Monday, September 1, 2014

ဘာသာရေးစံ သာသနာရေး မှတ်ကျောက် တရားတော်



ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီးမောင့်မြို့ မာဃလုလင်အဖွဲ့မှ ကျင်းပပြုလုပ်သော ဓမ္မပူဇာတွင် ဟောကြားတော်မူသော “ဘာသာရေးစံ သာသနာရေး မှတ်ကျောက် တရားတော်”
သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက်၊ တနင်္ဂနွေနေ့ {August 31, 2014 (Sunday)}

ဘာကြောင့် ဘာသာတရားတွေ ပေါ်လာသလဲ

ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ပဲ၊ သူလဲ အာကိုးရှာလေသည်။

ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ပဲ၊ ငါလဲ အားကိုးရှာလေသည်။

ဘာသာဝါဒ၊ မှန်သမျှ၊ ကြောက်ကြလို့ပဲ၊ ဖြစ်ပေါ်သည်။

ဆင်းရဲအဖြာဖြာ၊ ငြိမ်းဖို့ရာ၊ ဘာသာကိုးကွယ်သည်။

ရည်ရွယ်ချက်က၊ ထိုဒုက္ခ၊ ငြိမ်းကြဖို့ပဲ ဖြစ်ပေသည်။

ဆင်းရဲငြိမ်းရန်၊ အလုပ်မှန်၊ ဧကန်လုပ်ရမည်။

ဆင်းရဲငြိမ်းရန်၊ တရားမှန်၊ ဧကန်လုပ်ရမည်။

ကျင့်စဉ်မှန်မှ၊ ထိုဒုက္ခ၊ မုချငြိမ်းအေးသည်။

=================

ရွေးချယ်ကြ

ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှကျိုးများသည်။

အယူဝါဒ၊ မှားယွင်းက၊ မုချကျိုးနည်းမည်။

အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန်ရှိရမည်။

မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင်မမှားပြီ။

===============

မှတ်ကျောက် နှင့် စံ

မဂ္ဂင်ရှစ်တန်၊ စံကောင်းမှန်၊ တင်ရန်မှတ်ကျောက် ဖြစ်ပါသည်။

ရှစ်ဖြာမဂ္ဂင်၊ ဘောင်မ၀င်၊ ကျင့်စဉ် မှားလှသည်။

ရှစ်ဖြာမဂ္ဂင်၊ ဘောင်နှိုက်ဝင်၊ ကျင့်စဉ် မှန်လှသည်။

ကျင့်စဉ်မှန်မှ။ ယူဝါဒ၊ ဒုက္ခငြိမ်းစေသည်။

ဒုက္ခငြိမ်းမှ၊ ထိုဝါဒ၊ မုချစစ်မှန်သည်။

================

ဆင်းရဲငြိမ်းသူ နှင့် မငြိမ်းသူ

မဂ္ဂင်ရှစ်ထွေ၊ ကျင့်သူတွေ၊ ကိလေငြိမ်းကြသည်။

ကိလေငြိမ်းမှ၊ ၀ဋ်ဒုက္ခ၊ မုချငြိမ်းပေသည်။

မဂ္ဂင်ရှစ်ထွေ၊ မကျင့်ပေ၊ ကိလေမငြိမ်းပြီ။

ကိလေမငြိမ်း၊ ဆင်းရဲကိန်း၊ အေးငြိမ်းချမ်းသာ မရပြီ။

ချမ်းသာမဆောင်၊ တရားယောင်၊ ဝေးအောင်ရှောင်ရမည်။

================

စစ်မှန်သော ဘာသာဝါဒ

ဗုဒ္ဓသာသနာ၊ မဂ်ရှစ်ဖြာ၊ သေချာရှိပေသည်။

ရှစ်မဂ္ဂင်ပွား၊ ကိလေများ၊ ငြိမ်းသွားချမ်းသာသည်။

ထို့ကြောင့် ဗုဒ္ဓ၊ ယူဝါဒ၊ မုချစစ်မှန်သည်။

==================

အယူဝါဒ မမှားစေနှင့်

ကြုံကြိုက်ခဲစွာ၊ သာသနာ၊ ကြုံလာရပေသည်။

ကြုံလာသော်လဲ၊ သင်ယူလွဲ၊ သင်ပဲဆင်းရဲမည်။

မလွဲစေချင်၊ ရှစ်မဂ္ဂင်၊ တွင်တွင်ပွားရမည်။

မဂ္ဂင်ပွားလျှင်၊ ကိလေစင်၊ ပြေးဝင်နိဗ္ဗာန်ပြည်။

=================

မဂ္ဂင်ရှစ်ပါး

သိမှန်ကြံမှန်၊ ပြောပြုမှန်နှင့်၊ ကောင်းမှန်သက်မွေး၊ ဖြူစင်ဖွေး၍၊

မှန်ရေးကြိုးစား၊ မှန်ငြားသတိ၊ သမာဓိဟု၊ ဤသည့်ရှစ်ဖြာ၊ ကျင့်စဉ်ပါမူ၊

ဘာသာဝါဒ၊ ၀ဋ်ဒုက္ခ၊ မုချငြိမ်းစေသည်။


နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အလို့ငှာ ရိုက်ကူးမျှဝေသည်…

မေတ္တာဖြင့်

Favorite Collections

No comments:

Post a Comment