပ်သာကျင့်ပေးနေရုံပါ။
တငါငါအစွဲတွေနဲ့ မလုပ်မိအောင် သတိထားပြီး တသံသရာလုံးက

မပြုပြင်ဖူးတဲ့ စိတ်ကိုပြုပြင်ပေးပါ။ သုံးရုံသုံးတတ်ပါစေ.. မစွဲမိအောင်ကြိုးစားပေးရပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သတိအစဉ်ကပ်... ကိုယ့်စိတ်ကိုယ်စစ်.. သူများစိတ်မစစ်နဲ့ ။
ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်လို့ မရ.. သူ့ သဘောသူဆောင်ပြီး ပေါ်လိုက်တိုင်းလည်း မရှိတော့တာပဲ။
သဘာဝတရားကြီးကိုက မမြဲတာပဲတကယ်ရှိနေတာ။
ကိစ္စနည်းအောင်နေ.. ပြောနေရသမျှ၊လုပ်နေရသမျှ၊သိနေရသမျှ ဒုက္ခချည်းပဲ။
ကိလေသာစိတ်တွေ ဖြစ်ရင်ဖြစ်မှန်း သိအောင်ကြိုးစား။
ကိလေသာစိတ်တွေဖြစ်လာတာသိရင် ဖယ်ထုတ်၊ဖြတ်ချ၊ ဆက်ဖြစ်ခွင့်မပေးပါနဲ့ ။
ကိလေသာနဲ့ ပေါင်းနေသ၍လက်ခံထားသ၍ပူမယ်။ အေးချမ်းတာကြိုက်ရင် အပူလာရိုက်တိုင်း ဖယ်ထုတ်တတ်ပါစေ။
ကိလေသာစိတ်တွေ ဖြစ်ခွင့်မရအောင် အဓိကသတိလေး အမြဲကပ်ကပ်ပြီး နှလုံးသွင်းနေရမှာကတော့
ရုပ်ခန္ဓာမှာဘာဖြစ်လာလာ {တရစပ်ဖောက်ပြန်ပျက်စီးပြီး အသစ်အသစ်တွေ အစားထိုးလိုက်တိုင်းလည်း ပျက်စီးနေတယ်}
လို့  တလုံးပဲ ဆက်တိုက် နှလုံးသွင်းပေးနေပါ။
နာမ်ခန္ဓာ(စိတ်)မှာ ဘာသိလာလာ { သိလိုက်တိုင်း မရှိတော့ဘူး။ အသစ်အသစ် သိတိုင်းလည်း မရှိတော့ဘူး} လို့ 
တလုံးပဲ ဆက်တိုက် နှလုံးသွင်းပေးနေပါ။

သတိကပ်သိပေးနေရပါမယ်။ စိတ်မလွတ်ပါစေနဲ့ ။ လွတ်တဲ့စိတ်ကိုပြန်ဖမ်း၊ ပျောက်သွားတာ၊
မရှိတော့တာတွေကို ထပ်သတိထား။
စိတ္မျငိမ္ဘူးလို ့ စိတ္ဓါတ္မက်ပါနဲ ့။ တသံသရာလုံးကငြိမ်အောင် မလေ့ကျင့်ခဲ့လို့ ပါ။
ဒါကြောင့်တစက္ကန့်  ကနေစပြိးလေ့ကျင့်ပါ။

ဥာဏ်တဆင့်မြင့်သူများက "တရစပ်ဖောက်ပြန်ပျက်စီးသွားနေတာကို
လှမ်းလှမ်း သိလိုက်တဲ့  စိတ်တွေလည်း မရှိတော့ဘူး" လို့  စကားလုံးမပါဥာဏ်လေးနဲ့ 
တရစပ်သိပေးခြင်းဖြင့် ကိလေသာစိတ်ကြမ်းတွေ ၀င်ခွင့်မရအောင် အမြဲတရစပ်နှလုံးသွင်းပေးပါ။
အဲ့ဒါအပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဘို့  သော့လေးပေးတာမို့  ဖွင့်တတ်အောင် အမြဲလေ့ကျင့်ကြပါလို့...

မေတ္တာဖြင့်
မမေသက် (အင်တာနက်)

Website: http://maythetwin.multiply.com

Email - globe9win@gmail.com

Reference: http://www.dhammadownload.com/Sayamalay-MayThet-news.htm

No comments:

Post a Comment