အစစ်ဖြစ်လို့ရှိရင်တော့ သူတို့ပစ္စဝေက္ခဏာ ဆင်ခြင်ရသေးတယ်။ ဆင်ခြင်တဲ့အခါမှာ တကယ့်ကို နိဗ္ဗာန်အာရုံကိုရနေတယ်။
တကယ့်ကို မဂ်ကို အာရုံရနေတယ်ဆိုရင်တော့ သူသိတာဘဲ။ ဒီလိုမဟုတ်ဘဲနဲ့ဆိုရင် သူမသိနိုင်ပါဘူး။ ပစ္စက္ခေဏာ မဆင်ခြင်ဘဲ
နဲ့ဆိုရင်တော့ သူမသိပါဘူး။ သောတာပန် ဖြစ်မှန်းလည်းမသိပါဘူး။ မဖြစ်မှန်းလည်း မသိပါဘူး။
အပြင်လူဆိုတာကတော့ တစ်ခါတုံးက ရဟန္တာအရှင်မြတ်ကြီးနောက်က တောထွက်ကြီးတစ်ပါး သပိတ်ယူပြီးတော့ လိုက်သွားတယ်။ လိုက်သွားတော့ သူက သူ့ဆရာ ဘုန်းတော်ကြီးကို လျှောက်တယ်။ အရှင်ဘုရား ရဟန္တာများ ဘယ့်နှယ့်လုပ်ပြီးတော့ သိရပါမလဲ။ ဦးပဉ္ဇင်း ရဟန္တာဆိုတာ အင်မတန်သိဖို့ခက်တယ်။ သပိတ်ကိုင်ပြီးတော့
နောက်ကလိုက်တာတောင်မှ သိဖို့ခက်တယ်လို့ အမိန့်တော်ရှိတော့ ရဟန္တာမှန်း သိဖို့သိပ်ခက်တယ်။
ရဟန္တာမှန်းသိဖို့ သိပ်ခက်တယ်ဆိုရင် သောတာပန်မှန်း သိဖို့ဆိုတာလည်း သိပ်ခက်တာပဲ။ ဘယ်လိုပုဂ္ဂိုလ်မှ သိတုန်းဆိုရင်တော့ ပရစိတ္တ၀ိဇာနာန သူတစ်ပါးစိတ်ကို သိတဲ့ဉာဏ်ကို ရနေတဲ့အချိန်ကျမှ သောတာပန်ဟုတ်တယ်။ မဟုတ်ဘူးဆိုတာ သိတယ်။ ပရစိတ္တ၀ိဇာနာန အဘိညာဉ်ကို မရလို့ရှိရင်
ကမ္မဋ္ဌာန်းဆရာကိုယ်တိုင် သူ့တပည့် တရားပေါက်တယ် မပေါက်ဘူးဆိုတာ မသိနိုင်ဘူး။
အရှင်ဇနကာဘိဝံသ
သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ
No comments:
Post a Comment