Saturday, December 29, 2012

စောင့်နေဆဲပါ.......




ကိုယ့်ကို ပြန်မချစ်နိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..

ကိုယ့်ကို ဂရုစိုက်မှုတွေမပေးနိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..

ကိုယ့်အနားကို ဘယ်တော့မှ ပြန်မလာတော့မယ့်လူကို ..
ငါ စောင့်တယ် .. .. ..

လွမ်းမနေသင့်တော့တဲ့ လူတစ်ယောက်ကို ..
ငါ စောင့်တယ် .. .. ..

တစ်နေ့နေ့ ကိုယ့်အချစ်ကို သူ နားလည်လာမှာပါလို့ ဖြေသိမ့်ရင်း ...
ငါ စောင့်တယ် .. .. ..

သူကြောင့် ငါ့စိတ်တွေသိပ်ပင်ပန်းမှန်းသိနေပေမယ့်လည်း ..
သူ့ကို ငါ စောင့်တယ် .. .. ..

ဦးနှောက်က မှားယွင်းမှန်းသိလည်း ..
နှလုံးသားက လက်မခံနိုင်သေးတော့ .. ..
တစ်နေ့နေ့ သူ ကိုယ့်ဆီ ပြန်လာနိုးဆိုပြီး ..
ငါတို့ စောင့်ဆိုင်းနေခဲ့မိကြတယ် ။ ။

* စောင့်ဆိုင်းခြင်းဆိုတာ မှားယွင်းတဲ့အပြုအမူတစ်ခုဖြစ်ပေမယ့် တကယ်ချစ်တတ်သူတိုင်းကတော့ တစကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်ချစ်သူကို စောင့်ဆိုင်းခဲ့ကြဖူးမှာပါ *


{ မယ်ပိုး }
Shared from Heart Canteen (FB)

http://www.youtube.com/watch?feature=player_embedded&v=x7SdnRWwmfI

အချစ်ဆုံးလူ



ငါ့မှာ အချစ်ဆုံးလူရှိတယ် ။
အဲဒါ "နင်" ပဲ !!!

နင့်မှာလည်း အချစ်ရဆုံးလူရှိတယ်တဲ့ ။
ဒါပေမယ့် ..
အဲဒါ "ငါ" မဟုတ်ခဲ့ဘူး !!!

တကယ်တမ်း ..
"လက်ထပ်လက်စွပ်" ဆိုတာ နှစ်ကွင်းပဲရှိတာ မဟုတ်လား ??
ဒါပေမယ့် ..
လူက သုံးယောက် !!!

အဲဒီလိုအချိန် ..
ငါ ဆုံးဖြတ်ခဲ့တာက .... .... ....

တစ်ကွင်းက ..
မင်းရဲ့ နှလုံးသားနဲ့ရင်းပြီး ချစ်နေတဲ့ မင်းရဲ့ "တစ်ယောက်သောသူ" ဝတ်ဆင်ဖို့ !!

ကျန်တဲ့ တစ်ကွင်းက ..
ငါ့ရဲ့ နှလုံးသားနဲ့ရင်းပြီး ချစ်ခဲ့ရတဲ့ ငါ့ရဲ့ "တစ်ယောက်သောသူ မင်း" ဝတ်ဆင်ဖို့ပေါ့ !!


{ မယ်ပိုး }
Shared from Heart Canteen (FB)

ဘာရယ် မဟုတ်ပါဘူး.......



ဘာရယ်မဟုတ်ပါဘူး ။
တိုက်ဆိုင်မှုတွေရှိလာတိုင်း နင့်ကို သတိရမိတတ်တာကြောင့် ငါ နင့်ကို အခုထိ မျှော်လင့်နေမိသေးတာပါ .. .. ..
ဘာရယ်မဟုတ်ပါဘူး ။
တခါတလေ အားငယ်စိတ်ပျက်မှုတွေကြုံလာတိုင်း အမြဲတမ်းအနားနားရှိပေးတတ်ခဲ့တဲ့ နင်က အခုအချိန်မှာရော အရင်လို ငါ့ကိုနှစ်သိမ့်ပေးနိုင်လိမ့်မယ်ထင်နေသေးလို့ ငါ နင့်ကို အခုထိ တမ်းတနေမိသေးတာပါ .. .. ..

ဘာရယ်မဟုတ်ပါဘူး ။
တနေ့နေ့မှာ ငါ့အချစ်တွေကို နင်နားလည်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ငါ နင့်ကို အခုထိမေ့မရသေးခဲ့တာပါ .. .. ..

ဘာရယ်မဟုတ်ပါဘူး ။
ငါ့ခံစားချက်တွေပေါင်းစပ်ထားတဲ့ ဒီကဗျာလေးကို နင်ဖတ်မိတဲ့တစ်နေ့ ငါ နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နင်နားလည်လာမှာပါ ဆိုတဲ့ ဆန္ဒလေးတစ်ခုကြောင့် ငါ နင့်ကို အခုထိ အလွမ်းကဗျာတွေရေးစပ်နေမိသေးတာပါ ။

{ မယ်ပိုး } 
Shared from Heart Canteen (FB)

နင့်ကို မေ့လိုက်ပြီ ပြောပေမယ့်.......



နင့်ကို မေ့လိုက်ပြီပြောပေမယ့် ..

ညဘက်ဆို နင့်ဆီက ဖုန်းသံလေးဖြစ်ဖြစ် message ringtoneသံလေးဖြစ်ဖြစ် ရောက်လာမလားလို့ မျှော်နေတတ်တဲ့ ငါ့စိတ်ကို နင်မှ နားမလည်သေးခဲ့တာကိုး !!

နင့်ကို မေ့လိုက်ပြီပြောပေမယ့် ..
Gtlakမှာတွေ့ရင် နင်များ ငါ့ကို စကားပြောနေမလားလို့စောင့်နေတတ်တဲ့ ငါ့စိတ်ကို နင်မှ နားမလည်သေးခဲ့တာကိုး !!

နင့်ကို မေ့လိုက်ပြီပြောပေမယ့် ..
Phoneထဲက နင့်ဓါတ်ပုံတွေကြည့် .. တချိန်က နင်သိပ်ကြိုက်ပါတယ်ဆိုတဲ့သီချင်းတွေကို နားထောင်ရင်း ငါတစ်ယောက်တည်း ကြိတ်ငိုနေရတဲ့ ငါ့အဖြစ်ကို နင်မှ နားမလည်သေးခဲ့တာကိုး !!

နင့်ကို မေ့လိုက်ပြီပြောပေမယ့် ..
နင့်ကို တခြားသူရဲ့ ရင်ခွင်ထဲမှာ ကြည့်ရဲလောက်တဲ့ သတ္တိမျိုး ငါ့မှာ မရှိသေးခဲ့တာကို နင်မှ နားမလည်သေးခဲ့တာကိုး !!

အဲဒါကြောင့် ..
နင် ထင်မှာပေါ့ !!
" ငါက သိပ်ရက်စက်တာပဲ " လို့လေ ~~  :'(



{ မယ်ပိုး }

Shared from Heart Canteen (FB)

အထင် နှင့် အမြင်


တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ နုံချာတဲ့မိသားစုလေးတစုရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။

အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ .. ခဏနေတော့ သူရှာတွေ့သွားတယ်..

တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံတစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ.. အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေမှာစိုးရတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး” လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ ... အန်တီက အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင် လာပို့တာ” လို့ပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲကဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်ဝဲ၀ဲနဲ့ ကလေးငယ်လေးကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ပါတော့တယ်။

★ပိုးဟပ်ဖြူ★
< Heart Canteen >

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပွားနည်း


"စိတ်ရှုတာ ထာဝရ ဝိပဿနာပဲ"
စိတ္တာနုပဿနာဆိုပေမယ့် စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ စိတ်၏မရှိမှုပျက်မှုကို ရှုရမှာ၊ စိတ်ရှုရှု
ဝေဒနာရှုရှု အပျက်ကိုမြင်စေရမယ်၊ လူတစ်ယောက်ဟာ ယခုဖြစ်ဆဲစိတ်တစ်ခုနဲ့ပဲ အသက်ရှင်နေတယ်
တစ်ခုသော စိတ်ဟာ လူ့အသက်ပါပဲ၊ စိတ်တစ်ခုသက်တန်းဟာ (၁) မှာပေါ် (၂) မှာပျက်၊ စိတ်ကလေး
တစ်စိတ်ပေါ်လာ ဖျတ်ဆို သေပြီး၊ နောက်စိတ်တစ်ခု အစားထိုးတာပဲ၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်ပြီးပျက်
ဖြစ်ပြီးပျက်နဲ့..အစဉ်မပြတ် မရပ်မနား ဖြစ်ပျက်နေတာပဲရှိတယ်၊ အစားထိုးစိတ်နဲ့သာ အသက်ရှင်နေကြ
တာပဲရှိတာ..အစားထိုးရပ်တာနဲ့ သေမှာနဲ့ တစ်ချက်တည်းဘဲ။

ကမ္မဋ္ဌာန်းခွင်ဝင်ထိုင်နေမှ ကမ္မဋ္ဌာန်းမဟုတ်..အချိန်မရွေးနေရာမရွေး လာသမျှစိတ်ကို ရှိမရှိ အမြဲအကဲ
ခတ်နေတာဟာ ကမ္မဋ္ဌာန်းပဲ၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ ကိုယ့်သန္တာန်
စိတ်က နှစ်ခု ပြိုင် မဖြစ်နိုင်လို့..ရှေစိတ်ကို အကဲခတ်တဲ့ နောက်စိတ်နဲ့..မြင်လို့ မရနိုင်ဘူး၊ ပေါ်တဲ့စိတ်
ကအရင်ပေါ်မှာပဲ..အကဲခတ်တဲ့စိတ်က နောက်မှ ပေါ်မှာပဲ၊ ပေါ်တဲ့စိတ်ရှိတုန်းမှာ အကဲခတ်တဲ့ စိတ်မ
ဝင်နိုင်ဘူး၊ ဘယ်စိတ်ပေါ်လာလာ မရှိမှန်းသိရင် အနိစ္စတွေ့တာပဲ။

ဒွါရ (၆) ပေါက်မှာပေါ်လာမျှ ဓမ္မတွေကို ဖြစ်ပျက်ရှုရမယ်၊ မရှုရင် ပေါ်တဲ့စိတ်ကို ငါစွဲတာချည်းပဲ၊ ရှုရမှာ
က စိတ်တစ်ခု ပေါ်ရာဋ္ဌာနက (၆) နေရာ။ ပေါ်တော့လည်း တစ်ခုတည်း တစ်နေရာမှာသာ ပေါ်မှာ၊
တစ်စိတ်မပေါ် တစ်စိတ် အမြဲပေါ်နေမယ်၊ မြင်တာနဲ့ မြင်ပြီ သိတယ်၊ မြင်တာမျက်လုံး သိတာ ဟဒယ
ဝတ္တု မြင်စိတ်ကလေးက မြင်ပြီး ပျက်တာပဲ၊ သိစိတ်ကလေးကလည်း သိပြီးပျက်တာပဲ၊ သိစရာတစ်ခု
ချုပ်ပြီးမှ သိတာဖြစ်တယ်၊ ရှုတဲ့အခါ မြင်တာကို မိရင်မိ..မမိရင် သိတာကို မိအောင်ဖမ်းရမယ်၊ မြင်တိုင်း
မြင်တိုင်း မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ဝမ်းထဲက ရှုပေး၊ အရင်ဟာ မရှိတာသိရင် ပြီးတာပဲ
နောက်အစားထိုးတာ ရှိချင်ရှိမှာပေါ့ စိတ်သည် လက်ပစ်တစ်တွက် ကုဋေတစ်သိန်းချုပ်တယ်လို့ ဘုရား
ကဟောထားတာပဲ၊ ဘယ်စိတ်ဖြစ်၍ ဘယ်စိတ်ချုပပ်တယ်ဆိုတာ..ငါသိအောင်လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်
ချက်ထားပြီး၊ အကဲ ခတ်သာနေ၊ အကဲခတ်တဲ့စိတ်ပေါ်ရင်၊ ရှေ့စိတ်က ချုပ်ပြီးသားလို့..မှတ်လိုက်ပေ
တော့ ပေါ်တဲ့စိတ် ကြည့်လိုက်တော့..မရှိတာဘဲ တွေ့တယ်၊ စိတ်ဟာ မရှိတာမှာ လမ်းဆုံးတယ်၊ တရား
တွေ့တယ်ဆိုတာ ခန္ဓာ၏ မရှိမှုသဘော၊ အနိစ္စကို တွေ့မှ တရားတွေ့တယ်လို့ ခေါ်နိုင်တယ်။
ဝေဒနာ၏ အပျက်ကို တွေ့မှသာ..အနိစ္စတွေ့တယ်လို့ဆိုနိုင်ပါတယ်၊ ဝေဒနာတွေ ပေါ်ပြီးတော့ ပျက်တာ
တွေ့မှ..လမ်းမှန်တယ်လို့ ဆိုနိုင်ပြီ။

ဝေဒနာတွေ..စိတ်တွေ ဆိုတာလည်း တစ်ပြိုင်တည်း ပေါ်တာမဟုတ်ပါဘူး..တစ်ခုချုပ်ပြီးမှ တစ်ခုပေါ်
တာဖြစ်ပါတယ်၊ ပိဋိကတ် ဘယ်လိုဆိုတယ်ဆိုလို့ရှိရင်..ယထာဘူတ မကျသေးဘူး၊ ခန္ဓာက ဘယ်လို
ပြနေတယ်၊ ခန္ဓာက ဘယ်လိုဆိုနေတယ်ဆိုရင်ဖြင့်၊ ယထာဘူတ ကျပြီ၊ ဘုန်းကြီးထွက်စေချင်တာက
ခန္ဓာက ဘယ်လိုပြနေတယ်ဆိုတာကို၊ ကြိုက်တယ်..ဒီတော့ ပေါ်ရာရှု ဘာမှ မပေါ်ရင်..သက်စောင့်စိတ်
ဆိုတဲ့ အိမ်သည်ကိုရှု။ စောင့်သာကြည်နေ..တကယ်ရှိတာကဓမ္မဖြစ်၍ ဓမ္မပျက်တာပဲရှိတယ်၊ တပည့်
တော်တို့ ဝိပဿနာ မလုပ်တတ်သေးဘူးဘုရားဆိုရင် စောင့်ကြည့်မနေလို့သာ မှတ်လိုက်ပေတော့
ဒိဋ္ဌိဆိတာ ဒီဓမ္မတွေကို ငါလို့လုပ်တာ၊ ဒါ ငါ့ဆံပင်၊ ငါ့သွား၊ ငါ့အသားနဲ့၊ ဒီ ဒိဋ္ဌိက စွဲထားလိုက်ထာ..
တစ်ကိုယ်လုံးမှာ..အပ်ဖျားချစရာတောင် မရှိဘူး၊ အမြဲမပြတ် ဖောက်ပြန်လိုက် ပျက်စီးလိုက် အစားထိုး
လိုက် ဒီလိုဖြစ်နေတာကို အမှန်မမြင်လို့..ခိုင်တယ်မြဲတယ်ထင်ပြီး..ဒိဋ္ဌိဝင်တာ။ ဒိဋ္ဌိက လောဘ၊ ဒေါသ၊
မောဟထက်..ပိုကြောက်စရာ ကောင်းတယ်၊ အလုံးစုံသော အကုသိုလ်တို့၏ ဖြစ်ရခြင်းအကြောင်းရင်း
ဟာ..ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ။

ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ်..အာရုံနဲ့ ဒွါရ အကြောင်းတရား နှစ်ခုကြောင့် ပေါ်လာတဲ့ သင်္ခါရတရားပဲ..
မြင်စိတ်ဟာ..မျက်စိအကြည်နဲ့ အဆင်းကြောင့် ပေါ်လာတာသိရင်၊ သံသယ သေတယ်၊ ငါမဟုတ်လို့
ငါမပိုင် ငါမဆိုင်လို့..အကြောင်းနှစ်ခု ရုပ်သိမ်းတာနဲ့ ပျက်တာသိရင်..ဒိဋ္ဌိသေတယ်၊ ဒီလို အကြောင်းနဲ့
အကျိုးဆက်တာသိတော့ ငါဘယ်ကလာပါလိမ့်မလဲဆိုတဲ့..သံသယ ဝိစီကိစ္ဆာ သေတယ်၊ တစ်ခါ
အကြောင်းနဲ့ အကျိုးနှစ်မျိုးစလုံးထဲမှာ..ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ ငါ၊ သူ၊ ဒါတွေမပါတာ
သိတော့ ဒိဋ္ဌိသေတယ်။ ဒီအသိနဲ့သေရင် အပါယ်မကျဘူး ခန္ဓာကိုယ်ထဲမှာ..အခုပေါ်လာတဲ့ တရားလေး
တစ်ခုကို..ဘယ်လိုကြောင့် ပေါ်လာသလဲ..ဘယ်လိုကြောင့် ပျက်သွားသလဲ ပိုင်ပိုင်နိုင်နိုင်သိရင်
အပါယ်မကျဘူး။ ဒွါရခြောက်ပေါက်က..ခန္ဓာငါးပါးတို့..တစ်နေ့တစ်နေ့ မရေတွက်နိုင်အောင် ပြောင်းလဲ
နေတာကို..လဲပြီ လဲပြီလို့ ဖန်ဖန်သိတာဟာ..ဝိပဿနာပါ။ အားထုတ်ချိန်မှာ ဖြစ်ပြီ ပျက်ပြီလို့သာ
အားထုတ်ပါ၊ ဓမ္မသဘော သူ့ဟာသူ ဖြစ်ပျက်နေတာတွေ ကြည့်နေဖို့ပဲ၊ ဓမ္မတွေပဲလို့ သံသယရှင်း
သွားရင်..ဝိစိကိစ္ဆာသေတာပဲ၊ ဒိဋ္ဌိသတ်ဖို့ကတော့.. ပေါ်လာသမျှ တရား ဖြစ်ပျက်ရှုပါ၊ ဖြစ်ပျက် ဖြိုင်
ဖြိုင်ရှု၊ သံသယ ကင်းကင်းနဲ့ ဖြစ်ပျက်ရှုနိုင်ပြီဆိုရင်..သောတာပန်ဟာ အလွယ်ကလေးမှတ်။ ။

ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း။

အရှင်ဉာဏဓဇ
Shared from Ma Aye Aye Cho (FB)

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ....
(ယခုမိတ်ဆွေ..၃/၄ ယောက်လောက်မှလက်တွေ့လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း...
ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...
တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....

Copy from ကိုယ်ပိုင်မှတ်စု
သုတဘဏ်
April Maung Maung
Shared from သတင်းစုဗူး (FB)

ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအသောက်များ

လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် - ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် - ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် - အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် - အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် - ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် - မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် - ရှလကာရည်

ရှလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကြယ်စင်
Ref: Good Health
Shared from Royal Hero Media (FB)

Saturday, December 22, 2012

နှစ်သစ်ကူး နှင့် ဆရာမမွေးနေ့ အထိမ်းမှတ် တရားစခန်းဖိတ်ကြားခြင်း။

ဆရာတော်လေး အရှင်ဥာဏဓဇ ၏ မေတ္တာရိပ်အောက်ရှိ
“ပညာပါရမီဋ္ဌာန”၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ၏ တတိယအကြိမ်မြောက် တရားစခန်း။

နှစ်သစ်ကူး နှင့် ဆရာမမွေးနေ့ အထိမ်းမှတ် တရားစခန်းဖိတ်ကြားခြင်း။

ဓမ္မမောင်နှမ၊ မိသားစုများ၊ မိတ်ဆွေများ၊ ဖုန်းယောဂီများ၊ အင်တာနက်ယောဂီများ၊ ယောဂီဟောင်း/သစ်များ အားလုံး… မင်္ဂလာပါ...

ကံကောင်းလိုသော၊ စိတ်အေးချမ်းသာလိုသော၊ အနေမြတ်၍ အသေတတ်လိုသော၊ အပါယ်လွတ်လိုသော၊ ဘ၀တွေ အဖန်ဖန်ရပြီး ခဏခဏ အိုရခြင်း၊ ခဏခဏနာရခြင်း၊ ခဏခဏသေရခြင်းမှ ကင်းလွတ် လိုသော၊ တဏှာ၊ကိလေသာကင်းရာ လက်ရှိဘ၀၌ နိဗ္ဗာန်သို့  အာရုံပြု လိုသော၊ သံသရာရပ်၍ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်လိုသော သူတော်ကောင်းများအတွက် ၀ိပဿနာတရား ကျင့်ကြံ၊ပွါးများ အားထုတ်နိုင်ရန် အတွက် (၄) ရက်တရားစခန်း စီစဉ်ပေးထားပါ၍ တရားအလှူခံယူနိုင်ကြပါရန် မေတ္တာေ ရှ့ထား ဖိတ်ကြားအပ်ပါသည်။

တရားစခန်းသို့ လာရောက်ဝင်ရန် အခက်ခဲ ရှိသူများနှင့် နိုင်ငံရပ်ခြားမှ တရားဝင်လိုသူ ယောဂီများသည် မိမိတို့ အိမ်၌ Web Camera ဖွင့်ပြီး တရားစခန်း အချိန်ဇယားအတိုင်း Gmail video chat, Skype, Oovoo, Yahoo, VZOchat များတွင် ID= globe9win ကို အက်၍ အင်တာနက်ေ ယာဂီ အဖြစ် ကျင့်ကြံပွါးများ အားထုတ်နိုင်ရန် စီစဉ်ထားပါသည်။

ထိုင်းနိုင်ငံရှိ မြို့ များနှင့် တာချီလိတ်၊ မြဝတီစသည့် နယ်စပ်မြို့ များမှ DTAC ထိုင်းဖုန်း နံပါတ် ရှိသော သူတော်ကောင်းများသည် ဖုန်းယောဂီများအဖြစ် တရားကျင့်လိုပါကလည်း ဖုန်းနံပါတ် 08-7576-3062 သို့  ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

တရားစခန်းအစီအစဉ်

နေ့ ရက် ။ ။ ၃၀.၁၂.၂၀၁၂ မှ ၂.၁.၂၀၁၃ အထိ။
အချိန် ။ ။ နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။
နေရာ ။ ။ “ပညာပါရမီဋ္ဌာန” ဘုန်းကြီးကျောင်း၊ ဧကချိုင်ဘန်းဘော၊ ဘန်ကောက်မြို့ ၊ထိုင်းနိုင်ငံ။

မှတ်ချက် ။ ။ယောဂီများသည် နံနက် (၇)နာရီ အရောက် လာရပါမည်။ စော၍လာလိုပါက စောနိုင်ပါသည်။

၃၀.၁၂.၂၀၁၁ နေ့ အတွက် အာရုံဆွမ်း၊နေ့ ဆွမ်းအလှူရှင်များမှာ ဘန်ကောက်ယောဂီ မခင်မျိုးဆွေ၊ မခိုင် နှင့် စုပေါင်းအလှူရှင်များ။

၃၁.၁၂.၂၀၁၁ နေ့ အတွက် အာရုံဆွမ်း၊နေ့ ဆွမ်းအလှူရှင်များမှာ
ကိုကာလူး၊ အမ မနန်းလိတ်၊ သမီး မသင်းသင်းကြိုင်၊ မဂျူးလီ၊ မခင်ဖြိုးဝေ၊ မဟီရားဒေ၀ီနှင့်အမ ကိုဇော်ထူး+မခိုင်မိသားစု။

၁.၁.၂၀၁၂ နေ့ အတွက် အာရုံဆွမ်း၊နေ့ ဆွမ်းအလှူရှင်များမှာ ဘန်ကောက်ယောဂီ မမိုးမိုးနှင့်သူငယ်ချင်းများ။

၂.၁.၂၀၁၂ နေ့ အတွက် အာရုံဆွမ်း၊နေ့ ဆွမ်းအလှူရှင်မှာ အမေရိကန်နိုင်ငံမှ ကိုအောင်ထွန်း။

*ဘန်ကောက်မြို့ တရားပြခရီးစဉ် လေယာဉ်လက်မှတ် အလှူရှင်မှာ မရိုမာ (အင်တာနက်ယောဂီ၊ဘန်ကောက်)။ ဦးမြင့်သန်း(ချင်းမိုင်ယောဂီ)၊ ကိုအောင်မျိုးဦး (ဖုန်းယောဂီ၊ဘန်ကောက်)။

*တရားစာအုပ်အလှူရှင်များမှာ ချင်းမိုင်မှ မရွှေမိုးသမီးယုယမိုး၊ ဦးမြင့်သန်း၊ ဦးထွန်း+ဒေါ်ရွှေနှောင်း၊ဒေါ်အုံးမြိုင်၊ ကိုဇေဇေထွန်း+မနှင်းနှင်း၊ ဘန်ကောက်မှ ကိုအောင်မျိုးဦး၊ ကိုကျော်မင်းထွေး

* MP3 တရား အလှူရှင် မရွှေမိုးသမီးယုယမိုး (ချင်းမိုင်ဖုန်းယောဂီ)

တို့ မှ အ လောဘစိတ်ဖြင့် လှူဒါန်းပါသည်။

တရားစခန်းဖြစ်မြောက်ရေးအတွက် စွမ်းသလောက် ပါဝင်လှူဒါန်းကြသော စေတနာ့ရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။

ဤလှူဒါန်းမှု အစုစု မှသည် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်သို့ တိုင်အောင် လွယ်ကူလျင်မြန်စွာ ကျေးဇူးပြုနိုင်ကြပါစေ...။

မေတ္တာဖြင့်...

ဆရာမ
"သီလ၊သမာဓိ၊ပညာ" ၀ိပဿနာတရားစခန်း၊
ဖုန်းနံပါတ် +66-8-7576-3062
ချင်းမိုင်မြို့ ၊ ထိုင်းနိုင်ငံ။

Shared from Globe Ninewin (FB)

Friday, December 21, 2012

မျောက်ဥပမာပြ ၀ိပဿနာရှုပွားနည်း

မည်သူမည်ဝါဆိုတာက အမေမိဘကပေးထားတဲ. ချစ်ခင်လို.မှည်.ထားတဲ. နာမည်လို.မှတ်ကြပါ။အကယ်စင်စစ် တကယ်ရှိတာကတော. ရုပ်နာမ်နှစ်ပါး၊ ဖြန.်လိုက်ရင် ခန္ဓာငါးပါးလို. မှတ်ကြပါ။အဲတော. အတည်ပြုရမှာက အရှိကိုအတည်ပြုကြ၊ သူများမှည်.ထားတဲ.နာမည်ကို အတည်မပြုပါနဲ.လို. သတိပေးလိုက်တယ်နော်။ သူများမည်.ထားတဲ.နာမည်ကတော. အမျိုးမျိုးပဲ နာမည်တွေမှည်.ကြမှာပေါ.ဗျာ။မှည်.ပင်မှည်.ငြားသော်လည်း နာမည်အလိုက်က ခန္ဓာအရှိနဲ.ကိုက်ပါရဲ.လားလို. မေးတဲ.အခါကျတော. ချစ်လို.ခင်လို. နိမိတ်တွေယူပြီး အမျိုးမျိုးမှည်.ကြငြားသော်လည်း ခန္ဓာကတော.လိုက်မယ်မဟုတ်ပါဘူး။

ဒါဖြင်.အရှိက မပြင်ဘူးဆိုတဲ.အဓိပ္ပါယ်ရှင်းပါပြီလား။ အရှိကမပြင်တော.ကို ဒကာဒကာမတို. သတိထားစရာက ဒီခန္ဓာငါးပါးပဲရှိတော. ဒီခန္ဓာငါးပါးသည် ဒကာဒကာမတွေအား ဒုက္ခပေးလေသမျှ ခန္ဓာကဆိုတာ မှတ်ထားလိုက်ကြတာပေါ.။ နာမည်ကပေးတာမဟုတ်ဘူး၊ အရှိကပေးတာ။ ရူပက္ခန္ဓာကလည်း ခဏခဏဖောက်ပြန်ပြ၊ ဝေဒနာက္ခန္ဓာကလည်း ၀မ်းမြောက်အောင်လုပ်ပြလိုက်၊ တခါတလေ သတ္တ၀ါတွေကို သတ်ပြလိုက်၊ သညက္ခန္ဓာကလည်း တခါတလေ သူအမှတ်တည်.တဲ.အခါ ၀မ်းမြောက်ပြလိုက်၊ တခါတလေ သူအမှတ်လွဲပြီးတော. ဆေးသောက်လွဲပြီး သေလိုက်တဲ.အခါများပါသေးနော်။ သညာကလည်း သတ်တာပဲနော်။ သတ္တ၀ါကို ညှာတာမဖက် နှိပ်စက်နေတာက ခန္ဓာငါးပါးလို. ဒကာဒကာမတို.က မှတ်ထားပါ။

အဲတော. ဒီခန္ဓာငါးပါးဟာ သူ.ပင်ကိုယ်သဘောကဖြင်. ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ. ခဏခဏ ဖောက်ပြန်ပျက်စီးနေတယ်။ အဲဒါ ဒကာဒကာမတွေက သူ.ပင်ကိုယ်သဘော သိအောင် စူးစိုက်ပြီးသကာလ ဥာဏ်လေးနဲ. စောင်.ပြီးကြည်.ရမယ်၊ ၀ိပဿနာဆိုတာ ခန္ဓာကဘာပြောတယ်ဆိုတာ စောင်.ကြည်.ရတာ ၀ိပဿနာလို. မှတ်လိုက်ပါ။ ၀ိပဿနာဆိုတာ အင်မတန်ခဲယဉ်းတယ်လို. ထင်ကြငြားသော်လည်း ဆရာမပြ နည်းမကျလို.သာလျှင် ရှုပ်ပွေနေတာ။ သေသေချာချာ ရှင်သာရိပုတ္တရာကြီးက ပြောတာက မင်းတို.ကွာတဲ. ၀ိပဿာနာဆိုတာ အရှိခန္ဓာကြီးက ပြောတာ စောင်.ကြည်.တာပါပဲတဲ.။ ၀ိပဿနာဆိုတာ အရှိခန္ဓာကြီးက ပြောတာ စောင်.ကြည်.ကြပါ ဒကာဒကာမတို.။ ခန္ဓာငါးပါးအရှိတရားကြီးက အမျိုးမျိုးသော ဖောက်ပြန်မှု၊ အမျိုးမျိုးသော ပျက်စီးမှုတွေကို ပြတာကို ဒီက ဥာဏ်နဲ.စောင်.ကြည်.တာနဲ. ၀ိပဿနာဖြစ်ပြီလို. မှတ်ကြပါ။

အော် ဒါဖြင်.၀ိပဿနာဆိုတာ စောင်.ပြီးကြည်.ရမယ်.အလုပ်၊
စောင်.ပြီးကြည်.နေတော. ရူပက္ခန္ဓာကလည်း သူလည်းပဲ ဖောက်ပြန်တာပဲ၊ ကျန်တဲ.ခန္ဓာတွေလည်း သူတို.လည်းပဲ ခဏခဏဖြစ်လိုက်ပျက်လိုက်နဲ. နေတာပဲ။ အဲတော. ဒါကို ဒကာဒကာမတွေက ဘုရားရှေ.မှာထိုင်ထိုင် ကိုယ်.အိပ်ယာထဲမှာပဲ ထိုင်ထိုင် မထိုင်ချင် ပက်လက်ပဲနေနေ နေချင်သလိုနေပါ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ၀ိပဿနာရှုတာ ဘယ်လိုနေရမယ်လို.မဆိုလိုပါဘူး။ ဘယ်နယ်ကြောင်. ဘယ်လိုနေရမယ်မဆိုဘူးလို. ဆိုရမလဲဆိုတော. အိပ်တာလည်း အိပ်ရင်းရှုကွ၊ သွားတာလည်း သွားရင်းရှုကွလို. မပြောဘူးလား၊ အဲတော. ၀ိပဿနာဆိုတာ ဒကာဒကာမတို.က အပါးမ၀ခင်တော. ထိုင်ကြတာပါ.ဗျာ။ နောက်အပါးဝလာတဲ.အခါ ဘာမှမလိုဘူး၊ ခန္ဓာကပြာတဲ.တဲ.အချိန်က ၀ိပဿနာရှုချိန်လို.မှတ်ကြပါ။ ခန္ဓာကလည်း ဒကာဒကာမတို. ဘယ်ချိန်မပြောဘူးလို. ဘယ်တော.မှမယူနဲ.၊ အမြဲတမ်းဖောက်ပြန်ပျက်စီးနေတဲ. ခန္ဓာကြီးဖြစ်နေတော. သွားလည်းဖောက်ပြန်၊ ထိုင်လည်းဖောက်ပြန်၊ အိပ်လည်းဖောက်ပြန် ၊ထမင်းစားနေလည်း ဖောက်ပြန်ပျက်စီးနေတာပဲ။

အော် ဒါဖြင်. ခန္ဓာကပြောတဲ.အချိန်ကြည်.၊ ကြည်.တဲ.အချိန် ဥာဏ်သက်ရောက်ပြီး သကာလ ဒီခန္ဓာမလိုချင်လို. ဆုံးတဲ.အချိန်ကဖြင်. အိပ်ရင်းဆုံးလည်း အိပ်ရင်းနိဗ္ဗာန်ရတာပဲ၊ ၀ိပဿနာဆိုတာ စောင်.ကြည်.ရတဲ.အလုပ်ဆိုတော. အိပ်နေလည်းစောင်.ကြည်.၊ သွားရင်းလည်းစောင်.ကြည်.ပါ သူဘယ်လိုဖောက်ပြန်နေလဲဆိုတာ ကြည်.ပေးပါ။
လောကီဥပမာပေးရမယ်ဆိုရင် မျောက်ဟာ အငြိမ်မနေဘူးဆိုတာ ဒကာဒကာမတွေလူတိုင်းသိတယ်နော်။ အငြိမ်မနေတာကို ဘေးမှာ မျောက်ရှင်လုပ်တဲ. ပုဂ္ဂိုလ်က ကြည်.နေလို.ရှိရင်ဖြင်. တော်ကြာကျ ခုန်ပြန်ပြီ၊ တော်ကြာဆော.ပြန်ပြီ၊ တော်ကြာကျ သစ်ပင်တက်ပြန်ပြီ၊ တော်ကြာ ကျွမ်းပြန်ထိုးချပြန်ပြီ၊ အမျိုးမျိုးမြင်ရမယ်။ မျောက်သဘောက အငြိမ်နေတဲ.သဘောပါလား၊ မပါတော. မျောက်ရှင်လုပ်တဲ.ပုဂ္ဂိုလ်ကစောင်.ပြီးကြည်.လို.ရှိရင် မျောက်၏ဆော.ပုံတွေ မျောက်၏ဖောက်ပြန်ပုံတွေ မျောက်၏ အငြိမ်မနေပုံတွေ မမြင်ရပေဘူးလား။ ဒီမှာလည်း ဒီခန္ဓာကို မျောက်ဥပမာထားပြီးတော. ယောဂီလုပ်တဲ.ပု၈္ဂိုလ်က မျောက်ရှင်ဥပမာထားပြီးသကာလ အလားတူစွာကြည်.ပေးပြီဆိုမှဖြင်. ခန္ဓာ၏သဘော လောလောကြီးပေါ်လာလိမ်.မယ်ဆိုတာ သေသေချာချာမှတ်ပါ။

အဲဒီလို ခန္ဓာ၏သဘော လောလောကြီးပေါ်လာပြီဆိုမှဖြင်.
အော် ဖောက်ပြန်နေပြီ၊ အော် ပျက်စီးနေပြီ၊ အော် အစားထိုးလာပြန်ပြီ၊ အော် ပျက်စီးသွားပြန်ပြီ၊ အော် အစားထိုးလာပြန်ပြီ ၊ သူ.မှာ ဒီနှစ်ခုပဲရှိတယ် ဒကာဒကာမတို.။ အရင်ဖြစ်တာက ပျက်စီးတယ်၊ နောက်အစားထိုးလာတာက ပေါ်လာပြန်တယ်၊ ပေါ်လာတာက ပျက်စီးပြန်တယ်၊ နောက်အစားထိုးလာပြန်တယ်။ ဒါပဲရှိတယ်။ ဒကာဒကာမတို. သဘောပါလား။
ပျက်စီးတာရယ် အစားထိုးတာရယ် ဒီနှစ်ခုပဲရှိတယ်။ ရုပ်ပျက်ရင် ရုပ်အစားထိုးတယ်၊ ဝေဒနာပျက်ရင် ဝေဒနာအစားထိုးတယ်။ သညာပျက်ရင် သညာအစားထိုးတယ်၊ စိတ်ပျက်ရင် စိတ်အစားထိုးတယ်၊ စေတနာပျက်ရင် စေတနာအစားထိုးတယ်။ ပျက်တာရယ် အစားထိုးတာရယ် တကိုယ်လုံးမှာ ဖောက်ပြန်ပျက်စီးဆိုတာ ဒီနှစ်ခုပြောနေတာပဲ။ ဒါလိုရင်းလေးမှတ်လိုက်ပါ ဒကာဒကာမတို.၊ ပျက်တာရယ် အစားထိုးတာရယ် ဒီနှစ်ခုပဲရှိတယ်။ ပ်က္တာက အနိစၥ၊ အစားထိုးတာက သခါၤရလို.သာမွတ္လိုက္ပါ။ ဒါ ခန္ဓာကပြောနေတာ ဒကာဒကာမတို.၊ သူများကပြောတာမဟုတ်ဘူး။ အနိစ္စတစ်ချက် သခါင်္ရတစ်ချက် ဒါပဲပြောနေတယ်။

ဒါပဲပြောနေတော. မျောက်စောင်.ကြည်.နေတဲ.ပုဂ္ဂိုလ်က မျောက်၏ဖောက်ပြန်ပုံကို မြင်နေရတာပေါ.၊ ခန္ဓာ၏ဖြစ်ပုံ အလုံးစုံကို အကုန်မြင်ရတယ်။ သူ.ျဖစ္စဥ္က အနိစၥနဲ.သခါၤရပဲ။ အနိစၥဆိုတာ ပ်က္စီးတာ၊ သခါၤရဆိုတာ သူပ်က္တဲ.ေနရာ အစားထိုးတာ။ အစားထိုးတာ သခါၤရ၊ ပ်က္စီးသြားတာ အနိစၥ။ ဒါဖြင်. အနိစ္စ၀တ သခါင်္ရဆိုတာနဲ.ကိုက်ပြီ။ ခန္ဓာငါးပါး မျောက်ဥပမာထားပါ။ ယောဂီပုဂ္ဂိုလ်က မျောက်ရှင်ဥပမာထားပြီး မျောက်ဘယ်လိုဖြစ်တယ်ကြည်.နေရင် ပြီးတာပါပဲတဲ.။ ရုပ်ပျက်ရုပ်အစားထိုးနေတယ်၊နာမ်ပျက် နာမ်အစားထိုးနေတယ်။ ဒါဖြင်. ခန္ဓာမှာ အနိစ္စနဲ.သခါင်္ရပဲ ရှိတယ် ဒကာဒကာမတို.။ အနိစ္စအစားထိုးတာလည်း ငါ ငါ.ဥစ္စာမဟုတ်ပါဘူး၊ သခါင်္ရအစားထိုးတော.လည်း ငါ ငါ.ဥစ္စာမဟုတ်ပါဘူး။ ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးတွေကအစားထိုး၊ အာရုံဒွါရတွေက အစားထိုးနေတာပဲ။

ဒါကြောင်. ဒကာဒကာမတို. ၀ိပဿနာကို အလွယ်နည်းနဲ. ရှင်သာရိပုတ္တရာလို ဥာဏ်ကျယ်တဲ.ပု၈္ဂိုလ်က သေသေချာချာဟောသောကြောင်. ဤခန္ဓာငါးပါးကို စောင်.ပြီး သုံးသပ်ကြစမ်းပါတဲ.။ ခဏခဏ မင်းတို. အဖန်ဖန်လေးတော. ကြည်.ပေးပါကွာတဲ.။ ဘာကြောင်.ဟောရသလဲဆိုတော. ဒကာဒကာမတို. မဂ္ဂသစ္စာက ဘာဝေတဗ္ဗကိစ္စ အဖန်ဖန်ပွားများရတဲ.ကိစ္စဖြစ်လို. ဟောရတယ်။ ခဏလေးစောင်.ပြီးတော်ပြီလို.မလုပ်ပါနဲ.တဲ.။ အဖန်ဖန်လေးစောင်.ပြီး ကြည်.ပါလို. ရှင်သာရိပုတ္တရာက ဟောတယ်နော်။ အဲဒီလိုကြည်.တဲ.အခါ ခန္ဓာငါးပါးရဲ.သဘောကို မင်းတို.သိလာပါလိမ်.မယ်ကွာတဲ.။ ဘယ်လိုသိလာမလဲဆိုတော. ပျက်တာရယ် အစားထိုးတာရယ် ဒါပဲရှိသကိုးလို. သိလာမယ်။ ခန္ဓာသဘောဟာ ဒါပဲရှိတယ်လို. ခန္ဓာကပြောလာတယ်။ ရူပက္ခန္ဓာကလည်းပြောမှာပဲ ဝေဒနက္ခန္ဓာကလည်းပြောမှာပဲ မပြောတာတစ်ခုမပါဘူး။ ဒီခန္ဓာကခွဲလိုက်လို. အာယတနကြည်.တော. အာယတနကပြောတယ်လို.ပြောရမှာပဲ၊ ဒီခန္ဓာကိုခွဲလိုက်လို. ဓါတ်လေးပါးရှုတော. ဓါတ်လေးပါးကပြောတယ်လို.ပြောရမယ်။ ဒီလိုတော.မခွဲချင်ပါဘူး ၊ အနိစ္စနဲ.သခါင်္ရပဲကြည်.တော. ပျက်တာရယ် အစားထိုးတာရယ် ဒါလေးပဲကြည်.နေမယ်ဆိုတော.လည်း ပြီးတာပါပဲတဲ.။

ရှင်သာရိပုတ္တရာကြီးက ခန္ဓာသဘောသိရင် နိဗ္ဗာန်ရောက်ပြီကွတဲ.။ အော် ဘုန်းကြီးတို. ဒကာဒကာမတွေက ဘယ်လိုကြောင်. ဒုက္ခခပ်သိမ်းငြိမ်းတဲ. နိဗ္ဗာန်ကို မရောက်ကြပါလိမ်.မလဲဆိုတော. ကိုယ်.ခန္ဓာအကြောင်းကို ကိုယ်မသိလို.။ ကိုယ်ခန္ဓာအကြောင်း ကိုယ်မသိဘူး၊ သိပြန်တော.လည်းတဲ. သမ္မာဒိဋ္ဌိနဲ.က မသိ၊ မိစ္ဆာဒိဋ္ဌိနဲ.ပဲ သိနေတယ်။ ငါ.ကိုယ် ငါ.ဟာအဖြစ်နဲ.တော. သိနေကြတယ်၊ ငါ.ကိုယ် ငါ.ဟာမဟုတ်ဘူးလို.တော. မသိကြဘူး.။ အော် ဒါဖြင်. ဒကာဒကာမတို. စောင်.ပြီးတော.လည်းမကြည်.၊ အသိကလည်းလွဲပြန်၊ မရှိတာသိပြီး သကာလ နေပြန်တော. ဒါကြောင်. သံသရာရှည်တယ်ဆိုတာဖြင်. ပေါ်လာပြီ။ ကျပ်ကျပ်သတိထားပြီး နားထောင်ကြပါ ဒကာဒကာမတို.။

ဒီခန္ဓာကိုစောင်.ပြီးကြည်.ရင် ဒီခန္ဓာကပြောပါလိမ်.မယ်၊ ပြောလို.ရှိရင် အနိစ္စနဲ.သခါင်္ရပဲ သူပြောမှာပဲ။ ခန္ဓာက ဒါပဲပြောစရာရှိတယ်၊ ဝေဒနာလေးပေါ်လာတယ်၊ ဝေဒနာပါလို. သူက မပြောတော.ဘူး၊ ပထမတော. ဝေဒနာပဲ နောက်တော. သူသည် ပျက်စီးသွားပါပြီ။ နောက်တစ်ခါအစားထိုးလာပြန်တော. အော် နောက်တစ်မျိုးပေါ်လာပြန်ပြီ။ ဒါဖြင်. ဝေဒနာပျက် ဝေဒနာအစားထိုးတာကို ဥာဏ်နဲ. မြင်အောင်ကြည်.။ စိတ်ပျက်ပြီး စိတ်အစားထိုးတာကို မြင်အောင်ကြည်.။ ရုပ်ပျက်ပြီး ရုပ်အစားထိုးတာကို မြင်အောင်ကြည်.၊ မြင်အာင်ကြည်.တော. အနိစ္စနဲ.သခါင်္ရသာရှိခြင်းကို သိခြင်းကြောင်. ဒုက္ခ၏အဆုံးကို မင်းတို. သေသေချာချာမြင်ပါလိမ်.မယ်ကွာတဲ.။သူ.သဘောသာ သိရင် နိဗ္ဗာန်သိမှာပဲကွတဲ.။ သူ.သဘောသိတော. မုန်းလိမ်.မယ်၊ မုန်းတဲ.ဥာဏ်လာတော. မလိုချင်တဲ.ဥာဏ်လာပြီး ဆုံးလိမ်.မယ်။

ဒါဖြင်. ပေါ်ရာကိုသာ စောင်.ပြီးကြည်.ပါတော.။ စောင်.ကြည်.တော. ပျက်တာနဲ.အစားထိုးတာပဲ တွေ.လာမယ်။ စောင်.ပြီးမကြည်.တဲ.သူကတော. ဒီနှစ်ခုကို မတွေ.ခြင်းကြောင်. ဒီနှစ်ခုအဆုံးကို ဘယ်နည်းနဲ.မှ ရှာမတွေ.ဘူးဆိုတာမှတ်ပါ။ ဒီနှစ်ခုတွေ.ရင်ဖြင်. ဒီနှစ်ခုအဆုံးကို တွေ.မှာပဲ။ နှစ်ခုရှိတာကို နှစ်ခုမတွေ.တဲ.သူက အစလည်းမတွေ.ဘူး အဆုံးလည်းမတွေ.ဘူး၊ နှစ်ခုရှိတာကို နှစ်ခုလုံးတွေ.ပြီဆိုမှဖြင်. အစလည်းတွေ.မယ် အဆုံးလည်းတွေ.မယ်။ ဒါဖြင်. ခန္ဓာကိုယ်ထဲမှာ နှစ်ခုပဲရှိတယ်၊ သခါၤရနဲ.အနိစၥပါပဲတဲ.။

အဲဒီ သခါၤရနဲ. အနိစၥကို ဒကာဒကာမတို.က လိုက်နိုင်သလောက်လိုက်ပေးလိုက်ပါ။ ဒီနှစ်ခုရှိတာ တပည်.တော်ဖြင်. သခါင်္ရလည်းမတွေ.တော.ဘူးဘုရား၊ အနိစ္စလည်းမတွေ.တော.ဘူးဘုရားဆိုတော. အော် ဒီနှစ်ခုရှိတာ ဒီနှစ်ခုမတွေ.တော.ဘူးဆိုတော. ခန္ဓာမရှိတာသူတွေ.သွားပြီ။ အနိစၥ သခါၤရေတြ.၊ အနိစၥ သခါၤရမုန္း၊ အနိစၥ သခါၤရ မလိုခ်င္မွေတာ. အနိစၥ သခါင်္ရဆုံးရာရောက်လိမ်.မယ်။ ဒါဖြင်. အနိစ္စချုပ်သည်.အတွက် နိစ္စနိဗ္ဗာန်လို.လည်းဆိုလိုက်၊ သခါင်္ရချုပ်သည်.အတွက် အသင်္ခတနိဗ္ဗာန်လို.လည်းဆိုလိုက်။

ဒါဖြင်. အသင်္ခတ၊ နိစ္စနိဗ္ဗာန်ကို ဒီနှစ်လုံးကနေ လိုက်လိုက်လို.ရှိရင်ဖြင်. မတွေ.မရှိပါဘူးကွာ၊ သေသေချာချာရောက်ပါတယ်၊ ရပါတယ်ဆိုတဲ.အကြောင်းကို ရှင်သာရိပုတ္တရာကြီးက ရဲဝင်.စွာနဲ. သူကိုယ်တိုင်တက်လာတဲ.လမ်းဖြစ်လေသောကြောင်. သူကိုယ်တိုင် တစ်ပါးသောပုဂ္ဂိုလ်တို.ကို ဒီလမ်းကလိုက်ရင်ဖြင်. ဒီလမ်းအဆုံးကိုတွေ.ရမယ်ကွလို. ဆိုတာကို တာဝန်ခံတယ်။

(မိုးကုတ်ဆရာတော်ကြီးဟောကြားတော်မူသော ၀ိပဿနာရှုပွားနည်း (မျောက်ဥပမာပြ) အလုပ်ပေးတရားတော်အား ပြန်လည်မျှဝေ ပူဇော်ပါသည်)

မေတ္တာဖြင်. ....

Shared from Lwinoo Ko (FB)

ဆုတောင်းခြင်း

(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု”အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုး တက်လိုခြင်း၊ ဘေးအန္တ ရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊

ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့် “ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ” တတ်ဟူ၍ အဋ္ဌကထာ၊ ပါဠိအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာ ကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊

ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်း သာမှုအစ၊ ဘုရားအဖြစ်တိုင်အောင် ဆုလာဘ် များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာ ပေတွင်ညွှန်းဆိုထားခြင်း မရှိပါ၊၊

ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာ ၀က၊ မဟာသာဝကနှင့် အခြားရဟန်း များအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့်သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟု ပြန်လည် မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊

“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည်တရားအရှည်ကိုဟောလေ့မရှိဘဲ“တောင်းသောဆုများ၊ လိုအပ်သောဆုများ လပြည့်ညတွင် ထွက်ပေါ် သော ရွှေလမင်း ကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များ ကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊

ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့၏နှလုံးသား တွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊

“အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့် အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက် သည့်သာဓကလည်း ဖြစ် ပါသည်၊၊

အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော် တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊

သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ“ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည် လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊

ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင်“ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမ ပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်” များတွင် လေ့လာ ရရှိနိုင်သည်၊၊

ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊

မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကို ရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေ အထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊

လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိ ကြောင်းကို တွေ့ရသည်၊၊

“ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်း ပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါ သည်၊၊

အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊

ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည် ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊

(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆု များနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊

“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော် လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံ ဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊

ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊

ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော် အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါ သည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊

ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊


(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊

(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊

(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊

(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊

(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊

(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊

အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲယင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့်၊ ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊

ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြ ခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါ သည်၊၊

“အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊
အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - -

(၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊

(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊

(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊

(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

“အကိတ္တိရှင်ရသေ့”၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ် ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊

ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊

ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊ မိမိဘ၀တွင် ဖြစ် ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွား များကိုအလေးပေး ဆုတောင်းတတ်ကြည်သည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည်ဟု အရှင်ထင်မြင် မိပါသည်၊၊

ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများ စွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုတ်သည့် ဆု တောင်းများဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီး မှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို “ပါဠိနိကာယ်ကျမ်း”ကြီးများ တွင် ဖော်ပြထားပါသေး သည်၊၊

ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့်၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေး၊ ချမ်းသာစေသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊

မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါ သည်၊၊ စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊

(ကျမ်းကိုး/ ကဏှဇာတက၊၊ အကိတ္တိဇာတက၊ ဇာတကပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ အနုပဒ၀ဂ်၊ သင်္ခါရူပပတ္တိသုတ္တ၀ဏ္ဏာနာ၊တို့ကို ကိုးကားပါသည်၊၊)

မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)

Shared from Shwe Yee (FB)

Thursday, December 20, 2012

မလှူကောင်းသော ဒါန (၁၀) ပါး


အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။
အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလား တို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

Shared from Ma Sai Mon (FB)

တကယ်ဆိုရင်စိတ်ပဲလိုတယ်

ဒေသနာတော် စခဲ့တာက သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်း ဘုရားရှင် သီတင်း သုံးတော်မူခဲ့တယ်။ အဲဒီ ဒေသနာ ဖြစ်ပေါ်လာတဲ့ အကြောင်းက ကိုယ်တော်အပျင်းလေးကြောင့် ဟောခဲ့တာ။

ကိုယ်တော်အပျင်းလေး ဆိုပေမယ့် အဲဒီ ကိုယ်တော်လေး က သဒ္ဓါ ပဗ္ဗဇိတ ကိုယ်တော်လေး။ သူက သူဌေးသားလေ။ သူဟာ ချမ်းသာပေမယ့် လူ့ချမ်းသာကို ချမ်းသာတယ် မထင်။

ချမ်းသာတယ် မမြင်။ သူ့ ပါရမီလို့ ပဲ ပြောရမှာပေါ့။ သူရဲ့  ဘုန်းကြီး ဖြစ်ဖို့  ကံကြမ္မာ ဖန်လာတာက ရွာထဲ အမျိုးအိမ်မို့ အလည်သွားခဲ့တဲ့ ကိုယ်တော်လေးကြောင့်ပါ။အမျိုးအိမ်မို့  ကိုယ်တော်လေးက အလည်သွားချိန်မှာ သူဌေးသားလေးကလည်း လူ့ ချမ်းသာကို ချမ်းသာ မမြင် ဆင်းရဲ ထင်နေတာမို့ဆင်းရဲ လွတ်ကြောင်း နည်းလမ်းကောင်းကိုဟောပေးဖို့ကိုယ်တော်လေးကိုတိုက်တွန်းလျှောက်ထားခဲ့ပါတယ်။အိမ်မှာ ရောက်သွားလေတဲ့ ကိုယ်တော်လေးဟာ ဆင်းရဲ လွတ်ဖို့  နည်းလမ်းကောင်း ပေးခဲ့ပါတယ်။


၁။ ဒါန အမျိုးမျိုး လုပ်ပါတဲ့။ ဥပမာ - စာရေးတံဆွမ်း၊ ဆယ့်ငါးရက်တစ်ကြိမ်ဆွမ်း

ကထိန်သင်္ကန်း ၊ ၀ါဆိုသင်္ကန်း စသဖြင့် လုပ်ပေါ့တဲ့။ တကယ် ဆင်းရဲ လွတ်ချင်တဲ့ သူဌေးသားဟာလည်း ကိုယ်တော် ပြောသမျှ နားထောင်ကာ လုပ်ပါတယ်။ သူလိုချင်တဲ့ ဆင်းရဲ လွတ်သည်အထိတော့ မဖြစ်သေးဘူး လို့ထင်ရဲ့။ ဒါနဲ့ ပဲ ဒါ့ပြင် ဘာလုပ်ရမလဲ လျှောက်ကြားပါတယ်။

ဆင်းရဲ လွတ်လိုလျင် ၂။ သရဏဂုမ် ၃ပါးနဲ့  ၅ပါး သီလ ဆောက်တည်ပါတဲ့။ ဒီနေရာမှာ စကားညှပ် ဝေဖန်ရသော် သူဌေးသားလေးဟာ ဗုဒ္ဓဘာသာ မဖြစ်သေးဖူးလို့  ယူဆပါတယ်။ဒါကြောင့်ပဲ သရဏဂုမ် တည်စေတာပေါ့နော်။ ဟုတ်ပါတယ်။ သရဏဂုမ်ဆိုတာ ဆင်းရဲ လွတ်သတဲ့။ ဧတံ သရဏ မာဂမ္မ သဗ္ဗဒုက္ခာ ပမုစ္စ္စတိ - လို့  ဟောထားပါတယ်။ သရဏဂုမ်ကို အကြောင်းပြုလို့  ဆင်းရဲ အပေါင်း လွတ်တယ် လို့  ဆိုလိုပါတယ်။

အဲဒီ့နောက်မှာ ၈ ပါးသီလ ၁၀ သီလကို ဆောက်တည်ခိုင်းပါတယ်။ အထူး မှတ်သားသင့်တာက သီလသည် ဆင်းရဲ မှ လွတ်နိုင်တယ် ပေါ့။ သီလမလုံရင်တော့ ဘယ်တော့မှ ဆင်းရဲ လွတ်မှာ မဟုတ်ဘူးလို့ လည်း ပြောင်းပြန်သိနိုင်ပါတယ်။

သူဌေးသားလေးက ၁၀ ပါးသီလ အပီပြင် စောင့်ထိန်းနိုင်တာကိုလည်း မကျေနပ်နိုင်သေးဘူး။ ဒါထက် ကြိုးစားချင်သေးတယ်။ ဆင်းရဲ အမြန်လွတ်ချင်တာကိုး။ အဲဒါကြောင့် ဒါ့ပြင် ဘယ်လို ဆက်လက် ဆောင်ရွက်ရမှာလည်း မေးပါတယ်။ အိမ်လည်တဲ့ ကိုယ်တော်လေးက ပြောပါတယ် ။ တတ်နိုင်ရင် ဘုန်းကြီး ၀တ်ပါတဲ့။ ဟုတ်ပါတယ်။ ဘုန်းကြီးက အကျဉ်း သီလက ၂၂၇ သွယ် ဥပဒေစည်းကမ်း ကျင့်ဝတ်ရှိတာကိုး။ အကျယ်အား ကုဋေကိုးထောင်ကျော်ဆိုပါ့လား ။ဒါကြည့်သောအားဖြင့် ဘုန်းကြိးဝတ်ပြီး သီလကို အကြီးကျယ် ထိန်းနိုင်လေ ဆင်းရဲမှ အမြန်လွတ်မြောက်နိုင်လေလို့  လည်း သိထားရပါမယ်။ သူဌေးသားလေး ဘုန်းကြီး ၀တ်သွားတယ်။ ဘုန်းကြီးဝတ်တော့ ဒီအတိုင်း အလကား နေလို့  မရ။ ၀ိနည်းဥပဒေ သိမှ စောင့်ထိန်းရမှာမို့  ၀ိနည်းကို ၀ိနည်းဆရာက သင်ပြပေးတယ်။ တရားအားထုတ်ရာတွင် အသုံးဝင်တဲ့ အဘိဓမ္မာကိုလည်း အဘိဓမ္မာ ဆရာက စိတ်ပါလက်ပါ ဂရုစိုက် သင်ပြပေးကြတယ်။

သူဌေးသားလေး ပျားတုတ်ပြီ။ အဲ...ပြဿနာတော့ ဖြစ်ပြီ။ သူက ဆင်းရဲ လွတ်လိုလို့ဘုန်းကြီး ၀တ်လာတာ။ ဘုန်းကြီးစာတွေ သင်မှ စာတွေက ခက်လို့ ဆင်းရဲရပြီ။ ၀ိနည်းဆရာက ၀ိနည်းအကြောင်းရာ သေချာသင်ပေးတယ်။ ဒါက ဘုန်းကြီးနဲ့  မသင့်တော် ရှောင်ကြဉ်ရမည့်အလုပ်။ ဒါက ဘုန်းကြီးတွေ ပြုကျင့်ရမည့် ၀တ္တရား။ ရှောင်ရင် ဆောင်ရန်တွေ မှတ်သားရတာကလည်း များလိုက်တာလို့  သူ့ စိတ်မှာ တွေးမိသွားတယ်။


အဘိဓမ္မာဆရာကလည်း အဘိဓမ္မာအကြောင်း ဆွေးနွေး ပြောကြားမေးမြန်းနဲ့ အဘိဓမ္မာကိုလည်းစိတ်ကမမှတ်သားနိုင်ဖြစ်နေရှာတယ်။အော်....လှချင်လို့ ဆေးမှင်ကြောင်ထိုးခါမှ ဆေးမှင်ကြောင်ကြောင့် ပိုရုပ်ဆိုးနေတဲ့ ငါ့အဖြစ်ပျက်ပါ့လားဆိုတာ ဖြစ်နေပြီ။ ဒီလိုနည်းနဲ့ တော့ ဆင်းရဲ မှ မလွတ်တဲ့ အပြင် ပို ဆင်းရဲ နေပါ့လားနော်လို့  တွေးပြီး ပွါးများနေကြဒွတ္တိံသကမ္မဋ္ဌာန်းတောင်မပွါးများဖြစ်တော့ဘူး။ စာလည်း ဆက်မသင် ၊ တရားကလည်း အားမထုတ်တော့ ဘုန်းကြီးဘ၀ဟာ ခြောက်ခမ်းတဲ့ ဘ၀ကြီးပါ့လား မြင်လာတယ်။ ပျင်းရိလာတယ်။ ဘယ်လောက်ပျင်းရိသလဲဆိုတော့ ဆွမ်းလည်း မဘုဉ်း ၊ ရေကလည်း မချိုး တော့ဘူး။ ရေမချိုးတာမှလေ ၀ဲခြောက်ပေါက်တဲ့အထိကို မချိုးပဲ နေလာတာ။ အခြားသီတင်းသုံးဖေါ်တွေကတောင် မေးမြန်းလာရတယ်။

ကိုယ်တော် အစက သာသနာမှာ ထက်ထက်သန်သန်နဲ့  ဆင်းရဲ လွတ်လို လို့  ဆို။ ခု ကိုယ်တော် ဘာဖြစ်ရတာလဲဘုရားပေါ့။ သူရဲ့ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြပါတယ်။ပြောပြတော့မှ ဒီလိုဆို မဖြစ်တော့ဘူး ကိုယ်တော့်ဆရာကို ဒီအကြောင်း ပြောပြမယ်ဆိုပြီး သူရဲ့  ဆရာ နှစ်ပါးကို လျှောက်ကြားကြပါတယ်။ အဲဒီတော့မှ ဆရာနှစ်ပါးကလည်း သူတို့ က သင်တာဟာ အပြစ်မှ မရှိတာကို။ စာသင်ယူသူ စာခံယူသူက စိတ်ထဲမှာ အပြစ်အနေနဲ့  မြင်နေတာကို။ ဆင်းရဲ လွတ်ကြောင်း လမ်းစတွေ ဆိုတာမှ သဘောမပေါက်တာ။ အဲဒါကြောင့်လည်း သူ ဒီလို ဖြစ်တာ ရှိမှာပဲ ဆိုပြီး ဘုရားရှင်ထံ တပည့်ငယ်ငပျင်းကိုယ်တော်လေးနဲ့အတူသွားခဲ့ကြပါတယ်။

ဘုရားရှင်နဲ့ တွေ့ တော့ နှုတ်ဆက်စကား သာရဏီယ စကားများ ပြောတော်မူပြီး သူတို့  ဖြစ်ရပ်ကို လျှောက်တင်ကြတယ်။ ဘုရားရှင်က ငပျင်း ကိုယ်တော်လေးကို သင့်တော်တဲ့ စကားနဲ့  ပြောလိုက်ပါတယ်။ ငါ့ရှင်ဟာ တစ်ခုတည်း ပြည့်စုံရမယ် ဆိုလျင် ဖြည့်နိုင်ပါ့မလားပေါ့။ မှန်ပါ့ ဘုရား။ တစ်ခုတည်းသာဆိုရင်တော့တပည့်တော်အနေဖြည့်နိုင်ပါတယ်ဘုရား။ ဘုရားရှင်က တကယ်ဆိုရင် စိတ်ပဲ လိုတယ်။ မိမိ စိတ်ကိုသာလျှင် ထိန်းပါ။ စိတ်ကိုထိန်းနိုင်ရင် ဆင်းရဲ အပေါင်းမှ လွတ်မြောက်နိုင်ပါတယ်- တဲ့။

အဲဒီနောက် တရားဟော ဆရာတော် တိုက်အုပ်စာချ မြတ်ရောင်နီက ထပ်မံ၍ စိတ်အကြောင်း ထပ်ရှင်းခဲ့ပါတယ်။ စိတ်ဆိုတာ အာရမဏံ စိန္တေတီတိ စိတ္တံ။ ဆိုတဲ့ အတိုင်း အာရုံကို သိတတ်တာကို စိတ်လို့  ခေါ်တယ်။ စိတ်ဆိုတာ သိသဘောပါပဲ ပေါ့။ စိတ်က အင်မတန် အရေးကြီးပါတယ်။ စိတ်သာရှင်စော ဘုရားဟော ဆိုထားတာ မဟုတ်ပါလား။ ဒါကြောင့် အပါယ်လေးပါးကိုလည်း စိတ်ကြောင့် သွားရသလိုနိဗ္ဗာန်ကိုလည်းစိတ်ကြောင့်သွားရကြောင်း...


ကိုင်းလိုက်ဆို...

ဆောင်ပုဒ်...

အပါယ်လေးပါး၊စိတ်ကြောင့်သွားသည်။

နိဗ္ဗာန်ရောက်မှု ၊ စိတ်က ပြုသည်။


လူနှင့် သီလရှင်ပရိသတ်တို့  သုံးခေါက် ဆိုပြီးနောက်...စိတ်ကိုလွှတ်ထားရင် ဆင်းရဲတွေပွါးပြီး ၊ စိတ်ကိုထိန်းမှချမ်းသာပါမည့်အကြောင်းရှင်းပြကာ..

ကိုင်းလိုက်ဆို...

ဆောင်ပုဒ်...စိတ်ကိုလွှတ်ထား၊ဆင်းရဲပွါးမည်။

စိတ်ကိုထိန်း၊အေးငြိမ်းချမ်းသာမည်။

ပရိသတ်များသုံးခေါက်ဆိုဖို့တိုက်တွန်းကာဆိုစေခဲ့တယ်။

အဲဒီနောက် စိတ်ကို ဘယ်လို ထိန်းမလဲ ဆိုတာကို မဟာသတိပဋ္ဌာန် သုတ်လာ အတိုင်း ရာဂ ဖြစ်ရင်ဖြစ်မှန်းသိပါ။ရာဂကင်းရင်လည်းကင်းတယ်လို့သိပေးပါ။သိလိုက်တာနဲ့တစ်ခဏချင်းရပ်သွားပါမယ်။ အဲဒီနောက် သိပြီးရင် ရာဂစိတ်ဟာလည်း ဖြစ်ပီဆိုမှတော့ ပျက်သွားတယ်။ သိရုံနဲ့  မပြီးတော့ ရာဂစိတ် ဖြစ်မှန်း သိသိ နေပြီးရင် အဲဒီဖြစ်တဲ့ စိတ်တွေဟာပျက်သွားပါ့လား သိသည်အထိ ကြိုးစားရမှာ ဖြစ်ကြောင်းနဲ့  ဒေါသ မောဟလည်း အဲသလိုမျိုး ဖြစ်ကြောင်းကို ပြောဟောပြီး တရားပွဲ သိမ်းကာ ထိုနည်းအတိုင်း တရားထိုင်ခဲ့ပါတော့သတည်း။။

အဲဒီနောက်ရေစက်ချအမျှဝေကာတကယ်ဆိုရင်စိတ်ပဲလိုတယ်ဆိုတဲ့တရားပွဲလည်းပြီးသွားပါတော့တယ်။

မှတ်ချက်။ ။ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့ နယ်။ ဥသျှစ်ပင်မြို့ တွင် ဟောကြားသော တရားမှတ်တမ်း ဖြစ်ပါသည်။

မြတ်ရောင်နီ

( ၀၂ ၊၀၁၊၂၀၁၂) http://yaungni-oo.blogspot.com/2012/01/blog-post.html

Shared from Ko Kyaw San (FB)

ဥပါသကာ၊ ဥပါသိကာမ

(၁) ကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်မည့် ဥပါသကာ၊ ဥပါသိကာမ တို့သည် အများက လေးစားကြည်ညိုရသော ဥပါသကာ၊ ဥပါသိကာမများ ဖြစ်ရန် လိုအပ်ပေသည်။ ‘မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား’ ဟူသော ဘုရားအဆူဆူတို့၏ အဆုံးအမအတိုင်း စိတ်ထားကောင်းအောင် ကျင့်ဆောင်ရပါမည်။ သို့မှသာ အများကြည်ညိုလေးစားခြင်း ခံရမည် ဖြစ်ပါသည်။ ထို့အတွက် ဥပါသကာ၊ ဥပါသိကာမ တစ်ဦးချင်း၌ ရှိရမည့် အရည်အချင်း၊ ဂုဏ်အင်္ဂါ၊ အသက်မွေးမှု၊ ပျက်စီးခြင်း စသည့် သိသင့်သိထိုက်သော အကြောင်းအရင်းတို့ကို သိထားရန် လိုအပ်ပါသည်။
အရည်အချင်း

(၂) ဥပါသကာ၊ ဥပါသိကာမ တစ်ဦးသည် -

(က) သဒ္ဓါတရားနှင့် ပြည့်စုံခြင်း။

(ခ) အနည်းဆုံး ငါးပါးသီလ မြဲခြင်း။

(ဂ) ကောတုဟလ မင်္ဂလာ ခေါ် အထူးအဆန်း မင်္ဂလာကို မယုံကြည်ခြင်း။

(ဃ) ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်း။

(င) အယူပျက်သည့် သာသနာပ အလှူခံ ပုဂ္ဂိုလ်များကို အရိုအသေ မပြုခြင်း၊ မလှူဒါန်းခြင်း - ဟူသော အရည်အချင်း (၅) ရပ်နှင့် ပြည့်စုံသော ဥပါသကာကို-

(၁) ဥပါသကာ ရတနာ = နှစ်သက် ကြည်ညိုဖွယ် ဥပါသကာ။

(၂) ဥပါသကာ ပဒုမာ = ပဒုမ္မာကြာနှင့် တူသော ဥပါသကာ။

(၃) ဥပါသကာ ပုဏ္ဍာရိက = ကြာဖြူနှင့်တူသော ဥပါသကာ - ဟူ၍ ခေါ်ဆိုထိုက်ပါသည်။


ဂုဏ်အင်္ဂါ

၃။ အများ ကြည်ညို လေးစားထိုက်သော ဥပါသကာတစ်ဦးသည် -

(က) ဘုရားရှင်၏ တပည့်သား သံဃာများနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားနိုင်ခြင်း။

(ခ) ဗုဒ္ဓတရားတော်ကိုသာ အလေးဂရုပြုခြင်း။

(ဂ) မိမိရှိ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြမ်း သုံးစွဲ လှူဒါန်းတတ်ခြင်း။

(ဃ) ဘုရား သာသနာ ပျက်စီးမည့် အရေးတွေးမြင်ပါက သာသနာတော် ကြီးပွားရာ၊ ကြီးပွားကြောင်းကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း။

(င) အယူ ဖြောင့်မှန်မှု ရှိပြီး လူပိန်းတို့ လက်ခံသည့် အထူးအဆန်း မင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိ၏ အသက်ကို ပဓာန မထားဘဲ မိမိ ကိုးကွယ်ရာ ဆရာ (ဘုရား)မှ တစ်ပါး အခြား အယူပျက်သည့် တိတ္ထိဆရာတို့ကို ကိုးကွယ်မှု မပြုခြင်း။

(စ) ကာယကံ၊ ဝစီကံ တို့ကို စောင့်ထိန်းခြင်း။

(ဆ) အတူနေ ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီမျှစွာ နေထိုင်တတ်အောင် အချင်းချင်းအပေါ် ငြူစူမူ ကင်းပြီး၊ သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှားဝါကြွားမှု မရှိခြင်း။

(ဇ) သရဏဂုံ သုံးပါးကို ဆောက်တည်ထားသူ ဖြစ်ခြင်း၊

(ဆောက်တည်ရုံတွင်မက ရတနာ သုံးပါးအကြောင်းကို လည်းကောင်း၊ သံဃံသရဏံဂစ္ဆာမိ-ဟုဆို၍ ဆောက်တည်ရာ၌ အရိယာသံဃာကို အကျိုးအပြစ်နှင့်တကွ နားလည်အောင် ကြိုးစားပြီး ခိုင်မြဲအောင် ဆောက်တည်နိုင်သူ ဖြစ်ခြင်း။)

(ဈ) ငါးပါးသီလကို အကျိုးအပြစ်နှင့်တကွ နားလည်အောင် ကြိုးစားပြီး ခိုင်မြဲအောင် ဆောက်တည်နိုင်သူ ဖြစ်ခြင်း။

(ည) ဒုစရိုက် (၁၀)ပါးကို နားလည်ပြီး ရှောင်ကြဉ်နိုင်သူ ဖြစ်ခြင်း၊ ဒုစရိုက် (၁၀)ပါး ဆိုသည်မှာ -


(၁) ကာယကံ သုံးပါး

(ကက) သူတစ်ပါး အသက်ကို သတ်ခြင်း (ပါဏာတိပါတ)၊

(ခခ) သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)၊

(ဂဂ) သူတစ်ပါး၏ မယား၊ ခင်ပွန်း၊ သား၊ သမီးတို့ကို မေထုန်မှု ကျူးလွန်ခြင်း အစရှိသည့် ကာမဂုဏ်တို့၌ မှားသော အကျင့်ကို ကျင့်ဆောင်ခြင်း (ကာမေသု မိစ္ဆာစာရ)။


(၂) ဝစီကံ သုံးပါး

(ကက) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း (မုသာဝါဒ)။

(ခခ) သူနှစ်ယောက် အချစ်ကို ပျက်ပြားအောင် ကုန်းချောခြင်း (ပိသုဏာဝါစာ)၊

(ဂဂ) ရုန့်ရင်း ကြမ်းတမ်းသော နားမခံသာသည့် စကားများကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း (ဖရုဿဝါစာ)၊

(ဃဃ) မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဖီလာဖြစ်သော ပိန်ဖျင်း ယုတ်ညံ့သည့် စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)။


(၃) မနောကံ သုံးပါး

(ကက) သူတစ်ပါး စည်းစိမ်ဥစ္စာ၊ သားမယားတို့ကို ငါ၏ စည်းစိမ်ဥစ္စာ၊ သား၊ မယား ဖြစ်ပါစေတော့-ဟူ၍ ကြံစည်ခြင်း (အဘိဇ္ဈာ)၊

(ခခ) သူတစ်ပါး ပျက်စီး စေလိုသော ဒေါသရှိခြင်း (ဗျာပါဒ)၊

(ဂဂ) မှားသော အယူကို ယူခြင်း၊ ကံ-ကံ၏ အကျိုးကို ပစ်ပယ်၍ ဖောက်ပြန်စွာဖြင့် အမှားကိုသာ မြင်ခြင်း (မိစ္ဆာဒိဋ္ဌိ)။


(ဋ) အောက်ဖော်ပြပါ ပုညကိရိယာဝတ္ထု (၁၀)ပါးကို နားလည်ပြီး ကိစ္စကြုံလာလျှင် အသုံးပြုနိုင်သူ ဖြစ်ခြင်း။

(၁) ဒါန -- စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။

(၂) သီလ -- ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးပါးစလုံး အပြစ် မရှိစေရန် စောင့်ထိန်းခြင်း။

(၃) ဘာဝနာ -- တရား အားထုတ်ခြင်း။

(၄) အပစာယန -- ရိုသေထိုက်သူကို ရိုသေခြင်း။

(၅) ဝေယျာဝစ္စ -- ကုသိုလ် ကောင်းမှုတို့၌ ဝိုင်းဝန်း ဆောင်ရွက်ခြင်း။

(၆) ပတ္တိဒါန -- မိမိ ကုသိုလ်အဖို့ကို အမျှ ဝေခြင်း။

(၇) ပတ္တာနုမောဒနာ -- သူတစ်ပါးပြုသည့် ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု။

(၈) ဓမ္မဿဝန -- သူတော်ကောင်း တရား နာကြားခြင်း။

(၉) ဓမ္မဒေသနာ -- သူတော်ကောင်း တရား ဟောကြားခြင်း။

(၁၀) ဒိဋ္ဌိဇုကမ္မ -- ဖြောင့်မတ်သော အယူဝါဒ ရှိခြင်း။


(ဋ္ဌ) ရဟန်းတော်များ၏ အမြဲတွေ့ကြုံရသော ဝိနည်းကို နားလည်ခြင်း (အထူးအားဖြင့် ငွေနှင့် စပ်သော ဝိနည်းကို နားလည်ရပါမည်။)

(ဍ) နိဗ္ဗာန်ကို ရည်မှန်းထားသူ ဖြစ်ခြင်း။

(ဎ) မိမိ၏ အသက် မွေးဝမ်းကျောင်းအတွက် စီးပွားဥစ္စာ ခိုင်လုံသူ ဖြစ်ခြင်း။

(ဏ) ကျောင်းတိုက်ကို ကြည်ညို၍ အမြဲ ဂရုတစိုက်နေသူ ဖြစ်ခြင်း။

(တ) ကျောင်းတိုက်နှင့် စပ်သော ပစ္စည်းကို လေးလေးစားစား သုံးစွဲလိုခြင်း။

(ထ) ကျောင်းတိုက်နှင့် စပ်သော ဒါနဝတ္ထုများကို မပျောက်မပျက်အောင် စောင့်ရှောက်ခြင်း။

(ဒ) မိမိကိုယ်တိုင် ဥပါသကာ၊ ဥပါသကာမ အဖြစ်ကို လက်ခံခြင်း။

(ဓ) ပဓာန နာယကဆရာတော်က လက်ခံခြင်း --- စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။


အသက်မွေးမှု

၎။ ဥပါသကာ တစ်ဦး၏ အသက်မွေးဝမ်းကျောင်းမှုသည် သမ္မာအာဇီဝ - ကောင်းသော အသက်မွေးမှု ဖြစ်ရမည်။ အပြစ် မရှိ ကောင်းကျိုးဆောင်တတ်သော အသက်မွေးမှု ဖြစ်ဖို့လိုပေသည်။ ကာယကံ ဒုစရိုက် (၃)ပါး၊ ဝစီကံ ဒုစရိုက် (၄)ပါး တို့ဖြင့် အသက်မွေးဝမ်းကျောင်းခြင်းသည် မိစ္ဆာဇီဝ-ဟု ခေါ်သော ဒုစရိုက်ကျသော အသက်မွေးမှုဖြစ်သဖြင့် အထူးရှောင်ရှားရပေမည်။ ထို့အပြင် ဥပါသကာတို့ မရောင်းဝယ်ကောင်းသော ပစ္စည်း (၅)မျိုး ရှိသည်။ ၄င်းတို့မှာ --

(က) လက်နက် ရောင်းချခြင်း။

(ခ) လူ အရောင်းအဝယ် ပြုခြင်း။ (ကျွန်၊ အစေခံ၊ ပြည့်တန်ဆာ)

(ဂ) မူးယစ်ဆေးဝါး နှင့် အရက်သေစာ ရောင်းဝယ်ခြင်း။

(င) လူကို သေစေတတ်သော အဆိပ်၊ ဆေး .. စသည်တို့ကို ရောင်းဝယ်ခြင်း --- စသည်တို့ ဖြစ်ပါသည်။


ဥပါသကာ ပျက်စီးခြင်း

၅။ သရဏဂုံ တည်ပြီးသူသည် သရဏဂုံ ပျက်စီးပါက ဥပါသကာ ပျက်စီးခြင်း ဖြစ်လေသည်။ ထို့အပြင် ဥပါသကာ ဂုဏ်အင်္ဂါနှင့် အရည်အချင်း ပျက်ယွင်းပါကလည်း အများ ကြည်ညိုလေးစားသည့် ဥပါသကာ မဖြစ်တော့ဘဲ ပျက်စီးခြင်း သဘောသို့ ရောက်ပေသည်။

(က) သရဏဂုံ ပျက်စီးခြင်း

(၁) ဘဝတစ်ပါး ပြောင်းလဲ ကွယ်လွန်သွားခြင်း။

(၂) အယူဝါဒ ပြောင်းသွားခြင်း။

(၃) သာသနာပ တိတ္ထိဆရာတို့အား ကိုးကွယ်ခြင်း။

အထက်ပါ သုံးချက်တွင် တစ်ချက်ချက်နှင့် ပြည့်စုံပါက သရဏဂုံ ပျက်စီးလေသည်။ ထိုအခါ ဥပါသကာလည်း ပျက်စီးလေတော့သည်။ ထို့ပြင် သရဏဂုံ မပျက်သော်လည်း ညစ်နွမ်းကြောင်းလည်း ရှိပေသေးသည်။ သရဏဂုံ ညစ်နွမ်းလျှင် ဥပါသကာ ပုဂ္ဂိုလ်မှာလည်း အများလေးစားထိုက်သော ဥပါသကာ မဖြစ်နိုင်တော့ပေ။ ဘုရားကို မစွန့်သေး၍ သရဏဂုံ မပျက်စီးသော်လည်း သရဏဂုံ ညစ်နွမ်းစေသည့် အချက်များ ရှိပေသည်။


(ခ) သရဏဂုံ ညစ်နွမ်းခြင်း

(၁) ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး ဂုဏ်တော်များကို ကောင်းကောင်း မသိခြင်း၊ လုံးလုံး လျားလျား မသိခြင်း၊ ကိုးကွယ်ရမှန်း မသိခြင်း၊ (မောဟ)

(၂) ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါး အပေါ် အမှန်မမြင်ဘဲ အမှားမြင်ခြင်း၊ ရတနာ သုံးပါး ဆည်းကပ် ကိုးကွယ်မှုသည် အလကားပါ-ဟု အယူမှားခြင်း။ (ဒိဋ္ဌိ)

(၃) ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးအပေါ် အစစ်အမှန် ဟုတ်ပါ့မလား-ဟု ယုံမှား သံသယ ဖြစ်ခြင်း။ (ဝိစိကိစ္ဆာ)

(၄) ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို မယုံကြည်ခြင်း၊ မလေးစားခြင်း၊ မမြတ်နိုးခြင်း၊ မကြည်ညိုခြင်း၊ မရှိခိုးခြင်း။ (အသက္ကစ၊ အဂါရဝ)


၆။ ဤအချက်များသည် ဥပါသကာ ပျက်စီးခြင်း၌ အကျုံးဝင်ပြီး ထိုသို့သော ဥပါသကာမျိုးကို …

(က) ဥပါသကာ စဏ္ဍလ = ဒွန်းစဏ္ဍား ဥပါသကာ

(ခ) ဥပါသကာ မလ = မသန့်ရှင်းသော ဥပါသကာ

(ဂ) ဥပါသကာ ပဋိကိလိဋ္ဌ = စက်ဆုပ်ရွံရှာဖွယ် ဥပါသကာ - ဟူ၍ ခေါ်ဆိုရမည် ဖြစ်ပါသည်။
Other Dhamma Posts

Source:
မဟာဝိဟာရ-ကျောင်းတိုက်၊ ဖိုးဒေါနကုန်း-ကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း။
ဦးမြသန်းစံ


*** ခပ်သိမ်းသော ရဟန်း, ရှင်, လူ, နတ်, ဗြဟ္မာ, သတ္တဝါအားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …

Shared from Phillip Pyae (FB)

စိတ်အတွက်အာဟာရများ




(၁)

တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေ သည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ် တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ် မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က ပိုတန်ဖိုးရှိသည်ကို မသိသော သူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။

တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။

“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”

ထိုအခါ ထိုသူသည် ပြုံးလျှက် ..“တကယ်လို့ ကျွန်တော် တဆယ်တန်ကို ယူလိုက်ရင် နောက်တခါ သူတို့ ကျွန်တော့်ကို အဲလို စကြတော့မှာ မဟုတ်ဘူး”

"လူပြိန်းတွေက ပိုက်ဆံပေးပြီး သင်ယူတယ်။ လူတော်တွေက အဲဒီလူပြိန်းရဲ့ ပိုက်ဆံနဲ့ ပြန်သင်ယူတယ်။ (ဘရာဇီး စကားပုံ)"


(၂)
တခါက လူတဦးသည် သင်္ဘောဖြင့် အင်္ဂလန်သို့ ခရီးထွက်လေသည်။ လမ်း ခရီး တနေရာရောက်သော် လေပြင်းမုန်တိုင်းနှင့် တိုးခဲ့သည်။ လူအများ က ကြောက်လန့်တကြား ပြေးလွှား နေကြသော်လည်း အဘွားအို တဦးမှာ တည်တည်ငြိမ်ငြိမ်နှင့် ဘုရားကိုသာ အာရုံပြုနေသည်ကို သူ တွေ့မိလေ သည်။ မုန်တိုင်း ဆဲသောအခါ သူက အဘွားအိုအား မကြောက်ဘူးလား
ဟု သွားရောက်မေးမြန်းခဲ့သည်။ အဘွားအိုက. . .

“အဘွားမှာ သမီး နှစ်ယောက်ရှိတယ်။ သမီးကြီးက ဘုရားသခင်ရဲ့ အလိုတော်အတိုင်း နတ်ပြည်ရောက်နေပါတယ်။ သမီးငယ်က အင်္ဂလန်မှာပါ။ လေပြင်းမုန်တိုင်းကျတုန်းက အဘွား ဆုတောင်းမိပါတယ်။ တကယ်လို့ အဘွားကို နတ်ပြည်ပို့မယ်ဆိုရင် သမီးကြီးကို အဘွား သွားကြည့်လို့ရပြီ။ တကယ်လို့ အသက်ရှင် ရက်ရှိမယ်ဆိုရင် သမီးငယ်ကို သွားကြည့်လို့ရပြီ။ ဘယ်ကိုသွားသွား အတူတူပဲမို့ အဘွားမကြောက်ခဲ့ပါဘူး”

"ဘ၀ ဆုံးရှုံးသွားမှာကို မစိုးရိမ်ပါနဲ့.....ဘ၀ မစရသေးတာကိုပဲ စိုးရိမ်ပါ။"
(ဒါရိုက်တာ Curtis Hanson)


(၃)
တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက် ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။ သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။ တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။ ပန်းကလေးမှာ ၀မ်းနည်းပြီး ငိုကြွေးလေသည်။ “ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။ လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”

သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က.....“အဲဒီလို မတွေးနဲ့ လေ။ သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့် မယ်။ နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။ ခင်ဗျားရဲ့ သေး ငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေ လိမ့်မယ်။ လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြ လိမ့်မယ်”

"တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)"


(၄)
တစ်ခါက လူတဦးသည် မြစ်ဘေးတွင် ငါးမျှားလေသည်။ ငါးတစ်ကောင် မိတိုင်း အရင်ဆုံး တိုင်းထွာ ကြည့်ပြီး မိမိ လိုချင်သော အတိုင်းအတာထက် ကြီးမားနေပါက ငါးများကို မြစ်ထဲသို့ ပြန်လွတ်တတ်သည်။ အခြားငါးမျှား သူများ မြင်သော် ထူးဆန်းသဖြင့် သွားရောက်မေးမြန်း လေသည်။
“လူတိုင်းက ငါးကြီးကြီးရဖို့ မျှော်လင့်ကြတယ်။ ခင်ဗျားက ငါးကြီးရတိုင်း ပြန် လွတ်လိုက်တယ်။ ဘာဖြစ်လို့လဲ” “ငါးကြီးရင် ကျွန်တော့်အိမ် က အိုးနဲ့ မဆန့်မှာစိုးလို့။ အိုးက ဒီကြိုး အတိုင်းအတာပဲ ရှိလို့ပါ”

"လိုအပ်သလောက်...သုံးနိုင်သလောက်ပဲ ယူပါ...လောဘမကြီးပါနဲ့။"


(၅)
တစ်ခါက ကျီးတစ်ကောင်သည် အရှေ့အရပ်သို့ ပျံသန်းရန် ထွက်ခွာလာ ခဲ့သည်။ လမ်းတွင် ခိုတစ်ကောင်နှင့် တွေ့ပြီး သစ်ပင်တစ်ပင်တွင် အတူ နားမိကြသည်။ ပင်ပန်းနေသော ကျီးကိုမြင်သော် ခိုက “အသင့်ကျီး အသင် ကြည့်ရသည်မှာ ခရီးဝေးက လာပုံရတယ်။ ဘယ်ကိုများ ပျံသန်းမလို့ပါလဲ” ဟုမေးလေသည်။ ကျီးက “အကျွန်ုပ်နေသော အရပ်ရှိ လူများက ကျွန်ုပ်၏ အသံအား နားဝင်မချိုဟု ဆိုသောကြောင့် အခြားအရပ်သို့ ပြောင်းရွေ့ရန် ပျံသန်းနေခြင်း ဖြစ်ပါတယ်” ဟုဖြေလေသည်။ ထိုအခါ ခိုက “ အကယ်၍ သင့်အသံအား သင် မပြောင်းလဲခဲ့လျှင် အသင် ဘယ်ရောက်ရောက် လူတွေ က ကြိုဆိုကြမှာ မဟုတ်ဘူး။ ပျံသန်းခြင်းဖြင့် သင့်အင်အား ကုန်ရုံသာဖြစ် မယ်” ဟု ပြောလိုက်သည်။

"အကယ်၍ ပတ်ဝန်းကျင်ကို သင်မပြောင်းလဲနိုင်ခဲ့သော် ပြောင်းလဲနိုင်သော တစ်ခုတည်းသော အရာမှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။"


Shared from You'realways Onmymind (FB)

သူတော်ကောင်းအလှူ ငါးမျိုး-

အလှူဒါနအမျိုးမျိုး-

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။

၂။ သက္ကစ္စဒါန။

၃။ ကာလဒါန။

၎။ အနုဂ္ဂဟိတဒါန။

၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

၁။ သဒ္ဓါဒါန-

ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

ရှုချင်စဖွယ်ရှိ၏။

စိတ်ကြည်လင်ဖွယ်ရှိ၏။

လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

၂။ သက္ကစ္စဒါန-

လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။

တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။

၃။ ကာလဒါန-

လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။

လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။

၎။ အနုဂ္ဂဟိတဒါန-

အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။

၅။ အနုပဟစ္စဒါန-

မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။

များသော အသုံးအဆောင်ရှိ၏။

မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။

အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။

ဆောင်ပုဒ်။ ။သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ ချီးမြှောက်ဘိလျက်၊

မထိမပါး၊ ပေးလှူငြား၊ ငါးပါး သပ္ပုရိသ မြတ်ဒါန။

Shared from Ma Moenge Aung (FB)

တန်ဖိုးရှိသော လောကနီတိများ

ပျင်းရိခြင်း၏အကျိုးဆက်

ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း။
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း။

ပညာသည်သာ အရေးကြီး

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ။
အတတ်ပညာကို ခိုးသူတို့ မယူနိုင်ကုန်။
ဤလောက၌ အတတ်ပညာကား အဆွေခင်ပွန်း ဖြစ်၏။
တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏။

နရာတိုင်းမှာ သုခမိန်မရှိ

တောင်တောင်ဟူသမျှ၌ ပတ္တမြားမရှိ။
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ။
တောတောဟူသမျှ၌ စန္ဒကူးမရှိ။
အရပ်တိုင်းအရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ။

ဖည်းဖြည်းပြုရမည့် အရာများ

အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။
အမျက်ကို ဖြည်းဖြည်းထွက်ရာ၏။
ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။

မိမိဥစ္စာမဟုတ်

လောက၌ ပေတို့၌ရှိသော အတတ်ပညာသည်လည်းကောင်း
သူတစ်ပါး၏ လက်တို့၌ရှိသော ဥစ္စာသည်လည်းကောင်း
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်း အတတ်မမည်။
သူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။

ကြည့်လျှင်သိနိုင်သည်

လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒ္ဒရာကြာကို မြင်သဖြင့် သိအပ်၏။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ , နှုတ်အမူအရာအားဖြင့် သိအပ်၏။
ပညာရှိ မရှိကိုကား ဆိုအပ်သော စကားဖြင့် သိအပ်၏။
မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင့်သဖြင့် သိအပ်၏။

ရသင့်ရာရမှ လူဖြစ်ကျိုးနပ်မည်

လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။
ဒုတိယအရွယ်၌ကာ ဥစ္စာမရတုံအံ့။
တတိယအရွယ်၌ကား တရားမရတုံအံ့။
စတုတ္ထအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။

ပညာတတ်သူကို အများလေးစား

ချစ်သားတို့ … အတတ်ပညာကို သင်ကုန်လော့။
အဘယ်ကြောင့် ပျင်းရိသနည်း။ ချစ်သားတို့… နေ့တိုင်းနေတိုင်း အတတ်ပညာကို သင်ကုန်လော့။
အတတ်ပညာမရှိသောသူသည် သူ၏ ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို သူတစ်ပါးတို့ ပူဇော်အပ်၏။

ရန်ဖြစ်သော မိဘများ

အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည်
ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာသင်၍ မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည်
ရန်သူမည်၏။ ထိုအတတ်ပညာမရှိသော သူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

နွားနှင့်တူသောသူ


လောက၌ အစာစားခြင်းသည်လည်းကောင်း၊ မေထုန်မှီဝဲခြင်းသည်လည်းကောင်း၊ အိပ်ခြင်းသည်လည်း ကောင်း
နွား၌လည်းကောင်း၊ ယောက်ျား၌လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျား၏ အထူးပေတည်း။
အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

အတူမရှိနိုင်သော အရာများ

လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။
အနာနှင့်တူသော ရန်သူသည် မရှိ။
ကိုယ်နှင့်တူသော ချစ်သောသူမည်သည် မရှိ။
ကံနှင့်တူသော အားသည်မရှိ။

ယောက်မနှင့်တူသူ

သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ ထိုသူမိုက်သည် တရားကို မသိ၊
အဘယ်ကဲ့သို့နည်းဟူမူယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။

လျှာနှင့်တူသူ

ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကို သိ၏။ အဘယ်ကဲ့သို့နည်း
ဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။

အရူးနှင့်တူသောသူများ

ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ်ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ ဤသူတို့ကား သူရူးနှင့် တူကုန်၏။

သူယုတ်လက္ခဏာ

သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမမေးဘဲ စကားများများ ပြောတက်သူ၊
မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။

အတတ်ပညာမရှိလျှင် မတင့်တယ်

အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း ၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ
ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

မထီမဲ့မြင် မပြုသင့်

လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်
ပညာရှိ ဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက် ဥစ္စာများတတ်၏ ထို့ကြောင့် ယောက်ျားတို့အား
မထီမဲ့မြင် မပြုကုန်ရာ။

ဆရာ၏စေတနာ

အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။
ဆရာသည် တပည့်တို့အား အပါယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။

ပညာရှိတို့နှင့်သာ ပေါင်းသင်းဆက်ဆံသင့်

တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင့်ထုတ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသည်သာလျှင် ကောင်းသောအ
နံ့ကို လှိုင်စေသည်ကား မဟုတ်။ ပေါက်ဖတ်တို့သည်လည်း ကောင်းသောအနံ့ကို လှိုင်စေကုန်၏။ ထို့အတူ
ပညာရှိသူနှင့် ပေါင်းဖက်လှီဝဲရသော သူကို မှတ်အပ်၏။

လမ်းမှန်ကိုသာ လျောက်ပါ

လောက၌ စန္ဓကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်သို့ရောက်
သော်လည်း လူတို့၏ မျာက်မှောက်၌တင့်တယ်ခြင်းကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်သည်သာတည်း။

လူမိုက်သား ရမ်းကား

အမိယုတ်သောသူကား မကောင်းသောစကားရှိသည် ဖြစ်၏။
အဖယုတ်သောသူကား မကောင်းသော အမူအကျင့်ရှိသည် ဖြစ်၏။
မိဘနှစ်ပါးစုံယုတ်မူကား မကောင်းသောစကားရှိသည်လည်းဖြစ်၏။
မကောင်းသော အမူအကျင့်ရှိသည်လည်းဖြစ်၏။

သံဃာ့ပစ္စည်းအဆိပ်သီး

လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုကုန်။ သံဃာ၏ ဥစ္စာကို အဆိပ်ဟူ၍ ဆိုအပ်၏။ အဆိပ်သည်
တစ်ကြိမ်သာလျှင် သတ်တတ်၏။ သံဃာ၏ ဥစ္စာသည်ကား အကြိမ်ကြိမ်အဖန်ဖန် သတ်တတ်၏။

အများအကျိုးသယ်ပိုးသင့်

ရေကို မြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သော အရပ်တို့ ၌ မရွာကုန်။
သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့မှာ အကျိုးသာတည်း။

အားလုံးနှင့်အဆင်ပြေရန်

လိုချင်တပ်မက်ခြင်းရှိသောသူကို တန်းစိုးလက်ဆောင် ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သော သူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိ အဟုတ်အမှန်ဆိုသ ဖြင့် ယူရာ၏။

ပးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏

လောက၌ ပေးကမ်းခြင်းသည် မယဉ်ကျေးသောသူကို ယဉ်ကျေးစေတတ်၏။ ပေးကမ်းခြင်းသည် ခပ်သိမ်း သောအကျိုးကို ပြီးစေတတ်၏။ ပေးကမ်းခြင်းကြောင့် လည်းကောင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း ကြောင့်လည်းကောင်း၊ မိမိကလည်း သူ့အပေါ် မိုမောက်နိုင်ကုန်၏။ မိမိသို့လည်း ရိုညွှတ်ကုန်၏။

ပညာရှိတို့သဘော

ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသောဘေးကို မြင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။

တန်ဖိုးရှိသောစကားများ

လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် နတ်တို့၏ ပြောကြားခြင်းသည် လေး၏။ ထိုထက် ဆရာမိ ဘတို့၏ အဆုံးအမသည်လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။

မနေသင့်သောအရပ်

အကြင်အရပ်၌ မြတ်နိုးခြင်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်း မရှိ၊ တစ်စုံတစ်ယောက်သော အတတ်ပညာသင်စိမ့်သောသူလည်း မရှိ ၊ ထိုအရပ်၌ နေခြင်းကို မပြုရာ။

Shared from Ma Moenge Aung (FB)

ကျမသိပါပြီ

မနေ့က ညီငယ်တစ်ယောက်နှင့် Chatting ပြောဖြစ်ကြရင်း “ဘာသာရေးဟာ ထွက်ပေါက်တစ်ခုမဟုတ်ဘူး။”ဆိုတဲ့စကားလေး ပြောဖြစ်သွားပါတယ်။ ဒါနဲ့ ကျွန်တော့်ဆိုဒ်မှာတခါကတင်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရသွားပြီး Facebook က မိတ်ဆွေများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

*********************************************

ကျမသိပါပြီ

နံနက်(၆)နာရီတွင် အိမ်မှထွက်ခဲ့ကြသည်။ အမေပြန်မည့်နေ့ မို့  လေယာဉ်ကွင်းသို့  စောစော ထွက်ခဲ့ကြခြင်းဖြစ်၏။ လေယာဉ်သုံးစီး ရှေ့ ဆင့်နောက်ဆင့် ထွက်ကြမည်ဖြစ်သဖြင့် လေယာဉ်ကွင်းတွင် ခရီးသည်များ ပစ္စည်းများနှင့် လိုက်ပို့ ကြသူများ ကြက်ပျံမကျ စည်ကားလျက်ရှိ၏။ ကောင်တာတွင်နေစရာမရှိအောင် ပစ္စည်းများ လူများဖြင့် ရှုတ်ရှက်ခက်နေသဖြင့် ကျမသည် ခုံလွတ်တစ်နေရာတွင် ဝင်ထိုင်ကာ စာဖတ်နေမိသည်။ ဒေါ်ကြီးတစ်ယောက်လုံး ရှိနေသဖြင့် ပစ္စည်းချိန်ရန် ကျမမှာ စိတ်ချနေ၏။

အမေပြန်သွားပြီး သုံးလေးရက်ကြာလျင် မောင်လေးဆီကို အမေ့စာရောက်လာသည်။ ကျမသည် ဝတ္တရားမကျေကြောင်း၊ လေယာဉ်ကွင်းတွင် သူ့ ကိုလျစ်လျှူရှုပြီး စာအုပ်သာတွင်တွင်ဖတ်နေ ကြောင်း မကျေမနပ်စာရေးလာသည်။ အမေ့အမြင်ကတော့ ဟုတ်ပေလိမ့်မည်။ သို့ သော်... ကျမက တမင်တကာ လျစ်လျူရှုသည်တော့မဟုတ်။

လူ့ စိတ်သဘာဝသည် အပြင်လောကတွင် အလွန်ကျက်စားလိုသည်။ အမှန်တော့ ကျမအမေ သည် သူ၏စိတ်ချမ်းသာမှု လုံခြုံမှုကု သမီးဖြစ်သူကျမဆီက ရှာနေခြင်းပင်ဖြစ်၏။ သူများဆီကရသော စိတ်ချမ်းသာမှုသည် ရသည့်အခါရ၍ မရသည့်အခါမရ ဖြစ်တတ်သဖြင့် မရသည့်အခါတွင် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်လေသည်။ ဟိုသူက ဝတ္တရားမကျေတာ၊ သည်သူကတာဝန်မသိတာ စသည်ဖြင့် ပတ်ဝန်းကျင်ကိုချည်း အပြစ်မြင်လေသည်။

ကျမကိုယ်တိုင်ကလည်း အမေ့ဆီတွင် လုံခြုံမှုကိုရှာခဲ့သည်။ ရသည့်အခါရသလို မရသည့်အခါမရခဲ့ပါ။ အမေ မကျေနပ်သလို ကျမလည်း မကျေမနပ်ဖြစ်ခဲ့သည်။ အမေ့တွင်သာမက ပတ်ဝန်းကျင် အနှံ့ ကိုလည်း ကိုးကွယ်ရာရှာခဲ့ပါသည်။
ကျမတွင် ရှေ့ သိနောက်သိ သိနိုင်သော အဒေါ်တစ်ယောက်ရှိပါသည်။ သူနှင့်တွေ့ ရလျင် ကျမအလွန်စိတ်ချမ်းသာသည်။ ကျမကိုလည်း နားလည်သည်ကတစ်ကြောင်း ကျမသိလိုသော ရှေ့ ဖြစ်နောက်ဖြစ်များကိုလည်း သူ့ ကိုမေးနိုင်သည်ကတစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။ သူ့  ကိုမေးရသည်မှာ ကြာတော့ အားမရဖြစ်လာသည်။ ကျမတွင်လည်း ဤသတ္တိမျိုး ရှိလာနိုင်သည် ဟုပြောသည်။ သို့ ဖြင့်ကိုယ့်ဘာသာကိုယ် ရှာခဲ့သည်။ တွေ့ သင့်သလောက်တော့ တွေ့ ခဲ့သည်။ သို့ သော် မလိုလားအပ်သော စိတ်အလေ့အကျင့်များ ပါလာပြန်သည်။ ဒွိဟစိတ်များနှင့် မိမိစိတ် ကိုမိမိ ဆုံးမဖြတ်နိုင်သော မလုံခြုံမှုများပင်ဖြစ်၏။ ကြာတော့မဖြစ်ချေဟူ၍ သည်ဘက်ကို လက်လွှတ်လိုက်ရသည်။

တခါ မိတ်ဆွေများထံတွင် လုံခြုံမှုကိုရှာမိပြန်သည်။ အမေ့ဆီကမရသော လုံခြုံမှုကို အမေနှင့်အမ နှင့်တူသော လူများဆီကရလေမလားဟု မျှော်လင့်မိသည်။ အမေ့လိုပင် ရသည့်အခါရ၍ မရ သည့်အခါမရသည်ကို တွေ့ လာရပြန်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးတွင် ရှာမှုအမျိုးမျိုးဖြင့်ရှာခဲ့ သည်။ ဘယ်နေရာရှာရှာ တွေ့ သည်ကတစ်မျိုးတည်းပင်။ (ရသည့်အခါရ၍ မရသည့်အခါ မရ)။ သို့ ကြောင့် အသိတစ်ခုတော့ရလာသည်။(ပတ်ဝန်းကျင်ဆိုသည်မှာ မိမိအချိန်ပြည့် စိတ်အားကိုး ၍မရ။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်ကို အချိန်ပြည့် အားကိုးမှုမပေးနိုင်သလို ပတ်ဝန်းကျင်ကလည်း မိမိကို အချိန်ပြည့် လုံခြုံမှု စိတ်ချမ်းသာမှု မပေးနိုင်ဆိုသော အသိပင်ဖြစ်၏။)

နောက်ဆုံးရှာစရာ တစ်နေရာသာကျန်တော့သည်။ တရားဓမ္မသာ ကိုးကွယ်ရာဟု ဆိုစမြဲအတိုင်း တရားဓမ္မ၌ ကိုးကွယ်ရာရှာရန် အားထုတ်ခဲ့သည်။ စာပေကျမ်းဂန်များ သင်ဆရာမြင်ဆရာများဆီ မှ လေ့လာဆည်းပူးခဲ့သည်။ ကိုယ်တိုင်လည်းအနည်းအကျဉ်း တရားအားထုတ်ခြင်းပြုခဲ့သည်။ အားထုတ်သည့်အချိန် လေ့လာနေသည့်အချိန်တွင်တော့ ငြိမ်းချမ်းမှုကို အတော်ကလေးရသည်။ သို့ သော်...လောကဓံနှင့် ရင်ဆိုင်တိုးမိတိုင်း တိုးမိတိုင်း ရှာထားသောတရားများသည်လည်း ဘယ်ဆီရောက်ကုန်မှန်းမသိတော့။ လမ်းကုန်နေသဖြင့် နောက်ဆုံးလုပ်စရာ တစ်ခုသာကျန်တော့ သည်။

အမှန်တော့ ကျမဟာ အင်မတန်နုံတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်နုံမှန်း အခုမှဘဲ သိတော့တယ်။ပညာတွေတတ်ပြီး တရားကလေးဘာလေး နည်းနည်းပါးပါးသိတာနဲ့  ကိုယ့်ကိုကိုယ် ဟုတ်လှပြီ အောင်းမေ့နေတာ။ အခြောက်တိုက် ဘဝင်မြင့်နေတာ။ တကယ်စင်စစ်တော့ ကျမဟာ သူတောင်းစားနှင့် ဘာမှမခြားခဲ့ပါဘူး။ သူများဆီလိုက်ပြီး စိတ်ချမ်းသာမှုပေးကမ်းကြပါ၊ ဝေငှကြပါလို့  လိုက်တောင်းနေတာနှင့် အတူတူဘဲ။ တရားကိုလည်း ဒီလိုဘဲ သွားတောင်းတာဘဲ။ အမှန်တော့ တရားဟာ တရားဘဲ။ စိတ်ချမ်းသာမှုမှ မဟုတ်ဘဲ။ တရားမှာသွားတောင်းရင် တရားဘဲရမှာပေါ့။ စိတ်ချမ်းသာမှုတော့ ဘယ်ရပါ့မလဲ။ ဒါကို အခု ကျမ သဘောပေါက်ပါပြီ။ ဒါကြောင့် ကျမစိတ်ကိုကျမ ဒုန်းဒုန်းချလိုက်ပြီ။

ယခု ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာစရာ ရပါပြီ။ ဘယ်လိုရသလဲ။ ဘယ်တုန်းကရသလဲလို့  မေးလျင် တစ်ခွန်းဘဲ ဖြေစရာရှိပါသည်။

ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာရာကို မရှာတော့တဲ့နေ့ က စပြီး ကိုးကွယ်ရာ စိတ်ချမ်းသာရာ ရတာဘဲ။ ယခုကျမ သူတောင်းစား မဟုတ်တော့ပါဘူး။


ဒေါက်တာသင်းသင်း
၁၉၇၈ ခု၊ ဇန်နဝါရီလ
http://www.vimuttisukha.com/2009/12/blog-post_21.html
Shared from Vimuttisukha Bliss (FB)

‎***စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်ပေ


စိတ်ကို ချမ်းချမ်းသာသာ
မနေတတ်၊ သင့်တော်သလို
နှလုံးမသွင်းတတ်လို့ စိတ်မချမ်းသာတာတွေ အားကြီးနေတဲ့သူလဲ
အိုလွယ်တယ်။

ဘာ့ကြောင့်လဲဆိုတော့ မချမ်းသာတဲ့ စိတ်ကြောင့်
ဖြစ်ပေါ်လာတဲ့ ရုပ်တွေကလဲ စိတ်ထောင်းတော့ကိုယ်ကြေဆိုတာလို မကောင်းတဲ့ ရုပ်တွေ၊ မချမ်းသာတဲ့ ခပ်အိုအိုရုပ်တွေပဲ ဖြစ်လာတယ်။

အဲဒါကြောင့် စိတ်ကို ထိန်းသိမ်းပြီး စိတ်ချမ်းသာအောင် မနေတတ်တဲ့ လူတွေဟာ သူများထက်ပိုပြီး ရုတ်အိုလွယ်တယ်။

အဲဒါကြောင့် ပြောကြတယ် မဟုတ်လား၊ ဘယ်သူဟာ ဘယ်ကိစ္စအတွက် စိတ်ထိခိုက်သွားလိုက်တာ တစ်ခါတည်း လူအိုကြီးဖြစ်သွားတာပဲ၊ လူအိုရုပ်ကြီးပေါက်သွားတာပဲတဲ့။

အဲဒါကြောင့် စိတ်မချမ်းသာစရာကိစ္စ ပေါ်ပေါက်လာလို့ရှိရင် စိတ်ကို ထိန်းသိမ်းနိုင်၊ ပြုပြင်နိုင်ရမယ်၊ ကုသိုလ်ကောင်းမှုပြု၊ ဘုရားအာရုံပြု၊ ဘုရားရှိခိုး၊ တရားနှလုံးသွင်း၊ ကမ္မဋ္ဌာန်းအားထုတ်၊ အဲဒီ ကောင်းတဲ့ စိတ်ချမ်းသာစရာအလုပ်တွေ လုပ်နေရင် စိတ်ဆင်းရဲစရာနဲ့တွေရင့်လဲ စိတ်မဆင်းရဲတဲ့အပြင် စိတ်ချမ်းသာလာမယ်၊ စိတ်ချမ်းမြေကြည့်နူးလာမယ်။

အဲဒီလို စိတ်ကို ချမ်းသာအောင် ထိန်းထိန်းသိမ်းသိမ်နဲ့ မပြုပြင်နိုင်ရင်တော့ စိတ်ဆင်းရဲတိုင်း၊ စိတ်ဆင်းရဲတိုင်း ဆင်းရဲတဲ့ စိတ်ကြောင့် ဆင်းရဲတဲ့ ရုပ်တွေ၊ မချမ်းသာမရွှင်ပျတဲ့ ရုပ်တွေ၊ အိုတဲ့ ရုပ်တွေ ထပ်ကာထပ်ကာ အဖြစ်များလာတဲ့အတွက် စိတ်ကြောင့် ရုပ်ဟာ မြန်မြန်အိုတော့တာပါပဲ။

သို့ဖြစ်၍ မိတ်ဆွေအပေါင်းလည်း စိတ်ထောင်းလို့ ကိုယ်ကြေအဖြစ်မှ ကင်းလွတ်နိုင်အောင် ကြံဆောင်အားထုတ် နိုင်ကြပါစေ...။

အရှင်ဇနကာဘိဝံသ
........................................
အရှင်ဇနကာဘိဝံသ ၏ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ - ၁၀၃) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Shared from Ma Aye Aye Cho (FB)

*ရှင်* အသုဘ




စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်၏ အဖြစ်ဆိုသည်မှာ သူသေကောင်၏ ကိုယ်၌သာမဟုတ်သေး ၊ စင်စစ်မှာမူ အသက်ရှင်ဆဲ လူ၏ကိုယ်၌မူလည်း ရှိပေသည်။

သေသူ၏ ကိုယ်ကဲ့သို့ပင် ရှင်ဆဲ လူ၏ကိုယ်သည်လည်း စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်သော အသုဘသာဖြစ်ပေသည်။ သို့သော်လည်း ရှင်ဆဲဖြစ်သော ဤကိုယ်၌ ဧည့်သည်ဖြစ်သော ရေချိုးသုတ်သင် နံ့သာတင်၍ တန်ဆာဆင်ခြင်းဖြင့် ဖုံးကွယ်ထားသောကြောင့် စက်ဆုပ်ရွံဖွယ် မတင့်တယ်ဟု မှတ်စရာ အသုဘလက္ခဏာသည် လူအများစုအား မထင်ပဲရှိချေသည်။
ပကတိပင်ကိုယ်အားဖြင့်မူကား ဤကိုယ်မည်သည်မှာ သုံးရာကျော်သော အရိုးတို့ဖြင့် စိုက်ထောင်ထားပေသည်။တရာ့ရှစ်ဆယ်သော အဆက်အစပ်တို့ဖြင့် ဆက်စပ်ထားပေသည်။
ကိုးရာသောအကြောတို့ဖြင့် ဖွဲ့ချည်ထားပေသည်။ကိုးရာသော သားတစ်တို့ဖြင့် မွမ်းမံလိမ်းကျံထားပေသည်။စိုသော အရေထူဖြင့် မြှေးယှက်ထားပေသည်။ အရေပါးဖြင့် ဖုံးအုပ်ထားအပ်ပေသည်။အသေးအမွှား အပေါက်များ အနှံ့အပြားရှိ၏။

အဆီထည့်ထားသော မြေအိုးမြေခွက်ကဲ့သို့ အထက်အောက် ဆူပွက် ယိုထွက်လျက် ရှိ၏၊ ပိုးအပေါင်း တို့၏ မှီဝဲရာ နေရာဖြစ်၏၊ အနာရောဂါတို့၏ စွဲကပ်ရာလည်းဖြစ်၏၊

ဆင်းရဲတရားတို့၏ ဖြစ်ပွါးရာလည်းဖြစ်၏၊ အနှံ့အပြား ပေါက်ကွဲသော အိုင်းအမာအိုကြီးကဲ့သို့ ကိုးခုသော အမာဝတို့မှ အမြဲမပြတ် ယိုထွက်လျက်ရှိ၏၊

ယိုထွက်ပုံမှာ

ယင်းကိုယ်၏ နှစ်ခုသော မျက်စိပေါက်တို့မှ မျက်ရည် မျက်ချေး ယိုထွက်၏၊နှစ်ခုသော နားပေါက်တို့မှ နဖာချေး ယိုထွက်၏၊ နှစ်ခုသော နှာခေါင်းပေါက်တို့မှ နှာရည် နှပ်ချေးယိုထွက်၏၊ ခံတွင်းမှ အစာသစ် သည်းခြေ သလိပ် သွေးတို့ အန်ထွက်ကြ၏၊ အောက်ဒွါရတို့မှ ကျင်ကြီး ကျင်ငယ်တို့ (ယိုထွက်ကြ၏)၊ ကိုးသောင်းကိုးထောင်သော မွေးညှင်းတွင်းတို့မှ စက်ဆုပ်ဖွယ် ချွေးစေး ချွေးရည် ယိုထွက်၏၊ 


ယင်မမဲရိုင်းစသော အကောင်တို့သည် (ယင်းကိုယ်ကို) ဝန်းရံလျက် နားကုန် တည်ကုန်၏။ ယင်းကိုယ်ကို သွားတိုက်ခြင်း, မျက်နှာသစ်ခြင်း, ဦးခေါင်းကို ဆီလိမ်းခြင်း, ရေချိုးခြင်း, ခါးဝတ်ကိုယ်ရုံ ဝတ်ရုံခြင်း စသည် တို့ဖြင့် မသုတ်သင် မပြုပြင်ပဲ မိမွေးတိုင်းသာ ဖြစ်လျက် ကြမ်းတမ်းသောဆံပင်များ ဖရိုဖရဲကြဲလျက် တရွာမှ တရွာသို့ လှည့်လည်သွားလာနေလျှင် ပြည့်ရှင်မင်းသည်၎င်း၊ ပန်းမှိုက်သွန်ဒွန်းစဏ္ဍား စသည်တို့ထဲက တယောက်ယောက်သည်၎င်း စက်ဆုပ်ဖွယ်ကိုယ်ရှိပုံချင်း တူညီနေသောကြောင့် ထူးခြားခြင်း မရှိတော့ပေ၊ ဤသို့ မစင်မကြယ် ရွံဘွယ်ညှီသိုး အနံ့ဆိုး ရှိလျက် စက်ဆုပ်ဖွယ် ကောင်းကြသည်ချည်းသာ ဖြစ်သောကြောင့် ပြည့်ရှင်မင်း၏ ကိုယ်၌သော်၎င်း ဒွန်းစဏ္ဍား၏ ကိုယ်၌ သော်၎င်း (အယုတ်အမြတ် အကောင်းအဆိုးအားဖြင့်) ထူးခြားခြင်းမည်သည် မရှိတော့ပေရာ။ 

ဤသို့ ထူးခြားခြင်း မရှိရာ သော်လည်း သွားတိုက်ခြင်း မျက်နှာသစ်ခြင်း စသည်တို့ဖြင့် ဤကိုယ်၌ သွားချေး စသည်တို့ကို သုတ်သင်၍ အမျိုးမျိုးသော အဝတ်အထည်တို့ဖြင့် ဖုံးထားသင့်သော ရှက်ဖွယ်ကိုယ်အင်္ဂါကို ဖုံးလွှမ်း၍ အသွေးအရောင် အမျိုးမျိုးရှိသော အမွှေး အကြိုင် နံ့သာဖြင့် လိမ်းကျံ၍ ပန်းအဆင်တန်ဆာတို့ဖြင့် ဆင်မြန်းလျက် ''ငါ, ငါ့ဟာ''ဟု မှတ်ယူအပ်သော အခြေအနေသို့ ရောက်အောင် ပြုလုပ်နေကြပေသည်၊ ထိုသို့ပြုကြသဖြင့် ဧည့်သည်အာဂန္တု ဖြစ်သော ဤ အဆင်တန်ဆာက ဖုံးကွယ်ထားသော ကြောင့် ဤကိုယ်၏ဟုတ်တိုင်းမှန်သည့် သူ့ပင်ကိုသဘောဖြစ်သော ထိုအသုဘလက္ခဏာကို မမှတ်နိုင်-မသိနိုင်ကြသော ကြောင့် ယောက်ျားတို့သည် မိန်းမတို့၌၎င်း၊ မိန်းမတို့သည်လည်း ယောက်ျားတို့၌၎င်း မွေ့လျော်နှစ်သက် တပ်မက်နေကြပေသည်။

အစစ်အမှန် ပရမတ်သဘောအားဖြင့်မူကား ဤကိုယ်ထဲ၌ တပ်မက်နှစ်သက်ရန် သင့်လျော်သော အရာမည်သည် အဏုမြူမျှသော်လည်း မရှိချေ။ ထိုသို့ မရှိသောကြောင့်ပင်လျှင် ဆံပင် အမွေး လက်သည်း ခြေသည်း သွား တံတွေး နှပ် ကျင်ကြီး ကျင်ငယ် စသည်တို့တွင် တခုသော အဖို့အစုသော်လည်း ကိုယ်မှ အပြင်ပသို့ ကျသွားလျှင် လူသတ္တဝါတို့သည် လက်ဖြင့် ထိရန်သော်လည်း အလိုမရှိကြတော့ပေ၊ အနှိပ်စက်ခံရသလိုပင် မုန်းတီးကြ၏၊ ရွံရှာကြ၏၊ စက်ဆုပ်ကြ၏။ 

သို့သော်လည်း ဤကိုယ်ထဲ၌ ကျန်ရှိနေသမျှ အဖို့အစုကိုမူ ထို (အပြင်သို့ ကျသွားသော အဖို့အစု) ကဲ့သို့ပင် စက်ဆုပ်ဖွယ် ဖြစ်ငြားသော်လည်း အဝိဇ္ဇာမှောင်က မြှေးယှက်ဖုံးကွယ်ထားသောကြောင့် မိမိကိုယ်၌ ချစ်ချင်သော ရာဂဖြင့် တပ်မက်ကြလျက် ''လိုချင်စရာကောင်းပေသည်၊ နှစ်သက်စရာပဲ၊ မြဲသည်၊ ချမ်းသာသည်၊ အတ္တပဲ''ဟု မှတ်ယူကြ၏။ ထို သတ္တဝါတို့သည် ဤသို့ မှတ်ယူကြသောကြောင့် တောထဲ၌ပေါက်ပင်ကို တွေ့မြင်၍ ပေါက်ပင်မှ (ကြွေကျသော ပန်းကို ပန်းဟုသိသော်လည်း) မကြွေကျသေးသော အပင်ထက်ရှိ ပန်းကို ''အပင်ထက်ရှိ ဤအရာသည် သားတစ်ပင်''ဟု (ထင်မှတ်ကာစောင့်မြော်လျက်) ပင်ပန်းရသော မြေခွေးအိုနှင့် တူညီခြင်းသို့ ရောက်ကြရလေသည်။ 

မြေခွေးသည် တောထဲ၌ ပန်းပွင့်နေသော ပေါက်ပင်ကို တွေ့မြင်၍ ''ငါသည် အသားပင်ကို ရပေပြီ''ဟု အဆောတလျင် ပြေးသွားပြီးလျှင် ကျလာတိုင်း ကျလာတိုင်းသော ပန်းကို အလွန်မက်မောလျက်(ဝါ-အလောတကြီး) ကိုက်ခဲ ၍ ''ဤအရာကား အသားမဟုတ်၊ သစ်ပင်ထက်၌ရှိသော ထိုအရာကား အသားပင်တည်း''ဟု မှတ်ယူသကဲ့သို့ ပညာ ရှိသည် ''ကိုယ်မှကျသော ဆံပင်စသော ခန္ဓာအစိတ်အပိုင်းတို့ကိုသာလျှင် အသုဘ''ဟု ထိုမြေခွေးကဲ့သို့ မမှတ်ယူမူ၍ ကိုယ်၌ တည်ရှိနေသော ယင်းအစိတ်ပိုင်းတို့ကိုလည်း (ကိုယ်မှကျသော) ထိုအဖို့အစုကဲ့သို့ပင် အသုဘဟု မှတ်ယူရာ၏။ ထိုသို့ ယူသင့်ခြင်း၏ အကြောင်းကား (စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေသော) ဤကိုယ်ကို တင့်တယ်သည်ဟု စွဲယူကြ ၍ ထိုကိုယ်၌ မက်မောတွေဝေကြသော သူမိုက်တို့သည် (ကိုယ်ကျိုးအတွက်)မကောင်းမှုတို့ကို ပြုကြသောကြောင့် အပါယ် ဆင်းရဲ အစရှိသော ဒုက္ခမှ မလွတ်မြောက်ပဲ ရှိကြလေသည်။

ထို့ကြောင့် ပညာရှိသည် အသက်ရှင်ဆဲမူလည်းဖြစ်သော သေပြီးမူလည်းဖြစ်သော ကိုယ်ကောင်ပုပ်၏ တင့်တယ် သည်၏ အဖြစ်သည်ကြဉ်အပ်သော (ဝါ-တင့်တယ်ခြင်း ကင်းသော) စက်ဆုပ်ဖွယ် သဘောကို ရှုရာ၏။သုံးဆဲ့နှစ်ပါးသော အဖို့အစုအပေါင်းဖြစ်သော ကိုယ်သည် နံစော်ညှီဟောင်း မကောင်းသော အနံ့ရှိ၏၊ အဖန်ဖန် ဆေးကြော သုတ်သင်သော်လည်း မစင်ကြယ်၊ ခွေးကောင်ပုပ် မြွေကောင်ပုပ်နှင့်တူ၏၊ ကျင်ကြီးတွင်းနှင့်(လည်း) တူ၏။ (ဤသို့ စသည်ဖြင့်) ပညာမျက်စိ ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့က ကဲ့ရဲ့ရှုတ်ချ (အပ်) ၏။ ပညာမျက်စိ မဖြစ်သေးသော ဗာလ ပုဂ္ဂိုလ်တို့ကမူ ယင်း ကိုယ်ကို မွှေးကြိုင်သည် စသည်ဖြင့် ထင်မှတ်၍ အလွန်ပင် နှစ်သက်မြတ်နိုးနေပေ၏။

ထို့ကြောင့် ကျွန်ုပ်တို့သည် ပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်များ ဖြစ်လိုပါမူ အသက်ရှင်ဆဲ ကိုယ်၌လည်း စက်ဆုပ်ဖွယ် သဘောကို ရှုအပ်ပေတော့ သာတည်း။။။။။။

(၀ိသုဒ္ဓိမဂ်မှ ကောက်နှုတ်ဖော်ပြပါသည်)
Shared from Dhamma Rakhita (FB)

Monday, December 17, 2012

သူရဿတီ ကိုးကွယ်လျှင် သရဏဂုံပျက်စီး


လောကကြီးမှာ နတ် ၂ မျိုးရှိတယ်။ နတ် ၂ မျိုးဆိုတာ

(၁) သတ္တ၀ါအားလုံးနှင့်တကွ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်တယ်ဆိုတဲ့ ဖန်ဆင်းရှင်နတ် ၊

(၂) ကိုယ်ထင်ရှားဖြစ်တယ်ဆိုတဲ့ ဥပပတ္တိနတ်တို့ ဖြစ်တယ်။ သတ္တ၀ါအားလုံးနှင့်တကွ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နတ်ရှိတယ် ၊ ထိုနတ်ဟာ သတ္တ၀ါတို့ ရဲ့ ကိုးကွယ်ရာ ၊ အားထားရာ မှီခိုရာ ဘုရားဖြစ်တယ်လို့ ဗုဒ္ဓဘာသာမှတစ်ပါး အခြားသော ဘာသာဝင်များက ယူဆကြတယ်။ အခြားသော ဘာသာဝင်များ ယူဆကြသလို ကောင်းကင်ဘုံစံ ထာဝရ နတ်ဘုရားဟာ ငါတို့ ရဲ့ ကိုးကွယ်ရာပဲလို့ ယူဆကိုးကွယ်ခဲ့လျှင် အဲသည်ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာပင် ဖြစ်စေကာမူ သရဏဂုံပျက်စီးပြီး ဗုဒ္ဓဘာသာအဖြစ်မှ လျှောကျနိုင်တယ်။

ဥပပတ္တိနတ်ဆိုတာက အထက်သိကြားမင်းမှစပြီး မောင်ရှင်ကြီး ၊ မင်းညီနောင် ၊ မင်းရဲကျော်စွာ စတဲ့ အောက်နတ်များကို ဆိုလိုတယ်။ အဲသည် ဥပပတ္တိနတ်များကို လောကကြီးပွားရေးအတွက် ပူဇော်ပသ ကိုးကွယ်တာကတော့ သရဏဂုံမပျက်ပါဘူး။ သို့ သော်လဲ အရာရာမှာ နတ်ကိုချည်းအားကိုးလျှင် ကမ္မဿကတဥာဏ် ပျက်စီးတတ်တယ်။ ကမ္မဿကတဥာဏ် ပျက်လျှင်လဲ ဗုဒ္ဓဘာသာဝင်အဖြစ်က ပျက်တာနဲ့ အတူတူပါပဲ။

ကမ္မဿကတဥာဏ် ဆိုတာ ကံ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ဥာဏ်ဟာ ကမ္မဿကတဥာဏ်ပဲကွယ့်။ ကံ ကံရဲ့ အကျိုးကို ယုံကြည်တယ်ဆိုတာက ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရတယ်။ မကောင်းတာလုပ်လျှင် မကောင်းကျိုးခံစားရတယ်လို့ ယုံကြည်တာကို ဆိုလိုတယ်။

"ယခု သူရဿတီနတ်သမီး ကိုးကွယ်တာနဲ့ ပတ်သတ်လို့ ကော သရဏဂုံပျက် မပျက် အမိန့် ရှိပါဦး ဘုရား"

သရဏဂုံပျက် မပျက်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ရမည်ဆိုလျှင် ရှေးဦးစွာ သူရဿတီနတ်သမီးဟာ သတ္တ၀ါနှင့်ကမ္ဘာကို ဖန်ဆင်းတယ်လို့ ယူဆတဲ့ ဘုရားနတ်လား ၊ ဒါမှမဟုတ် ကိုယ်ထင်ရှားဖြစ်တဲ့ ဥပပတ္တိနတ်လားဆိုတာ စိစစ်ရမှာပဲကွယ့်။

စိစစ်ရမယ်ဆိုလျှင် ဟိန္ဒူဘာသာဝင်တို့ ရဲ့ အမြတ်ဆုံးဘုရားက ထာဝရဘုရားဖြစ်တယ်။ ထာဝရဘုရားဟာ ကမ္ဘာကြီးမပေါ်ခင်က အစဉ်ထာဝရတည်ရှိတဲ့ အနာဒိ အစမရှိ ၊ အနန္တ အဆုံးမရှိတဲ့ ဣသွာရတန်ခိုးရှင်ဖြစ်တယ်။ အဲသည် တစ်ဆူတည်းသော ဣသွာရတန်ခိုးရှင်ဘုရားဟာ ဂုဏ်သတ္တိ သုံးပါးကို ဆောင်တယ်။ ဂုဏ်သတ္တိသုံးပါးဆိုတာကတော့ (၁) ရဂျာတ်စ် ဂုဏ်သတ္တိ ၊
(၂) ဆတ်ထွ ဂုဏ်သတ္တိ ၊
(၃) တမတ်ခ် ဂုဏ်သတ္တိများဖြစ်ကြသတဲ့။

"ဂုဏ်သတ္တိ သုံးပါးရဲ့ အဓိပ္ပာယ်ကိုလဲ မိန့် ပါဦး ဘုရား။"

ဂုဏ်သတ္တိ သုံးပါးအနက် ရဂျာတ်စ်ဂုဏ်သတ္တိဆိုတာ သက်ရှိ သက်မဲ့ ကမ္ဘာလောကကြီးဖြစ်ပေါ်လာအောင် ဖန်ဆင်းနိုင်တဲ့ ဂုဏ်သတ္တိဖြစ်သတဲ့ကွယ့်။ ဣသွာရ ဘုရားရှင်ဟာ ရဂျာတ်စ်ဂုဏ်သတ္တိဆောင်တဲ့အခါမှာ ဗြဟ္မာ အမည်ဖြင့် ထင်ရှားသတဲ့။ ဆတ်တွ ဂုဏ်သတ္တိဆိုတာ ဖြစ်ပေါ်လာတဲ့ သက်ရှိ သက်မဲ့ ကမ္ဘာလောကကြီး အရှည်ခိုင်ခန့် စွာ တည်အောင် စောင့်ရှောက်နိုင်တဲ့ ဂုဏ်သတ္တိဖြစ်တယ်။ ဣသွာရ ဘုရားရှင်ဟာ ဆတ်တွ ဂုဏ်သတ္တိဆောင်တဲ့အခါ ဗိသျှနိုး အဖြစ်ဖြင့် ထင်ရှားသတဲ့ကွယ့်။ တမတ်ခ်ဂုဏ်သတ္တိဆိုတာ ကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ဂုဏ်သတ္တိဖြစ်တယ်။ ဣသွာရ ဘုရားရှင်ဟာ တမတ်ခ်ဂုဏ်သတ္တိကို ဆောင်တဲ့အခါ သျှီဝ အမည်ဖြင့် ထင်ရှားသတဲ့။ ဟိန္ဒူအယူဝါဒအားဖြင့် အနာဒီ အနန္တဘုရားရှင်ဟာ ကောင်းကင်ဘုံစံတဲ့ ဣသွာရဘုရားကြီး တစ်ဆူတည်းပါပဲ။ အဲသည် တစ်ဆူတည်းသော ဣသွာရဘုရားရှင်သည်ပင် ဂုဏ်သတ္တိသုံးပါးကို စွဲပြီး ဘုရားသုံးဆူဖြစ်လာတယ်ကွယ့်။

တဖန် ဘုရားသုံးဆူမှာ ဣတ္ထိဘာဝ ၊ ပုမ္ဘာဝ နှစ်ဘာဝလုံး အကျုံးဝင်တည်နေပြန်သတဲ့။ အဲသည်လို အကျုံးဝင် တည်နေတဲ့ ဣတ္ထိဘာဝအနက် ၊ ဗြဟ္မာရဲ့ ဣတ္ထိဘာဝက သူရဿတီတဲ့။ ဗိသျှနိုးရဲ့ ဣတ္ထိဘာဝက လက္ချမီတဲ့။ သျှီဝရဲ့ ဣတ္ထိဘာဝက ပါရ၀တီကိုးကွယ့်။
ဟိန္ဒူဘာသာဝင်များဟာ ဣသွာရဘုရားရှင်ရဲ့ ဣတ္ထိဘာဝ ၊ ပုမ္ဘာဝ တို့ ကို ကြင်ဘက်ပြုပြီး ကိုးကွယ်ကြသတဲ့။ ကြင်ဘက်ပြုတဲ့အခါ ဗြဟ္မာရဲ့ ကြင်ယာတော်က သူရဿတီ ၊ ဗိသျှနိုးရဲ့ ကြင်ယာတော်က လက္ချမီ ၊ သျှီဝရဲ့ ကြင်ယာတော်က ပါရ၀တီဖြစ်လာတယ်။

အခြေခံသဘောကို ကြည့်လျှင် သူရဿတီ နတ်ဒေ၀ီဆိုတာ အမှန်တစ်ကယ်ရှိတဲ့ ဥပပတ္တိနတ်မဟုတ်ဘူး။ ဣသွာရ ဘုရားရှင်ရဲ့ ဂုဏ်သတ္တိတစ်ခုမျှသာဖြစ်တယ်။ ဒါကြောင့် သူရဿတီဟာ နတ်ရိုးရိုး မဟုတ်ဘူး။ ဗြဟ္မာဘုရားထီးရဲ့ ကြင်ဘက် ဘုရားမတစ်ပါးအဖြစ် အယူအဆခံရသူဖြစ်နေတယ်။ သူရဿတီကိုးကွယ်ခြင်းဟာ မင်းညီနောင် စသော ဥပပတ္တိနတ် ကိုးကွယ်ခြင်း နှင့် မတူဘူး။ ဘုရားတစ်ပါးကို ကိုးကွယ်ခြင်းနှင့်တူတယ်။ ဒါကြောင့် သူရဿတီကို ကိုးကွယ်လျှင် သရဏဂုံပျက်စီးနိုင်တယ်။

ကျမ်းကိုး
နိုင်ငံတော်သြ၀ါဒစရိယ ထီးချိုင့်မြို့ တည်တောဆရာတော် ၏ “ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အမှတ်စဉ် ၃” ၊ စာမျက်နှာ ၇၄ မှ ကောက်နုတ်ဖော်ပြပါသည်။

မှတ်ချက်။

၁။ ဤ အမေးအဖြေမှာ အပြည့်အစုံမဟုတ်သေးပါ။ သို့ သော် သူရဿတီ ကိုးကွယ်မှုနှင့်ပတ်သတ်၍ ဆရာတော်ကြီးအဖြေမှ တန်ဖိုးရှိသော ဖြေကြားချက်များကို အနှစ်သာရမပျက် ကောက်နုတ်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အပြည့်အစုံဖတ်ရှုလိုသူများလည်း www.dhammadownload.com မှ Download ၍ ဖတ်ရှုနိုင်ပါကြောင်းလည်း ထပ်လောင်းအသိပေးပြောကြားလိုပါတယ်ခင်ဗျာ။

၂။ ကျွှန်တော်တို့ မြန်မာလူမျိုးတော်တော်များများဟာ သူရဿတီဆိုလျှင် ပိဋကတ်သုံးပုံစောင့်သော နတ်သမီးဆိုပြီး ကိုးကွယ်နေကြသည်မှာ နိုင်ငံနှင့်အ၀န်းပင်ဖြစ်ပါသည်။ ခက်တာက သူရဿတီ ပိဋကတ်သုံးပုံကို စောင့်ရှောက်တယ်လို့ ဘယ်ကျမ်းဂန်ထဲမှာမှ တစ်လုံးတစ်ပါဒမျှ မပါ။ ထိုကဲ့သို့ မပါကြောင်းကိုလည်း ဆရာတော်သမတော်ကြီးများ ၊ အသိတရားရှိသူများက ဟောပြောဆုံးမ ၊ ပြောပြကြသော်အခါလည်း မယုံကြ။ မိမိကိုယ်တိုင် တရားဓမ္မစာပေလိုက်စားပြီးတော့ ဖတ်ရှုမှတ်သားသလားဆိုတော့လည်း မဟုတ်။ တရားဓမ္မစာပေ မလိုက်စားသောကြောင့် အမှောင်ထု အ၀ိဇ္ဖာကြီး ဖုံးနေကာ မိမိကိုယ်ကို မိမိ သရဏဂုံပျက်စီးနေပြီဆိုတာ မသိသူများ ယခုအခါ မည်မျှပေါများလိုက်မလဲဆိုတာ မတွေးဝံ့စရာ။
ယခု စာဖတ်သူ မိတ်ဆွေများအနေနှင့်လည်း တစ်ကယ့် အမှန်အသိတရားများရကာ မိမိတို့ အမှားများကို အချိန်မှီပြင်ဆင်နိုင်ကြပြီး ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကိုသာ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ် ယုံကြည်ပူဇော်ကြပါလို့ စေတနာရှေ့ထား ကုသိုလ်ပြုဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

၃။ ဖော်ပြပါပုံမှာ ယနေ့ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်လျှက်ရှိသော သူရဿတီ ခေါ် Saraswati နတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရောက်လာခါမှ ပန်းပုဆရာများ ၊ ပန်းချီဆရာများ ကျေးဇူးတော်ကြောင့် ( ယနေ့ ကျွှန်တော်တို့ မြန်မာနိုင်ငံတွင် တွေ့ မြင်နေကြသောပုံ) ရွှေဟင်္သာပေါ်တွင် ခန့် ခန့် ကြီးထိုင်ကာ လက်ထဲတွင် အမည်မသိစာအုပ်များတင်ထားတဲ့ ကလပ်လေးတစ်ခုပါ ပါလာခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထူးတင့်နိုင်
၁-၁၂-၂၀၁၂

Shared from Rupa Singi (FB)

Sunday, December 9, 2012

အသက် ၁၀၁ နှစ် အရွယ် မာရသွန် အပြေးသမားကြီး၏ ဘ၀ နေနည်း




Monday, 10 December 2012


''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟု ဘုန်းတော် ကြီးမြတ်တော် မူသော ဗုဒ္ဓ မြတ်စွာ ဘုရားက ညွှန်းဆိုဟောကြားခဲ့ပါသည်။


အလွန်တရာ လေး နက် လှသလို အမြဲထာဝရ မှန်ကန်နေမည့် သစ္စာ စကားတော် ဖြစ်ပြီး သာမန် ယထာဘူ တကျကျ ရိုးရိုးရှင်းရှင်း တွေးကြည့်လျှင်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာမှုမှာ သာမည သာ ဖြစ်ပြီး ကျန်းမာခြင်းကသာ အဓိက ဖြစ်သည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင် ပါလိမ့်မည်။

ကျန်းမာရေး ကောင်းမွန်မှသာ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့ကို လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကျန်းမာရေး မကောင်းဘဲ အိပ်ရာထဲ လဲနေလျှင်မူ ပိုက်ဆံ ဘယ်ရွေ့ဘယ်မျှ ရှိရှိ မည်သည့် အလုပ်ကိုမှ ကောင်းမွန် တည့်မတ်စွာ မလုပ်နိုင်ဘဲ အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။ ထိုမျှ အရေးကြီးသော ကျန်းမာခြင်းကို လူသားတိုင်းကလည်း မျှော်လင့်တောင့်တ ကြသည်သာ ဖြစ်ပါသည်။ သို့ရာ တွင် ကျန်းမာေ ရး ကောင်းလိုပါသည်ဟု ဆိုကာ တောင့်တ နေရုံမျှနှင့် မပြီးသေး။ လက်တွေ့ လိုက်နာကျင့်သုံး ရမည့် ဆောင်ရန်ရှောင်ရန် များစွာရှိပါသည်။ ကျန်းမာ ပျော်ရွှင်သော ဘဝကို ပိုင် ဆိုင်လိုသူများ မဖြစ်မနေ လိုက်နာ ကျင့်သုံးသင့်သည့် ကျန်းမာရေး သော့ချက်များစွာ ရှိရာတွင် အားကစား လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ခြင်း၊ မည်သည့် အစာကိုမဆို ဝအောင်မစားဘဲ သင့်တင့်မျှတစွာ စားခြင်း၊ စိတ်နှလုံးကို ရွှင်စေသော ဂီတနှင့် ဦးနှောက် အသိဥာဏ် တိုးစေသော သုတ၊ ရသ စာပေများကို အချိန်ပေး နားထောင် ဖတ်ရှုခြင်း၊ စိတ်ဖိ စီးမှု မခံဘဲ အမြဲပြုံးရွှင်စွာ နေထိုင်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်း တို့မှာ အဓိက ကျသည့် သော့ ချက်များ ဖြစ်ပါသည်။

ထို့အပြင် မနက် အိပ်ရာထတိုင်း ရေ တစ်ခွက် သောက်ခြင်း၊ ပဲအမြဲ စားခြင်း၊ ရေနွေးကြမ်း အမြဲသောက်ခြင်း တို့မှာလည်း ကျန်းမာရေးသော့ချက်များ ဖြစ်ပါသည်။ အထက်ပါ သော့ချက်များကို လိုက်နာ ကျင့်သုံးခြင်း သည်ပင် ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း ဖြစ်ပါသည်။ လူသား တစ်ဦး၏ ပျမ်းမျှ သက်တမ်းမှာ နှစ် ၇ဝ ကျော် ၈ဝ နီးပါးသာ ဖြစ်သော်လည်း ကျန်းမာ ပျော်ရွှင်သော ဘဝနေနည်း အတိုင်း နေထိုင်မည် ဆို လျှင် အသက်ရာကျော် ရှည်မည် ဖြစ်ပါသည်။

အဆိုပါ ဘဝ နေနည်းကို လက်တွေ့ လိုက်နာပြီး ကျန်းမာ ပျော် ရွှင်စွာ နေထိုင်နေကြ သူများတွင် အသက် ၁ဝ၁ နှစ်ကျော် ရှိပြီဖြစ်သော ကမ္ဘာ့ အသက်အကြီးဆုံး မာရသွန် အပြေးသမားကြီး ဖော်ဂျာဆင်းလည်း တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ပန်ချာပီ ခေါင်းပေါင်း အမြဲ ဆောင်းထား ပြီး ဆွတ်ဆွတ် ဖြူနေသည့် ရှည်လျားလှသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပိုင်ရှင် ဆင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ၂ဝ၁၂ စင်ကာပူ မာရသွန်ပြိုင်ပွဲ ၁ဝ ကီလိုမီတာ အပြေးပြိုင် ပွဲစဉ်တွင် ၎င်းထက် ဆယ်စုနှစ်များစွာ ငယ်ရွယ်သူများနှင့် အပြိုင်ဝင်နွှဲ ခဲ့သဖြင့် ၎င်း၏ ဘဝဖြတ်သန်းမှု သမိုင်းနှင့် သက်ရှည် ကျန်း မာစေသည့် လျှို့ဝှက်ချက်များမှာ ပရိသတ်များ အကြား စိတ်ဝင်တစား ပြောဆို
ဆွေးနွေးစရာ ဖြစ်လာ ခဲ့ရပါ သည်။

ဆစ်ခ်လူမျိုး တစ်ဦးဖြစ်သူ ဆင်းကို ပထမ ကမ္ဘာစစ်ပင် မဖြစ်သေးမီ ၁၉၁၁၊ ဧပြီ ၁ ရက်တွင် အိန္ဒိယ နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ဂျာလန်ဟာ Beas Pind ဆိုသည့် ရွာကလေးတွင် မွေးဖွားခဲ့သဖြင့် ပြီးခဲ့သည့် ၂ဝ၁၂၊ ဧပြီ ၁ ရက်က အသက် ၁ဝ၁ နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်း၏ လက်ရှိ အကောင်းဆုံး မာရသွန် စံချိန်မှာ ၂ဝဝ၃ လန်ဒန် မာရသွန် ပြိုင်ပွဲ၌ ပြေးခဲ့သည့် ၆နာရီ၊ ၂ မိနစ်ဖြစ်ပြီး ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲတွင်လည်း ၅နာရီ၊ ၄ဝမိနစ်ဖြင့် အသက် ၉ဝ ကျော်သူများထဲမှ အကောင်းဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ ထို့အပြင် ဆင်းမှာ အသက် ၃၅ နှစ်မှစ၍ ငါးနှစ်လျှင် တစ်ကြိမ်ကျ အသက် အုပ်စုနှင့် အကွာအဝေး အလိုက် အမြန်ဆုံး ပြေးနိုင်သူများကို ဂုဏ်ပြုမှတ်တမ်း တင်ထားသည့် Master Athletics ကမ္ဘာ့စံချိန် များကိုလည်း မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ ၁၅ဝဝ၊ ၃ဝဝဝ၊ ၅ဝဝဝ၊ ၁မိုင် မာရသွန် စသည့် တာတို၊ တာလတ်၊ တာဝေး အပြေးပြိုင် ပွဲစဉ်အားလုံးတွင် ရယူ ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါသည်။

အသက် ၉၂ နှစ်အရွယ် ၂ဝဝ၃ တိုရွန်တို မာရသွန် ပြိုင်ပွဲ ကတည်းက ကမ္ဘာ့ အသက်ကြီးဆုံး မာရသွန် အပြေးသမား အဖြစ် မှတ်တမ်းဝင်ခဲ့သော ဆင်းမှာ ဂင်းနစ် စံချိန်များ စာအုပ်တွင်မူ ထည့်သွင်း ခံရခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် မွေးစာရင်း မပြနိုင်သဖြင့် ၎င်း၏ မွေးသက္ကရာဇ်ကို ကမ္ဘာ့စံချိန်များ စောင့်ကြည့်ရေး အဖွဲ့က အသိအမှတ် မပြု ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဆင်း၏ ငယ်ဘဝ မှတ်တမ်းမှာ မှတ်တမ်း တင်ထားမှု နည်းသဖြင့် မှုန်ဝါးဝါးသာ သိရပြီး မွေးရပ် ရွာကလေးတွင် ဇနီး ဖြစ်သူနှင့် ဒိုးတူပေါင်ဖက် လယ်ယာလုပ် ကိုင် ခြင်းဖြင့် အသက်မွေးခဲ့သည် ဆိုသော်လည်း ဇနီး ကွယ်လွန်ပြီး နောက် ၁၉၉၂၊ အသက် ၈၁ နှစ် အရွယ်တွင် မွေးရပ်မြေကို စွန့်ခွာကာ သားဖြစ်သူနှင့် အတူ လန် ဒန် ရွှေမြို့ တော်သို့ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့ခြင်း ကိုသာ သိရပါသည်။ လန်ဒန်သို့ ရောက်ပြီး မကြာမီမှာပင် သားအကြီးဆုံး ကွယ်လွန်သွားပြန် သဖြင့် အနီးကပ် ပြုစု စောင့်ရှောက်မည့်သူ မရှိသည့် အထီး ကျန်ဘဝ ရောက်ခဲ့ရ ပါသည်။

ထိုအချိန်မှ စ၍ ဆင်း၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားခဲ့ပြီး အပြေးသမား တစ်ဦး အဖြစ် အထီးကျန် ဆန်မှုကို ဖြေဖျောက်ခဲ့ရ ပါသည်။ ပန်ချာပီ စကားသာ ပြောတတ်ပြီး စာရေးစာဖတ် တတ်ခြင်း မရှိသော ဆင်းမှာ ဇာတိရွာ ကလေးမှာ ကတည်းက ကျန်းမာရေး အတွက် အပြေး
လေ့ကျင့်ခန်း မှန်မှန်လုပ်ခဲ့သူ ဖြစ်သဖြင့် သက်ကျားအိုများသာ ယှဉ်ပြိုင်ရသော စိန်ခေါ်ပွဲများတွင် အမြဲစံချိန် ကောင်းခဲ့ ပါသည်။

ပထမတွင် တာ တိုနှင့် တာလတ် ပြေးပွဲများသာ ဝင်နွှဲ ခဲ့သော်လည်း နောက်ပိုင်း၌ တာဝေးပြေး ပြိုင်ပွဲများ ဝင်နွှဲကာ အသက် ၈၉ နှစ် အရွယ်တွင်မူ မာရသွန်ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲခဲ့ပါသည်။ ပထမဆုံး ပြိုင်ပွဲအဖြစ် ၂ဝဝဝ လန်ဒန် မာရသွန် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိ အချိန်ထိ လန်ဒန် မာရသွန် ငါးကြိမ်၊ တိုရွန်တို မာရသွန် တစ်ကြိမ်၊ နယူးယော့ခ် မာရသွန် တစ်ကြိမ် အပါအဝင် ကမ္ဘာအနှံ့သို့ လှည့်လည်၍ မာရသွန် တစ်ဝက် ပြိုင်ပွဲများ၊ ခရီးဝေး အပြေးပြိုင်ပွဲများ ဝင်ရောက် ဆင်နွှဲခဲ့ပြီး ဖြစ်ပါသည်။

မာရသွန် ပြိုင်ပွဲ ၂၆.၂ မိုင် ခရီးတွင် ပထမ မိုင် ၂ဝ ကို အခက်အခဲ မရှိ ပြေးနိုင်ပြီးနောက် ၆ မိုင်ခရီးကိုမူ ဘုရား သခင်နှင့် စကားလက်ဆုံပြောပြီး ပြေးပါသည် ဆိုသော ဆင်း၏ I run whiletalking to God ဆိုသော စကားမှာ ကမ္ဘာကျော်ခဲ့ ပါသည်။ အရပ် အမြင့် ၅ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၁၅ ပေါင်ရှိသော ဆင်းက ခရီး မိုင်များစွာကို ပြေးနိုင်သည့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် သက်ရှည်ကျန်းမာစွာ နေထိုင် နိုင်ခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကိုလည်း ယခုလို ပြောခဲ့ပါသည်။

''ကျွန်တော် ဒီလောက်ထိ အသက်ရှည်ရှည်နဲ့ မာရသွန် ပြိုင်ပွဲတွေ ဝင်နွှဲနိုင်တယ် ဆိုတာ နေ့စဉ် စားသောက် နေထိုင်မှု ပုံစံက အဓိက ကျပါတယ်။ ကျွန်တော့်ရဲ့ စားသောက် နေထိုင်မှု ပုံစံ ပရိယာယ် မာယာ မရှိဘဲ အင်မတန် ရိုးရှင်းတာပါ။ အဓိက အကျဆုံး လျှို့ဝှက်ချက်ကတော့ ငယ်စဉ် ကတည်းက လတ်ဆတ်တဲ့ အသီး အရွက်ကိုသာ စားခြင်းနဲ့ အရက်သေစာ သောက်သုံးခြင်းကို လုံးဝ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါ တယ်''ဟု ဆင်းက ဆိုခဲ့ပါသည်။

ငယ်စဉ် ကတည်းက သက်သတ်လွတ် စားခဲ့သော ဆင်း၏ နေ့စဉ် အစာမှာ ပေါင်မုန့် ကြမ်း၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ဒိန်ခဲနှင့် နွားနို့တို့ သာ ဖြစ်ပြီး မီးဖြင့် ချက်ပြုတ်ကြော်လှော် ထားသော အကြော် အလှော်များနှင့် ထမင်းကို လုံးဝ စားခြင်းမရှိပေ။ ထို့အပြင် ချင်းဖြင့် နှပ်ထားသော ရေနွေးကြမ်းကို အမြဲ သောက်သ လို နေ့စဉ် ရေအမြောက်အမြား သောက်ခြင်းကိုလည်း မပျက်မကွက် ဆောင်ရွက်ပါသည်။

နောက်ထပ် လျှို့ဝှက်ချက် များကတော့ အရာရာတိုင်းကို အကောင်းမြင်စိတ် ဖြင့်သာ ရှုမြင်ပြီး စိတ်ဖိစီးမှု မခံ ခြင်း၊ အိပ်ရာ စောစောဝင်ခြင်းတို့ ဖြစ်ပါသည်။ စင်ကာပူမှ တစ်ဆင့် Chardi-kalaFun Run အပြေးပြိုင် ပွဲတော် ဝင်နွှဲရန် မလေးရှားသို့ ရောက်ရှိလာသူ ဆင်းက လူသား အများစုမှာ အသက် ၆ဝ ကျော်လာသည်နှင့် ''အင်း... ငါတော့ အသက်ကြီးပြီ။ ဘာမှမလုပ်နိုင်၊ အသုံးမဝင် တော့ဘူး''ဟု တွေးတောကာ စိတ်ဓာတ်ကျ ကျန်း မာရေး ချို့ယွင်း လာသော်လည်း မိမိ အနေဖြင့်မူ ယခု အချိန်ထိ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မယူဆကြောင်း၊ သေသည်အထိ အပြေးပြိုင်ပွဲများ ဝင်နွှဲသွားမည် ဖြစ်ကာ အဆိုပါ အပြေး အားကစား ကပင် ၎င်းအတွက် သက်ရှည် ကျန်းမာစေသည့် ဆေးစွမ်းကောင်းကြီး တစ်လက်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

နောက်ဆုံး အနေဖြင့် လူငယ် လူရွယ်များ အတွက် ဆင်း၏ ဆုံးမစကားကို ဖော်ပြလိုပါသည်။ အဆိုပါ မှာတမ်းကတော့ ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေလိုလျှင် အားကစား တစ်ခုခု လိုက်စားရန်နှင့်
မူးယစ် ထုံထိုင်းစေသော အရက် သေစာနှင့် မူးယစ်ဆေးများ လုံးဝ မသုံးရန်တို့ ဖြစ်ပါသည်။

ဲမြ၀တီ

Shared from Myanmar Online News (FB)