Saturday, March 9, 2013

The Elephant Rope



တစ်ခါတုန်းက လူတစ်ယောက်ဟာ ဆင်အကြီးကြီး တစ်ကောင်ရှေ့ကနေ ဖြတ်သွားတယ် ။ သူဟာ ရုတ်တရက်ရပ်လိုက်ပြီး ဒီကြီးမားတဲ့ သတ္တ၀ါကြီးကို ဘာကြောင့်များ ရှေ့ခြေတွေမှာ သေးငယ်တဲ့ ကြိုးကလေးတစ်ချောင်းထဲနဲ့ ချည်နှောင်ထားလို့ ရသလဲဆိုတာကိုပေါ့ ။ ဘယ်လိုသံကွင်းမှ မပါဘူး ဘယ်လို လှောင်အိမ်မျိုးမှမပါဘူး ဒီကြီးမားတဲ့ဆင်ကြီးဟာ သူ့ခွန်အားတွေနဲ့ ဒီကြိုးလေးကို ရုန်းပြီး ထွက်ပြေးနိုင်တယ်ဆိုတာ သိသာလွန်းပါတယ် ။ ဒါပေမယ့် ဆင်ကြီးတွေက အဲဒီလိုမလုပ်ကြဘူး ။ သူဒီလိုနဲ့ စဉ်းစားလာခဲ့တယ် ။

ဒီလိုနဲ့ အနီးအနားမှာ သူ ဆင်ဦးစီးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ ဒါနဲ့ ဘာကြောင့်များ ဒီဆင်ကြီးက ကြိုးသေးသေးလေးကို ရုန်းပြီးထွက်မပြေးပဲ ဘာကြောင့်များ တစ်နေရာထဲ ငြိမ်ငြိမ်လေးရပ်နေရသလဲဆိုတာကို မေးခဲ့တယ် ။ ဆင်ဦးစီးကပြန်ပြောတယ် ။

“ ဒီကောင်တွေ အရမ်းငယ်တဲ့အချိန်တုန်းက သူတို့ကို ချည်ဖို့ ကြိုးသေးသေးလေးကို အသုံးပြုခဲ့တယ် အခု ဒီအရွယ်လောက်ထိကြီးလာလည်း ဒီကြိုးသေးသေးလေးကိုပဲ ချည်ဖို့လုံလောက်ပါတယ် သူတို့ကြီးလာတဲ့အခါမှာ သူတို့ စိတ်ထဲနားလည်ထားတာက ဒီကြိုးသေးသေးလေးက သူတို့ကို ချည်နှောင်ထားတယ် သူတို့အနေနဲ့ငယ်ငယ်ကတည်းက ချည်နှောင်ထားတဲ့အတွက် ဘယ်လိုမှ ရုန်းမထွက်နိုင်ဘူးဆိုတဲ့ အသိစွဲနေတယ်လေ ”

အဲဒီလူဟာ အရမ်းကိုအံ့အားသင့်သွားခဲ့ရတယ် ။ ဒီ ဆင်ကြီးဟာ အချိန်မရွေး သူ့ကို ချည်နှောင်ထားတဲ့ ကြိုးသေးသေးလေးကို ရုန်းပြီး ထွက်ပြေးနိုင်ပေမယ့် သူတို့ မလွတ်မြောက်နိုင်ကြဘူးလို့ ပဲ စိတ်ထဲထင်နေကြတယ် ။

##############################

အဲဒီဆင်ကြီးလိုပဲ ကျွန်တော်တို့ရော ဘ၀မှာ ဘယ်လို မျိုး ယုံကြည်မှုမျိုးတွေနဲ့ အထပ်ထပ်ချည်နှောင်ခံနေကြရပါသလဲ ။ ကျွန်တော်တို့ မလုပ်နိုင်ဘူး ငယ်ငယ်ကတည်းကလုပ်လို့ မရဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခု ကြောင့် အခု ကျွန်တော်တို့ မလုပ်ပဲနေကြတဲ့ အရာတွေ အများကြီးရှိကြသေးတယ်မဟုတ်လား ။

ဆုံးရှုံးခြင်းဆိုတာ သင်ခန်းစာတွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ။ ကျွန်တော်တို့ ဘ၀မှာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့တော့ အရှုံးမပေးသင့်ဘူး ။

သက်တန့်ချို

The Elephant Rope အား ဘာသာပြန်ခံစားသည် ။

အေးချမ်းမွန်မှ ( သက်တန့်ချို ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Shared from Aye Chan Mon (FB)

No comments:

Post a Comment