Sunday, May 20, 2012

မကွဲခင်က ခွဲနှင်.ပါ

ကိုယ်.ကိုယ်ကိုအမြဲတမ်းသတိပေးရမယ်. အချက် ၅ ချက်ရှိသတဲ.ဗျ

အမြဲနှလုံးသွင်းရမယ်. တရား ၅ မျိုးလို.ခေါ်တယ်။

ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ.. ငါအိုရဦးမယ်။ဘာဖြစ်လို.လဲဆိုတော. ဒို.က သူများအိုတာသာသိတာကွဲ.။ ကိုယ်အိုတာကို မေ.နေတယ်။ မေ.တတ်လွန်းလို. သတိပေးရတယ်။

ငါအိုရဦးမယ်..။ ဒါပြီးတော. နောက်ထပ်ဆင်ခြင်ရမှာက

အင်း.. ငါ အအိုကမလွတ်သေးဘူး။ မေ.တတ်လွန်းလို. .. အမြဲဆင်ခြင်ပါ။

ဒုတိယကျတော. .. ငါနာရဦးမယ်။ ဒါလည်း ကိုယ်.ကိုယ်ကိုအမြဲတမ်းသတိပေးနေရမယ်တဲ.။

ဘာဖြစ်လို.တုန်း။ သူများနာတာတွေတာ သိနေတာ။ ကိုယ်နာတာတော. မေ.နေသနော်။

သူများနာမှာတွေသာကြည်.နေတာ။ ကိုယ်နာမှာကျ သတိမရဘူး။ ကိုယ်ကိုယ်.ကိုအမြဲတမ်းအကောင်းချည်းပဲထင်နေတာ။ ဒါလည်း အမြဲတမ်းသတိပေးရမှာတဲ.ဗျ။

အဲသလို သတိပေးရင်း.. အင်း ငါအနာကမလွတ်သေးပါလား။ အဲသလိုထပ်စဉ်းစားရမယ်တဲ.ဗျ။

ပြီးတော. တစ်ခါ တတိယကျတော. ငါသေရဦးမယ်။ ဘာဖြစ်လို.တုန်း..ဒို.က သူများသေမှာသာလျှောက်စဉ်းစားနေတာ..။ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို.တုန်း။ မေ.လွန်းလို. မေ.လွန်းလို.။

သေမှာလည်း မေ.လွန်းလို. ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။

နံပါတ် ၄ ကျတော. ငါ.မိဘ ဆွေမျိုး ညီကို မောင်နှမ ငါ.အပေါင်းအသင်းတွေနဲ. သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။ စဉ်းစားထား။ အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။

သေကွဲလည်း သူက ခွဲထားခဲ.မှာလည်း ရှိသလို ကိုယ်ကခွဲထားခဲ.မှာလည်း ရှိတယ်။

သူခွဲထားခဲ.တာရှိသလို ကိုယ်ကခွဲထားခဲ.တာလည်း ရှိမှာနော်။ ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို.။ ဒီတိုင်းအမြဲနေရလိမ်.မယ်များ ထင်မနေနဲ.။ သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။

အိမ်ထောင်ရက်သားကျလို. သူ.ရွာ ကိုယ်ရွာပါသွားကျတာတွေလည်း အများကြီးပဲ။ ဒါလည်း အမြဲစဉ်းစားရမှာ။

ဘာဖြစ်လို.တုန်း မကွဲခင်က ခွဲမထားရင် ကွဲတဲ.အခါကျတော. ဆတ်ဆတ်လူးမယ်နော်။

မကွဲခင်က ခွဲထားလို.ရှိရင် ကွဲတော. မတုန်လှုပ်ဘူး။ မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင် ကွဲတဲ.အခါ ဆတ်ဆတ်လူးမယ်နော်။ ခွဲတော. ခွဲကြရမယ်။ သေကွဲလား ရှင်ကွဲလား ဒါပဲကွာမယ်။ သူကထားခဲ.မှာလား ကိုယ်ကထားခဲ.မှာလား ဒါပဲကွာတယ်။ ထားတော. ထားခဲ.မှာချည်းပဲ။ ထားခဲ.တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။ အဖေတွေထားခဲ.တာ.. အမေတွေထားခဲ.တာ ခုကတည်းကစလောက်ပြီ။ ညီတွေထားခဲ.တာ အကိုတွေထားခဲ.တာ ညီမတွေထားခဲ. အစ်မတွေထားခဲ.တာ ခုကတည်းကရှိလောက်ပြီ။ ကိုယ်ကလည်း နောက်သူများကိုထားခဲ.ရဦးမယ်။ တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။

ကွဲလို. မကွဲတဲ.အခါကျရင် သေမှ ပြန်တွဲမယ်နော်။ ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု ၊ ပြိတ္တာဘ၀နဲ.ရောက်တာ ပြန်တွဲတာပြောတာ။ စွဲမိစွဲရာ ပြိတ္တာဘ၀နဲ. နေကြရဦးမယ်။ အိမ်စွဲတဲ.ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ.နေရမယ်။

ပြန်ပြီးတော. ဒီအိမ်ပဲ ပြန်တွဲမယ်..။ ညိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။ ညိနေ တွဲနေမှာပေါ.။

ခွဲရတယ်ဆိုတည်းက ကိုယ်ပစ္စည်းဟုတ်လို.လား မဟုတ်လို.လား။ မဟုတ်လို.ခွဲရတာပေါ.။ မဟုတ်လို.ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။

အဲတော. ကိုယ်.ကိုယ်ကိုပြန်ပြီးတော. စာရင်းစစ်ကြည်.ပါတဲ. ။

အဲတော. နံပါတ် ၅ က ငါ.အတွက်ဘာရှိသလဲဆိုတော. ကံအမွေပဲရှိတယ်။ ကံအမွေကတော. ကိုယ်သွားရာပါလိမ်.မယ်.. ခွဲထားခဲ.ရမှာလား။ သွားရာပါမှာ။ ကိုယ်သေးလို. သားတွေ သမီးတွေကလိုက်မယ်ထင်လား..။လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။ကိုယ်.ကံအတိုင်းသွားရမှာ။ ငရဲသွားမယ်.ပုဂ္ဂိုလ်ကို ဘုရားဝင်တားလို.မရဘူး။ သိကြားဝင်တားလို.မရဘူး။ နတ်ပြည်တက်မယ်. ပုဂ္ဂိုလ်ကို ဘုရားဝင်ဆွဲချလို.မရဘူး။ သိကြားဝင်ဆွဲချလို.မရဘူး။ ကိုယ်.ကံအတိုင်းသွားကြရမှာ။.......မေ.မေ.ကြီးနဲ.ဒီတိုင်း.နေရင် ဆိုးကံပစ်ချရာခံရမယ်နော်။ ငါ သေရဦးမယ် ဆင်ခြင်ပါ။ ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။ ..မဆင်ခြင်လို.ရှိရင် သေရင် ခင်ဗျားတို. မသေဘဲဖြစ်မယ်နော်။ အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား.. မသေဘဲဖြစ်သွားမယ်နော်။ ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင် သေတော. ခင်ဗျားတို. မသေနိုင်ဘူးနော်.....................................(တရားတော်မှ.......)

Shared from Lwinoo Ko

No comments:

Post a Comment