Saturday, May 19, 2012

သံယောဇဉ် ဆိုတာ မထားပါရစေ နဲ့တော့

သမုဒယသစ္စာ နှင့် ဒုက္ခသစ္စာ

ဆင်းရဲခြင်း ပင်ပန်းဆင်းရဲခြင်း ပူဆွေးခြင်း စိတ်ပူခြင်း ဒုက္ခတရားသည် အကြောင်းမဲ့ ဖြစ်လာသည် မဟုတ်ပါ ၊ ဆင်းရဲမှုမှန်သမျှသည် နှစ်သက်ခြင်း လိုချင်ခြင်း တပ်မက်ခြင်း စွဲလမ်းခြင်း သိမ်းပိုက်လိုခြင်း ရယူလိုခြင်း သဘော လောဘ တဏှာကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လောဘ တဏှာ သည် ဆင်းရဲခြင်း၏ တရားခံ ဖြစ်ပါသည် ၊ ပစ္စည်းတစ်ခုကို လိုချင်သဖြင့် ရအောင်အားထုတ် ကြိုးစားရပါသည် ၊ သို့မဟုတ် အချစ်တစ်ခုကို လိုချင်သဖြင့် ရအောင်အားထုတ် ကြိုးစားရပါသည် ၊ ရအောင် အားထုတ်ရသဖြင့် ရလာပါသည်၊ ရ လာလျှင် ထိန်းသိမ်းရခြင်း စောင့်ရှောက်ရခြင်း ပြုပြင်ရခြင်းဒုက္ခ ၊ ပျက်စီးသွားလျှင် နှမြောခြင်း ကြေကွဲခြင်း ၀မ်းနည်းခြင်း စသော ဒုက္ခတို့ တပြုံတမြုံကြီး ဖြစ်ရပါသည်၊ ဤ လူ့ဘ၀ ခန္ဓ္ဓာကိုယ်ကြီးကိုလည်း တဏှာလောဘကပ်ငြိတွယ်တာမှုက လိုချင်သဖြင့် ရအောင် ပြုလုပ်ခဲ့ကြရပါသည်၊ ရအောင် ပြုလုပ်ခဲ့ကြရသဖြင့် ဤ လူ့ဘ၀ ခန္ဓာကြီးကို ရခဲ့ကြပါသည်၊ ရ လာသဖြင့် မွေးခြင်း နာခြင်း အိုခြင်း သေခြင်း ချစ်သူနှင့်ကွဲရခြင်း မုန်းသူနှင့်တွဲရခြင်း လိုချင်တာမရခြင်း စသော ဒုက္ခတို့ တသီတတန်းကြီး ဖြစ်ရပါသည်၊ ဆင်းရဲဒုက္ခများသည် အကြောင်းမဲ့ ဖြစ်လာခြင်း မဟုတ်ပဲ တဏှာလောဘကြောင့် ဖြစ်လာရခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် တဏှာလောဘသည် သမုဒယသစ္စာ ဒုက္ခဖြစ်ခြင်း၏အကြောင်းတရား အမှန်ဖြစ်ပါသည်၊ ဆင်းရဲမှု တရားခံ တဏှာလောဘသည် ဘ၀အသစ်အသစ်ကို ဖြစ်စေတတ်၏။ ထိုထို ဘ၀ အမျိုးမျိုး အာရုံအမျိုးမျိုးကိုလည်း စွဲလန်းတပ်မက်ကပ်ငြိတွယ်တာ တတ်၏ ၊ ထို့ကြောင့် စွဲလန်းတပ်မက်မှု တဏှာ နည်းလျှင် ဒုက္ခနည်း၏ ၊ ကပ်ငြိတွယ်တာမှုသံယောဇဉ်ကြီး လျှင် ဒုက္ခ ကြီး၏ ၊ ဒုက္ခဖြစ်ကြောင်းတရားခံ တဏှာ လောဘ နည်းအောင် တဖြည်းဖြည်း ကြိုးစားသင့်၏၊ တဏှာ လောဘ ဟူသည် သိမ်းပိုက်ထားရမည့် တရား မဟုတ် ၊ ချိုးနှိမ်ပယ်သတ်ရမည့် တရားဖြစ်၏၊ တဏှာလောဘကို ချိုးနှိမ်ပယ်သတ်နိုင်လျှင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတော့၏ ၊ သံယောဇဉ်သည် သိ နေရမည့်တရားမဟုတ် ရှောင်ကွင်းရမည့်တရားမဟုတ် ဆောင်ထားရမည့်တရားမဟုတ် ပယ်သတ်ရမည့်တရား ပယ်အပ်သောတရား ဖြစ်၏ ။ သမုဒယ သည် ပယ် ရမည့် တရား ဖြစ်၏။

ဒုက္ခသစ္စာ

ခဏခဏ မွေးရခြင်း , ခဏခဏ အိုရခြင်း , ခဏခဏ နာရခြင်း , ခဏခဏ သေရခြင်း , ချစ်သူတို့နှင့်ကွဲကွာရခြင်း , မုန်းသူတို့နှင့်အတူနေရခြင်း , လိုချင်တာ မရခြင်း တို့သည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေပါသည်၊ ဘုံဘ၀တို့တွင် ခဏခဏ မွေးရခြင်း သေရခြင်းစသော သဘောတို့သည် ဆင်းရဲခြင်း ဒုက္ခအမှန် ဖြစ်ပါသည်၊ ဒုက္ခ ဆင်းရဲခြင်း သစ္စာ မှန်သောကြောင့် ဒုက္ခသစ္စာ ဆင်းရဲခြင်းအမှန်တရား ဟု ခေါ်ပါသည်၊ အကျဉ်းအားဖြင့် ဤ ခန္ဓာ ကိုယ်ကြီး ရှိနေသမျှ ဤ ခန္ဓာ ကိုယ်ကြီး နှင့် ပါတ်သက်သော ဆင်းရဲဒုက္ခတို့ တွေ့ကြုံခံစားရပါမည်၊ ဤသို့ မွေးရခြင်း နာရခြင်း အိုရခြင်း သေရခြင်း ချစ်သူနှင့်ကွေကွင်းရခြင်း မုန်းသူနှင့်အတူနေရခြင်း လိုတာမရခြင်း ရတာမလိုခြင်း စသောသဘောတို့ကို ဒုက္ခ အစစ်ပါလားဟု အမြဲသိနေအောင် ကြိုးစားရမည်၊ ဆင်ခြင်နေရမည်၊ ဒုက္ခကို ဒုက္ခမှန်း ဆင်းရဲကို ဆင်းရဲမှန်း သိလျှင် အမှန်တရား ( သစ္စာတရား ) ကို သိခြင်းဟုခေါ်ပါသည်၊ ( ဒုက္ခသည် သိရမည့်တရား ဖြစ်၏ )

မကောင်းမှုရှောင် ကောင်းမှုဆောင် စင်အောင်စိတ် ကိုထား ခြင်းဖြင့် ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းအေး နိုင်ကြပါစေ.


Ƹ̵̡Ӝ̵̨̄Ʒ¸.•*´ ☆ `*•.¸ချစ်ညီမလေးသို့ ¸.•*´ ☆ `*•.¸Ƹ̵̡Ӝ̵̨̄Ʒ

Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ

Shared from Ko Kyaw San

No comments:

Post a Comment