Monday, February 16, 2015

အဖော်မွန် အစစ် (or ) သံယောဇဉ်မဲ့သူများသို့


အလွန်အံ့သြဖို့ကောင်းတဲ့အဖြစ်အပျက်တခုကျမဒီနေ့တွေခဲ့ရပါတယ်။
ဒီနေ့ နေ့ခင်းရွှေဘုန်းပွင့်ဘုရားရှေ့ကဖြတ်အသွားလူတယောက်ငှက်
တွေလွတ်ပေးနေတာတွေ့ရတယ်။

အဲ့ဒီမှာငှက်လွတ်တဲ့သူကပြောလိုက်တာက.'ဒီငှက်ပြန်လဲပေးပါသူက
ဒီနားပဲပြန်လာနေတယ်လို့ပြောသံကြားလိုက်တယ်'။
ကျမလည်းသိချင်တာနဲ့ရပ်ကြည့်လိုက်တော့ ငှက်ကလေး ကကောင်းကောင်မပျံ်နိုင်တာတွေရတယ်။

ဒါနဲ့ကျမလည်း ဈေးသယ်အစ်မကြီးကိုမေးကြည့်တော့ သူ့အဖော်အထဲ
မှာရှိနေလို့ မသွားထင်တယ်လို့ မှတ်ချက်ပေးတယ်။
ဒါမျိုးတွေဖြစ်တတ်ပါတယ်လို့ ကျမကိုပြန်ပြောလိုက်သေးတယ်။
အဲ့ဒါနဲ့ကျမလည်း သတင်းသမားပီပီ အဲ့ဒီငှက်ကိုယူပြီး ခပ်ဝေးဝေးသွား လွှတ်ကြည့်တော့လည်းပြန်လာတာပဲ။ ကျမလည်းငှက်ကလေးကြည့်ပြီး
စိတ်မကောင်းတာနဲ့တစ်ကောင်ပြီးတစ်ကောင်လွတ်ကြည့်တယ။်

စာကလေးအကောင်နှစ်ဆယ်သာ ကုန်သွားတယ်သူအဖော်ပါမလာဘူး ။
ဒါနဲ့ပဲ ဈေးသယ်ကို အကုန်လွတ်မယ်ဆို ဘယ်လောက်လဲလို့မေးကြည့်တော့ခြောက်သောင်းလောက်ကျမယ်တဲ့ လှောင်အိမ်ထဲမှာ အကောင်200လောက် ကျန်သေးတာကိုး ။ဒါလည်းမဖြစ်ချေဘူးပေါ့ ။

နောက် ကျမလည်းအကြံတစ်ခုရလာတယ် အပြင်က ငှက်ကလေးကိုခြေထောက်မှာ အမှတ်အသားတခုလုပ်ပြီး လှောင်အိမ်ထဲပြန်ထည့်လိုက်တယ်။

ခဏစောင့်ကြည့်ပြီး သူဘေးနားကပ်လာတဲ့ အဖော်စာကလေး
တစ်ကောင်ကိုပါ အတူဖမ်းပြီး လွတ်ကြည့်လိုက်တယ်။
အဲ့ဒီတော့မှပဲငှက်ကလေးကသူ့အဖော်နဲ့အတူအဝေးကိုပြန်သွားတော့တယ်။

ဒါပါပဲ တိရစ္ဆာန်ဖြစ်ပေမယ့် ကိုယ်အကျဉ်းအကျပ်ထဲကလွတ်သွားပေမဲ့ ပြန်ဖမ်းရင်လည်းဖမ်းပါစေဆိုပြီး သေအတူရှင်မကွာနေမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။

ကျမတွေးမိတာက ကျမတို့လူ့အဖွဲ့အစည်းမှာမိသားစုဖြစ်စေ။
လင်မယားဖြစ်စေ။ မိတ်ဆွေဖြစ်စေ။ သူငယ်ချင်းဖြစ်စေ။လုပ်ဖော်ကိုင်
ဖက်ဖြစ်စေ. တစ်ယောက်နဲ့တစ်ယောက်ဟာ ဒီငှက်ကလေးတွေထားတဲ့ သံယောဇဉ်မျိုးထားနိုင်ဖို့တော်တော်ကြိုးစားယူကြရမယ်ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ကျမတို့အသက်ကြီးလာလေပိုပြီးအတ္တတွေကြီး
လာကြလို့ပါပဲ။

Credit to လှလှဝင်း
K.K(ကနောင်)

No comments:

Post a Comment