Friday, September 5, 2014

တရားနာကြတယ် ဆိုတာ . . .


တုံးနေတဲ့ မိမိရဲ့အသိစိတ်ကလေးကို တရားကျောက်ပျဉ်ပေါ်တင်ပြီး ထက်နေအောင် သွေးပေးတာပါ။ မနက် အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အတွင်း အာရုံမျိုးစုံ၊ ဟုတ်တဲ့အာရုံရော, မဟုတ်တဲ့အာရုံရော, ခုတ်ထစ်နေတဲ့ ဟောဒီ အသိစိတ်ကလေးဟာ အာရုံမျိုးတွေ စုံလာတော့ တုံးသွားတယ်၊ တုံးနေတတ်တယ်။ အသိစိတ်တုံးနေချိန်မှာ လက်တစ်ကမ်းမှာ ကုသိုလ်ဖြစ်ခွင့်တွေ တန်းစီနေပေမယ့် ကုသိုလ်မဖြစ်လိုက်ပဲလက်လွှတ်လိုက်ရတာတွေ အများကြီး။

လက်ထဲမှာ ကုသိုလ်ထုပ်ကြီးတွေ ကိုင်ထားရက်သားနဲ့ ကုသိုလ်ထုပ်မှန်း မသိလိုက်ဖူး။ လက်လွှတ်ဆုံးရှုံးရတာတွေ အများကြီး။
ဒါကြောင့် မိမိအသိစိတ်ကို တရားကျောက်ပျဉ်ပေါ်တင်ပြီးမှ
တရားနာကြားခြင်း၊ တရားနှလုံးသွင်းခြင်း၊ တရားဆင်ခြင်
ခြင်းဖြင့် ထက်နေအောင် သွေးပေးတာ။

တရားနာကြတယ်ဆိုတာ အာရုံမျိုးစုံနဲ့ ရောပြီးနေတဲ့ စိတ်ကလေးကို "ကိုယ်ပိုင်အလုပ် စတော့မယ်။ စိတ်ကလေး ကိုယ့်နေရာ ကိုယ်နေပါ"လို့နေရာချပေးတာလည်း ဖြစ်ပါတယ်။ အာရုံမျိုးစုံတွေထဲမှာ ပြေးလွှားနေရတဲ့ ညစ်နွမ်းပေကျံနေသော စိတ်ကလေးကို တရားရေစင်ရေအေးဖြင့် သန့်စင်သွားအောင် ဆေးကြောပွတ်တိုက် သုတ်သင်ရှင်းလင်းပေးခြင်းလည်း ဖြစ်ပါတယ်။

- [ တိပိဋကဓရ ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ ]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment