Monday, July 11, 2016

အအေးဓာတ်ပိုင်ချင်ရင် အအေးဓာတ်ပိုင်ရှင်ကို သတိရပါ.......


မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိတ်ထားတဲ့ နှလုံးသားဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။ တစ်နည်းပြောရင်တော့ ဂုဏ်ေတာ်နှလုံးသား”ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။ စာသံပေသံနဲ့ပြောရင်တော့ ဗုဒ္ဓါနုဿတိနှလုံးသား”ဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။

ဒါကလည်းပဲ လိုရာဆွဲပြီး ပြောခြင်း မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် နူတ်တော်ကနေ တိုက်ရိုက်ဟောကြားထားတဲ့ စကားအတိုင်း ပြောတာ ဖြစ်ပါတယ်။

ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။
ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿတိ မာနသံ။

ချစ်သား ချစ်သမီးတို့၊ သမထကမ္မဋ္ဌာန်းတွေထဲမှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများကြပါ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများကြမယ်ဆိုရင် သင်တို့ရဲ့ စိတ်ကြံစည်မူ မှန်သမျှ ပြည့်ဝလာပါလိမ့်မယ်”လို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တိုက်ရိုက် ဟောကြားထားတာ ဖြစ်ပါတယ်။

ဗုဒ္ဓါနုဿတိနဲ့ ထုံမွမ်ထားတဲ့ ချစ်သား၊ ချစ်သမီးတို့ရဲ့ နှလုံးသားဟာ လိုတရနှလုံးသားပါပဲ”လို့ ဆိုလိုပါတယ်။ ပူရယိဿတိ မာနသံ”ဆိုတဲ့ ပါဠိကိုပဲ ခေါင်းစဉ်ယူပြီးတော့ လိုတရနှလုံးသားလို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဆန်းထွင်ပြီးတော့ နာမည်ပေးထားခြင်း မဟုတ်ပါဘူး။

ကံ၊ ဉာဏ်၊ ၀ီ ရိယ”သုံးမျိုးပြည့်စုံမှ လောကီလိုတတွေ ပြည့်စုံနိုင်တာမို့ လောကီလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က ကံကောင်းအောင် ကြိုးစားရင် တစ်ဖက်ကလည်း ဉာဏ်ဝီရိယနဲ့ လုပ်သင့် လုပ်ထိုက်တဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်နေရမှာပေါ့။

ဝိပဿနာဉာဏ်” ရင့်သန်မှ လောကုတ္တရာလိုတတွေ ပြည့်စုံနိုင်တာမို့ လောကုတ္တရာလိုတတွေ ရချင်ရင် ဗုဒ္ဓါနုဿတိနဲ့ တစ်ဖက်က စိတ်ကြည်လင်အောင်၊ စိတ်ငြိမ်းအေးအောင် ကြိုးစားရင် တစ်ဖက်ကလည်း သတိပဋ္ဌာန်းနည်းလမ်းအတိုင်း ၀ိပဿနာအလုပ်တွေကို ဉာဏ်ရင့်သထက်ရင့်အောင် အားထုတ်နေရမှာပေါ့။

ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက လိုတရနှလုံးသား” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

Credit to: ဗုဒ္ဓါနုဿတိ အတုမရှိ အနှိုင်းမဲ့ ဂုဏ်တော်

No comments:

Post a Comment