---------------
ပုဂံခေတ်က ပုဂ္ဂိုလ်များသည် အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်တို့ကို များစွာရေးသားပြုစုခဲ့ခြင်း မရှိသော်လည်း အဘိဓမ္မာစာပေကိုမှု ထက်သန်တက်ကြွသော လုံ့လ၀ီရိယဖြင့် သင်ကြားအားထုတ်ခဲ့ကြကြောင်း သိရှိရသည်။ အချို့သော သာသနာဝင်မှတ်တမ်းများအရ ထိုခေတ်က သားသည်မိခင်များပင်လျှင် ပဋ္ဌာန်းကုသလတိက်ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုနိုင်ကြောင်း အဆိုရှိ၏။ ပုဂံခေတ်ကျောက်စာတစ်ခုတွင် အမတ်ကြီးတစ်ယောက်၏ အရည်အချင်းကို 'ပိဋကတ်သုံးပုံလည်း တတ်စွာထသော' ဟူ၍ ဖော်ပြထားသည်ကို တွေ့ရ၏။ ထိုအချက်ကိုထောက်လျှင် ထိုခေတ်က ရဟန်းတော်များသာမက လူသုခမိန်များလည်း အဘိဓမ္မာကို တတ်ကျွမ်းခဲ့ကြောင်း ထင်ရှားပေသည်။ ထို့ပြင် အခြားကျောက်စာတစ်ခု၌ အချို့ဒါယကာများသည် ဗုဒ္ဓ၀ါဒီ၏ အဆီအနှစ်ဖြစ်သည်ဟု ယူဆကာ အဘိဓမ္မာပေစာအုပ်များကို အမွန်အမြတ်ပူဇော်လှူဒါန်းလေ့ရှိကြောင်း ပါရှိသည်။ ဤအချက်သည် ဗုဒ္ဓဘာသာ၌ အဘိဓမ္မာပိဋက၏ အရေးကြီးပုံကို ထိုခေတ်က ပုဂ္ဂိုလ်များ ကောင်းစွာ နားလည်သဘောပေါက်ကြောင်း ထင်ရှားစွာဖော်ပြလေသည်။
(ဓမ္မသင်္ဂဏီကျမ်း မြန်မာပြန်မှ)
Shared from Ye Min Thu
No comments:
Post a Comment