သတိလေးထားပြီး သိနေတဲ့အချိန်တွေဟာ တရားအားထုတ်တဲ့ အချိန်တွေချည်းပါပဲ။ တရားအားထုတ်ကြတာ များသောအားဖြင့် အချိန်ပိုင်းပြီး အားထုတ်ကြပါတယ်။
အလုပ်သွားရတဲ့သူက မနက်ဖြစ်စေ၊ ညဘက်ဖြစ်စေ၊ တစ်နေ့တစ်နာရီပဲ အားထုတ်နိုင်ကြပါတယ်။ အလုပ်မလုပ်ကြတော့တဲ့ အသက်ကြီးသူများကတော့ မနက်မှာ တစ်နာရီ ညဘက်မှာ တစ်နာရီ စသည်ဖြင့် အချိန်ပိုင်းပြီး အားထုတ်ကြပါတယ်။
အဲဒီလိုအချိန်ပိုင်းပြီး တရားအားထုတ်တာမျိုးနဲ့ တစ်နေတာလုံး သတိကပ်ပြီး သိနိုင်သမျှ သိနေတဲ့ သတိပဋ္ဌာန်တရား အားထုတ်တာမျိုးမှာ၊ အကျိုးသက်ရောက်မှုခြင်းဟာ
အင်မတန် ကွာပါတယ်။ သတိကပ်ပြီး သိနေတာမျိုးဟာ မြတ်စွာဘုရားဟောကြားထားတဲ့ "အပ္ပမာဒ"တရားကို ဘုရားဟောတဲ့အတိုင်း အားထုတ်နေတာဖြစ်လို့  အလွန်အကျိုးများပါတယ်။
နံနက်မိုးလင်းလို့  နိုးလာတဲ့အချိန်က၊ ည ရောက်လို့ အိပ်တဲ့အချိန်ထိ ၊တစ်နေ့ မှာ ၁၅ နာရီ၊ ၁၆ နာရီ နိုးကြားပြီးနေတဲ့ အချိန်တွေရှိပါတယ်။လူတွေက တရားအားထုတ်တာကို အချိန်ပိုင်းပြီး တစ်နေ့လုံးမှ တစ်နာရီ နှစ်နာရီ အားထုတ်ကြတော့ ကျန်တဲ့ ၁၄နာရီ ၁၅ နာရီ အချိန်တွေဟာ တရားအားမထုတ်တဲ့ အချိန်တွေ ဖြစ်သွားပါတယ်။ဒီအချိန်တွေဟာ အဝိဇ္ဇာနဲ့ နေတဲ့အချိန် မောဟဆိုတဲ့ မသိမှုနဲ့ နေတဲ့အချိန်၊ ကိလေသာတွေနဲ့  နေတဲ့ အချိန်တွေချည်း ဖြစ်နေပါတယ်။
"အပ္ပမာဒေန သမ္ပာဒေထ"နဲ့ မပြည့်စုံတော့ပါဘူး။
အဝိဇ္ဇာဆိုတဲ့ မသိမှုတရားတွေက နေ့ စဉ် ၁၄ နာရီ၊ ၁၅ နာရီဖြစ်ပြီး၊သိမှု ဝိဇ္ဇာက တစ်နာရီ၊ နှစ်နာရီ ဆိုတော့ နေ့ စဉ်၊ နေ့ စဉ် အဝိဇ္ဇာဆိုတဲ့ မောဟတွေနဲ့ ပဲနေတဲ့ အချိန်တွေချည်း ဖြစ်နေပါတော့တယ်။ မောဟနဲ့နေရင် သူ့ အပေါင်းအဖော်ဖြစ်တဲ့ လောဘ၊ ဒေါသ စတဲ့ ကိလေသာ တရားတွေ ပါလာကြပါတယ်။
မောဟရှိနေတဲ့ အချိန်တွေများနေရင် ဒီကိလေသာတရားနဲ့ပဲနေတဲ့ အချိန်တွေဟာ တစ်နေ့ မှာ ၁၄ နာရီ၊ ၁၅ နာရီ ဖြစ်နေပါတော့တယ်။မောဟဖြစ်တဲ့ ကိလေသာတရားတွေကိုနိုင်ဖို့  နေ့ စဉ် တရားအားထုတ်ချိန်ကို ဒီထက်ပိုများအောင် ထားဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ လူတွေမှာ စားဝတ်နေရေးအတွက် နေ့စဉ် အလုပ်လုပ်ချိန် ၈ နာရီကျော် အလုပ်လုပ်နေကြရတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဒါတွေကိုသိလို့ 
အချိန်တိုင်းမှာ ရသလောက် သတိလေးကပ်ထားနိုင်တဲ့၊သတိလေးကပ်ပြီး သိသိပေးပါဆိုတဲ့ သတိပဋ္ဌာန်တရားကို ဟောရခြင်းဖြစ်ပါတယ်။ တရားအားထုတ်နည်းကို ပေးရခြင်း ဖြစ်၏။
မှတ်ချက်။ ။ ဆရာဦးကံညွှန့် ရေးသားပူဇော်ထားသော "သတိပဋ္ဌာန်တရားနှင့် ဝိပဿနာ တရားအားထုတ်နည်း" စာအုပ်မှ
မိမိဖတ် ရှုသိရှိရသလို၊ ဓမ္မမိတ်ဆွေများအားလုံးကိုလည်း လေ့လာသိရှိပြီး၊ လေ့ကျင့်အားထုတ် ဆောင်ယူသွားနိုင်ရန်အတွက် ရည်ရွယ်လျက် ကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမ ချမ်းသာစွာဖြင့် တရားတော်များကို သိသည့်အတိုင်း လေ့ကျင့်မှုတွေဖြင့် မိမိတို့ လိုရာ အမြိုက် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။
Shared from Htin Aung (FB)
မိမိဖတ် ရှုသိရှိရသလို၊ ဓမ္မမိတ်ဆွေများအားလုံးကိုလည်း လေ့လာသိရှိပြီး၊ လေ့ကျင့်အားထုတ် ဆောင်ယူသွားနိုင်ရန်အတွက် ရည်ရွယ်လျက် ကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမ ချမ်းသာစွာဖြင့် တရားတော်များကို သိသည့်အတိုင်း လေ့ကျင့်မှုတွေဖြင့် မိမိတို့ လိုရာ အမြိုက် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။
Shared from Htin Aung (FB)
No comments:
Post a Comment