Saturday, March 9, 2013

ကြက်ဥ ကဇော် (By အစိမ်းရောင် လွင်ပြင်)



ဒါကတော့ ကျွန်မတို့ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ တောင်ပေါ်ဒေသရဲ့ ဆောင်းတွေမှာ နွေးနွေးထွေးထွေး စားစရာ ကြက်ဥကဇော်ရယ်ပါ။ ဒီထဲမှာ ဘာတွေ ထည့်သလဲဆိုတော့ ရေကိုဆူအောင်တည်ပြီး သကြား၊ နို့မှုန့်၊ ထောပတ် တစ်ဇွန်းခန့်၊ ကွေကာအုပ်နဲ့ ကြက်ဥ ၂လုံး ၃လုံးထည့်ပါတယ်။ ဆန်ကို အချဉ်ဖောက်ထားတဲ့ ကဇော်ထည့်ပါတယ်။ ပေါင်မုန့်အခြောက် ၂ချပ်လောက်ထည့်ပါတယ်။ တစ်ချို့က မုန့်လုံးရေပေါ် သေးသေးလေးတွေလည်း ထည့်တတ်ပါတယ်။ ဆောင်းရာသီ အေးတဲ့အချိန်မှာ စားတတ်ကြသလို နလံထ လူမမာတွေအတွက်လည်း အားဖြစ်စေတယ်လို့ဆိုပါတယ်။ ချိုအီပစ်လဲအောင် ကောင်းပါတယ်။ အချိုနဲ့ အဆိမ့်ကြိုက်တတ်သူများအတွက် တော်တော်အကြိုက်တွေ့မဲ့ တောင်ပေါ်ဒေသ စားစရာ ကြက်ဥကဇော်ပါ။ :)


Shared from အစိမ်းရောင် လွင်ပြင် (FB)

No comments:

Post a Comment