Sunday, April 12, 2015

မူကြိုတို့အတွက် ၀ိပဿနာ


မူလတန်းပညာကို တက်ရောက်သင်ယူရန်အတွက် အသင့်ပြင်ဆင်မှုအဖြစ် ကလေးများ ကျောင်းနေပျော်အောင် မူကြိုကျောင်းကို တက်ရောက်သင်ကြားလေ့ရှိပါသည်။ ဒီနေရာ၌
မူကြိုတို့အတွက် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ ၀ိပဿနာတရား အားထုတ်ရန် တာစူနေသူတို့ကို ဆိုလိုပါသည်။ အသက်အရွယ်အားဖြင့်မဆိုင် ၀ိပဿနာအားထုတ်ရန် စဉ်းစားခန်းဝင်နေသူတို့အတွက် ရည်ရွယ်ပါသည်။ အတွေးပေါင်းစုံ၊ အကြားပေါင်းစုံနှင့် မ၀ံ့မရဲဖြစ်နေကြသူများ စတင်လုပ်နိုင်ရန် အချက်ပြလိုခြင်း ဖြစ်ပါသည်။


၁။ ၀ိပဿနာဆိုတာ ပါရမီရှိသူများသာ လုပ်လို့ရတာ ငါတို့က ပါရမီ ရှိချင်မှ ရှိမယ်။
၂။ ၀ိပဿနာဆိုတာ ဓမ္မစာတတ်ပေတတ်တွေသာ လုပ်လို့ရတာတဲ့ ငါတို့က မဟုတ်တာ။
၃။ ၀ိပဿနာဆိုတာ မလုပ်တတ်ရင် ရူးတာတဲ့။
၎။ တရားဆိုတာ အသက်ကြီးမှ အားထုတ်ရတာ။
၅။ ရိပ်သာထဲဝင်ရင် ငါတို့ ယောင်ချာချာ ဖြစ်နေမှာပေါ့ ... စသည်ဖြင့် သံသယစိတ်တွေ အားငယ်စိတ်တွေ ဖြစ်နေကြတာတွေ ပပျောက်စေချင်တာကြောင့် မ၀ံ့မရဲစိတ်တွေ ဖျောက်ပြီး သတ္တိရှိရှိနဲ့ တရားနယ်ပယ်ထဲသို့ ၀င်စေချင်တာပါ။ 

တရားဆိုတာ ဉာဏ်အလုပ်ပါ။ အသက်ကြီးရင့်တဲ့ တတိယအရွယ်ဆိုတာ ကျန်းမာရေး ချို့တဲ့လာပြီ၊ ဟိုကကိုက် ဒီကနာ ဖြစ်လာသလို ဉာဏ်ကလည်းထိုင်းလာပြီ။ တရားအားထုတ်ချင်တဲ့စိတ် ရှိတာတောင် စိတ်သွားတိုင်း ကိုယ်မပါကြတော့ပါ။ ပထမအရွယ်၊ ဒုတိယအရွယ်တွေဟာ ကျန်းမာရေးကလဲ ကောင်းတဲ့အရွယ် ခန္ဓာကလဲ စိတ်အလိုကို လိုက်နိုင်တယ်။ ဉာဏ်ကလဲ ထက်သေးတယ်။ ဒါကြောင့် အရွယ်သုံးပါးလုံး အားထုတ်ရပါမယ်။

{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment