Friday, December 16, 2011

ကိုယ်မကြိုက် တာကို တခြားသူကို လည်း မလုပ်ပါစေနဲ့

ဆရာကြီး ကွန်ဖြူးရှပ်က ဆုံးမ ဩဝါဒ ပေးဖူးတယ်။ “သင်ကိုယ်တိုင် မလို လားတဲ့ကိစ္စကို တခြား သူကိုလည်း မလုပ် ခိုင်းပါနဲ့” တဲ့။ ဒါကို နားလည်တဲ့အခါ ကိုယ်မကြိုက် တာတွေကို တခြား သူတွေ လည်း ကြိုက်မှာ မဟုတ်ဘူး။ ဒီတော့ ကိုယ်မလုပ်ချင်တဲ့ ကိစ္စမျိုးတွေကို တခြား သူတွေကို လုပ်ခိုင်းတာဟာ သဘာဝကျပါ့ မလား။ အဲဒီလို သဘာဝမကျတဲ့ ကိစ္စမျိုး ကို ... တစ်ဖက်သား နစ်နာအောင် လုပ်ခိုင်း တာ၊ လုပ်စေတာမျိုးဟာ အင်မတန် အောက်တန်းကျတာမို့ စေခိုင်းသူကိုယ် တိုင် တန်ဖိုးမရှိတဲ့ လူမျိုးဖြစ်သွားတတ် ပါတယ်။ လူဆိုတာ မကောင်းတာကို မကြိုက် ဘူး။ ကောင်းတာကို ကြိုက်တယ်။ ဆင်းရဲ ဒုက္ခကို ကြောက်ရွံ့တယ်၊ ချမ်းသာသုခကို မက်မောတယ်။ အဝန်းအဝိုင်းနဲ့ ပျော်ပျော် ရွှင်ရွှင်နေချင်တယ်။ အထီးကျန် တစ်ယောက်တည်း သိမ်ငယ်ညှိုးချုံးစွာ နေရမှာကို မလိုလားဘူး။

ဒီသဘော သဘာဝတွေကို နားလည်ပါလျက်နဲ့ သူတစ်ပါးဆင်းရဲဒုက္ခရောက်အောင်၊ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ကိုယ်က လုပ်မိရင် သင့်ပါ့မလား။ တရား မျှတမှုရော ရှိပါ့မလား။ ပေါ့ပေါ့လေး စဉ်းစား ရင်တောင် သိနိုင်တဲ့ ကိစ္စမျိုးပါ။ တရုတ်စာပေပညာရှင်ကြီး “တိန့်တီ” က သူ့ရဲ့ “ကျင့်ရှီးယိတယ်” ဆိုတဲ့ ကျမ်းထဲ မှာ “သူတစ်ပါးရဲ့ အချိန်ကို ဖြုန်းတီးပစ် တာဟာ ကိုယ်ကျင့်သိက္ခာနှင့်မညီ၊ သူ တစ်ပါးရဲ့ ခွန်အားကို အဓမ္မအသုံးချခြင်း သည် ကိုယ်ကျင့်သိက္ခာနဲ့မညီ” ဆိုတဲ့ အတွေးအမြင် အပြုအမူနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ဖွယ်ရာ စာတစ်ပုဒ်ကို ရေးသား ခဲ့ဖူးပါတယ်။ အဲဒီ စာကြောင်းနှစ်ကြောင်း ကို လေးလေး နက်နက် စဉ်းစားပြီး အဖြေ ထုတ်မယ်ဆိုရင် သတိထားစရာတွေ အများကြီး ရပါလိမ့်မယ်။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်တွေ ရှိပါတယ်။ အဲဒီ အချိန်တွေဟာ သူ့ဘဝရဲ့ တိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ဖို့ အသုံးချ သင့်တဲ့ အချိန်တွေဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ တတ်သိပညာ၊ ကြိုးစားအားထုတ်တဲ့ ဇွဲ၊ လုံ့လနဲ့ အဲဒီအချိန်တွေအတွင်းမှာ ရသင့်သလောက် ရလဒ်ကောင်းတွေ လည်း ရရှိသွားနိုင်ပါတယ်။ ဘုရားဟော တဲ့ ကံ၊ ဥာဏ်၊ ဝီရိယ သုံးပါးမှာ အတိတ် ကံဆိုတဲ့ အယူအဆကို ဘေးဖယ်ထားဦး။ ဥာဏ်နဲ့ ဝီရိယကတော့ ဘဝတိုးတက်မှု အတွက် အမှန်တကယ်ပဲ လိုအပ်ပါလိမ့် မယ်။ ဝီရိယစိုက်ထုတ် ကြိုးစားတယ်ဆိုတာ ဟာလည်း အခုရေတွင်းတူး အခုရေကြည် သောက်ဆိုသလို ဒီနေ့ မနက်ဖြန်ရရှိ ခံစား နိုင်တာမျိုးမှ မဟုတ်တာ။ ကိုယ့်ရည်မှန်း ချက် အောင်မြင်ဖို့ အချိန်ကာလတစ်ခု ပေးရပါလိမ့်မယ်။ အဲဒီအချိန်ဟာ တိုချင် တိုမယ်၊ ရှည်ချင်ရင်လည်း ရှည်သွားနိုင် ပါတယ်။ အလုပ်ရဲ့ အောင်မြင်မှုအတိုင်း အတာနဲ့ ခက်ခဲတာ၊ လွယ်ကူတာတွေ ပေါ်မှာ မူတည်ပြီး အချိန်အတိုအရှည်ဟာ လည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုခု လုပ် မယ်၊ ဘဝတိုးတက် အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အချိန်မပေးရဘူး ဆိုတာ မရှိပါဘူး။

အဲဒီလို တခြား လူ တစ်ယောက်အတွက် အင်မတန်အရေးကြီး တဲ့ အချိန်တွေကို တစ်ဦးဦးက ခိုးယူလိုက် မယ်၊ သို့မဟုတ် အလွဲသုံးစား လုပ်ပြီး ရယူမယ်၊ သို့မဟုတ် အဓမ္မ သိမ်းပိုက်ထား မယ်ဆိုရင် တရားပါ့မလား။ သူ့ဘဝ အတွက် တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်နေရမယ့် အချိန်တွေ အလ ဟဿ ဖြစ်မသွားပေဘူးလား။ မကုန် ရမယ့်နေရာမှာ အချိန်တွေ ကုန်ဆုံးသွား ရတာဟာ သူ့ရဲ့ဘဝကို ညှိုးနွမ်းခြောက် သွေ့သွား အောင် လုပ်နေသလိုမျိုးဖြစ်နေ မှာ အမှန်ပါပဲ။ ဒီလိုပါပဲ သူတစ်ပါးရဲ့ ခွန်အားကို ရယူ(ယူတာတောင်မှ ညှိနှိုင်းဆွေးနွေးရယူ တာမျိုး မဟုတ်ဘဲ အတင်းအဓမ္မရယူပြီး) အသုံးချခြင်းဟာလည်း မတရားရာ ရောက်တယ် လို့ ပညာရှိကြီး “တိန့်တီ” က ထောက်ပြပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သူတစ်ပါးရဲ့ ခွန်အားကိုယူပြီး ကိုယ့်အတွက် အသုံးချတယ်ဆိုတာ ခွန်အားစိုက်ထုတ်လုပ်ကိုင်ပေးကြရတဲ့ လူတွေအဖို့ စိုက်ထုတ်လိုက်ရတဲ့ ခွန်အား သာမက သူ့ဘဝအတွက် အသုံးပြုရမယ့် အချိန်တွေ၊ အဲဒီ အချိန်များအတွင်းမှာ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ တခြား လူမှုဘဝအရေးအရာတွေ အားလုံးကို မျက်ကွယ်ပြုထားရသလို ဖြစ်သွားပြီး တစ်ခါတစ်ခါမှာ ဆုံးရှုံးနစ်နာရတာတွေ တောင် ရှိတတ်ပါတယ်။

ဒီလို သူတစ်ပါးရဲ့ ခွန်အားကို အသုံး ချတာ၊ သူတစ်ပါးရဲ့ အချိန်ကို အသုံးချ တာတွေဟာ မကောင်းမှုရဲ့ အမြှီးပိုင်း၊ ခေါင်းပိုင်းလိုဖြစ်နေပြီး ဆိုးကျိုးသက် ရောက်မှုကလည်း သိပ်ကွာမယ် မထင် ပါဘူး။ အဲဒီ နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ် ယှက်နွှယ်လို့လည်း နေပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တခြား တစ်ပါးလူကို ဖဲ့ပြီး ပေးနေရတာ၊ ကိုယ့်ရဲ့ ခွန်အား (ကာယအား၊ ဥာဏအား)တွေကို တစ်ပါးသူအတွက် အသုံးချခံ နေရတာတွေ ဟာ ကာယကံရှင် ဘယ်သူမဆို ကျေနပ် ကြမယ့် အရာတွေလည်း မဟုတ်လောက် ပါဘူး။ ကိုယ်မကြိုက်တဲ့၊ ကိုယ်မနှစ်သက်တဲ့ အလုပ်မျိုးကို တခြားသူတွေလည်း မလုပ် ချင်မှာ သေချာတယ်။

ကိုယ်က ကိုယ့် ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကို အလကားကျောင်းပေးနေရတာမျိုးကို သဘောမတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကျွဲတွေ၊ နွားတွေကို ကိုယ်ခိုင်းလို့ရတဲ့၊ ခိုင်းလို့ ကောင်းတဲ့ သူတွေကို ကိုယ်ကလည်း အလကားမတ်တင်းနဲ့ ခိုင်းနေရင် သင့်ပါ့ မလား။ တရားမျှတမှု ရှိပါ့မလား။ စဉ်းစား စရာပါ။ နိုင်ငံခြားတိုင်းပြည် တချို့မှာ ရှိတယ်။ သူတို့နိုင်ငံက အလုပ်သမားတွေ မလုပ်ချင် တဲ့ (3D)အလုပ်တွေ 3D- ဆိုတာ Difficult ဆိုတဲ့ ခက်ခဲတဲ့ နေရာရယ်၊ Dirty ဆိုတဲ့ ညစ်ပတ်တဲ့ နေရာရယ်၊ Dangerous ဆိုတဲ့ အသက်အန္တရာယ်ရှိ တဲ့ နေရာမျိုးရယ်လို့ ခေါ်တာပါ) ကို နိုင်ငံ ခြားသား အလုပ်သမားတွေက လုပ်ပေး ကြရတယ်။ နိုင်ငံခြားသား အလုပ်သမား တွေဟာ သူတို့ ကိုယ်စား အချိန်တွေ၊ ခွန်အားတွေကို ပေးဆပ်ကြရတယ်။

တရားမျှတတာ၊ မမျှတတာတွေကို အပထား၊ စားဝတ်နေရေး အဆင်ပြေမှု တစ်ခုတည်းနဲ့ လုပ်နေကြရတာပါ။ ဒါက အခကြေးငွေ (ဈေးပေါတာ၊ ဈေးသင့်တာတွေထား)ရယူပြီး လုပ်ရတာမို့ ခိုင်းတဲ့ အလုပ်ရှင် ဘက်ကရော ကိုယ့်ရဲ့ လုပ်အားကို ရောင်းစားနေရသူတွေ အတွက်ပါ ကျေနပ်စရာ အပြည့်မရှိနိုင်ပေ မဲ့ မတရားတဲ့အထဲက တရားမျှတမှု တစ်စုံတစ်ရာတော့ ရနေပါသေးတယ်။ ဒါပေမဲ့ တစ်ကျပ်တစ်ပြားမှ မရဘဲ ကိုယ့်ရဲ့ အချိန်တွေ၊ ခွန်အားတွေကို အလဟဿ အဆုံးရှုံးခံရတာမျိုးနဲ့စာရင် တော်သေး တယ်လို့ ဆိုရဦးမှာ အမှန်ပါ။ ကိုယ်က ကိုယ့်ကိုယ် တခြား တစ်ယောက်ယောက်က မတရားတာ၊ မမျှ တတာတွေကို အတင်း အဓမ္မ စေခိုင်းခဲ့ရင် လက်မခံနိုင်သလို ကိုယ်ကလည်း သူများ ကို မခိုင်းမိဖို့ လိုပါလိမ့်မယ်။ ကိုယ် မကြိုက်တာတွေကို တခြားသူလည်း မကြိုက်မှာ သေချာတယ်ဆိုတာ ယုံပါ။ ဒီတော့ “ကိုယ်မကြိုက်တာကို တခြားသူကို လည်း မလုပ်ပါစေနဲ့။”

written by ထက်ကျော်

အခွင့်အလမ်း

No comments:

Post a Comment