Sunday, September 13, 2015

သူတော်ကောင်း နတ်ကောင်းစောင့်တယ်ဆိုတာ


အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေုတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်ကဆွမ်းခံပြန်လာခဲ့တယ် ကျောင်းထဲဝင်လိုက်တာနဲ့ ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်
နိုင်တော့ဘူး အဲဒါကို ဘုရားရှင်က သိတော်မူတယ်။ ဒါ့ကြောင့် ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲမရောက်ခင် တံခါးဝမှနေ၍ စောင့်ပြီး
အရှင်သာရိပုတြာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့တယ်

ဘုရားရှင်ရဲ့အကြံတော်ကို သိတော့ သိကြားမင်းကလည်း ကိုရင်လေးတိတ်ဆိတ်စွာတရာကျင့်ဖို့ အတွက် ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးတယ်

နောက်ပြီး မွန်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္ထာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး
မွန်းမလွဲအောင်တားထားတယ် ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့် တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး
ဆာနေပြီဆိုပြီး လွှတ်လိုက်တယ် ကိုရင်လေးလည်း ဆွမ်းစားတယ် ဆွမ်းစားပြီးတော့မှ နေနတ်သားကလည်း နေကိုလွှတ်လိုက်တယ်

ချက်ချင်းကြီးမွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေက မေးလျှောက်တော့မှ ဘုရားရှင်က အဲဒီဇာတ်ကြောင်းကို ဟောတော်မူပြီး သူတော်ကောင်းအလုပ်ကိုလုပ်လျှင် နတ်တွေ မကူညီ၍မရကြောင်း ဟောကြားခဲ့ပါတယ်

တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ်ဆိုတာ လူ့ ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကိုစောင့်ရှောက်ဖို့  သာသနာတော်အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့  စောင့်ရှောက်ဖို့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့ ခွဲတမ်းချ တာဝန်ပေးခြင်းအမှု့ တွေကိုပြုတာပါပဲ

တရားကျင့်နေသူ သို့ မဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆွှိုရင် မိမိနိုင်သလောက်ကူညီရတယ် မကူညီရင် အနီးနားက အောက်နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရတယ်။ ဒါ့ကြောင့် သူတို့ တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြုလို့ မရဘူး သူတော်ကောင်းတွေ ဘာလို့ လည်းဆိုတာ အမြဲ စောင့်ကြည့်နေရတာ

ီကိစ္စကို တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင်သိနိုင်တယ် ဆရာတော်ကြီးအချို့ ဆိုရင် စိတ်ထဲမှာ ဘာမှကို မကြံရဲပါလား လို့ တောင် မှတ်တမ်းတွေမှာတွေ့ ရပါတယ် ဝေဘူဆရာတော်ဘုရားကြီးဆိုရင် ဒို့ များစမ်းကြည့်တာ မှန်တယ်ဗျာတဲ့
သစ်ပင်ရှိရင်ဆွမ်းရှိတာပဲလို့ သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရကြောင်းစမ်းသပ်ပြီး မိန့် ဆိုဘူးတယ်

Shared from ဦးမြင့်ခိုင် စိတ်ပညာ (FB)

No comments:

Post a Comment