အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ယူ၏။ အထပ်ထပ်အခါခါ ဓားဖြင့်လှီး၍ယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်
ခြစ်၍ယူ၏။ အထပ်ထပ်အခါခါ ခြစ်၍ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။
အမဲသားစားရနိုးဖြင့် စောင့်မျှော်နေသော ခွေးတစ်ကောင်သည် ထို အမဲဖျက်သူ အနီး၌ ရှိနေ၏။ အမဲဖျက်သူသည် အသားမရှိသော အမဲရိုးကို စောင့်စားငံ့လင့်လျက်ရှိသည့် ခွေးအား ပစ်ပေးလိုက်လေသည်။ ထိုခွေးသည် သွေးနံ့ကို မက်မောစွာဖြင့် အမဲရိုးကို လျှာဖြင့်လျက်လေ၏။
ထိုခွေးသည် ဆာလောင်မွတ်သိပ်ခြင်း မပျောက်သည်သာတည်း။ စားချင်သော အလိုဆန္ဒ မပြည့်နိုင်သည်သာတည်း။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဟူသော ကာမဂုဏ်ငါးပါးတို့သည် အမဲရိုးနှင့် တူကုန်၏။
သတ္တ၀ါတို့သည် ထိုကာမဂုဏ်တို့ဖြင့် အားရတင်းတိမ်ခြင်း မရှိနိုင်။ အလိုဆန္ဒပြည့်စုံပြီဟူ၍ မရှိနိုင်။ ဆားရေသောက်သူသည် သောက်လေငတ်လေ၊ ငတ်မပြေနိုင်သကဲ့သို့တည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment