Saturday, March 9, 2013

အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ။


''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ - အဘယ် အကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာ အားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ - သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း 'ဆန္ဒရာဂ' ဖြင့် စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော သူအား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ - ဤအကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်ခင် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်'' ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

''ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေ၏'' ဟု ဆင်ခြင်၏။

ထို (ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

( နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။ )

အေးချမ်းမွန်မှ ( 3 Treasures: Buddha, Dhamma & Sangha ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Post Type: Dhamma

>>> လူတွေဟာ မွေးဖွားစဉ်ကနေ သေဆုံးမယ့်အချိန်တိုလေးအတွင်းမှာ တစ်ဦးနဲ့တစ်ဦး

တိုက်ခိုက်ကြတယ်
ကုန်းချောကြတယ်
ချစ်ခင်ကြတယ်
ယုယကြတယ်
တွယ်တာနှောင်ဖွဲ့ကြတယ်

လိုချင်တပ်မက်စိတ်တွေနဲ့ ရူးသွပ် လောင်မြိုက်လေ့ရှိကြတယ် ။

တကယ်တော့ ဒီအချိန် အပိုင်းအခြားလေးကျော်သွားရင် အိုခြင်း နာခြင်း တစ်ဖက်ကမ်း မှာ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ကသာဆီးကြိုနေမှာဖြစ်တယ် ။

>>> အသိဥာဏ်ရင့်ကျက်မှုဟာ အသက်အရွယ်နဲ့မဆိုင်ပါဘူး ။ ငယ်ငယ်လေးနဲ့ စိတ်ကူးရင့်သန် ရင့်ကျက်နိုင် သလို ၊ အသက်ကြီးပေမယ့်လည်း ကလေးတစ်ယောက်လောက်တောင် လူမပီသတဲ့ မရင့်ကျက်ဆိုးသွမ်းတဲ့ လူကြီးတွေအများကြီးပါပဲ ။ ဒီတော့ ကိုယ့်ဘ၀ နဲ့ကိုယ့်အခြေအနေကို မပြတ်ဆင်ခြင်နေနိုင်ဖို့ အရေးကြီးတယ် ။

>>> လူဟာ တစ်ချိန်လုံး အရှေ့ကိုချည်းပဲသွားမနေသင့်ပဲ ကိုယ်လျောက်ခဲ့တဲ့ လမ်းတလျှောက် အဆိုး ၊ အကောင်း ကို လည်း ပြန် လည်ဆင်ခြင် ဝေဖန်ပိုင်းခြားနေရမယ် ။ ဒါမှ သာ ရှေ့ဆက်မယ့်ခရီးဟာ အမှား နည်းသော လမ်းခရီးဖြစ်မှာဖြစ်တယ် ။

သက်တန့်ချို

ရင်.ကျက်တဲ.ပုဂ္ဂိုလ်

စိတ်ရဲ.သဘာဝကို ကြည်.ကြည်.ပြီးတော.
သိလာတယ်ဆိုရင်ကိုပဲ အင်မတန် အသိဥာဏ်နက်နဲတဲ.သူ ဖြစ်လာပြီ။ ဘ၀လမ်းကြောင်းဟာ နည်းနည်းပြောင်းသွားပြီ။ အရာရာကို ပိုပြီးတော. လေးလေးနက်နက် စဉ်းစားပြီးတော. လုပ်တော.မှာ။ လောဘ ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဥာဏ်ပညာအင်မတန်ရှိတဲ. ပုဂ္ဂိုလ်၊ ဥာဏ်ပညာ ရင်.ကျက်တဲ.ပုဂ္ဂိုလ်ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို. မရင်.ကျက်သလဲဆိုတော. လောဘ ဒေါသတို.ရဲ. လွှမ်းမိုးမှုကို ခံနေရလို.ပဲ။ ဒီကိလေသာတွေကို နည်းနည်းသိတယ်ဆိုရင်ပဲ သူတို.ရဲ. လွှမ်းမိုးမှုကနေ သက်သာရာရပြီ။ သူတို.လုံးဝ အပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ သူတို.ရဲ. လွှမ်းမိုးမှုက အများကြီးနည်းသွားပြီ။

ဆရာတော်ဦးဇောတိက (ဝေဒနာနုပဿနာ တရားတော်မှ)
photo credit to -U Than Myint
မေတ္တာဖြင်.
အနှိုင်းမဲ.စာတိုပေစများ
(www.infinitydhamma.com)
Re-Post By ACM 9-3-2013
အေးချမ်းမွန် Credit to >> အနှိုင်းမဲ့ စာတိုပေစများ<< Thank

စိတ်ညစ်ရင်.... နည်း (၄) နည်းကိုလိုက်နာပါ


နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။ စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။

--- စိတ်ညစ်တာ

---- ထိတ်လန့်တာ

---- စိုးရိမ်ကြောင့်ကြတာ

---- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။ မရပ်လို့ကတော့ စိတ်ညစ်တာကပဲ ပတ်ချာလည်နေမှာပဲ။

အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့..........

---- တည်ငြိမ်တာ
---- သတ္တိရှိတာ

---- ဇွဲရှိတာ

---- ပျော်ရွှင်တာတွေ ဖြစ်တယ်။

စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။ ပထမဆုံးနည်း တစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာသဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။

အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။

ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။

ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခနဲ့ အခက်အခဲကို ပြောင်းလဲ ကယ်တင်သွားတော့တယ်။ အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။

စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။

ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ ဖြစ်တယ်။

ဒုတိယနည်းကတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။

ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။

အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ် အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။

အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။

အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။

အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။

မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။

တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။ စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။

အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။

အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

စတုတ္ထအချက်က.....

(က) စိတ်တည်ငြိမ်စွာ ထားပါ။

(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။

(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။

(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။

(င) ပျော်ပျော်ရွှင်ရွှင်နေပါ။

(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို သတိထားရမယ်။

သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။


Credit to မိုးထက်အာကာ
အေးချမ်းမွန် Credit to >>ထူးထူးဆန်းဆန်း << Thank
Shared from Aye Chan Mon (FB)

ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း




ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။


ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။

နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။

ချစ်ကြည်စွာဖြင့် -

ဧကံသ

Ref: Myawady News

Shared from Myawady Health (FB)

The Elephant Rope



တစ်ခါတုန်းက လူတစ်ယောက်ဟာ ဆင်အကြီးကြီး တစ်ကောင်ရှေ့ကနေ ဖြတ်သွားတယ် ။ သူဟာ ရုတ်တရက်ရပ်လိုက်ပြီး ဒီကြီးမားတဲ့ သတ္တ၀ါကြီးကို ဘာကြောင့်များ ရှေ့ခြေတွေမှာ သေးငယ်တဲ့ ကြိုးကလေးတစ်ချောင်းထဲနဲ့ ချည်နှောင်ထားလို့ ရသလဲဆိုတာကိုပေါ့ ။ ဘယ်လိုသံကွင်းမှ မပါဘူး ဘယ်လို လှောင်အိမ်မျိုးမှမပါဘူး ဒီကြီးမားတဲ့ဆင်ကြီးဟာ သူ့ခွန်အားတွေနဲ့ ဒီကြိုးလေးကို ရုန်းပြီး ထွက်ပြေးနိုင်တယ်ဆိုတာ သိသာလွန်းပါတယ် ။ ဒါပေမယ့် ဆင်ကြီးတွေက အဲဒီလိုမလုပ်ကြဘူး ။ သူဒီလိုနဲ့ စဉ်းစားလာခဲ့တယ် ။

ဒီလိုနဲ့ အနီးအနားမှာ သူ ဆင်ဦးစီးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ ဒါနဲ့ ဘာကြောင့်များ ဒီဆင်ကြီးက ကြိုးသေးသေးလေးကို ရုန်းပြီးထွက်မပြေးပဲ ဘာကြောင့်များ တစ်နေရာထဲ ငြိမ်ငြိမ်လေးရပ်နေရသလဲဆိုတာကို မေးခဲ့တယ် ။ ဆင်ဦးစီးကပြန်ပြောတယ် ။

“ ဒီကောင်တွေ အရမ်းငယ်တဲ့အချိန်တုန်းက သူတို့ကို ချည်ဖို့ ကြိုးသေးသေးလေးကို အသုံးပြုခဲ့တယ် အခု ဒီအရွယ်လောက်ထိကြီးလာလည်း ဒီကြိုးသေးသေးလေးကိုပဲ ချည်ဖို့လုံလောက်ပါတယ် သူတို့ကြီးလာတဲ့အခါမှာ သူတို့ စိတ်ထဲနားလည်ထားတာက ဒီကြိုးသေးသေးလေးက သူတို့ကို ချည်နှောင်ထားတယ် သူတို့အနေနဲ့ငယ်ငယ်ကတည်းက ချည်နှောင်ထားတဲ့အတွက် ဘယ်လိုမှ ရုန်းမထွက်နိုင်ဘူးဆိုတဲ့ အသိစွဲနေတယ်လေ ”

အဲဒီလူဟာ အရမ်းကိုအံ့အားသင့်သွားခဲ့ရတယ် ။ ဒီ ဆင်ကြီးဟာ အချိန်မရွေး သူ့ကို ချည်နှောင်ထားတဲ့ ကြိုးသေးသေးလေးကို ရုန်းပြီး ထွက်ပြေးနိုင်ပေမယ့် သူတို့ မလွတ်မြောက်နိုင်ကြဘူးလို့ ပဲ စိတ်ထဲထင်နေကြတယ် ။

##############################

အဲဒီဆင်ကြီးလိုပဲ ကျွန်တော်တို့ရော ဘ၀မှာ ဘယ်လို မျိုး ယုံကြည်မှုမျိုးတွေနဲ့ အထပ်ထပ်ချည်နှောင်ခံနေကြရပါသလဲ ။ ကျွန်တော်တို့ မလုပ်နိုင်ဘူး ငယ်ငယ်ကတည်းကလုပ်လို့ မရဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခု ကြောင့် အခု ကျွန်တော်တို့ မလုပ်ပဲနေကြတဲ့ အရာတွေ အများကြီးရှိကြသေးတယ်မဟုတ်လား ။

ဆုံးရှုံးခြင်းဆိုတာ သင်ခန်းစာတွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ။ ကျွန်တော်တို့ ဘ၀မှာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့တော့ အရှုံးမပေးသင့်ဘူး ။

သက်တန့်ချို

The Elephant Rope အား ဘာသာပြန်ခံစားသည် ။

အေးချမ်းမွန်မှ ( သက်တန့်ချို ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Shared from Aye Chan Mon (FB)

ကြက်ဥ ကဇော် (By အစိမ်းရောင် လွင်ပြင်)



ဒါကတော့ ကျွန်မတို့ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ တောင်ပေါ်ဒေသရဲ့ ဆောင်းတွေမှာ နွေးနွေးထွေးထွေး စားစရာ ကြက်ဥကဇော်ရယ်ပါ။ ဒီထဲမှာ ဘာတွေ ထည့်သလဲဆိုတော့ ရေကိုဆူအောင်တည်ပြီး သကြား၊ နို့မှုန့်၊ ထောပတ် တစ်ဇွန်းခန့်၊ ကွေကာအုပ်နဲ့ ကြက်ဥ ၂လုံး ၃လုံးထည့်ပါတယ်။ ဆန်ကို အချဉ်ဖောက်ထားတဲ့ ကဇော်ထည့်ပါတယ်။ ပေါင်မုန့်အခြောက် ၂ချပ်လောက်ထည့်ပါတယ်။ တစ်ချို့က မုန့်လုံးရေပေါ် သေးသေးလေးတွေလည်း ထည့်တတ်ပါတယ်။ ဆောင်းရာသီ အေးတဲ့အချိန်မှာ စားတတ်ကြသလို နလံထ လူမမာတွေအတွက်လည်း အားဖြစ်စေတယ်လို့ဆိုပါတယ်။ ချိုအီပစ်လဲအောင် ကောင်းပါတယ်။ အချိုနဲ့ အဆိမ့်ကြိုက်တတ်သူများအတွက် တော်တော်အကြိုက်တွေ့မဲ့ တောင်ပေါ်ဒေသ စားစရာ ကြက်ဥကဇော်ပါ။ :)


Shared from အစိမ်းရောင် လွင်ပြင် (FB)

ဝက်ခေါက်ကြော် ချဉ်စပ်သုပ်



http://chawsufoodfriends.wordpress.com/2013/03/03/


** ဝက်ခေါက်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

ဝက်ခေါက်ကြော် – 200 g
ရေဆေးကာ ပုံပါအတိုင်းလှီးထားသော သခွားသီး – 1 cup (250 ml)
ရေဆေးကာ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် – 1 1/2 cups (375 ml)
ရေဆေးကာ ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1 cup (250 ml)
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း (သို.) ကြိုက်သလောက်
ငရုတ်ဆီ – ထမင်းစားဇွန်း ၉ ဇွန်း (ကျွန်မသုံးတဲ့ ငရုတ်ဆီက ချဉ်တာမို. အချဉ်အတွက် ဘာမှမထည့်တော့တာပါ။)
ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၃ ဇွန်း
အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း

အသုံးပြုသည့် ဝက်ခေါက်ကြော်အမျိုးအစား ပေါ်မူတည်ပြီး အရသာ အလေး၊ အပေါ့ ကွာနိုင်တာကြောင့် အပေါ့၊ အငံ ချိန်ဆထည့်ပေးပါ။

ဝက်ခေါက်ကြော် ထည့်ထားသည့် ဇလုံထဲ ဆူနေသော ရေနွေး လောင်းထည့်ကာ အခေါက်များထဲ ရေစိမ့်ဝင်အောင် ၃၊၄ ချက် မွှေပေးပါ

ထို့နောက် ဝက်ခေါက်ကြော်များ ပျော့သွားအောင် အဖုံးဖုံးထားပါ။

ဝက်ခေါက်ကြော်များပျော့သွားလျှင် ဇကာထဲထည့်ပြီး ရေစစ်ထားပါ။

ရေစစ်ပြီးလျှင် လှလှပပဖြစ်ပြီး၊ အရသာပိုဝင်အောင် ခပ်ရှည်ရှည် အချောင်းလေးများဖြစ်အောင် လှီးပေးပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ဖွဖွလေး ရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော ဝက်ခေါက်ကြော် ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

Phone ပြောနေတာကို အမှတ်တရ ပြန်နားထောင်ဖို့  အသံဖမ်းထားချင်ရင်



Download Link အသစ်တင်ထားလိုက်ပါပြီ.
Re-Post By ACM 9-3-2013

ဒီနည်းလေးကတော့ ဖုန်းအပြန်လှန်ပြောတဲ့ခါ အမှတ်တရ ပြန်နားထောင်ဖို့ အတွက်

အသံဖမ်းထားတဲ့နည်းပါ ဒီဆော့ဝဲ ထည့်ထားရင် သီးသန့် ဘာမှလုပ်ပေးဖို့ မလို့ ပါဘူး

ဖုန်းခေါ်တာပဲဖြစ်ဖြစ် ၊ ၀င်လာတာပဲ ဖြစ်ဖြစ် ၊ အော်တို အသံဖမ်းထားပေးပါလိမ့်မယ်

ပြီးရင် သိမ်းမှာလား ၊ ဖျက်မှာလား ဖေ့ဘွတ်တင်မလား မေးက ပို့ မလား မျိုးစုံအောင်

လုပ်လို့ ရပါတယ် နောက်နားက ဟိန်ဝေးယံ အဖေနဲ့  ၀ိုင်းစုခိုင်းသိန်းတို့  အသံဖိုင်က

ဒီလိုဖမ်းထားတာဖြစ်မယ် အင်တာနက်မှတော့ ဟိုးလေးတကျော် ဖုန်းပြောရင် သတိထားဖို့ လိုတယ် ။တဖက်က အသံဖမ်းထားရင်

ပြောသမျှ မှတ်တမ်းတင်နေတာမလို သတိ သတိ။ ချစ်သူရည်းစားတွေကတော့ အလွမ်းပြေလေး

ပြန်လည်း နားထောင်လို့ ရပါတယ် ။ တချို့ ဖုန်းတွေကတော့ ဖမ်းဖို့ ပါလာပီးသားပါ

ဒါကဆော့ဝဲသီးသန့် ဆိုတော့ အော်တိုဖမ်ပြီး သိမ်းပေးပါတယ် ။ လိုအပ်ရင်ဆွဲလိုက်

http://www.zwmnna.com/2012/11/phone_10.html

အေးချမ်းမွန် Credit to >> မောင်(စွယ်စုံကျမ်း) << Thank

Shared from Aye Chan Mon (FB)

Post Type: Love



လူတချို့ကို သင့်တော်သည်ထက်...
ပိုပြီး ဂရုစိုက်မိလို့....
သူတို့ နားမလည်တက်တဲ့အခါ...
ကိုယ်နဲ့မထိုက်တန်စွာ..
နာကျင်မူတွေ ရတက်တယ်...။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ကြင်နာပြမိလို့...
သူတို့ တန်ဖိုးမထားတက်တဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ...
ခံစားမူတွေ ရတက်တယ်....။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ချစ်ခဲ့မိလို့..
သူတို့ မျက်ကွယ်ပြုတဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ..
ကြေကွဲမူတွေ ရတက်တယ်...။

◘ထိခိုက်နာကျင်မူဆိုတာ
◘ကိုယ်ချစ်သလို တုန့်ပြန်မူမရလို့မဟုတ်ဘူး...
◘သူတို့ဘေးနားကနေထွက်သွားဖို့..
◘ဘယ်တော့မှ ကိုယ့်ရဲ့ရဲရင့်မူကို မရှာဖွေမိလို့လေ....။

◘မင်းအလင်္ကာ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ (FB)