Wednesday, May 16, 2012

"စူးစူးစိုက်စိုက်ရှုပါ"

အများသိနေတာက ဈန်ဆိုလို.ရှိရင် အင်မတန်အထက်တန်းကျတဲ. ရူပါဝစရ ဈန်စိတ်တွေ၊ အရူပါဝစရဈန်စိတ်တွေ၊ လောကုတ္တရာဈန်စိတ်တွေ အဲဒီလောက်ပဲ နားလည်ကြတယ်၊ မှတ်ဖူးကြတယ်၊ ယခု ဈာနပစ္စည်းက ဒီလောက်သာ မဟုတ်ဘူး၊ အကုသိုလ်စိတ်ထဲမှာလည်းပဲ ၀ိတက်၊ ၀ိစာရတွေက ပါနေတာဖြစ်တော. အကုသိုလ်မှာလဲ စူးစူးစိုက်စိုက်ရှုတယ်၊ အင်မတန် စွဲစွဲလမ်းလမ်း ရှုတယ်၊

ဒီ "ရှု" ဆိုတာဟာ အဆန်းမဟုတ်ဘူး။
'၀ိတက်'က ဒီအာရုံကို ကြံပြီးတော. နေတယ်၊ '၀ိစာရ'က ဒီ အာရုံကို ထပ်ထပ်ပြီးတော. အာရုံပြုတယ်၊ 'ပီတိ'က အဲဒီ အာရုံကို အင်မတန် နှစ်သက်ပြီးတော. နေတယ်၊
'သုခ'က အဲဒီ အာရုံရဲ. အရသာကို ခံစားပြီးတော. ချမ်းသာနေတယ်၊ 'ဧကဂ္ဂတာ'ဆိုတဲ. 'သမာဓိ'က အဲဒီ အာရုံပေါ်မှာ စိုက်ပြီးနေတယ်၊
တည်ကြည်နေတယ်၊ ဒါ ရှုတယ်လို. ခေါ်တယ်။

အကုသိုလ်ဈန်
...................
အကုသိုလ်မှာ တစ်ယောက်နဲ.တစ်ယောက်ကို အချင်းချင်းတွယ်တာပြီးတော. နေပြီဆိုတော. မျက်စိနဲ.မြင်နေတော.လဲ သူ.ကိုပဲကြည်.၊ စိုက်စိုက် စူးစူးကြည်.
ဒီသာမန်ကာလျှံကာလေး ပြီးပြီးပျောက်ပျောက်အကြည်.မဟုတ်ဘူး၊ စူးစူးစိုက်စိုက်ကြည်.၊ ၀ိတက်နဲ. သူ.ကိုကြံစည်ပြီးတော. ကြည်.၊ သူတခြားသွားလို.ရှိရင် ၀ိတက်နဲ. ကြံပြီးတော. နေတယ်၊ ဒီအာရုံပဲ ကြံနေတယ်၊ စိုက်စိုက်စူးစူးကြံနေတယ်။ အဲဒီ ၀ိတက်နောက်မှာ ၀ိစာရကလိုက်ပြီးတော. ထပ်ကာထပ်ကာ ဒီအာရုံကို မပျောက်အောင် အာရုံပြုတယ်၊ အကုသိုလ်နယ်မှာ အိမ်သူအိမ်သားချင်းဟာ ဒီသဘော ရှိနေတာပဲ။

ဒါကြောင်. စိုက်စိုက်စူးစူး ရှုတယ်ဆိုတာဟာ အဆန်းမဟုတ်ပါဘူး၊ အိမ်သူအိမ်သားရဲ. ရူပါရုံ အချင်းချင်းကြည်.လို. စိတ်ချမ်းသာတယ်ကိုး၊ ရှုလို.၊ ပီတိဖြစ်လို.၊ နှစ်သက်လို.၊ အဲဒီမှာ စိတ်ချမ်းသာမှုခံစားတဲ. သုခဖြစ်လို. ၊ အကယ်၍ မျက်နှာလွှဲသွားရင် သူ.အကြောင်းကို ကြံစည်လို.၊ စာက သိပ်ပြောတာပဲ ဒီအကြောင်းတွေကို၊ ၀ိပ္ပယောဂသိဂါင်္ရ ရသ ဆိုတာ ကွဲကွာတဲ.အခါ သူ.အကြောင်းကို တတွတ်တွတ် ပြောနေတာ၊ မပြောရလို.ရှိရင် သူ.အကြောင်း ကြံပြီးတော. စူးစိုက်လို. အာရုံပြုနေတယ်၊ အဲဒါကိုက အရသာတစ်ခုပါတဲ.။

တစ်ခါတစ်လေ ပွဲကြည်.ရင် စူးစိုက်ပြီးတော. ရှုနေတယ်၊ အဲ ပွဲကြည်.ရင် အသံကို စူးစိုက်ပြီးတော. နားထောင်နေတယ်၊ အဲဒီလို အာရုံယူပုံတွေဟာ ဒီလို စူးစိုက်တဲ. သဘောချည်းပဲ၊ ဒီတော.ကို အကုသိုလ်နေရာမှာ ဒီလို သတ္တိရှိတယ်ဆိုတာ သိရင် တော်ပါပြီ။။

ကုသိုလ်ဈန်
....................
ကုသိုလ်အရာကျတော. ဘုရားဂုဏ်တော်ကို အာရုံပြုပြီးတော. နေလိုက်စမ်းပါ၊ ဘုရားဂုဏ်တော်ကို ခုနက ကိုယ်ချစ်တဲ. အာရုံကို စိုက်သလောက်များ စိုက်သလားလို.။
ဘုန်းကြီးတို.က ဘုရားအာရုံပြုလို. အာရုံစိုက်ပြီးနေတယ်လို. ထင်တယ်၊

ဘုရားဂုဏ်တော်ကို အာရုံပြုနေတဲ. အချိန်မှာ ၀ိတက်ကလဲ ဘုရားဂုဏ်တော်ကို ကြံစည်လို.၊ ၀ိစာရကလဲ ဘုရားဂုဏ်တော် ထပ်ထပ်ပြီး အာရုံပြုလို.၊ ပီတိကလဲ နှစ်သက်လို.၊ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ပီတိတွေဖြစ်လို.၊ တကယ်.ကို ပီတိဖြစ်နေတာ။ နှစ်သက်နေတာ၊ ခုနက အကုသိုလ်နယ်မှာ စိုက်သလိုပဲ၊ ဘုရားဂုဏ်တော် အာရုံယူပြီး စိုက်လိုက်တာ ပီတိဖြစ်လို.၊ နှစ်သက်လို.၊ အဲဒီလို ပီတိဖြစ်တဲ.အချိန်မှာ အင်မတန် သုခရှိတယ်ကိုး၊ သုခရှိတယ်၊ အဲဒီလို သုခရှိတော. ဒီအာရုံက မခွာဘူး၊ ဧကဂ္ဂတာကျပြီးတော. သမာဓိရလို.၊ ဘုရားအာရုံ ပြုပုံတွေ။

ဘာသာခြားများလဲ စူးစိုက်
.............................
ပြီးတော. ဘုန်းကြီးတို. ဒကာ ဒကာမတွေက ဒီဘာသာခြား ပုဂ္ဂိုလ်တွေ သူတို. ဘုရားအာရုံပြုပုံတွေ တွေ.မိကြမှာပေါ.၊ ဘယ်လောက်စိုက်တုန်း၊ တခါတလေများ သွားရင်းလာရင်းတောင်မှ မတ်တပ်ရပ်ပြီးတော. သူတို.ဘုရားကို အာရုံပြုပြီးတော. စိုက်နေလိုက်တာ၊ အဲဒါဟာ ဈာန်တရားတွေဖြစ်နေတာပဲ၊ အဲ ပြီးတော. ၀တ်ကျောင်းထဲမှာ သူတို. ငြိမ်ပြီးတော. စိုက်နေလိုက်ကြတာ။

အာရုံမှန်မှ ကုသိုလ်ရ
..............................
ကုသိုလ်မရဘူး ရတယ်ဆိုတာကတော. အာရုံမှန်မှ ရပါတယ်၊ စိုက်တာကတော. စိုက်နေတာပဲ၊ အာရုံယူပုံက အင်မတန် အားရစရာ ကောင်းတယ်၊ စိုက်နေတာပဲ။
ပြီးတော. ဘုန်းကြီးတို.က ဘုန်းကြီးတို. တရားနဲ. သူတို.ကို ကြည်.လိုက်တော. .. သဘာဝ သိပ်ကျတာပဲ၊ ကုသိုလ်ရတာ မရတာ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်၊ ဒီအာရုံက မှန်မှ ကုသိုလ်ရတယ်၊ စောစောကပြောတယ် မဟုတ်လား..။ အကုသိုလ်နယ်မှာလည်း စူးစူးစိုက်စိုက်ရှုပါတယ်။

ဘုရားအာရုံပြုနည်း
...........................
ဒီတော.ကာ လောကကြီးထဲမှာ သဘာဝနော်၊ သူများလှတာကို မြင်၇လို.ရှိရင် ကိုယ်.အိမ်က မလှတာကို မြင်ရလို.ရှိရင် နည်းနည်းကလေး မကျေနပ်ချင်ဘူး၊ ဒါထုံးစံ၊ သူများလှနေရင် ကိုယ်.အိမ်ကလဲ လှနေမှ အင်မတန်ကောင်းတယ်။

ဘုန်းကြီးတို. မြန်မာများက ဘုရားဆိုရင် မိမိတို. ရွှေတိဂုံကို လှမ်းပြီးတော. မျှော်ကြည်.၊ မိမိတို. မဟာမြတ်မုနိကို လှမ်းပြီးတော. မျှော်ကြည်.၊ ဘုရားရှိခိုးလာတဲ.သူတွေဟာ စိုက်ပြီးတော. အာရုံယူတာ ဘယ်နယောက်များတွေ.သတုန်း၊ တွေ.ဖူးကြတုန်း။ ပတ်ဝန်းကျင်ကတော. ဆူဆူညံညံနဲ.၊ တခါတရံ ဘုရားပွဲဆိုရင် ဗြုန်းဒိုင်း ဗြုန်းဒိုင်းနဲ.၊ ဘုရားရှိခိုးရတဲ.သူကလဲ
အသံကောင်းတဲ. သူက သူ.အသံကို သူဟစ်တာပဲ၊ ဘယ်မလဲ စူးစိုက်တာ၊ ဗုဒ္ဓါနုဿတိ အာရုံ ဘယ်မလဲ စူးစိုက်တာ၊ ဘုန်းကြီးက ဒီ အသံကျယ်ကျယ်နဲ. မရှိခိုးရဘူးလို. မဆိုလိုပါဘူး။

တစ်ခါတစ်ခါ အသံထုတ်ပြီးတော. ဘုရားအာရုံ ယူနေတာဟာ အင်မတန်အရသာရှိပါတယ်၊ အသံကလဲ ဂုဏ်တော်ကို ထုတ်ပြီးတော. ရွတ်နေတယ်၊ အသံအလိုက်လဲ စိတ်က
ဂုဏ်တော်ထဲမှာ စိုက်ပြီးတော. နေတယ်၊ ရွတ်ရင်း ရွတ်ရင်းကို ပီတိတွေ ဖြစ်ပြီးတော.လာတယ်၊ စိတ်တွေ ဘယ်ကိုမှ မရောက်ဘူး၊ ဒီ ဂုဏ်တော် အာရုံမှာပဲ ရွတ်ရင်း ရွတ်ရင်း
စိတ်တည်နေတယ်ဆိုရင် ဒါ ဈာန်ဖြစ်နေတာပဲ။

ယခုတော.ကာ ဘုရားပွဲတွေနဲ. ဗြုန်းဒိုင်း ဗြုန်းဒိုင်း အသံတွေက ကျယ်လောင်ကျယ်လောင်၊ ဟိုက စကားတွေက အမျိုးမျိုး ပြော၊ ဒီမှာ ဟစ်ကြ အော်ကြ၊ ဘုရားဂုဏ်တော်
ရွတ်ကြ ဖတ်ကြတယ်၊ ဒီ ဈာနပစ္စည်းနဲ.၊ ဒီတော.ကာ နိုင်ငံခြားလူများနဲ. စူးစိုက်ပုံနှင်. ဘယ်လောက် ကွာတုန်း၊ ဘယ်လောက် ရှက်စရာကောင်းတုန်း။

အဲဒါကြောင်. ဘုန်းကြီးတို. ဗုဒ္ဓဘာသာတွေဟာ အဆင်.အတန်း မြင်.မြင်.နဲ. ဖြစ်စေချင်လွန်းလို.၊ စိုက်ပြီး ဘုရားအာရုံပြုနေလို.၊ စိုက်ပြီး ဘုရားအာရုံပြုနေလို.
ပြောနေရတယ်။

မေတ္တာဈာန်
...............
တစ်ခါ ဘုန်းကြီးတို. ဗုဒ္ဓဘာသာက ဘုရားအာရုံပြုတဲ. နေရာမှာသာ အစူးအစိုက်နည်းတာ မဟုတ်သေးဘူး၊ မေတ္တာပို.ကြပြီ၊ ပါးစပ်က အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု
စိတ်က တခြား ရောက်နေတာ၊ ပါးစပ်က ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ လို. ပါးစပ်က ဆိုပေမယ်.လို. စိတ်က တခြားရောက်နေတာ မစူးစိုက်ဘူး။ အများနဲ.ရောပြီးတော.
ဒီမှာ သံပြိုင် မေတ္တာပို.နေကြတာတော. ထားပါတော.၊

တစ်ယောက်တည်း သံဃာတော် တစ်ပါးတည်း မေတ္တာပို.လို.ရှိရင် ဒီနှုတ်ကလေး လှုပ်တယ် ရှိရုံလေး လှုပ်၊ ဒါမှမဟုတ် မလှုပ်ဘဲနေ၊
အရှေ.အရပ်၌ နေကြတဲ. သတ္တ၀ါတွေ " စိတ်က အာရုံပြုပြီးတော. " ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ" စိတ်က အာရုံပြုပြီးတော. ရွတ်ပြန်တော.လဲ တိုးတိုးကလေး ရွတ်ပြီးတော. စိတ်က စူးစိုက်လို.
ဒါမှ မေတ္တာဈာန်ဖြစ်တယ်။
မေတ္တာ ကာမာဝစရ ကုသိုလ်ဈာန်နော်၊ ဒီ ရူပ၊ အရူပဈာန်မျိုး မဟုတ်သေးဘူး၊ မေတ္တာ ကာမာဝစရဈာန် ဖြစ်တယ်၊ ဒီလိုပဲ တောင်ဘက်ကို အာရုံပြုတယ်ဆိုလို.ရှိရင် တောင်ဘက်ကို စိတ်ကို စိုက်လို.၊
တောင်ဘက်အရပ်၌ရှိကြတဲ. သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အဲသလိုပေါ.၊ အရပ်ဆယ်မျက်နှာ စူးစိုက်ပြီးတော. အာရုံပြုရတယ်။

ဒီတော. ဘုန်းကြီးတို.က မစူးစိုက်တဲ.အတွက်ကြောင်. အကျိုးနည်းပုံတွေ ၊ စူးစိုက်တဲ.အတွက်ကြောင်. အကျိုးများပုံတွေ သိနေပြီမဟုတ်လား၊ အဲဒီလို သိနေတာဖြစ်တော. စူးစူးစိုက်စိုက် ရှုတာကိုပဲ ဘုန်းကြီးကတိုက်တွန်းပါတယ်၊ကျောင်းသံဃာတွေရော ဘုန်းကြီးတို. ဒကာ ဒကာမတွေရော ဘုရားအာရုံကို ယူပြီးတော. ရတာကလေး ရွတ်တဲ.အပြင် ရွတ်ချင် ရွတ်ဦးတော.
စိတ်နဲ. စိုက်ပြီးတော. ရှုနည်းကို ကြိုးစားကြပါ။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
(ပဋ္ဌာန်းတရားတော် "ဈာနပစ္စည်း" မှ)

Shared from Lwinoo Ko

No comments:

Post a Comment