Saturday, March 9, 2013

ဝက်ခေါက်ကြော် ချဉ်စပ်သုပ်



http://chawsufoodfriends.wordpress.com/2013/03/03/


** ဝက်ခေါက်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

ဝက်ခေါက်ကြော် – 200 g
ရေဆေးကာ ပုံပါအတိုင်းလှီးထားသော သခွားသီး – 1 cup (250 ml)
ရေဆေးကာ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် – 1 1/2 cups (375 ml)
ရေဆေးကာ ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1 cup (250 ml)
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း (သို.) ကြိုက်သလောက်
ငရုတ်ဆီ – ထမင်းစားဇွန်း ၉ ဇွန်း (ကျွန်မသုံးတဲ့ ငရုတ်ဆီက ချဉ်တာမို. အချဉ်အတွက် ဘာမှမထည့်တော့တာပါ။)
ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၃ ဇွန်း
အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း

အသုံးပြုသည့် ဝက်ခေါက်ကြော်အမျိုးအစား ပေါ်မူတည်ပြီး အရသာ အလေး၊ အပေါ့ ကွာနိုင်တာကြောင့် အပေါ့၊ အငံ ချိန်ဆထည့်ပေးပါ။

ဝက်ခေါက်ကြော် ထည့်ထားသည့် ဇလုံထဲ ဆူနေသော ရေနွေး လောင်းထည့်ကာ အခေါက်များထဲ ရေစိမ့်ဝင်အောင် ၃၊၄ ချက် မွှေပေးပါ

ထို့နောက် ဝက်ခေါက်ကြော်များ ပျော့သွားအောင် အဖုံးဖုံးထားပါ။

ဝက်ခေါက်ကြော်များပျော့သွားလျှင် ဇကာထဲထည့်ပြီး ရေစစ်ထားပါ။

ရေစစ်ပြီးလျှင် လှလှပပဖြစ်ပြီး၊ အရသာပိုဝင်အောင် ခပ်ရှည်ရှည် အချောင်းလေးများဖြစ်အောင် လှီးပေးပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ဖွဖွလေး ရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော ဝက်ခေါက်ကြော် ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

No comments:

Post a Comment