Thursday, July 7, 2016

အတွေးအခေါ်လေးတစ်ခု မတူတာလောက်နဲ့ပဲ...


ကိုယ်နဲ့ အတွေးအခေါ်၊ အယူအဆ မတူတိုင်းသာ အန်ဖရန့်လုပ်ရမယ်၊ ဘလော့ရမယ်ဆိုရင် တစ်နေ့နေ့ရောက်ခဲ့ရင် ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်ထင်တယ်... :P

ပေါ်ပင် လတ်တလော ဖြစ်နေတဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေအပေါ်မှာ အတွေးအခေါ်အယူအဆ မတူညီတိုင်းသာ လိုက်လိုက်ပြီးတော့ ဘလော့ရမယ်ဆိုရင် friend list ထက် block list က ဆယ်ဆမက ပိုများလာမလားပဲ...
ပြဿနာတစ်ခု ဖြစ်လာရင် အမှန်အတိုင်း ဆုံးဖြတ်နိုင်ဖို့က လုံလောက်တဲ့ အချက်အလက်တွေ အစုံအလင် သိထားမှပဲ မှန်မှန်ကန်ကန် မြင်နိုင်မယ်လို့ထင်တယ်။ ကိုယ်က ဒီကိစ္စကို မှန်တယ်ထင်နေတဲ့အချိန်မှာ တခြားတစ်ယောက်က မှားတယ်လို့ ထင်နေတယ်ဆိုရင် သူဘာလို့ မှားတယ်ထင်တာလဲဆိုတာကို နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ဘက်ဘက်က လုံလောက်တဲ့ အချက်အလက် မရထားတာလဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေရဲ့ အချက်အလက်တွေ၊ အတွေးအခေါ်တွေကို နားထောင်ရမယ်ဆိုရင် တခါတရံမှာ ကိုယ်မမြင်မိတဲ့ ရှုထောင့်ကနေလဲ ကြည့်တတ်သွားစေတယ်။

ဒီကိစ္စလေးတစ်ခုအတွက် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေကို လက်လှမ်းမှီသလောက် ဘလော့လိုက်လို့ လောလောဆယ် မျက်စိအေး၊ နာအေးဖြစ်သွားပေမယ့်... နောက် ပေါ်ပင်ပြဿနာတစ်ခု ပေါ်လာတဲ့အခါ အရင်ပြဿနာတုန်းက သဘောထားတူခဲ့သူတွေထဲကပဲ အခုပြဿနာမှာ မတူတာတွေ ဖြစ်လာပြန်ရော၊ အဲဒီအခါ ထပ်ပြီး ဘလော့ရပြန်ရော။ လောလောဆယ် အေးသွားပြန်ရော... နောက်ပြဿနာတစ်ခု ပေါ်လာတော့ အတွေးအခေါ်မတူတဲ့သူတွေ ထပ်တွေ့ပြန်ရော... ဘလော့ရပြန်ရော... အဲဒါတွေနဲ့ပဲ သံသရာလည်နေတယ်... :)

ဒါကြောင့် ပေါ်လာတဲ့ ပြဿနာတိုင်းမှာ အတွေးအခေါ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... တင်ချင်တဲ့ပို့စ်ကို တင်ချင်သလို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တင်ကြပါ။ ကိုယ်ထင်တာတွေလည်း ထင်သလို ရေးချင်သလို ရေးကြပါ... ခိုင့်အတွက်တော့ အရင်ကတည်းက ခင်ထားပြီးသား သူငယ်ချင်း၊ မိတ်ဆွေတွေအားလုံးကို ဘယ်ကိစ္စမှာမဆို သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... အခင်အမင် မပျက်ပါဘူး... လို့... :)

ပေါ်ပင် ကိစ္စတစ်ခုခု ပေါ်လာတိုင်းမှာ... "ဒီကိစ္စအပေါ် ဒီလိုမြင်ရင်၊ ဒီလိုအတွေးအခေါ်ရှိရင် ငါ့ကို အန်ဖရန့်လုပ်ကြပါ၊ ဘလော့သွားကြပါ၊ အန်ဖရန့် လုပ်ပြစ်မယ်၊ ဘလော့ပြစ်မယ်..." ဆိုတဲ့ status တွေကို ပေါ်ပင် ပြဿနာတွေပေါ်ပေါ်လာတိုင်း မကြာခဏ တွေ့တွေ့နေရတာ စိတ်မကောင်းလို့ ဥာဏ်မှီသလောက်လေး ရေးလိုက်တာပါ...
အမှားပါခဲ့ရင်လည်း နားလည်ပေးကြပါ... :)

ခိုင်

-------

Shared from Khine Khine
Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

No comments:

Post a Comment