Tuesday, May 31, 2016

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဝေဒနာရှုနည်း ( ၃ ) နည်း


ဝေဒနာရှုနည်း ( ၃ ) နည်း
***********************
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း။
၂။ ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို ချော့သတ်နည်း။

လူငယ်တွေကတော့ ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။ နှလုံးရောဂါရှိသူဆိုရင် ချုံခိုတိုက်ခိုက်နည်းက ကောင်းတယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်များကျတော့ ရန်သူကို ချော့သတ်နည်းက ကောင်းတယ်။

ရင်ဆိုင်တိုက်ခိုက်နည်းဆိုတာ ဝေဒနာအပေါ် စိတ်ကို တည့်တည့်ထားပြီး မှတ်တာ။ အဲဒါက မြန်မြန် ဆန်ဆန် တရားရနိုင်တယ်။ နာတဲ့နေရာ
တည့်တည့် စိတ်ကိုထား ဘေးကိုရှောင်လွှဲမချနဲ့။ ` ထိုင်တယ် ထိတယ် နာတယ် ´ ၊` ထိုင်တယ် ထိတယ် နာတယ် ´ လို့ စူးစူးစိုက်စိုက်မှတ်။ အသားတွေ ဆတ်ဆတ်တုန်အောင် နာလိမ့်မယ်။ နာပါလေ့စေ ဆက်မှတ်ပါ။ အဲဒါတွေဟာ မိမိကို ` နိဗ္ဗာန်´ ပို့မယ့် တရားတွေ။

ချုံခိုတိုက်ခိုက်နည်းဆိုတာ ကိုယ့်ရဲ့ပင်တိုင် ကမ္မဋ္ဌာန်းကို များများမှတ်ပြီး နောက်မှ ဝေဒနာကို ပြန်ရှုတာ။ ရန်သူက အင်အားကောင်းနေပြီး ကိုယ့်
ဘက်က အင်အားနည်းနေရင် ခဏပုန်းအောင်းနေပြီးမှ ရန်သူအငိုက်မှာ ထွက်တိုက်ရတယ်။ ဝေဒနာက အရမ်းပြင်းထန်နေတယ်။ ကိုယ်က မရှုမမှတ်နိုင်ဘူး။ ` သတိ သမာဓိ ´ က အားနည်းနေပြီး ဒီဝေဒနာကို ရင်ဆိုင်မတိုက်နိုင်ဘူးဆိုရင် ဝေဒနာကို လွှတ်ပြီးတော့ `ဖေါင်းတယ် ပိန်တယ်´တို့ ` ထိုင်တယ် ထိတယ်´ တို့မှတ်။ ဝေဒနာ အားနည်းသွားတဲ့အခါ
ကျမှ ဝေဒနာကို ပြန်ရှု။

ရန်သူကို ချော့သတ်တဲ့နည်းဆိုတာကတော့ အင်မတန် အသက်ကြီးတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုမှ ဝေဒနာကို ရင်မဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်များဆိုရင်တော့ တစ်ခုခုကို မှတ်နေရတယ်။ ` ထိုင်တယ် ထိတယ် ´ ပဲဖြစ်ဖြစ် အကြာကြီးမှတ်ပြီးတော့မှ ဝေဒနာကို ပြန်မှတ်။ တရားရှုမှတ်ရင်း ပျောက်သွားတာလည်း ရှိတယ်။ တကယ်လို့ မပျောက်ဘူးဆိုရင်လဲ တရားနဲ့ သေလို့ရတယ်။

__/|\__

~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to: ခရီးသည်

No comments:

Post a Comment