ကလေးမလေးတစ်ယောက်ဟာ တောင်ကုန်းပေါ်က နုံချာတဲ့ အိမ်သေး လေး တစ်လုံးမှာ နေထိုင်ပြီး ပန်းခြံလေးထဲ မှာ ဆော့ကစားရင်း ကြီးပြင်းခဲ့သလို ချိုင့်ဝှမ်းဟိုဘက်တောင်ပေါ်မှာရှိတဲ့ အံ့သြ ဖွယ်ရာ အိမ်ကလေးကို ပန်းခြံခြံစည်းရိုး ကနေ ကြည့်နိုင်တဲ့ အရွယ်ရောက်ခဲ့ပါ တယ်။ အဲဒီချိုင့်ဝှမ်းဟိုဘက်တောင်ပေါ်က အိမ်ကလေးဟာ ရွှေပြတင်းပေါက်ရှိပြီး ရွှေရောင်တောက်ပတဲ့အတွက်ကြောင့် ကလေးမလေးက သူမရဲ့ သာမန်အိမ်မှာ ထက် ရွှေပြတင်းပေါက်တွေရှိတဲ့ အဲဒီအိမ် မှာ နေထိုင်ကြီးပြင်းရရင် ဘယ်လောက် ကြည်နူးဖွယ်ကောင်းလိုက်မလဲလို့ စိတ်ကူး ယဉ်မိတယ်။
ကလေးမလေးဟာ သူ့မိဘတွေနဲ့ သူ့မိသားစုကို ချစ်မြတ်နိုးပေမဲ့လည်း အဲဒီ လို ရွှေရောင်အိမ်ကလေးမှာနေဖို့ တမ်းတ နေခဲ့ပြီး အဲဒီမှာသာ နေလိုက်ရရင် ဘယ်လောက်အံ့သြဖွယ်ရာကောင်းပြီး ဘယ်လောက်စိတ်လှုပ်ရှားရမလဲဆိုတာ တစ်နေ့လုံး စိတ်ကူးယဉ်နေခဲ့တယ်။
ပန်းခြံခြံစည်းရိုးအပြင်ကိုသွားဖို့ လိမ္မာပါးနပ်ပြီး စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်ရောက်လာတဲ့အခါ ဂိတ်တံခါး အပြင်ဘက်ကနေ လမ်းသွယ်လေးအတိုင်း စက်ဘီးစီးဖို့အတွက် သူ့အမေကို ပြော တယ်။ အမေကို တောင်းပန်ပြီးတဲ့နောက် သူ့အမေက နောက်ဆုံးမှာ သွားဖို့ ခွင့်ပြု လိုက်ပြီး အိမ်အနီးအနားမှာစီးဖို့နဲ့ အတော် ဝေးဝေးကို လျှောက်မစီးဖို့ အတန်တန်မှာ လိုက်တယ်။ ရာသီဥတုက သာယာလှပပြီး ကလေးမလေးက သူဘယ်ကိုဦးတည်သွား မလဲဆိုတာ အတိအကျသိတယ်။ လမ်း သွယ်လေးအတိုင်း ဆင်းသွားပြီး ချိုင့်ဝှမ်း ကို ဖြတ်ကာ အခြားတစ်ဖက်တောင်ပေါ် က ရွှေရောင်အိမ်လေးရဲ့ဂိတ်တံခါးရောက် တဲ့အထိ စက်ဘီးကို စီးသွားခဲ့တယ်။
သူမဟာ စက်ဘီးပေါ်ကဆင်း၊ ဂိတ် တံခါးတိုင်မှာ စက်ဘီးကို မှီထောင်လိုက်ပြီး အိမ်ကို ဦးတည်သွားတဲ့ လမ်းကလေးနဲ့ နောက်ပြီးတော့ အိမ်ကို စူးစိုက်ကြည့်လိုက် တော့ ပြတင်းပေါက်အားလုံးဟာ ဘာ အရောင်အဆင်းမှ မရှိဘဲ အတော်လေး ညစ်ပတ်နေတာကို သူမ သိလိုက်တဲ့ အတွက်ကြောင့် အရမ်းကို စိတ်ပျက်သွား ပြီး ၀မ်းနည်းမှုမှတစ်ပါး အခြားမရှိတော့လို့ အိမ်အိုဟောင်းလေးကို လျစ်လျူရှုလိုက် ပါတော့တယ်။
ဝမ်းနည်းတာကြောင့် ဘယ်ကိုမှ ဝေးဝေးလံလံ မသွားတော့ဘဲ လှည့်ပြန်ဖို့ ကြေကွဲဝမ်းနည်းစွာနဲ့ စက်ဘီးပေါ်ကို သူမ ပြန်တက်လိုက်ပါတယ်။ သူမ ဖြတ်ခနဲ မော့ကြည့်လိုက်တဲ့အခါ သူမကို အံ့သြ သွားစေမယ့် မြင်ကွင်းတစ်ခုကို သူမမြင် တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ချိုင့်ဝှမ်းရဲ့ သူမဘက်အခြမ်းက လမ်းကို ဖြတ်ပြီး (မြင်လိုက်ရတဲ့)အိမ်လေးတစ်လုံး ဖြစ်ပြီး အဲဒီအိမ်လေးရဲ့ ပြတင်းပေါက်တွေ က ရွှေရောင်တဖိတ်ဖိတ်တောက်နေ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူမရဲ့ အိမ်လေးပေါ်ကို နေရောင်ထိုးထားလို့ပဲ ဖြစ်ပါတယ်။
သူမရဲ့ ရွှေရောင်အိမ်ကလေးမှာ သူမနေနေခဲ့တာဖြစ်ပြီး အဲဒီမှာ သူမ ရှာဖွေတွေ့ရှိခဲ့တဲ့ မေတ်္တာနဲ့ ဂရုစိုက်မှု အားလုံးက သူမရဲ့ အိမ်လေးကို ရွှေရောင် အိမ်အဖြစ် ပြုလုပ်ပေးတယ်ဆိုတာ သူမ သဘောပေါက်သွားခဲ့ပါပြီ။ သူမ စိတ်ကူး ယဉ်ခဲ့တာတွေ အားလုံးဟာ သူမရှေ့မှာ ရှိနေကြပါတယ်။
Source:http:// academictips. org/blogs/the-house-with-the-golden-windows/
ဒီဆောင်းပါးရဲ့အစမှာ စာရေးသူ ပြောခဲ့သလိုပါပဲ။ အတော့်ကို ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
ကျွန်တော်တို့ ဟာ ကျွန်တော်တို့မှာရှိတာတွေနဲ့ ကျေနပ် ရပါမယ်။ အဲဒီလို ရှိနေတာတွေကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်။ ဒါပေမဲ့လည်း အဲဒီလို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အများစုဟာ အားနည်းနေ ကြပါတယ်။ မျက်စိမှိတ်စိတ်ကူးယဉ်တတ် ကြပြီး ပွင့်နေတဲ့ မျက်လုံးတွေနဲ့ မိမိတို့ ဘေးနားမှာရှိတဲ့ အရာတွေအားလုံးကို လွဲချော်နေတတ်ပါတယ်။ ““သတိမမူ၊ ဂူ မမြင်””၊ ““သတိမူ၊ မြူမြင်””ဆိုတဲ့ စကား အတိုင်း သတိထားမယ်ဆိုရင် သေးငယ်တဲ့ မြူကိုတောင် မြင်နိုင်သေးလို့ သတိမထား မိရင်တော့ ကြီးမားတဲ့ ဂူကိုတောင်မမြင်နိုင် ပါဘူး။
ဒါကြောင့် မိမိမှာ ရှိနေပြီးသား အရည်အချင်းတွေကိုမြင်ဖို့၊ မြင်အောင် လည်း လုပ်ဆောင်ကြဖို့ အရေးကြီး ပါတယ်။ တခြားသူမှာရှိနေတာတွေဟာ ကိုယ့်ဟာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရှိတဲ့ ရှိပြီးသားအရာတွေအတွက်လည်း ဂုဏ်ယူနေကြရမှာဖြစ်ပါတယ်။ မိမိတို့မှာ ရှိတဲ့ ကိုယ်ပိုင်အရည်အသွေးတွေသာလျှင် မိမိတို့ရဲ့ အရည်အချင်း အစစ်အမှန်တွေ ဖြစ်ကြပါတယ်။
Posted by Hnin Myat Yu on ဧပြီ 3, 2012 at 11:30am
No comments:
Post a Comment