Monday, February 23, 2015

ဗုဒ္ဓ သာသနာတော် ကျင့်ထုံးမဟုတ်သော သက်သတ်လွတ်စားခြင်း


ယခုအခါ လွဲမှားသော ကိုးကွယ်ရာများကို ရှေ့တန်းတင်ထားသော သက်သတ်လွတ် စားသောဝါဒ၊ အသွေးလွတ် အသားလွတ် စားသောဝါဒ၊ မီးလွတ်စားသောဝါဒ၊ တို့ ကို တွင်ကျယ်အောင် ဖြန့် ဖြူးနေသော အင်အားစုများ ရှိနေပါသည်။

ထေရ၀ါဒ ရှုထောင့်မှကြည့်သော် အထွက်တင်ရမည့် သာသနကျင့်စဉ် မဟုတ်ပါ။ အဓိဌာန်ဟုဆိုကာ ၉ ရက် ၁၈ ရက် စသည်ဖြင့် ၉ န၀င်း ၉ အလီ တင်ပြီး သက်သတ်လွတ်စားကြသည်။ လွှဲမှားသော ကိုးကွယ်ရာများဖြင့် ညှစ်ထေးစေကြသည်။ သာသနာပြင်ပ ကိုးကွယ်မှုများဖြင့်ဆောင်ကြဉ်းကြသည်။ သက်သတ်လွတ်စားခြင်း၊မီးလွတ်စားခြင်းတို့ ဖြင့်ဂုဏ်တစ်ခု၊ မြင့်မြတ်ကျင့်စဉ်တစ်ခု အဖြစ် အမွှမ်းတင် ဗန်းတင်မှုကား ထေရ၀ါဒ သာသနာတော် ရှုထောင့်မှကြည့်လျှင် အထွတ်တင်ရမည့် "သာသနကျင့်စဉ်" မဟုတ်ပါ။

သက်သတ်လွတ် စားမှုကို ၀ါဒဖြန့် ချိရင်း "သာသနထိတ်ခေါင်" စသည်ဖြင့် ဘိုးတော်ဝါဒဖြန့် ချိရေးဆောင်းပါးများ မဂ္ဂဇင်းတွေမှာ တွေ့ နေရပါသည်။ လွဲမှားသော ကိုးကွယ်မှုဖြင့် "သာသနာတော်ကို "ညှစ်ထေးစေခြင်းမှာ မလျော်ကန်ပါ။ ဖြူစင်ပြီး ရိုးသားသန့် စင် သူများအား စည်းရုံးကာ၊ သာသနာပြင်ပ ကိုးကွယ်မှုသို့  တွန်းပို့ ခြင်းမှာ မလုပ်သင့် မလုပ်အပ်ပါ။

သက်သတ်လွတ်စားခြင်း၊ မီးလွတ်စားခြင်းများကို အကြောင်းပြု၍ ကျေးဇူးတော်ရှင်၊ ပထမ လယ်တီဆရာတော်ကြီး ၏ ဩ၀ါဒတော်မှာ===
"သက်သတ်လွတ်၊ မီးလွတ်စားတဲ့ အကျင့်လည်း သာသနာတော်ကျင့်ထုံးမဟုတ်။ သီလကအစ၊ သမာဓိအဆုံး ဒါတွေအားလုံးဟာ စရဏပဲ။ ဒီစရဏမမှန်ရင်၊ ၀ိဇ္ဇာဥာဏ် မရနိုင်ဘူး။ ဒီစရဏ ပါရမီမှန်မှန်နဲ့  သက်စွန့် ကြိုးပမ်း ကမ္မဌာန်း အားထုတ်သူများပင်လျှင် နိဗ္ဗာန်ကိုလိုချင်မည် ကာမတ္တ နှင့် မရနိုင်ဘူး။ နိဗ္ဗာန်ကို စေလွှတ်အပ်သောစိတ် အမြဲရှိနေရမယ်လို့  ဟောတော်မူတာ ဒီဘ၀ရဲ့  အလုပ်ပဲလို့  တခါတည်း ငုတ်စိုက်ထားတာကို ပဟိတ္ထ ခေါ်တာပဲ။"

{မင်းနန်(မော်ကျွန်း) ပထမလယ်တီဆရာတော်ဘုရားကြီး၏ ဩ၀ါဒတော်များကို ကိုးကားရေးသားပါသည်။}

No comments:

Post a Comment