Saturday, March 16, 2013

စကားတစ်ခွန်း၏ တန်ဖိုး




ကျွန်တော်တို့  လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လူတစ်ဦးနဲ့တစ်ဦးကို ဆက်သွယ်မေးမြန်း စုံစမ်း လုပ်ကိုင် ကြတဲ့နေရာမှာ စကားပြောခြင်း ဆိုတဲ့ အရာကိုကြားခံထားလို့သုံးစွဲကြပါတယ်။
ကျွန်တော်တို့နေ့ စဉ်အသုံးပြုပြောနေကြ မြန်မာစကားဆိုတာက စကားလုံးတိုင်းမှာ အနက်အဓိပ္ပါယ် ပြည့်ဝစွာ ပါဝင် နေလေ့ရှိပါတယ်။
ပြီးတော့ အခြေအနေအချိန်အခါ နဲ့  လူပုဂ္ဂိုလ်အပေါ်မူတည်ပြီး သင့်မြတ်ချိုသာတဲ့ စကား ကို သုံးနှုန်းလေ့ရှိပါတယ် ။

ကြမ်းပေါက်ထဲ ခြေထောက်ကျွံရင် ပြန်နုတ်လို့ ရနိုင်ပေမယ် ကျွံသွား ၊ လွန်သွားတဲ့ စကားကတော့ပြန်ရုပ်သိမ်းလို့ မလွယ်တော့ပေ ။မြန်မာစကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါတယ်။
စကား စကားပြောပါများ စကားထဲက ဇာတိပြ ၊စကားနောက် တရားပါ ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်းတော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း
လက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့်များစွာ ရှိကြပါတယ် ။ထိုကြောင့် မဖြစ်မနေ များ စကားပြောခွင့်ကြုံလို့ ၊ ပြောရတော့မယ်ဆိုရင် တောင်မှ
ကိုယ်ပြောမယ်စကားကို ချိုသာသိမ့်မွေ့ မှုကို အခြေခံ ၊ပြီးရင် စကားရဲ့ ရှေ့ နောက်အကျိုးကို စဉ်းစားပြီးမှ
ပြောစေချင်ပါတယ် ။စကားပြောခြင်းနဲ့ ပတ်သက်တဲ့ သာဓကဆောင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို
ဥပမာပြုစေဖို့  ကျွန်တော် ပြောပြချင်ပါတယ် ။

ဟိုးရှေးအခါက ...............မိမိကိုယ်ကိုယ် စကားကျွမ်းကျင်လှပြီလို့ အထင်ရှိနေတဲ့ လူငယ်လေးဦးဟာ
အဘိုးအိုတစ်ဦးနဲ့ ဆုံမိကြပြီး တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က '' မယုံဘူး '' လို့ ပြောမိရင်
ကျွန်ပြုကြစတမ်းလို့  ကတိထားတဲ့ ယုံတမ်းစကားပြော ပြိုင်ပွဲတစ်ခု လုပ်ကြသတဲ့လေ ။လွယ်လွယ်ပြော
ရရင် မယုံအောင်ပြောတဲ့ စကားကို '' ယုံတယ် '' လို့ ခေါင်းညိတ်လက်ခံကြရမယ်ပေါ့ ။မယုံပါဘူး လို့ ပြော
လိုက်မိရင်လည်း မယုံအောင် ပြောတဲ့သူ အိမ်မှာ အခိုင်းအစေအဖြစ် နေကြေးပေါ့ ။

လူငယ်လေးယောက်အနက် ပထမဆုံးတစ်ယောက်က ......................
ကျွန်တော်အမေ့ဝမ်းဗိုက်ထဲမှာ နေစဉ်က အမေဆီးသီးစားချင်နေတာသိလို့  ၀မ်းဗိုက်ထဲကနေ ဆီးသီးရှာပေးခဲ့ရသေးသဗျ ။ ယုံကြလား လို့ မေးတော့ အားလု့းက ပြုံးပြီး ယုံပါတယ်ဟု ပြောကြသတဲ့ ။

နောက် ........ဒုတိယတစ်ယောက်ကတော့ ...................................
တစ်ခါတုန်းက ကျွန်တော်မန်ကျည်းသီး အလွန်စားချင်တာနဲ့ မန်ကျည်းပင်ပေါ် တက်ခူးခဲ့တာ ......
ခူးရင်းခူးရင်းနဲ့  လေးငါးတင်းလောက် ရလာလို့  အပင်ပေါ်ကပြန်မဆင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ် ။
ဒါနဲ့ ပဲ အိမ်ကလှေကားကို ပြန်ယူပြီး ဆင်းလာခဲ့ရတယ် ။
ယုံကြရဲ့ လား တဲ့ ။
အပင်ပေါ်ကနေ မဆင်းနိုင်ဘူးလည်း ပြောသေးတယ် လှေကားကို ကိုယ်တိုင်သွားယူတယ်ဆိုတော့ မဖြစ်နိုင်တဲ့စကားပေါ့ ။ဒါပေမဲ့ 
မယုံပါဘူး ပြောရင် ကျွန်ပြုခံရမှာဆိုတော့ အားလုံးက ယုံပါတယ် လို့ ပဲ ပြောကြသတဲ့ ။

တတိယတစ်ယောက်ကတော့ ဟိုတစ်နေ့ က မြစ်ချောင်းနား လမ်းလျှောက်ရင်းနဲ့ စိတ်ထဲမှာ ငါးကင်စား
ချင်လာတာနဲ့ ရေဆင်းငုပ်ပြီးတော့ ရေထဲမှာပဲ ငါးဖမ်း ၊မီးမွှေးပြီး ကင်စားလိုက်တာ ဗိုက်ကိုကားသွားတာပဲ ။
ဟဲဟဲ ယုံကြလားတဲ့ ။အားလုံးက ယုံတယ် ယုံတယ် လို ခေါင်းညိတ် လက်ခံလိုက်ပြန်တယ် ။

အဲ နောက်ဆုံး လူငယ်တစ်ယောက်က ကျတော့.......................
ကျွန်တော်အိမ် ဘယ်လောက်မြင့်သလဲဆိုရင် အိမ်မှာနေတဲ့ အိမ်ဖော်တစ်ယောက်က မွေးတဲ့ကလေးဟာ
မွေးပြီးပြီးချင်း အိမ်ရဲ့ ကြမ်းပေါက်က ကျွံကျသွားတာ ဆံပင်ဆွတ်ဆွတ်ဖြူတဲ့ အရွယ်ရောက်မှ မြေကြီးပေါ်ကျတော့တယ် ။အဲ့ဒီလောက်ထိ ကျွန်တော်အိမ်က မြင့်တာ ။ယုံကြရဲ့ လား လို့ မေးတယ်ဆိုရင်ပဲ လူငယ်
သုံးယောက်ကော အဘိုးအိုကပါ ယုံပါ့ ငါ့လူရာ ....ယုံပါ့ လို့ ဝိုင်းပြောလိုက်ကြသတဲ့ ။

ဒီလိုနဲ့ အဘိုးအို အလှည့်ရောက်လာရောပေါ့ .......'' အဘိုးအိမ်ရှေ့ မှာ ကွာ ၀ါပင်လေး တစ်ပင် စိုက်မိပါတယ် ။အဲ့ဒီဝါပင်က ၀ါသီးလေးတစ်လုံး သီးသကွဲ့ ။အဲ့ဒီ ၀ါသီးတွေရင့်မှည့်ခြောက်သွေ့ ပြီး အက်ကွဲလာတော့
လူငယ်လေးယောက် ထွက်ကျလာတော့တာပဲဟေ့ ။အဘိုးမှာလည်း လက်တို လက်တောင်းခိုင်းစရာ မရှိတော့
အဲ့ဒီလူငယ်လေးယောက်ကိုပဲ ကျွေးမွေးပြီး အခိုင်းအစေအဖြစ် ထားရတာပေါ့ကွာ ။တစ်နေ့ ကျတော့ အဲ့ဒီ လူငယ်
လေးတွေ လေးယောက်သား ငါ့ဆီကနေ ထွက်ပြေးသွားလို့  လိုက်ရှာနေတာ။အခုမှပဲ ပြန်တွေ့ ရတော့တာပဲကွာ ။
ဟဲဟဲ မင်းတို့ က အိမ်ကထွက်ပြေးသွားတဲ့ ကျွန်လေးယောက် ပဲ ကွ ။ '' ဘယ်လိုလဲ ယုံကြရဲ့ လားလို့ လည်းဆိုရော
လူငယ်လေးယောက်ခမျာ ယုံတယ် ပြောရင်လဲ အဘိုးအိုရဲ့ အခိုင်းအစေ တွေဆိုတာ လက်ခံသလို ဖြစ်မယ် ။မယုံဘူး
ဆိုရင်လည်း ကျွန်ပြုခံရမယ့်အဖြစ်ကို ရောက်သွားရှာတော့တာပေါ့ကွယ် ။

ကဲ သူငယ်ချင်းတို့ ရေ စကားတစ်ခွန်းရဲ့ တန်းဖိုး ဟာ ဘယ်လောက်အထိ အကျိုးရှိသလဲ ၊အကျိုးမဲ့သွားသလဲဆိုတာ
ဒီပုံပြင်လေးက သာဓက ပြလိုက်ပြီလို ထင်ပါတယ်။
ကိုယ်ပြောနေစဉ်ကတော့ အသားစီးရမလား အထင်နဲ့ ကရားရေ
လွှတ်တတွတ်တါတ်ပြောနေပြီး သူတစ်ဖက်သားက ကိုယ်စကားနဲ့ကိုယ် ပြန်ချည်လိုတာမျိုး ၊ ပိတ်မိအောင် ပြောလိုက်
တာမျိုးနဲ့ ကြုံရင် နောင်တရစရာ ဖြစ်နေမှာစိုးလို့  သတိစကားလက်ဆောင်ပါးတာပါ ။

ထိုကြောင့် စကားပြောရာတွင်

စကားအင်္ဂါရပ် (၁၀) ပါး

၁ ။ ကာလ၀ါဒီ = ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။

၂ ။ ဘူတ၀ါဒီ = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။

၃ ။ ဓမ္မ၀ါဒီ = တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။

၎ ။ အတ္တ၀ါဒီ = အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။

၅ ။ ပီယ၀ါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။

၆ ။ မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်စွာ ပြောဆိုခြင်း ။

၇ ။ မိတဘာဏီ = မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။

၈ ။ အတုရိတ၀ါဒီ = အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။

၉ ။ ပေါရီ = မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။

၁၀။ ၀ိသဒ၀ါဒီ = တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း ။



စကားအင်္ဂါ (၁၀)ပါး

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

မှန်သောစကားကိုသာ ပြောဆိုခြင်း။

အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။

အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

လျှာတွင်အသက်ကိုရှင်စေ ၊သေစေနိုင်သောစွမ်းအားရှိသည်။ စိတ်ဓာတ်ကျနေသူတစ်ဦးအား

အားပေးစကားပြောခြင်းသည် ၄င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင် သည့်အပြင် ၄င်းရင်ဆိုင်နေ

ရသောအခက်အခဲ ကိုအောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်

ကျနေသူတစ်ဦးအားပြောသည့် အပြုသဘော မဆောင်သောစကားသည် ၄င်းကိုယ်၎င်းသတ်သေ

ရန်ဖြစ်စေနိုင်သည်။ သို့ အတွက်ကြောင့်မိမိပြော သမျှစကားများကို သတိထားဆင်ဆင်ခြင်ခြင်

ပြောကြရန်ဖြစ်သည်။ဘ၀လမ်းကြောင်းတွင်းသွားရင်းလာ ရင်း မိမိနှင့်ထိတွေ ဆက်ဆံသူများအား

အပြု သဘောဆောင်သော စကားကိုသာပြောပါ။ တစ်ခါတစ်ရံတွင်အပြု သဘောဆောင်သောစကား၊

အားပေးစကားများသည် မိမိထင်ထားသည်ထက်ပြီး ထိရောက်တတ်သည်ကို နားမ လည်နိုင်အောင်ဖြစ်ရသည်။

သည့်အတွက်ကြောင့် စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။


ညချစ်သူ

Shared from ရေးမိရေးရာလေးများ (FB)

No comments:

Post a Comment