Sunday, March 21, 2010
Lesson In Unconditional Love
ကျွန်မဟာ ကောလိပ်ကနေ ကျောင်းပြီးထားတာ မကြာသေးတဲ့ အသက်၁၄နှစ်၊ ၁၂နှစ်နဲ့ ၃နှစ်အရွယ် ကလေး ၃ယောက်ရှိတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်.. .. ကောလိပ်မှာ ကျွန်မယူခဲ့တဲ့ ဘာသာရပ်က လူမှုရေး ပညာရပ်ပါ.. အတန်းမှာ ကျွန်မနောက်ဆုံး တင်ခဲ့ရတဲ့ စာတမ်းက အပြုံး ဆိုတဲ့ စာတမ်းလေးပါ.. . ဆရာမက ကျွန်မတို့ကို အတန်းပြင်ပကို ထွက်ပြီး လူတွေကို ကိုယ်က ပြုံးပြလိုက်လို့ ပြန်ပြီး ရရှိလာတဲ့ တုံ့ပြန်မှုကို စာတမ်းတစ်ခု ပြုစုခိုင်းပါတယ်.. ကျွန်မဟာ လူတိုင်းကို ဖော်ဖော်ရွေရွေ လိုက်လျှောညီထွေနေတတ်တဲ့ ဆက်ဆံရေး ကောင်းသူတစ်ဦးအဖြစ် နံမည်ရသူဖြစ်ပါတယ်.. လူတိုင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ဖို့ ၀န် မလေးသူလဲဖြစ်တာကြောင့် ဒီစာတမ်း ပြုစုဖို့ကိစ္စက ကျွန်မအတွက်တော့ သိပ် လွယ်ကူမယ် ဆိုတာ ယုံကြည်ခဲ့ပါတယ်..
မတ်လရဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဲဒီစာတမ်းလေးအတွက် ကျွန်မရယ်၊ ကျွန်မ ခင်ပွန်းရယ်၊ ကျွန်မတို့ရဲ့ အငယ်ဆုံး သားလေးရယ် အပြင်ကို ထွက်ခဲ့ကြပါတယ်.. လမ်းမှာရောက်တော့ သားလေးကို အချိန်ပေးဖို့အတွက် မက်ဒေါ်နယ်ဆိုင်ကို ၀င် လာကြတယ်.. အကြီး ၂ယောက်ကတော့ ကျောင်းသွားတက်နေကြတဲ့အတွက် အိမ်မှာ မရှိပါဘူး.. ကျွန်မတို့ မိသားစုက ခုလိုဘဲ ကလေးတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ပေးပြီး နေထိုင်တဲ့ အလေ့အကျင့်ရှိပါတယ်.. မက်ဒေါ်နယ်ဆိုင်ရောက်တော့ လူများလွန်းတဲ့အတွက် ကောင်တာမှာ မုန့် ယူဖို့ကို တန်းစီပြီး စောင့်နေရပါတယ်.. ဒီလိုတန်းစီနေချိန်မှာဘဲ ကျွန်မရဲ့ အနီးတစ်ဝိုက်က လူတွေအားလုံးဟာ နောက်ဖက်ကို ဆုတ်ကုန်ကြတာ တွေ့လိုက်ရပါတယ်.. ကျွန်မယောက်ျား အပါအ၀င်ဆိုပါတော့ရှင်.. ကျွန်မကတော့ နေရာကနေ တစ်လက်မတောင် မရွေ့မိပါဘူး..
စိတ်ထဲမှာ မသိုးမသန့် ခံစားချက်လေးဖြစ်လာတော့ ဘာကြောင့်လူတွေ နောက်ဆုတ် ကုန်တာလဲလို့ အကြောင်းအရာကို လိုက်ရှာဖို့ ကျွန်မရဲ့ အနောက်ကို လှည့်ကြည့်မိတော့ ဆိုးဆိုးဝါးဝါး ညစ်ပတ်နံစော်နေတဲ့ အနံ့တစ်ခုက နှာခေါင်းထဲကို စူးကနဲ ၀င်လာပါတယ်.. အဲဒီအနံ့က ကျွန်မရဲ့အနောက်မှာ ရောက်လာပြီး တန်းစီနေတဲ့ စုတ်စုတ်ပြတ်ပြတ် အိမ်မဲ့ယာမဲ့ နှစ်ယောက်ဆီက ထွက်နေတာပါ.. ကျွန်မ သူတို့ကို ကြည့်လိုက်မိတဲ့အချိန်မှာ သူတို့ ၂ယောက်ထဲက အသက်ငယ်ငယ် ကောင်လေးဆီက ကြည်လင်တဲ့ အပြုံးလေး တစ်ခုကို ရလိုက်ပါတယ်.. ကောင်လေးရဲ့ မျက်လုံးလေးတွေဟာ တိမ်ကင်းစင်တဲ့ မိုးသားရဲ့ အရောင်လို ပြာပြာလဲ့လဲ့လေး… တစ်ကိုယ်လုံး ညစ်ပေ နွမ်းဖတ်ပြီး စုတ်ပြတ်နေပေမဲ့ သူ့အပြုံးနဲ့ သူ့မျက်လုံးဟာ အင်မတန်မှ သန့်ရှင်း ကြည်စင်လှတယ်..
ကျွန်မကြည့်နေမှန်းသိတော့ ကောင်လေးက သူရဲ့ ကြည်လင်တဲ့ အပြုံးကလေးနဲ့ မင်္ဂလာပါ လို့ နှုတ်ဆက်ရှာတယ်.. သူ့လက်ထဲမှာတော့ ငွေအကြွေစ တစ်ချို့ကို ရေတွက်နေပါတယ်.. ကြည့်ရတာ သူတို့မှာ ရှိသမျှ အကုန်နဲ့တူပါရဲ့.. ပြီးတော့ သူရဲ့ နောက်နားမှာ ရပ်ရင်း သူ့လက်ကို တွဲကိုင်ထားတဲ့ အသက်ကြီးကြီး လူတစ်ယောက်.. သူ့ကိုကြည့်ပြီး ကျွန်မသိလိုက်တာက ဒီလူဟာ စိတ်ကျန်းမာရေး အခြေအနေ မကောင်းသူ တစ်ယောက် ဆိုတာပါဘဲ… ဒီလိုဆိုရင် ကောင်လေးဟာ သူ့ကို ကြည့်ရှူ စောင့်ရှောက် နေတဲ့သူ ဖြစ်ပါလိမ့်မယ်.. သူတို့ကို ကြည့်ရင်း ကျွန်မစိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားမိတယ်.. လူဖြစ်လာတဲ့ဘ၀မှာ သူများနဲ့ တန်းတူ နေထိုင်ခွင့်မရရှာတဲ့ ဘ၀.. လူအများကတောင် နှာခေါင်းရှုံ့ပြီး ရှောင်ကျဉ်ခံရတဲ့ ဘ၀။
ကောင်တာက အမျိုးသမီးလေးက သူတို့ကို ဘာယူမလဲလို့ မေးလိုက်တယ်.. ကောင်လေးက သူ့ အပြုံး ကြည်ကြည်လေးနဲ့ ကော်ဖီတစ်ခွက် သကြားရော နို့ရော အကုန်ထည့်ပေးပါတဲ့.. သူတို့တတ်နိုင်သမျှလည်း ဒီကော်ဖီတစ်ခွက်စာဖိုးဘဲ ဖြစ်ပါလိမ့်မယ်.. ပြီးတော့လဲ နွေးထွေးနေတဲ့ ကော်ဖီဆိုင်လေးဟာ သူတို့ အတွက်တော့ လတ်တလောမှာ ပြင်ပက အအေးဒဏ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုလဲ ဖြစ်ပါလိမ့်မယ်လေ…ထိခိုက်ဝမ်းနည်းမိတဲ့ စိတ်တွေနဲ့ သူတို့၂ယောက်ကို အငေးသားကြည့်နေမိတဲ့ ကျွန်မ.. ဘ၀လေးနဲ့မှ မလိုက်အောင် သန့်စင်တဲ့အပြုံးလေးနဲ့ အပြာရောင်မျက်ဝန်းပိုင်ရှင် ချာတိတ်လေးကို နက်နက်နဲနဲ ဂရုဏာ ဖြစ်မိပါတယ်.. သူ့ရဲ့ သန့်စင်ကြည်လင်လွန်းတဲ့ အပြုံးလေးကလဲ ကျွန်မရဲ့ စိတ်အာရုံကို သိမ်းကြုံး ဆွဲငင်သွားခဲ့တယ်..
သူ့ခမြာ ကျွန်မရဲ့သား အလတ်နဲ့မှ ရွယ်တူ ရှိရှာပေလိမ့်မယ်.. ကျွန်မတို့ရဲ့ သားလေးတွေကတော့ လုံခြုံတဲ့ အမိုးအကာအောက်မှာ၊ မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ အပူအပင်မရှိ၊ ပညာတွေ သင်ခွင့်ရနေခဲ့တယ်.. ခု ဒီကလေးကျတော့ အိမ်ခြေ အိမ်ယာမရှိ စားသောက်စရာပင် အနိုင်နိုင်၊ သူ့ဖခင်လား ဘယ်သူလဲဆိုတာ မသိရတဲ့ ဒီစိတ်မပြည့်တဲ့ သူကိုလဲ ရှာကျွေးနေရသူ ဖြစ်ပါလိမ့်မယ်.. ကျွန်မ ဆိုင်ကောင်တာက ကောင်မလေးကို ပြုံးပြလိုက်ရင်း ကျွန်မတို့ မိသားစုအတွက် မနက်စာ အပြင် နောက်ထပ် လူ၂ယောက်စာပါ အပို ထပ်မှာလိုက်ပါတယ်.. ပြီးတော့ တစ်ပန်းကန်စီ ထည့်ခိုင်းလိုက်ပြီး ဆိုင်ထောင့်က စားပွဲလေးမှာ ထိုင်ပြီး ကော်ဖီတစ်ခွက်ကို ၂ယောက်အတူ သောက်နေရှာတဲ့ လူကြီးနဲ့ ချာတိတ်လေးဆီကို ကျွန်မယူသွားခဲ့ပါတယ်..
ပန်းကန်၂ချပ်ကို စားပွဲပေါ်အသာချလိုက်ပြီး ချာတိတ်လေးရဲ့ အေးစက်နေတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်မိရင်း “ဒီမုန့်က သားတို့အတွက် အန်တီ ယူလာတာ” လို့ပြောလိုက်တော့ ကောင်လေးဟာ သူ့ရဲ့ ဘ၀မှာ အခုလို လူလူသူသူ ဆက်ဆံခံခဲ့ရဖူးပုံ မပေါ်တဲ့ အပြင် အကြင်နာတရား ဆိုတာလည်း ဘယ်ကမှ ရရှိခဲ့ဖူးပုံ မရပါဘူး.. သူဟာ မျက်ရည်တွေပြည့်နေတဲ့ အပြာရောင် မျက်ဝန်းလေးတွေနဲ့ ကျွန်မကို မော့ကြည့်ရင်းက ကျေးဇူးတင်ပါတယ်လို့ ခပ်တိုးတိုးလေး ပြောရှာပါတယ်… ပြီးတော့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာရင်းက “ကျွန်တော်တို့ကို ဘယ်သူတွေကမှ ခုလို အစားအသောက် ကျွေးဖို့မပြောနဲ့ အရေးတယူတောင် မဆက်ဆံခဲ့ဖူးပါဘူး” တဲ့ .. ကျွန်မလဲ ဆို့နင့်လာတဲ့ ၀မ်းနည်းစိတ်တွေနဲ့ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အသာသုတ်လိုက်ရင်း ကောင်လေးကို ကြင်ကြင်နာနာ ပြုံးပြလိုက်ပြီး ခင်ပွန်းနဲ့ သားလေးရှိရာကို လျှောက်လာခဲ့ပါတယ်..
စားပွဲပေါ်ရောက်တဲ့အခါ ထိုင်ခုံမှာ ထိုင်ချလိုက်တော့ ကျွန်မခင်ပွန်းက ကျွန်မကို လေးလေးနက်နက် ပြုံးပြလိုက်ပြီး “ မိန်းမရေ မင်းဟာ ဒီနေ့တော့ သိပ်ကိုမွန်မြတ်တဲ့ အလုပ်ကလေးတစ်ခုကို လုပ်ခဲ့တာပါ ကွယ်” လို့ ပြောရင်းက ကျွန်မရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်ပါတယ်.. ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက အဆီးအတားမရှိ စီးကျလာပြန်တယ်.. ရင်ထဲမှာလည်း ပြောမပြနိုင်တဲ့ ပီတိနဲ့ ၀မ်းနည်းခြင်းကို ခံစားနေခဲ့ရပါတယ်.. ဆင်းရဲနွမ်းပါးပြီး အိမ်မရှိ ယာမရှိ ကလေးတစ်ယောက်ဆီက ဒီလောက် ကြည်လင်သန့်စင်တဲ့ အပြုံးလေးကိုလဲ ကျွန်မ ဘ၀မှာ ဘယ်တုန်းကမှ မရခဲ့ဖူးသလိုပါ.. ဒီအပြုံးလေးကို ကျွန်မ ဘယ်လိုမှ မေ့နိုင်မယ် မထင်ပါဘူး…
နောက်တစ်နေ့တော့ အဲဒီနေ့က အဖြစ်အပျက်လေးကို စာတမ်းလေးရေးပြီး အတန်းထဲ ယူလာခဲ့တယ်.. ပြီးတော့ ကျွန်မတို့ရဲ့ ဆရာမလက်ထဲကို ထည့်လိုက်ပါတယ်. ဆရာမဟာ ကျွန်မရဲ့စာတမ်းလေးကို ဖတ်ပြီးနောက် ကျွန်မကို ကြည့်ကာ ဒီစာတမ်းလေးကို အတန်းထဲက လူတွေကို မျှဝေပေးလို့ရမလား လို့ မေးပါတယ်. ကျွန်မ ခေါင်းကို ဖြေးညင်းစွာ ငြိမ့်ပြလိုက်ပါတယ်.. ကျွန်မရဲ့ လူသားချင်း စာနာဖေးမခဲ့တဲ့ အကြောင်းအရာလေးကို တစ်ခန်းလုံးကြားအောင် ဆရာမက ဖတ်ပြနေပါတယ်.. ဒါဟာ လူတိုင်းရဲ့ ရင်ထဲမှာ အကြင်နာတရားလေးတွေ ပေါက်ဖွားလာအောင် လှုံ့ဆော်ပေးရာလဲ ရောက်သလို ကျွန်မရဲ့ ကောင်းမှုလေးတစ်ခုကို ပြန်လည် ဝေမျှခြင်းလည်း ဖြစ်တယ်မဟုတ်ပါလားရှင်…
——————————————————————————————
လူတိုင်းဟာ ပြုံးဖို့ရာ လွယ်ကူပါတယ်.. မနက်ခင်းတိုင်း ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ရင်း ပြုံးမိကြတယ်.. စီးပွားရေးလောက ထဲမှာဖြစ်ဖြစ်၊ လူမှုရေးလောက ထဲမှာဖြစ်ဖြစ် အပြုံးတွေများစွာနဲ့ တွေ့ခဲ့ရဖူးပါလိမ့်မယ်.. အဲဒီအပြုံးတွေထဲမှာ သန့်စင်ကြည်လင်တဲ့ မျှော်လင့်ချက်မပါတဲ့ အပြုံးလေးတွေနဲ့ တွေ့ရဖို့က လွယ်တော့ မလွယ်ကူပါဘူး.. အချို့သော အပြုံးကလေးတွေက အရောင်ဆိုးထားတဲ့ အပြုံးလေးတွေ၊ အချို့ကတော့ ဟန်ဆောင်ထားတဲ့ အပြုံးတုလေးတွေ ၊ အချို့ကတော့ စိတ်မပါလက်မပါတဲ့ အပြုံးလေးတွေ.. အချို့ကျတော့ မနာလိုတဲ့ အပြုံး.. အိုး.. အပြုံးများစွာကို တွေ့ရပါလိမ့်မယ်.. အပြုံးဆိုတာ လူတွေရဲ့စိတ်ကို ရွှင်လန်းစေတယ် ဆိုပေမဲ့လို့ ကိုယ့်ရဲ့အပြုံးလေးဟာ ကြည်လင်သန့်စင်နေဖို့လဲ လိုသေးတယ်နော်…. ကိုယ်လုံးဝမသိတဲ့ လူတစ်ယောက်အပေါ် စေတနာ သဒ္ဓါတရားရှိဖို့ဆိုတာလဲ မလွယ်ကူလှပါဘူး.. လူတိုင်းမှာ လူလူချင်း ကိုယ်ချင်းစာတရားလေးတွေထားလို့ ကူညီတတ်တဲ့ စိတ်ကလေးတွေ မွေးဖွားနိုင်ကြမယ်ဆိုရင် အားလုံးဟာ ကြည်လင် လန်းဆန်းစွာ ပြုံးနိုင်ကောင်းပါရဲ့နော်….
Breanda ရဲ့ Lesson in Unconditional Love ကို ဘာသာပြန် ခံစား ရေးဖွဲ့ပါသည်။
[Reference: http://www.forverfriends.ning.com/]
Thursday, March 18, 2010
Be happy even alone...
Laugh and the world laugh with you.
ရယ်ပါ။ တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
Weep, and you weep alone.
ငိုရင်တော့ သင်တစ်ယောက်တည်းပဲ ငိုရလိမ့်မယ်။
For the sad old earth must borrow its mirth.
ဝမ်းနည်းပူဆွေးနေတဲ့ လောကကြီးက သင့်ဆီက ရယ်စရာလေးကို ငှားရမယ်။
But has trouble enough of its own.
ဒါပေမယ့် သူ.မှာလည်း သူ.ဒုက်ခနဲ.သူဘဲ။
Sing and the hills will answer.
သီချင်းဆိုလိုက်ပါ။ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။
Sigh, and it is lost on the air.
သက်ပြင်းချရင်တော့ လေထဲမှာ ပျောက်သွားလိမ့်မယ်။
The echoes bounce to a joyful sound.
ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။
But shrink from voicing care.
သောကတွေ ဒုက်ခတွေ ကိုတော့ သူပြန်ကန်မပေးဘူး။ တွန့်ဆုတ်သွားတယ်။
Rejoice, and men will seek you.
ပျော်ပျော်ရွှင်ရွှင်နေပါ။ လူတွေက သင့်ကိုတွေ့အောင် လိုက်ရှာလိမ့်မယ်။
Grieve, and they turn and go.
ဝမ်းနည်းနေရင်တော့ သူတို့လှည့်ပြီး တော့ ထွက်သွားလိမ့်မယ်။
They want full measure of all your pleasure.
သူတို့က သင့်ရဲ့ ပျော်ရွှင်မှုတွေ အားလုံးကို အပြည့်အ၀ လိုချင်တယ်။
But they do not need your woe.
ဒါပေမယ့် သင့်ရဲ့ဒုက်ခတွေကိုတော့ သူတို့မလိုအပ်ဘူး။
Be glad, and your friends are many.
ပျော်ပျော်နေပါ။ သင့်မှာ မိတ်ဆွေတွေ အများကြီး ရှိနေမယ်။
Be sad, and you lose them all.
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အားလုံးကို ဆုံးရှံးသွားလိမ့်မယ်။
There are none to decline your nectared wine.
ပန်းဝတ်ရည်နဲ့ လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမယ့်သူမရှိဘူး။
But alone you must drink life’s gall.
ဒါပေမယ့် ဘ၀သည်းခြေရည်ကိုတော့ သင်တစ်ယောက်တည်းဘဲ သောက်ရလိမ့်မယ်။
Feast, and your halls are crowded.
စားပွဲသောက်ပွဲကြီးလုပ်။ သင့်အခန်းမှာ လူတွေပြည့်ကြပ် နေလိမ့်မယ်။
Fast, and the world goes by.
ငတ်နေရင်တော့ ဘယ်သူကမှ လာမှာမဟုတ်တော့ဘူး။
Succeed and give, and it helps you to live.
အောင်မြင်အောင်လုပ်ပါ။ ပေးပါကမ်းပါ။ အဲဒါက သင့်ဘ၀ကို အဆင်ပြေဖို့ အထောက်အပံ့ ဖြစ်လိမ့်မယ်။
But no man can help you die.
ဒါပေမယ့် သေရမယ့်အရေးမှာ ဘယ်သူကမှ သင့်ကိုအကူအညီ မပေးနိုင်ဘူး။
There is room in the hall of pleasure. For a long and lordly train.
ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခမ်းတနားသွားနိုင်ဖို့ အတွက် နေရာအကျယ်ကြီးရှိပါတယ်။
But one by one we must all file onThrough the narrow aisles of pain.
ဒါပေမယ့် ဒုက်ခလမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်း တန်းစီပြီးတော့ သွားရလိမ့်မယ်။လက်တွဲသွားမယ့်သူမရှိဘူး။ အဖော်မရှိဘူး။
[Reference: from a forward mail]
Immediate treatment for heart attack when alone...
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာနေတယ် ဆိုကြပါစို့ ။ အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။ သင်ဟာ တကယ်မောပန်း စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲက ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက လက်နဲ့ ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက် ထိုင်ထားသလိုမျိုး ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်။ ဒီနာကျင်မှုဟာ လက်မောင်းတွေ၊ မေးရိုးတွေအထိ ထုံကျင်ပျံ့ နှံ့ သွားပါတယ်။ ဒီတော့ သင် ကြားဖူးထားလို့ သိလိုက်ရတာက ဒါဟာနှလုံးသွေးကြောပိတ်ပြီး နှလုံးက အောက်စီဂျင် မရတဲ့ရောဂါ ( Ischaemic Heart Disease ) ရဲ့ နှလုံးရုတ်တရက်ထဖောက်ခြင်း ( Heart Attack) ဆိုတာပါပဲ။ ကံဆိုးစွာပဲ သင်နဲ့ အနီးဆုံးဆေးရုံဆေးခန်းဟာ ၅မိုင်လောက် ဝေးပါတယ်။ ဒီချိန်မှာ နောက် တစ်မိနစ်လောက်တောင် သင်အသက်ဆက် ရှင်နိုင်ပါတော့မလားလို့ ထင်ရလောက်အောင် ဝေဒနာကလဲ ဆိုးဝါးလာပါတယ်။ ဒါဆို သင်ဘာလုပ်မလဲ........?
သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့ အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက် လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။
CPR ဆိုတာ heart attack ရလို့ ။ဓာတ်လိုက်သွားလို့ ၊ ရေနစ်လို့ ၊ အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့  စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကို ကယ်တင်ဖို့ နှလုံးနဲ့ အဆုတ်ကို ပုံမှန်အလုပ် ပြန်လုပ်အောင် နှိုးပေးတာဖြစ်ပါတယ်။ ပါးစပ်ကနေ လေမှုတ်သွင်း အသက်ရှူစေခြင်းနဲ့ နှလုံးဖိနှိုးခြင်း ဆိုပြီး နှစ်ပိုင်းပါပါတယ်။ကမ္ဘာပေါ်မှာ နှစ်တိုင်း heart attack ၊ အဆိပ်မိခြင်း၊ ရေနစ်ခြင်း စတာတွေကြောင့် နှစ်စဉ်လူတွေသန်းနဲ့ချီ သေနေကြပါတယ်။ ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင် အများစုရဲ့  အသက်ကို ကယ်လို့ ရမှာပါ။ ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့။ ဒါက ရိုးရိုးCPR ကိုပြောတာပါ။ ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း ရှိနေတဲ့အချိန် ရုတ်တရက် heart attack ရတယ်။ လူကလဲမေ့မျောချင်လာပြီဆိုရင် ကိုယ့်ကိုယ်ကို CPR လုပ်နည်းလေး မှတ်ထားကြပါ။
အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ။ ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ။ သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ။ အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက် ဆိုးပေးပါ။ အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ။ ဒါဟာသင့်အသက်ကို သင်ကယ်နေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ။ သွားလိုတဲ့ဆေးရုံမရောက်သေးခင် ၊ကုသပေးမယ့် သူတွေမရောက်သေးခင် အထိ ဒီလိုလုပ်ပေးပါ။
အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ အများကြီးဝင်လာပြီး လတ်တလော အောက်စီဂျင်ပိုရစေပါတယ်။ ချောင်းဆိုးခြင်းက နှလုံးကို ဖျစ်ညှစ်ပေးပြီး သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး နှလုံးရောဂါ ထဖောက်လာတဲ့လူနာက ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာ မျှော်လင့်ချက်ရှိရှိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင် CPR လုပ်ပြီး သင့်အသက်ကို ကယ်ဆယ်ဖို့  သတိရပါ။ သူများတွေကိုလည်းဖြန့် ဝေပေးရင် အသက်ပေါင်း မြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ။
[Reference: from a forward mail]
ရေစက်ကံ
ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာချစ်ကြိုက်လာကြတာချစ်သက်တမ်းသုံးနှစ်ပြည့်တဲ့အခါ
ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ.......
[Reference: www.forverfriends.ning.com]
Rice Thief!
နှိုးစက်သံကြောင့် သူ အိပ်ရာမှ နိုးလာသည်။ ဒီမနက် စက်ကိုစောစော သွားရမှာမို့ ဆက်ပြီး နှပ်မနေတော့ဘဲ ထလိုက်ရသည်။ရေချိုးခန်း ၀င်ရင်း တစ်နေ့တာ လုပ်ရမည့် အလုပ်တွေကို အကြမ်းဖျင်း အစီအစဉ် ဆွဲနေမိသည်။ မျက်နှာကို ကပျာကယာသစ် အ၀တ်လဲပြီး မနက်စာစားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူမစုံသေး။ သူ့အကြိုက် မုန့်ဟင်းခါးပူပူ၊ အကြော်စုံနှင့် ကိုကို တစ်ပန်းကန်စားပြီး ကော်ဖီ သောက်နေတုန်း သမီး ၀င်လာသည်။ “မေကြီး သမီးဖို့ ဒီနေ့ ဘာလဲ”“သမီးကြိုက်တဲ့ ထမင်းကြော် ၀က်အူချောင်းနဲ့ ကြော်ထားတယ်လေ”“အာ ထမင်းကြော် မစားချင်ပါဘူး”“အဲဒါဆို ပေါင်မုန့် ထောပတ်သုတ်စားမလား။ မေမေ ကင်ပေးရမလား။ မဟုတ်ရင်လည်း မနေ့က ၀ယ်လာတဲ့ ဟမ်ဘာဂါ တစ်ခု ကျန်သေးတယ်။ စားမလား သမီး”“အင်း စဉ်းစားလိုက်ဦးမယ်။ မစားတော့ပါဘူး မေကြီးရာ။ ပပတို့နဲ့ အပြင်မှာပဲ ဒင်းဆန်းသွားစားတော့မယ်။ အဟဲ ဖေကြီးနဲ့တွေ့ရအောင် ၀င်လာတာ သိလား”“ဖေကြီး”“အင်း ပြောပါဦး။ ပိုက်ဆံ လိုတာမှ ဟုတ်ရဲ့လား”“အဲဒီလို အလိုက်သိလို့ လည်း ဒီဖေကြီးကို ချစ်နေရတာပေါ့။ သိပ် မများပါဘူး ဖေရာ။ ၂ သောင်းတည်းပါ။ သမီး သူငယ်ချင်းလေ။ သူ့မွေးနေ့ပေါ့။ အဲဒါလေ ဖိနပ် ၀ယ်ချင်လို့”“သမီးရယ်။ ရှိတဲ့ ဖိနပ် စီးသွားပါလား။ သမီးမှာ ဖိနပ်တွေ အများကြီးရှိသားနဲ့”“ဟာ အသစ်ပဲ စီးချင်တာပေါ့။ သမီး ဘယ်တုန်းက ၂ ခါစီးလို့လဲ။ ဖေကြီးကလည်း ဒီသမီးလေး တစ်ယောက်တည်းရှိတာဟာကို”“ကဲ သဘော။ သမီး သဘောပဲ ထားပါတော့”“ကိုကို၊ ခင်မကို ၃၊ ၄ ခုလောက် ထားခဲ့ဦး။ ဒီနေ့ခင်း ၀ိုင်းရှိတယ်”“လာပြန်ပြီ နောက်တစ်မျိုး။ မင်းတို့ သားအမိနဲ့တော့ ငါခက်တယ်။ ပိုက်ဆံ ဘယ်လိုရှာရတယ် ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ကွ”“အမယ်လေးနော်။ ရှင့်မှာ ဆန်စက်ချည်းပဲ ၂ လုံး ရှိတယ်လေ။ စက်ပစ္စည်း ဆိုင်ကလည်း တစ်ဆိုင် ရှိတယ်လေ။ တောမှာ စပါးပေး၊ ပဲပေးတွေကလည်း ရှင်နဲ့ ကင်းတဲ့သူ ရှိသေးလို့လား။ ကျွန်မတို့ သားအမိ မသုံးလို့ ဘယ်သူ သုံးဖို့ ထားတာလဲ ပြောစမ်းပါဦး”“ကဲ တော်ပြီကွာ။ နားငြီးတယ်။ ကြိုက်သလောက်သုံး ဟုတ်ပြီလား”သူ ပိုက်ဆံ ထုတ်ပေး ပြီးတော့ စက်ဘက်ကို ထွက်လာခဲ့သည်။ ကြာကြာ ဆက်နေရင် နောက်တစ်မျိုးထပ် လာချင် လာနိုင်သေးသည်။ သူ့ မိန်းမ ပြောတာလည်း ဟုတ်တော့ဟုတ်သား။ သူတို့မှာ မိသားစုက သုံးယောက်တည်း။ သူ့ဆန်စက်တွေ ရတာနဲ့တင် သုံးလို့ မကုန်နိုင်။ အခြားလုပ်ငန်းက ရလာတဲ့ ငွေတွေနဲ့ဆို သုံးမကုန်ဖြုန်း မကုန်ဆိုတာ ဒါကိုပြောတာ ဖြစ်မည်။စက်ထဲကိုရောက်တော့ အလုပ်သမားတွေ သူ့အလုပ် သူလုပ်နေကြပြီ။ ဒီနေ့ အ၀င်အထွက် စာရင်းတွေ သူကြည့် နေတုန်း သူ့တပည့် လှမောင် ရောက်လာသည်။“ဆရာ ဒီနေ့ ဧရာဝတီ ၂၀၀ လောက်ပို့ရမယ်ဆရာ”“အိပ်သွတ်ပြီးပြီလား”“မပြီးသေးဘူး ဆရာ”“ဒါဆိုရင် ငါပြောမယ်။ ဆန်အိတ်သွတ်တဲ့အခါ တစ်ဝက်လောက်မှာ ဆန်ကွဲ ၄ လုံး ထည့်လိုက်။ ပြီးရင် ကျန်တဲ့ တစ်ဝက်ကိုထည့်။ တစ်အိတ်ကို ၄ လုံးစီ နုတ် ထားလိုက်။ သဘောပေါက်လား”“ဟုတ်ကဲ့ ပေါက်တယ် ဆရာ”လှမောင်တို့ ကံကောင်းချင်တော့ ဘယ်သူမှ လိုက်မီမည် မထင်။ ခုမနက် အိမ်က စထွက်တော့ သူ့မိန်းမက ထူးထူးဆန်းဆန်း ပဲပြုတ်နဲ့ ထမင်းကြော် ကျွေးလိုက် သေးသည်။ ခါတိုင်းနေ့ဆို ထမင်းကြမ်းခဲနဲ့ အကြော် တစ်ခုကို ရေနွေးကြမ်းတစ် အိုးသောက်ပြီး မနက်စာ ပြီးရတာများသည်။ ခုမနက်မှ ခုမနက်မှ။လှမောင်က ဒီသူဌေးရဲ့ စက်မှာ လုပ်လာတာကြာပြီ။ ဒါကြောင့်သူဌေးက လှမောင်ဆို လက်စွဲ။ သူကလည်း သစ္စာရှိပါသည်။ ကိုယ့်ထမင်းရှင် ဒုက္ခရောက်မှာမျိုး သူဘယ်တော့မှ မလုပ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တစ်ပြားတစ်ချပ်မှ မကွာစေရ။ အဲဒီလိုမျိုးဆိုတော့လည်း တပည့်ရင်းဖြစ်နေတာ သိပ်တော့ မဆန်း။ခုတော့ ဟန်ကျပြီ။ သူဌေးက ဆန်ကွဲလေးလုံး ရောဖို့ ပြောထားသည်။ သူက လေးလုံး ထပ်ရောမည်။ အပို လေးလုံး သူယူမည်။ တစ်တင်းခွဲ တစ်အိပ်မှာ ၂၄ ပြည်။ ပြည်ပို တစ်ပြည်နဲ့ဆို ၂၅ ပြည်။ နို့ဆီဘူးနဲ့ တွက်ရင် အလုံး ၂၀၀။ အလုံး ၂၀၀ မှာ ၈ လုံး ရောပါသွားတော့ ဘယ်သူ သိမှာလဲ။ သူ့ဆရာလည်း ထိခိုက်မှာ မဟုတ်တာ။ ဒီနေ့တော့ ပွပေါက် တိုးပြီ။ ညနေ အိမ်ပြန်ရောက်လို့များ ပိုက်ဆံအထပ်လိုက် သူ့မိန်းမကို ပြနိုင်လို့ကတော့ ခါတိုင်း ကိုလှမောင်ကနေ ”ကိုကိုလှမောင် ကိုကိုလှမောင်” ဖြစ်လာမှာ ကြားယောင်မိ သေးတော့။နံနက်ခင်း နေခြည်သည် ကမ္ဘာလောက တစ်ခုလုံးပေါ်ကို မျှတစွာပဲ ထွန်းလင်းပေး နေသည်။“သတ္တ၀ါတွေ အားလုံး ကျန်းမာပါစေ၊ ချမ်းသာကြ ပါစေ”“အားလုံး ကြားကြား သမျှ အမျှ အမျှ အမျှ ယူ တော်မူကြပါကုန်လော”“ဒူ ဝေ ဝေ ဝေ ဝေ”မနက်စောစောထ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပရိတ်ရွတ် အမျှဝေပြီးသွားပြီ။ သူဘာမှ လုပ်စရာမရှိတော့။ အိမ်ရှေ့မှာပဲ လက်ဖက်ခြောက် ပြက်သိကာ ခပ်ထားသည့် ရေနွေးကြမ်း ထိုင်သောက်ရင်း လမ်းသွားလမ်းလာတွေကို ငေးကြည့်နေမိသည်။ သူ့အသက် ၇၀ ရှိသွားပြီ။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့။ သူတို့ လင်မယားနှစ်ယောက်စလုံး သမီးနဲ့ သမက်ကိုပဲ အားကိုး နေရတာမို့ မနက် သရေစာ မစားဖြစ်တာ နှစ်နဲ့ ချီနေပြီ။ ဆိုက်ကားနင်းသည့် သမက်နဲ့ ကုန်စိမ်းရောင်းသည့် သမီး ရှာသော ပိုက်ဆံဟာ ဒီမိသားစု အတွက် ဘယ်လိုမှ မလောက်ငတာ အသေအချာပင်။အဘိုးကြီး အဘွားကြီး လင်မယား။ သမီးနဲ့ သမက်။ ၃ နှစ်အရွယ် မြေးမလေး စုစုပေါင်း ၅ ယောက်၏ ၀မ်းကို ပြည့်နိုင်ဖို့ ဆိုတာ သိပ်မလွယ်ပါ။ ဒီနေ့ဆို ပိုဆိုးတာက သမီးမနေ့က ကုန်စိမ်း သွားယူရင်းနဲ့ ခွေးကိုက်ခံရတာမို့ ဒီမနက်တော့ အဖျား တက်နေပြီ။ သူ့သမက် တစ်ယောက်တည်း မနက်ကတည်းက ဆိုက်ကားထွက် နင်းသည်။ ဆန်ဖိုး ရရင် မနက်စာ ချက်ဖို့ ပြန်လာပေးမည်ဟုလို့ ပြောသံတော့ ကြားလိုက်သား။ ခုထိ ပြန်မလာပုံ ထောက်တော့ မဟုတ်မှ လွဲရော ဈေးဦးပေါက်သေးပုံ မရ။အကြမ်းအိုး တစ်အိုး ကုန်သွားပြီ။ ကုန်လုလု ဆေးပေါ့လိပ်ကို ချွေပြီး ဖွာလိုက်ရင်း မြေးမလေးကို ငေးကြည့်နေမိသည်။ သူ့မြေးမလေးက သုံးနှစ်ဆိုတော့ စကား တီတီတာတာ ပြောတတ်နေပြီ။ သူ့အတွက် အနှစ်။ ခုလောလောဆယ်တော့ သူ့အနှစ်ကလေး ဆော့နေသေးသည်။ တစ်အောင့် ကြာရင် ဗိုက်ဆာလာတော့မည်။ လူကြီးတွေက အကြောင်းမဟုတ်။ ဘာမှမသိ နားမလည်သေးသည့် ကလေးမို့ သနားဖို့တော်တော် ကောင်းသည်။ သြော်.. ငါ့မြေးလေး ကံဆိုးလှချည်လားကွယ်။တဖြည်းဖြည်းနေမြင့် လာပြီ။ သူ့သားမက် ဆိုက်ကားသံကိုပဲ သူမျှော်နေမိသည်။“ဘိုးဘိုး မီးမီးလေး ဗိုက်ချာပြီ”သူမကြားချင်ဆုံး အသံပါလား။ အမယ်ကြီးက သူ့မြေးကို သနားလို့ထင့်၊ အင်္ကျီ လက်နားလေးပင့်ပြီး စို့လာတဲ့ မျက်ရည်ကို သုတ်နေသည်။ သူ ဘာလုပ်ရပါ့။“ဘိုးဘိုးလို့ မကြားဘူးလား။ မီးမီးလေး ဗိုက်ချာတယ်။ မံမံ ချားမယ်”ဘုရား ဘုရား။ သူ့ရင်ဘတ်ကို တည့်တည့် လာမှန်သော စကားလုံးပါလား။“မံမံချားမယ်”တဲ့။သူ့မြေးလေးဟာ အများတကာ ကလေးတွေလို မုန့်ကို မတောင်းတတ်တော့ ပါလား။ ထမင်းကိုပဲ ပူဆာ တတ်တော့ပါလား။ သူတို့ အိမ်စီးပွားရေးဟာ မြေးမကလေးကို မုန့်ဝယ်ကျွေး ဖို့တောင် မတတ်နိုင်စွမ်း ပြီပဲ။“အမေကြီးရေ ငါဈေးဘက် ခဏလျှောက်လိုက် ဦးမယ်ကွာ” ပြောပြီး သူအိမ်ပေါ်က ဆင်းလာခဲ့သည်။“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”အေးပါကွယ်။ ဘိုးဘိုးကြီး ယူခဲ့ပါမယ် ကလေးရယ်။ ဈေးဘက်မှာ ဘိုးဘိုးကြီးရဲ့ အသိ အကျွမ်းလေး ဘာလေးတွေ့ရင် သမီးလေးဖို့ မုန့်ဖိုးလေး ရကောင်းပါရဲ့။လမ်းပေါ်ရောက်တော့ နေပူနေပြီ။ အဲဒီတော့မှ သူ့မှာ အဆောင်းမပါလာတာ သိတော့သည်။ မထူးပြီမို့ ဆက်လျှောက်လာတော့သည်။ လမ်းမှာ ဘယ်သူမှလည်း မတွေ့။ ဈေးရှေ့ရောက်တော့ ဘာရယ်မဟုတ် ဈေးဝိုင်းထဲ ၀င်လာခဲ့သည်။ ၁၁ နာရီ ဆို တော့ ဈေးထဲမှာ လူပြတ်သလောက် ရှိနေပြီ။ တချို့ဆိုင် တွေဆို ရောင်းသူတောင် မရှိ။ ဒီအတိုင်း ထားခဲ့ပြီး မုန့်လေး ဘာလေး ထွက်စားကြသည်။သူလျှောက်ရင်းနဲ့ ဆန်ဆိုင် တစ်ဆိုင် သွားတွေ့သည်။ တောင်းတွေ တောင်းတွေထဲ မှာ ဆန်တွေ မောက်နေအောင် ထည့်ပြီး ခင်းကျင်းထားပုံက ၀ယ်ချင်စရာ။ နောက်ဘက် မှာလည်း ဆန်အိတ်တွေ အထပ်ထပ်ဆင့်ကာ ပုံထားသည်။ ဒီမှာတော့ ဆန်တွေက တောင်ပုံရာပုံ၊ သူ့တို့ အိမ်မှာတော့ ခုထိ မနက်စာချက် ဖို့ ဆန်တစ်စေ့တောင် မရှိပါလား။ ဆိုင်ရှင်လည်း မတွေ့။ ဆန်ဆိုင်ရှေ့ကနေ နောက်တစ်ခေါက် ထပ်လျှောက် လိုက်သည်။ ဆိုင်ရှင် ပြန်မရောက်လာသေး။“ဘိုးဘိုးကြီး မံမံယူခဲ့ နော်”မြေးမလေး၏ အသံ လေးကို ဖျတ်ခနဲကြားယောင် ပြီးချိန်မှာတော့ သူ့လက်တွေ ဆန်တောင်းထဲ ရောက်ပြီး သွားပြီ။ အသင့်တွေ့သည့် နို့ဆီဘူးနဲ့ သူ့ခါးပိုက် ထောင် ထဲ ကပျာကသီ ခပ်ထည့်လိုက်သည်။ ဘယ်သူမှ မတွေ့။ ဆန်ခပ်နေတုန်း မနက်က ရှိခိုးခဲ့သော ဘုရားကို သတိရမိသည်။“အဒိန္နာဒါနာ ဝေရာမ ဏိသိက္ခာပဒံ သမာဓိယာမိ” ခု မနက်စာတော့ ရပြီ။ သူ့ မြေးမလေးမျက်နှာ။“သူခိုးဗျို့ သူခိုး”သူ လှည့်အထွက်မှာ ဆန်အိတ်ပုံကြားထဲက ဆိုင်ရှင် အသံပေါ်လာသည်။ သူ့ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ခြေသံတွေ တဖြည်းဖြည်းနီးလာပြီ။ လှည့်ကြည့်လိုက်တော့ ဘယ်ကနေ စုမိလာသည့် လူအုပ်ကြီးလဲ မသိ။“ချကွာ ကဲ ကွာ”“ဖုန်း ဖုန်း”“ဟေ့ ဟေ့ မလုပ်ကြ နဲ့။ ရဲစခန်းခေါ်သွား”“သေခါနီးတောင် တရားမရှိတဲ့ကောင်”ရှုပ်ယှက်ခတ်နေသည့် အသံတွေကြားမှာ သူ့မျက်နှာ တစ်ခုလုံး ဖူးရောင်ကိုင်းနေပြီ။ သူ့ခေါင်းဆီမှ သွေးတွေ ကျလာသည်။အရှင်ဘုရား တပည့် တော် သူခိုး မဟုတ်ပါဘူး ဘုရား။ တပည့်တော် ငရဲကိုလည်း ယုံကြည်ပါသည် ဘုရား။ တပည့်တော်ရဲ့ မြေးမလေး အသံကို ကြားယောင် မိချိန်မှာ ခုလိုမျိုး ဖြစ်နေပြီး သွားပါပြီဘုရား။သူ့စိတ်ထဲက ဘုရားကိုပဲ အာရုံပြုနေမိသည်။ ခြေထောက်က ဖိနပ်ကလည်း ဘယ်ရောက်သွားမှန်း မသိ တော့။ နွေနေပူသည် သူ့တစ်ကိုယ်လုံးကို လောင်မြိုက် နေပြီ။ အမြင်အာရုံတွေ မှုန်ဝါးလာပြီး ခြေလှမ်း မဟန်တော့။ အုန်းခနဲ တစ်ချက်ကြား အပြီးမှာ အားလုံး မှောင်အတိ ကျသွားသည်။ သူ့ခါးပုံစလေးကိုတော့ တင်းကျပ်စွာ ဆုပ်ထားဆဲ။“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”“လှမောင် မင်းဆန်အိတ်သွားပို့တာ ကြာလှချည်လား”“ဟာ ကြာဆို ဆရာရယ်၊ ဆွမ်းကြီး လောင်းပွဲနဲ့ တိုးနေလို့ ၀င်လောင်းခဲ့ရသေးတယ်”“ဟေ့ကောင် ဒီအချိန်ကြီး ဘယ်က ဆွမ်းခံကြရမှာလဲ။ မင်းငါ့ကို လာမပတ်နဲ့၊ ဟိုဆိုင်ဝင်နေတာ မဟုတ်လား”“မဟုတ်ပါဘူး ဆရာရယ်။ ဆရာက တယ်ပိန်းတာကိုး။ သူခိုး ဆရာရယ် သူခိုး။အတင့်ရဲလိုက်တာ ဆရာရေ။ ဈေးထောင့်က ဆန်ဆိုင်မှာ နေ့ခင်း ကြောင်တောင်ကြီး ၀င်ခိုးတာ။ တစ်ဈေးလုံး ၀ိုင်းလိုက်တာ၊ ကျွန်တော်လည်း တစ်ချက်နှစ်ချက် ၀င်အုပ်ခဲ့ သေးတယ်”“ဘယ်လောက်တောင် ပါသွားသတဲ့လဲ”“၄ လုံးတဲ့ ဆရာ”
[Reference: from a forward mail]
Try not to keep worries and disappointments!
Rejoice, and men will seek you;ပျော်ပျော်ရွှင်ရွှင် နေပါ။ အဲဒီလိုဆိုရင် လူတွေက ကိုယ့်ကို ရှာပြီးတော့လာတွေ့လိမ့်မယ်။ ဘယ်နေရာနေနေ ရအောင်ရှာပြီးတော့ လာမှာဘဲ။
Grive, and they turn and go.၀မ်းနည်းနေရင်၊ ပူဆွေးနေရင်တော့ လှည့်ပြီးတော့ ထွက်သွားပါလိမ့်မယ်။ ဒါဟာသတိပေးနေတာပါနော်။ ၀မ်းနည်းစရာ၊ ပူဆွေးစရာဆိုတာ လူတိုင်း ကြုံရပါတယ်။အဲဒါကို တာရှည်မွေး မထားပါနဲ့။ တစ်ချို့က ၀မ်းနည်းစရာကိုယ့်မှာရှိတဲ့အခါမှာ ကိုယ်က များများဝမ်းနည်းပြလို့ရှိရင် လူတွေကကိုယ့်ကို ပိုသနားမယ်။ အကူအညီတွေ ပိုပြီးတော့ ပေးလိမ့်မယ်လို့မျှော်လင့်တာလည်း ရှိတယ်။ ၀မ်းနည်းပြနေရင် လူတွေကိုယ့်ကို များများဂရုစိုက်လိမ့်မယ်။ Attention တွေ အများကြီးရလိမ့်မယ်လို့ ထင်တယ်။ ခဏတော့ရမယ်။ ဒါပေမဲ့ ကြာရင်တော့ ကိုယ့်အနားမှာ ဘယ်သူမှ နေမှာမဟုတ်တော့ဘူး။သွားကြမှာဘဲ။
ဒါ့ကြောင့် ကိုယ့်မှာ ဒုက္ခနဲ့ကြုံရတဲ့အခါမှာ အဲဒီဒုက္ခကို ကိုယ့်သတိနဲ့ကိုယ့်ဥာဏ်နဲ့ ကိုယ့်တရားနဲ့ကိုယ် မြင်ဖို့၊ သိဖို့ နားလည်နိုင်ဖို့ခံနိုင်ရည်ရှိဖို့၊အဲဒီဒုက္ခကို လွန်မြောက်နိုင်ဖို့ ကြိုးစားရမယ်။ ဒါကိုယ့်တာဝန်ဘဲ။အဲဒီတာဝန်ကို ကိုယ်မယူလို့ရှိရင်တော့ ၀မ်းနည်းပြရင် လူတွေက အကူညီ များများပေးမယ်လို့ ထင်ပေမယ့် ကြာရင်တော့ ကိုယ် တစ်ယောက်ထဲဘဲ ၀မ်းနည်းနေရလိမ့်မယ်။
ကိုယ်တစ်ယောက်ထဲ ၀မ်းနည်းနေတာကြာရင် ဘယ်လို ဖြစ်လာမလဲ စိတ်ဓာတ်ကျပြီးတော့ စိတ်ပျက်ပြီးတော့ လောကကြီးကို မုန်းလာမယ်။ အဖော် ပိုပြီးတော့မဲ့လာမယ်။ အဖော် ပိုပြီးမဲ့လာရင်ကိုယ့်ပြဿနာက တိုးလာမလား လျော့လာမလား။ ပိုပြီးတော့ဘဲ တိုးလာမယ်။ ကိုယ့်မှာပိုပြီးတော့ဘဲ စိတ်မကောင်းစရာတွေဖြစ်လာမယ်။ ဒါ့ကြောင့် ကိုယ့်ဘ၀မှာအဆင်ပြေတာတွေ များချင်ရင်၊ တတ်နိုင်သလောက် စိတ်ကြည်ကြည်လင်လင်အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် နေပါ။ စိတ်ဒုက္ခကို တာရှည်မွေးမထားဖို့သတိထားပါ..နော်။
စိတ်ဆင်းရဲစရာကို တာရှည်တွေးနေတဲ့သူဟာ ကြာရင် ဒီစိတ်ဆင်းရဲစရာထဲကထွက်လို့ကို မရတော့ဘူး။
ဘယ်လောက်အထိတောင် ဖြစ်သွားနိုင်သလဲဆိုတော့ အဲဒီလို မပျော်မရွှင်ကြီးနေနေတာကဘဲ သူ့ရဲပင်ကိုယ်လို ဖြစ်သွားတတ်တယ်။ ဒါသူ့ရဲ့ personality လိုဖြစ်သွားးတယ်။
သူပျော်ပျော်ရွှင်ရွှင် နေတာကို လူတွေ မြင်သွားရင် ပြန်ပြီးတော့မပျော်ဟန်ဆောင် လိုက်တယ်။ အဲဒီလို လူတွေရှိပါတယ်။ သူတစ်ယောက်ထဲဆိုရင်သူပျော်နေတယ်။ လူတွေ့တာနဲ့သူမပျော်တော့ဘူး။ ဒါစိတ်ရောဂါတစ်မျိုး ဖြစ်သွားတယ်။ သတိထားကြည့်ပါ။ ဒီစိတ်ရောဂါမျိုးက တော်တော် ဆန်းကြယ်တယ်။ သူ့ဟာသူ တစ်ယောက်ထဲဆိုရင်အေးအေးဆေးဆေး ပျော်လို့ဘဲ။ သီချင်းလေး ဘာလေး ဆိုနေတယ်။လူတစ်ယောက်လာတာမြင်တာနဲ့ သူမပျော်တော့ဘူး ဖြစ်သွားတယ်။
အဲဒါဟာ သူ့ရဲ့ role တစ်ခုလို သူယူလိုက်တာနော်။ ဇာတ်လမ်းတစ်ခုမှာသရုပ်ဆောင်ရတာကို role လို့ ခေါ်တယ်။ သူက အမြဲတမ်း စိတ်ဆင်းရဲနေရတဲ့အခန်းကဏ္ဍမျိုးမှာ သရုပ်ဆောင်နေတယ်။ပီပီပြင်ပြင် သရုပ်ဆောင်နေတယ်။ အဲအထဲကကို သူ မထွက်နိုင်တော့ဘူး။သူ့ဇာတ်လမ်းကို သူ မပြောင်းနိုင်တော့ဘူး။ ဒါကြောင့် သတိထားပြီးတော့စိတ်ကို ကြည့်ဖို့လိုတယ်။
စိတ်ဆိုတာ သိပ်အံ့သြစရာ ကောင်းတယ်။ သိပ်ဆန်းကြယ်တယ်။ သိပ်လည်းကြောက်စရာကောင်း ပါတယ်။ ဒါပေမယ့် သူ့ကိုဘဲ သတိနဲ့ဥာဏ်နဲ့ ကြည့်ပြီးတော့နေသွားမယ်ဆိုရင်တော့ သူကဘဲ အားကိုးစရာဖြစ်လာမယ်။ ဒီစိတ်ထဲမှာဘဲ အသိဥာဏ်ဆိုတာ ဖြစ်လာတာကိုး။
ဒါ့ကြောင့် စိတ်ညစ်စရာ အခက်အခဲလေးတွေ စိတ်ဒုက္ခလေးတွေရှိခဲ့မယ်ဆိုရင်တာရှည်မွေးမထားဖို့ သတိထားပါ။ အတတ်နိုင်ဆုံးတော့အဲ့ဒုက္ခကနေလွတ်မြောက်နိုင်အောင် ရုန်းထွက်နိုင်အောင်ကိုယ့်စိတ်ကို ဖြေသိပ်ပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
[Reference: from a forward mail]
Wednesday, March 17, 2010
Impermanence is impermanent?
I will try to explain in English as much as I can for this question...
Impermanence is permanent! My explanation starts from here.......
** If we classify all the teachings or preachings of Buddha, we will get three kinds of categories.
* 1) "Wi Nee" => Buddha taught how to stay or behave properly or correctly to his monks.
* 2) "Tot Tan" => Buddha used his previous lives(Infinity)' experiences to explain all beings to be able to understand more in his preachings such as "Cause and Effect." In other words, "Tot Tan" is all about his lives.
** So, we can say that both "Wi Nee" and "Tot Tan" are related to Buddhism because one is all about Buddha's rules for monks how to stay or behave correctly; another is all about Buddha's lives.
^^ Different from the above two kinds of preachings, the rest one is called "A Bi` Dhamma." Dhamma is the preaching of Buddha. "A Bi`" means "better than." Someone would ask "better than what?" Answer is "better than the first(above) two kinds of Dhamma(preachings). The reason for "A Bi` Dhamma" to be the best Dhamma is that this is not related to Buddhism and not even related to Buddha. This Dhamma is always there whether or not Buddha exists! That means the real truth!!!
^^ However, we can know this kind of Dhamma (A Bi` Dhamma) only from Buddha.
---------------------------------This is the background information to answer the question...
***In "A Bi` Dhamma," Buddha said that there are FOUR Real Truths; nothing else!
Those FOUR Real Truths are -
* 1) Sate (Mind)
* 2) Say Ta Tate (Something that leads or controls Mind)
* 3) Youte (Body)
* 4) Nirvana (End of Body and Mind; nothing left!)
-------------------------------------------------------------
Since there are only FOUR Real Truths, the rest of everything is just fake. For example(very little basic example), names don't really exist except Body and Mind. Names are just used to differentiate from one to another. If there are no names on anything, we will be very confused; however, they are not really existing! Let's say... I can even change my original name (AAA) to a new name (BBB). I'm just a combination of "Body and Mind" whether my name is (AAA) or (BBB) or anything else. Like this very tiny and basic example, everything on the rest of the universe can be changable; in other words, everything is impermanent. The reason why "everything is impermanent" is that nothing is true except the FOUR Real Truths (Mind, Something controlling Mind, Body and Nirvana) mentioned above.
* As long as we are having those false views without knowing FOUR Real Truths, we will have to suffer continuously. In other words, we will have to suffer as long as we are a combination of "Body and Mind."
^^ In brief, "Theravada" Buddhism practices the exact way of Buddha's teachings in order to achieve the termination of "Body and Mind" which is called "Nirvana," which is a Real Truth!!!
Hope my answer helps a little bit! :)
Saturday, March 6, 2010
အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။
အလုပ်တစ်ခုမှာ တစ်ယောက်က သူခင်တဲ့သူ၊ သူ အားကိုးနေရတဲ့သူကိုအလုပ်မပြောင်းနဲ့နော် နင်မရှိရင် ငါတို့မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ ပြောတဲ့သူကသာတဲ့နေရာ ရတော့ ပြောင်းသွားတယ်။
နောက် လင်နဲ့မယား၊ မိန်းမက ကွဲမယ် ကွာမယ်ပြောနေတယ်၊ ယောက်ျားက တကယ်ကွာလိုက်တော့ မိန်းမ ကျန်ခဲ့တယ်။
ကျောင်းတက်တဲ့ ကျောင်းသူနှစ်ယောက် နင်ကျောင်းမပြောင်းနဲ့နော် တဲ့၊သူ့သူငယ်ချင်းကို တဖွဖွပြောတယ်၊ ပြောတဲ့သူကပဲ အရင်နောက်တစ်ကျောင်းပြောင်းသွားတယ်။
မိဘက ငါမရှိရင် နင်တို့ ခွေးဖြစ်မယ်နော်၊ ငါမရှိမှ ငါ့အကြောင်းသိမယ်ပြောတယ် သေသွားရတာပဲ။
တစ်ယောက်ကို မှီမယ်လို့ တွေးရင် ကိုယ်မှီမယ့်သူက ခွဲခွာခြင်းမတည်မြဲခြင်း သဘောတရားတွေက အမြဲစိုးမိုးလို့နေတယ် ဒါတွေက ဘုရားဟောလည်းဟုတ်တယ် ကိုယ်ရှာဖွေရင်လည်း တွေ့မှာပဲ၊ ဒါဟာသဘာဝတရားပဲ သဘာဝထဲမှာပဲနေကြရအောင်၊။
အမှန်တရားဟာ ခါးတယ် ရင်ဆိုင်ဖို့ ခက်တယ်၊ ရင်ဆိုင်ကြရတယ် ရှောင်လို့မရဘူး၊အရက်သောက်တဲ့သူဟာ အရက်ကို ချိုလို့ သောက်တာလားမေးကြည့် အဲလိုပဲ၊လက်မခံချင်ပဲ တွန့်နေမယ့်အစား လက်ခံလိုက်တာက ကြိုက်လိုက်တာကကိုယ့်အတွက်သက်သာတယ်။အော် … သဘာဝတရားတွေပဲကိုး။
အထက်ပါ ပြောဆိုမှူများကို လက်မခံချင်သကဲ့သို့ရှိပေလိမ်မည်။အကျွန်ုကိုယ်တိုင်းလည်း လက်မခံချင်ပေ၊ အဘယ်ကြောင့် လက်မခံချင်သနည်းဟု၊စစ်ဆေးကြည့်သော် ဤကဲ့သို့ ခွဲခွါရမည်ကို ကြောက်သောကြောင့်ဟုဖြေရပေလိမ့်မည်။
မှန်ပေသည် လူတိုင်းလူတိုင်းသည် မိမိတို့ ချစ်ခင်မြတ်နိုးသူများ၊အားကိုးအားထား ပြုရသူများနဲ့ ၊ မခွဲခွါလိုကြပေ။ သို့သော် အနှစ်တရာမကြာသော အလွန်တိုတောင့်လှသော ကာလအတွင်းဝယ် မလွဲမသွေ ခွဲခွါကြရမည်ဖြစ်၏။
သူမရှိလျှင် မဖြစ်ဟု အားကိုးအားထား ပြုနေခဲ့ရသူများသည်၎င်း၊ ငါမရှိလျှင်မဖြစ်ဟု အထင်ကြီးနေခဲ့သူများသည်၎င်း၊ မည်၍ မည်မျှမျက်ကွယ်ပြုသွားကြလေသနည်း ဟူသည်မှာ ရေတွက်၍ မကုန်နိုင်တော့ပေ။
ငါမရှိလျှင် လုံးဝမဖြစ်ဟု ထင်မိခဲ့သော ပြင်သစ်ဧကရစ် နပိုလီယံဘိုနာပတ်သည်၎င်း၊ အမေရိကန်သမ္မတ အေပရာဟင်လင်ကွန်းသည်၎င်း၊သဲကန္တာရမြေခွေးဟု တင်စားခံခဲ့ရသော စစ်သူကြီးရွှမ်းမဲ သည်၎င်း၊မဟာမိတ်တပ်တို့၏ ဦးစီးဦးဆောင် စစ်သူကြီးမောင့်ဂိုမာရီသည်၎င်း၊ထိုကဲ့သို့သော အားကောင်းမောင်းသန် ယောက်ျားကြီးများသည်၎င်း၊ အသီးသိးမျက်ကွယ်ပြုသွား ခဲ့ကြလေပြီ။ သို့သော်= သူတို့မရှိတော့သော်လည်းဖြစ်နေကြသည်သာ။
အမှန်မှာမူ= အားကြီးသူတို့အပေါ် အားကိုးတတ်သော အားငယ်သူ တို့၏အယူအဆသည်၎င်း၊ အားငယ်သူတို့အား အားကိုးမှူကို ပေးတတ်သော အားကြီးသူတို့၏အယူအဆသည်၎င်း၊ မိမိတို့၏ စွဲလမ်းမှုတည်းဟူသော ဥပါဒါန်သာဖြစ်လေသည်။
အချုပ်အားဖြင်ဆိုရပါမူ။ ။ အားကြီးသူကို အားကိုးနေရ ခြင်းဟုဆိုအပ်သောဒုက္ခ၊ အားငယ်သူကို စိတ်မချခြင်းဟု ဆိုအပ်သော ဒုက္ခ၊ စသည် စည်ဒုက္ခအဖုံဖုံတို့သည်၊ တစ်ပါးသူတို့အပေါ် မိမိ၏ စွဲလမ်းမှူ ဥပါဒါန်ကြောင့်ဒုက္ခရောက်နေကြခြင်းသာလျှင် ဖြစ်လေ၏။
အတ္တာဟိ အတ္တနော နာထော၊ မိမိသည်သာလျှင် မိမိ၏ အားထားရာဖြစ်သည်။
မိတ်ဆွေတစ်ဦး၏ ပြောပြခြင်းများအား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။
Posted by ရွာဦးကျောင်း ဆရာတော်
Friday, March 5, 2010
No one can depend on another except SELF!!!
* At a work; one told her coworker who she friends and depends "Don't move to other job! If you are not here, we are not OK." However, the one who told that words moved to another job which is better first.
* A couple; the wife was always talking about divorce. However, she was left alone because her husband divorced her first, finally.
* Two students who love each other; one told another "Don't move to other school!" She said that several times. However, the one who said that moved to other school first.
* If we think to depend on someone, that someone always has things that are leaving and unstableness which overwhelms him. These things are naturally happening all the time around us.
* The truth is bitter and hard to face. However, we have to face; we can't avoid!
* It's true that everyone doesn't want to be apart from their loved ones or the ones they depend on. However, we can't avoid the fact that we have to be apart anyway definitely in one day which is much shorter than 100 years!!!
* There are countless number of people who depended on someone or who was too worried for someone died.
* The trouble that weakers have to depend on strongers or the trouble that strongers have to worry about weakers gets more troubled because of self's attachment!
** Therefore, try to stay in detachment and depend only on self. No one can depend on another except self.
[Reference: poorly translated from a forward mail]