Tuesday, August 4, 2015

မင်းကွန်ဆရာတော်ဘုရာကြီး ဖြစ်စေချင်သော အထူးအရေးပေါ် ဆန္ဒတော်

 
>>>>>>>>>>>>>>>>>>>>>>>>>>>>
အမြန်ရှယ်ပေးကြပါဗျာ .........

ဂင်းနစ်စံချိန်တင် ကမ္ဘာ.ဥာဏ် အကောင်းဆုံး မင်းကွန်းဆရာတော်ကြီးရှိစဉ်ကလဲ ယခုလို မုန်တိုင်းများ ဖြစ်ခဲ့ဖူးသည်ဟု သမိုင်းမှတ်တမ်းများအရ သိခဲ့ရပါတယ်.
မုန်တိုင်းမဖြစ်ခင် ဆရာတော်ကြီးက မုန်တိုင်းလာနိုင်ဘွယ်ရှိတဲ့ ရိုးမတောင်တန်းများသို့ အမြန်သွားရောက်ခဲ့သည်။
ဆရာတော်ကြီးရောက်ရှိလာလျင်ပဲ ကျောင်းတိုက်များရှိ သံဃာကြီးများကစ ကပျာကယာ ဆရာတော်ကြီးအား ခရီးဦး ကြိုဆိုကြပါသည်။
ကြိုဆိုပြီး ဆရာတော်ကြီးအား အဖျော်ရည် စသည်
ဝတ်ပြုမည်ပြုသောအခါ ဆရာတော်ကြီးက လက်ပြ တားမြစ်တော်မူသည်။

ဆရာတော့်အတွက် ဒါတွေ မလိုအပ်ဘူး ..

ခု အရေးကြီးတာက မြန်မာပြည် ကပ်ဆိုက်တော့မည်......

ငါရှင်တို့ ယခု သဘာဝဘေးဒဏ် မုန်တိုင်းများ လာနေချေပြီ..
ဒကာ/ဒကာမများ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် ပဌာန်းတရားတော်များ ရွတ်ပွားသရဇ္ဈာယ်ပေးကြဘို့ မိန့်ကြားတော်မူပါသည်။ ။

အဲဒီလို ဆရာတော်ကြီးဟာ တကျောင်းဝင်တကျောင်းထွက် သံဃာများကို ပဌာန်းတရားတော်များ ရွတ်ပွားပူဇော်ခိုင်းပါတယ်
သံဃာတော်အရှင်များလဲ သံဃာများ စုပေါင်းပြီး ရွတ်ဖတ်ပူဇော်ကြပါတယ်။ တကယ်ပဲ မုန်တိုင်းဒဏ်များ လွင့်စင်သွားခဲ့သည်ဟု ပဌာန်းတရားအစွမ်းတန်ခိုးနဲ့ပတ်သက်၍ မိန့်ကြားတော်မူခဲ့ဖူးသည်။

ယခု အချိန်မှာလဲ မင်းကွန်းဆရာတော်ကြီး ဖြစ်စေချင်သော ဆန္ဒတော်အတိုင်း ပဌာန်းတရားတော်ကို ရွတ်ပွားကြမယ်ဆိုရင် ကောင်းမှာဘဲလို့ အောက်မေ့မိတာပါ.......

ပြည်သူများကိုယ်စား ရွတ်ပွားပူဇော်ပေးကြပါလို့လဲ ရိုသေမြတ်နိုး လက်စုံမိုး၍ ခြေတော်ဦးခိုက် အထူးလျှောက်ထားလိုက်ပါသည် သံဃာတော်အရှင်မြတ်အပေါင်းတို့

လေးစားလျက်
ကျော် ဇေ ယ်
Shared from Thein Than Win 

No comments:

Post a Comment