ဒီခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဖြစ်တဲ့ ဓာတ်ကြီးလေးပါးကို
သိဖို့ ကြိုးစားတဲ့ နေရာတောင်မှ အမှန်ကို
အမှန်အတိုင်းသိမှပဲ ရတယ်။ အထင်နဲ့ မရဘူး။
အဲသလိုပဲ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊
ဓမ္မာနုပဿနာပိုင်းကို ရောက်သွားရင် ကြာလေ
ပိုပြီးတော့ နက်နဲလေ ဖြစ်သွားပြီးတော့
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ သဘောအမှန်ကို
သေသေချာချာမြင်ရတာပဲ။
အမှန်ကို သိတဲ့ အသိဥာဏ် ဖြစ်လာတယ်။
စိတ်ထဲမှာ လောဘဖြစ်တယ်ဆိုပါတော့၊ အဲဒီ လောဘကို
ဖိဖို့ ဖုံးထားဖို့  မကြိုးစားပဲနဲ့  အဲဒီလောဘရဲ့  သဘာဝကို
သေသေချာချာကြည့်တာပဲ။ သေသေချာချာ
ကြည့်ပါများရင် အကြောင်းရှိမှ ဖြစ်တယ်၊
လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မှု
ရှိတဲ့အခါ လောဘဖြစ်တယ် ဆိုတာကို
ကိုယ်တိုင် မြင်ရတယ်၊ ကိုယ်တိုင် သိရတယ်နော်။
အဲသလို ကြာကြာ ကြည့်တဲ့အခါမှာ ၊ အသိအမြင်
ရှင်းလာတဲ့အခါမှာ ဖြစ်လာတဲ့ စိတ်တောင်မှ သူ့ အကြောင်းနဲ့ သူ့ အကျိုး၊ သူ့ သဘောကို
သူဆောင်ပြီးတော့ ဖြစ်လာတဲ့ စိတ်ကလေးဆိုတာ
မြင်လာတယ်။ ငါ့စိတ် မဟုတ်တော့ဘူး၊
အင်မတန်ရှင်းတယ်။
အဲဒါ သိပ်အံ့သြဖို့ ကောင်းတယ်။
အဲသလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ
စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့  မြင်ရတယ်။
ငါ့စိတ်လည်း မဟုတ်တော့ဘူး။ စိတ်နဲ့ အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့
အခါမှာ ဖျတ်ခနဲ ပေါ်လာတဲ့ စိတ်ကလေး တစ်ခုပဲ။
တော်တော် အံ့သြဖို့ ကောင်းတယ်။
ငါ့စိတ်မဟုတ်တော့ဘူး ဆိုရင်ကိုပဲ အနတ္တသဘောဖြစ်သွားပြီနော်။
အနတ္တဥာဏ်နဲ့ မြင်နိုင်မှသာ ဘုရားသာသနာတော်မှာ အမြင်မှန်
တစ်ခုကို ရပြီလို့  ပြောလို့ ရတယ်။ အရေးကြီးဆုံး အမြင်မှန်
တစ်ခုကို ရသွားပြီ။
ဆရာတော် ဦးဇောတိက
(ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ-
သူ့ ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြင် မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ် (www.infinitydhamma.com)
No comments:
Post a Comment