Wednesday, May 16, 2012

သတိအစဉ်ကပ်...နှလုံးသွင်းမှန်ဖြင့် စက္ကန့် တိုင်းနေနိုင်ရန်

internet မှ .... မND ( Ma ND )…သို့ ....

ဒါလေးဖတ်ပြီး အနည်းငယ်လောက်စိတ်အားတွေ ရသွားမယ်ဆိုရင် သာသနာပြုရကျိုးနပ်ပါတယ်။ တရားနဲ့ ပတ်သက်ပြီး တန်ဘိုးထားသူ တယောက်မေးလာလို့ လိုအပ်တဲ့ အချိန်မှာ ဖြည့်စီးပေးရတဲ့ သာသနာပြုခြင်းလေးနဲ့ ပါ။ ပစ္စုပ္ပန်ပေါ်ရာမို့ ဥာဏ်မှီသလောက် ဥာဏ်ကျသလောက်ပါနော်။

စိတ်တွေ ပူလောင် သောကဖြ စ်ခြင်းမှ လွတ်မြောက်ရန် နည်းလမ်းပြသ သင်ပေးပါဆိုလို့  အချို့  စိတ်မချမ်းမြေ့ သူများရှိရင် လည်း ဗဟုသုတရအောင် ဒီWall မှာပဲရေးလိုက်ပါရစေ… တယောက်တည်း ကို စာပြန်လိုက်ရင် တယောက်တည်းပဲသိမှာမို့  အများလည်း သိရရှိစေ လိုတဲ့  ရည်ရွယ်ချက်နဲ့ ပါနော်။

စိတ်တွေ ယောက်ယက်ခပ်ပြီး စိတ်မအေးချမ်းတာ ကိလေသာနဲ့ပေါင်းနေတာမို့ ကိလေသာကို လက်မခံပါနဲ့ နော်။ ပူပါတယ်။ ပူတာနဲ့ မပေါင်းပါနဲ့ ။အေးချမ်းစွာနေတတ်မှု နဲ့ ပေါင်းမှ အေးချမ်းမယ် မဟုတ်လား။

စိတ်လေးပြောင်းလိုက်... ပါ... ငါမရှိဘူး.။ ရုပ်နဲ့ စိတ်နဲ့ (နာမ်နဲ့) ပဲရှိတာ။ စိတ်က ညစ်စရာလို့ တငါငါ ခံစားချင်နေလို့  အခု ခံစားရတာ... ငါဆိုတာ တကယ်မရှိတာ .. ဒါဆို သူများ လည်း မရှိဘူး။ ဘာလို့ ငါပဲဖြစ်တယ် ငါပဲခံရတယ်… အထိမခံတဆတ်ဆတ်နဲ့  ငါဘာ ခံစားနေ တာလဲ၊ ဘုရားစကား နားထောင်၇မယ်... ခံစားမိတာ စိတ်က ခံစားမိတာ... ငါဘာလို့ တငါငါနဲ့ ထိခိုက်အောင် ခံစားရမှာလဲ။ ခံစားလိုက် ချုပ်သွား လိုက် အတွေးပြန်ဝင်ရင် ထပ်ခံစားလိုက် ချုပ်သွားလိုက်… နောက်တစိတ်ေ ပ်ါလာပြီး ထပ်ခံစားလိုက် ချုပ်လိုက်ဟာ စိတ်က လုပ် နေ တာ ငါဝင်ဝင်မ ခံနဲ့ လို့ … တငါငါနဲ့ မခံစားနဲ့ ။ ခံစားတာ နာမ်ကခံစားတာ စိတ်ကခံစားတာ ငါပါပြီး တငါငါနဲ့ ခံစားချင်မနေနဲ့ လို့ ..မိမိစိတ်ကို ပြန်ပြီးဆုံးမပါ။ စိတ်ပြောင်းပေးပါ။

သက်သက်သာသာလေးနေပြီး သို့ မဟုတ် ပက်လက်လေးလှန်ပြီး စိတ်ကိုလျှော့ချပါ။ လေ၀င်တိုင်း လေထွက်တိုင်း နှာခေါင်း တွင်း ထိချက်နေရာကို သတိ ဆက်တိုက် ကပ်ပါ။ လွတ်သွားလိုက်ပြန် ကပ်လိုက် ကြိုးစားပြီး လုပ်ကြည့်ပါ။ စိတ်ကို အငြိမ်ဆုံးထားပါ။ စိတ်ငြိမ် လာရင် တည်ကြည်မှု သမာဓိရလာအောင်ပါနော်။ နှာခေါင်း တွင်းထိ ချက်နေရာလေးဟာ စိတ်ညစ်စရာ ဆင်းရဲစ၇ာပါ လို့ လား …? မပါပါဘူးေ နာ်။ စိတ်ဆင်းရဲစရာမပါရင် စိတ်ချမ်းသာတာပါမှာပေါ့ ဒီတော့ စိတ်ချမ်းသာ မဲ့ နေရာလေးမှာပဲ စိတ်ကိုပို့ ထားကပ်ထားပါ။ စိတ် ဆင်းရဲ တာနဲ့ သွားပေါင်း ရင် ဆင်းရဲမယ်မဟုတ်လား။ စိတ်ချမ်းသာမဲ့ နေရာ လေထိထိသွားတဲ့ အဲ့ထိချက်တနေရာကို ကို ပြန်ပြန်ပို့ ထားပါနော်။ လေရှုသွင်းချိန်ထိချက်ဟာ ပျက်သွားပြီးမှ ရှုထုတ်ချိန်ထိချက်လေးပေါ်တယ်။ ပေါ်လိုက်ချုပ်လိုက်ပဲ မမြဲတာပဲတကယ်ရှိနေတာကို ဥာဏ်နဲ့ စောင့်ကြည့်ပါနော်။ ခဏကျင့်၇င် ခဏလောက်တော့ စိတ်ငြိမ်ပြီး ချမ်းသာသွားပါလိမ့်မယ်။ အမြဲချမ်းသာချင်ရင် အမြဲပဲ ခန္ဓာ့ အဖြစ်ပျက်တွေကို ဥာဏ်နဲ့ စောင့်ကြည့် နှလုံးသွင်းမှန်ပေးနေပါနော်။

ဆရာမတို့ မှာ ခန္ဓာ၅ပါးဖြစ်ပျက် ဖြစ်ချုပ်ပဲရှိပါတယ်။ သူတို့ ဟာ သူတို့  အလုပ် သူတို့ လုပ်ပုံလေး ဆရာမရှင်းပြပါမယ်။

ခန္ဓာ၅ပါးမှာ

၁။ ရူပက္ခန္ဓာခေါ်တဲ့ ရုပ်က ဖောက်ပြန်ပျက်စီးနေတဲ့ အလုပ်သူလုပ်နေတယ်။

၂။ ဝေဒနာက္ခန္ဓာခေါ်တဲ့ ခံစားမှု စေတသိတ်ကလည်း ခံစားတဲ့  အလုပ်သူ လုပ်နေတယ်။

၃။ သညာက္ခန္ဓာခေါ်တဲ့ မှတ်သားတဲ့ စေတသိတ်ကလည်း အကုန်လိုက် မှတ်တဲ့ အလုပ်သူလုပ်နေတာ။

၎။ သင်္ခါရက္ခန္ဓာခေါ်တဲ့ ပြုပြင်တတ်တဲ့ စေတသိတ်လေး ကလည်း ပြုပြင်ေ စ့ဆော်တဲ့ အလုပ်. အသစ်အသစ်ဖြစ်တိုင်း ပျက်ပျက်သွားေ အာင် ပြုပြင်ပေး တဲ့ အလုပ်သူ့ အလုပ်သူလုပ်နေတယ်။

၅။ ၀ိညာဏခန္ဓာခေါ်တဲ့ သိတတ်တဲ့ စိတ်ကလေးကလည်း ညွှတ်ညွှတ်ပြီး သိပြီး ချုပ်ပျက်တဲ့ အလုပ်သူလုပ်နေတယ်။

စိတ်က သူလုပ်စရာ၇ှိတဲ့  ကိစ္စ သူအကြောင်းတိုက်ဆိုင်လို့ လုပ်တာ။ ငါငါငါငါနဲ့ မခံစားပါနဲ့။ အခုလို ငါမရှိတာလေးနဲ့ ပြန်ဖြတ် ချတဲ့ အလုပ်လုပ်ပါ။

အထက်ကခန္ဓာ၅ပါး သူ့ အလုပ်သူလုပ်နေတာလို့ နှလုံးသွင်းမှန်ပေးပါ။ ဒါဆိုရင် တငါငါ ခံစားလိုတဲ့ တဏှာ ကိုဖြတ်လိုက်လို့ ရတယ်။ တမိနစ်ရရ ၂မိနစ်ရရင်တောင်မှ အကျိုးရှိလို့ နှလုံးသွင်းမှန် ပေးမှု များစေလိုပါ တယ်နော်။ များများဖြစ်အောင် ပွားပေးပါနော်။

အင်တာနက်လိုင်းအဆင်ပြေရင်ဆရာမနဲ့ အင်တာနက်ကနေ တရားလိုက် ထိုင်နိုင်ရင် လိုက်ထိုင်ပါ… သို့ မဟုတ်လည်း အင်တာနက်ကနေ စကာြးေ ပာပါ။ ဒါမှ စိတ်ချမ်းသာမဲ့ နည်းတွေ လောကဓံကိုခံနိုင်ရည်ရှိမဲ့ နည်းတွေ ဆရာမဆီက ပစ္စုပ္ပန် ဥာဏ်ကျ သလို ပြောရင်းနဲ့  နားထဲဝင်ေ အာင် နှလုံး သား ထဲရောင်အောင် လာလာယူသွားပါ။

အခုဆိုရင် သင်ခန်းစာ ယူလို့  ၇ပါဘီ။ တချိန်က လောကဓံကို ခံနိုင်ရည်ရှိအောင် တရားသေချာမကျင့်ထားတော့ ခုလို ဒုက္ခနဲ့ ကြုံတွေ့ တဲ့ အချိန်မှာ ခံနိုင်ရည် မရှိဘူးဖြစ်တတ်ပါတယ်။

ဒိလိုပါပဲ... သေခြင်းတရားနဲ့ တနေ့ ရင်ဆိုင်ကြုံတွေ့ ရမှာပါ။ အဲ့အချိန် ကျရင် ရော.... ? အဲ့အချိန်ကျမှ ဘယ်သူမှ မကယ်နိုင်လို့  ခုကတည်းက ၇င်ဆိုင်နိုင်အောင် လေ့ကျင့်ယူထား၇ပါမယ်။

အကယ်၍သာ အ၇င်က တရားတွေကျင့်ပြီး စိတ်တွေ အားရှိနေ တယ် ဆိုရင် အခုလိုလောကဓံနဲ့ တွေ့ ချိန်ရောက်ရင် အေးဆေးလေး ၇င်ဆိုင်ဖြေရှင်းေ ကျာ်ဖြတ်နိုင်ပါတယ်။ မပူလောင် တော့ဘူး ပေါ့နော်။ ဒါကြောင့် ကြိုလေ့ကျင့်ရခြင်းဖြစ်ပါတယ်နော်။ ဘ၀မှာ နင်လာငါလား၇င်ဆိုင်ရမဲ့ ကိစ္စတွေပြဿနာတွေ ရှိသေးတယ်။ ပြဿနာတွေကြုံတွေ့ လာတဲ့အခါမှာ ခုလို ကြိုလေ့ကျင့်ထားတဲ့ တရားနဲ့ဖြေရှင်းကြည့် ပါ။ တငါငါနဲ့ မဖြေရှင်း ပါနဲ့ … မရင်ဆိုင်ပါနဲ့။ စမ်းကြည့်ပါနော်။

နောက်ပြီး သေခြင်းတရားကတော့ ပြေးလို့ ဘယ်သူမှ မလွတ်နိုင်လို့ .. ခုကတည်းက ပုံမှန် လေ့ကျင့်ယူ သွား၇န် တိုက်တွန်းပါရစေနော်...

တနည်းပြောရ၇င်တော့ အခုခံနေရတာ ၀ဋ်ကြွေးတွေပေးဆပ်နေရတာပါ။ မပေးဆပ်ချင်ဘူး မဟုတ်လား။ ခံရတော့  ခါးသီး တယ်လေ။ မသိမှု အ၀ိဇ္ဇာ နဲ့  လုပ်ချင်ရာလုပ်ပြောချင်ရာပြောခဲ့မိသမျှ ပြန်ခံရတော့ ခါးသီးပါတယ်။ မသိလို့ လုပ်မိပေမဲ့  အဲ့ ဝဋ်တွေက နိဗ္ဗာန်မရောက်မချင်း အကျိုးပေးအုံးမယ် မခံချင်ရင် တော့ မြန်မြန် နိဗ္ဗာန်ရောက် အောင် ကြိုးစားပါလို့ တိုက်တွန်း ပါရစေ... ပြေးမှလွတ်မယ်နော်။ နိဗ္ဗာန်ထိထွက်ပြေးပါ။ ဒါမှ ဒုက္ခအကုန် ချုပ်ငြိမ်း မှာပါ။

ငါပါပြီးလုပ်သမျှက ကံဖြစ်နေပါတယ်။ လှူတာတောင် ငါပါတတ် ပါတယ်။ ကောင်းတာလုပ်တော့ ကောင်းတဲ့ကံကြောင့် ဘ၀ ကောင်း ရသလို ကောင်းတယ်ထင်ပြီး လုပ်မိတာ မကောင်းတဲ့ စိတ်တွေဖြစ်မိ သွားတာတွေ ရှိတတ်တယ်။ မကောင်းတာ လုပ်မိလို့ မကောင်းတဲ့ ကံက ဘ၀မကောင်းတာရတယ်။ ပေးဆပ်စ၇ာရှိတာ ဥာဏ်နဲ့ပေးဆပ်တတ်ပါစေ… ကံတွေလုပ်နေရင် ကံအကျိုးပေးလာအုံးမယ်။ ဘ၀တွေ ခန္ဓာတွေရအုံးမှာပါ။ ကံပြတ်တ့ဲ ၀ိပဿနာ ဥာဏ်အလုပ်ကို ကြိုးစားကျင့်ကြံ လေ့ကျင့်မှုပိုမိုမှ ဒုက္ခကုန်မှာ။ မိမိမသိပဲ လုပ်ခဲ့မိတဲ့ ကံဝဋ်ကြွေးကို သာသနာနဲ့ ကြုံတုန်း ဥာဏ်နဲ့ ပေးဆပ်တတ်ပါစေနော်။

မိုးလင်းအိပ်ယာထကတည်းက မိုးချုပ်အိပ်ယာဝင်တဲ့အထိ စက္ကန့် တိုင်း အတွက် လေ့ကျင့်ရမှာက ဘာလုပ်လုပ် ငါလုပ်တာ မဖြစ်ပါေ စနဲ့ ….. လှုပ်ရှားမူယာတိုင်းကို သတိအမြဲ ကပ်ပါ။ မြင်တာ ၊ကြားတာ ၊အနံ့ရတာ၊ အရသာ ရတာ ၊ ထိလိုက်တာ၊ တွေးလိုက်ကြံလိုက်တိုင်း လှုပ်ရှားမူယာတိုင်းကို သိလိုက်တဲ့ အသိတိုင်းမှာ ငါမကပ်မိပါစေ နဲ့ .. လောဘ ဒေါသ မောဟ မာနစတဲ့  ကိလေသာ မကပ်မိပါစေနဲ့။ြ မင်တိုင်းပျက် ကြားတိုင်းပျက် အနံ့ ရတိုင်းပျက် အရသာရတိုင်းပျက် ထိတိုင်းပျက် တွေးတောကြံစည်တိုင်း ပျက်သွား ချုပ်ပျောက်သွား တာပဲတကယ်ရှိတာပါ။ ငါမရှိပါဘူး။ ငါဆိုတာ သုံးရုံသုံးဖို့ ပါ။ စွဲဖို့ မဟုတ်ပါဘူး။

ငါမရှိတာချည်းကို တကယ်အရှိအဟုတ် ထင်ပြီး ငြိနေရင် စွဲနေရင် ကိလေသာနဲ့  နေခြင်းပါ။ ကိလေသာနဲ့ နေသရွေ့  ဆင်းရဲလို့ပါနော်။ ကိလေသာမဖြစ်အောင် ဘာကိုမှ အရှိအဟုတ်ထင်ပြီး စွဲမထားမိပါစေနဲ့ နော်။ မိမိက ချမ်းသာတဲ့  စိတ်လေးနဲ့ နေချင်ရင် ချမ်းသာစေမဲ့ အကြောင်းပြုပါ။ဆင်းရဲတဲ့ စိတ်နဲ့ မနေဖြစ်အောင် ကြိုးစားပါ....လေ့ကျင့်ယူပါ။ ဖြစ်နေတာတွေဟာ စိတ်က သတ်မှတ်ချက်တွေကို တကယ်အရှိအဟုတ်ထင် ခံစားချင်နေလို့ ပါ။ ငါမပါပဲ ခန္ဓာ ၅ပါးက… လို့ စိတ်ပြန်ပြောင်းပါနော်။ စိတ်ကလေးပြောင်းလိုက်ရုံပါပဲ….။

ဒီမှာရေးခဲ့တာဟာ မ ND ကို တယောက်ကို လမ်းပြပေးရင်း… အခြားအများ စိတ်မချမ်းမြေ့သူများ ရှိရင်ပဲဖြစ်ဖြစ်ပါ.. ဗဟုသုတအလို့ ငှာ.. အများပါ ဖတ်မိရင် ဗဟုသုတနဲ့ စိတ်ပြန်ပြောင်းပြီးနေတတ်အောင် ရည်ရွယ်ပါတယ်နော်။ ဒါကြောင့် Wall မှာရေးတာ နားလည်ပေး ပါနော်။

တရားအသိဖြင့် စက္ကန့် တိုင်းမှာ ကြိုးစားလေ့ကျင့် နေထိုင် ခြင်းဖြင့် စိတ်ချမ်းမြေ့ပါစေ....တရားအသိဥာဏ်တွေတိုး.. အပါယ်လွတ်တဲ့  ဥာဏ်..နိဗ္ဗာန်တိုင်အောင်… လွယ်ကူစွာ ဆက်လှမ်းနိုင်ပါစေ…


မေတ္တာဖြင့်

ဆရာမ

သီလ၊သမာဓိ၊ပညာ ၀ိပဿနာတရားစခန်း

ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်းတိုက်

ချင်းမိုင်မြို့ ၊ထိုင်းနိုင်ငံ။


စိတ်ဆင်းရဲ စိတ်ဓါတ်ကျလို့ ပဲဖြစ်ဖြစ် စိတ်အားငယ်လို့ ပဲဖြစ်ဖြစ် တရားကျင့်တဲ့အခါ အခက်ခဲဖြစ် လို့ ပဲဖြစ်ဖြစ် အသေတတ်ချင်လို့ ပဲဖြစ်ဖြစ် အင်တာနက်မှ တရားထိုင်လိုလျှင်ပဲဖြစ်ဖြစ် ဥာဏ်မှီသလောက် ကူညီပေးပါမယ်။ ဘုရားသာသနာပြုချင်တဲ့ စေတနာအားဖြင့်ပါ။ ပတ်သက်သမျှကို မေတ္တာဖြင့် ကူညီလမ်းပြချင်တာပါ။ purewhite.9win@gmail.com ကိုဆက်သွယ်နိုင်ပါတယ်နော်။

Shared from Globe Ninewin

No comments:

Post a Comment