တိုက်တွေ ... ကားတွေ ... စိန်တွေ ရွှေတွေ
ပုံဖော်စရာ မလိုပါ ~
တဖက်သား နှလုံးအေးအောင်
ပျော်သွားအောင် ဘာလုပ်ပေးရမလဲလို့
" အပေးနဲ့ပျော်တဲ့ပီတိကို စားပါ "
" များများပေး ပျော်နိုင်လေလေ စွမ်းအားပြည့်ပြီး
ချမ်းသာလေလေပဲ "
*****************************
ဒီအထဲမှာ ဘုန်းဘုန်းတို့ ရဟန်းအမတွေ ပါတယ်နော်
ကျောင်းအမတွေ ပါတယ် ~
တောက်လျှောက် ကျောင်းတွေလှူ ... အလှူများစွာ
တောက်လျှောက်လှူလာတာ ......
ဘယ်လိုလှူရမလဲ စဉ်းစားပြီး ပျော်နေကြတာ ~
စီးပွားကနောက်ကနေ တရိပ်ရိပ်တက်တာပဲ .... ~
ဘာယတြာမှ ချေစရာမလိုဘူး ~
******************************
" ဒါန အခြေခံ "
******************************
ဘုရားကိုကြည့်ပါ ....
ဘုရားရှင်သည် အပေးသမားသက်သက် ....
စဉ်းစားပါ .... ဒါနပါရမီကို အခြေခံထားတာနော် ~
သေသေချာချာမှတ်ကြနော် ....
" ဒါနဆိုတာသည် ဘုရားတိုင်း ... ဘုရားတိုင်းရဲ့
ကျင့်ရာ အခြေခံအစပဲ "
ဒါနကို တစ်ချို့က ပေါ့ပေါ့လေးမှတ်နေကြတာ ~
ဥပမာ ဒီလိုပစ္စည်းတစ်ခု ... ဖန်ခွက်တစ်ခုထားနော်
အဲဒီပစ္စည်းတစ်ခုကို မူတည်ပြီးတော့ သူဌေးလည်းဖြစ်နိုင်တယ်
စကြာမင်းလဲဖြစ်အောင် လုပ်လို့ရတယ် ~
ရဟန္တာဖြစ်အောင်လဲ ကျင့်လို့ရတယ် ~
ပစ္စေကဗုဒ္ဓ ... ဘုရားဖြစ်အောင်လည်း သွားလို့ရတယ်
" ဒါနနဲ့သာ သွားရတာ "
ဘာနဲ့ သွားရတာလည်း .... ?
( ဒါနနဲ့သာ သွားရတာပါဘုရား )
********************************
ကိုယ်ရရင် မပျော်ဘူးလား ....
တစ်ဖက်သားကလည်းကိုယ့်လိုပဲပေါ့ ....
သူ့မှာ ဒါလေးရမှ ပျော်မယ်ဆိုရင် သူ့ဘက်ကနေ
လှည့်ခံစားပြီးတော့ ပေးရတယ် ... ~
ပြီးရင် သူပျော်တာကို ထပ်ပြီး ၀မ်းသာပြီး ပျော်ပေးရတာ ~
အဲဒီ့သတ္တိကနေ ဖွဲ့ စည်းပုံတွေ ပြောင်းလဲသွားတာ ~
ဟော်မုန်းတွေကောင်း ... ရုပ်တွေ ကြည်လင်လာတာ ~
အဲဒီလိုအားမျိုးတွေ စုဆောင်းထားတာ ~
နားလည်ပြီလား ... ~
*********************************
အဲဒီအားမျိုးနဲ့မှ အရည်အသွေးမီပြီးတော့မှ
သာသနာနဲ့ကြုံ .. မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆောင်နိုင်တာ
ဒါနကို ပေါ့ပေါ့မအောက်မေ့ကြနဲ့နော်
အခြေခံကို မမေ့ကြနဲ့
အဲဒါကိုပဲ " ပါရမီဖြည့်တယ် " လို့ ခေါ်တာ ..
ဘာတဲ့လဲ
( ပါရမီဖြည့်တယ်လို့ခေါ်ပါတယ်ဘုရား )
သူ့နောက်မှာ သီလ .. ဘာဝနာတွဲပါမနေဘူးလား
( ပါပါတယ်ဘုရား)
ပါတယ်ထားလိုက်ပါ .. နားလည်ပြီလား
မပြည့်သေးဘဲနဲ့တော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်မရတာအမှန်
နားလည်ကြရဲ့လား
ဒါကြောင့် ဖြည့်ရတယ်နော် " အခြေခံမပျောက်စေနဲ့ "
ဒါနဲ့ပဲ ချမ်းသာတာ ~ ဒါနဲ့ပဲ ဘုရား ပစ္စေက ဖြစ်တာ ~
***********************************
" အဲဒီအင်အားပြည့်မှလည်း ဒီသာသနာနဲ့ ကြုံခွင့်ရတယ်
တရားနာခွင့်ရတယ် .. သဘောပေါက်ခွင့်ရတယ် ... "
***********************************
( ပိုင်းလော့ဆရာတော် အရှင် ဇေယျပဏ္ဍိတ )
( ချမ်းသာလမ်းနှင့် ကန်တော့ခန်း )
***********************************
မေတ္တာဖြင့် ~
Shared from Ma Doh Yote (FB)
No comments:
Post a Comment