Sunday, August 2, 2015

သံသရာနယ်ချဲ့ လမ်းစဉ်မှားကြီး


အသက်ထောင်ချီပြီး ရှည်တဲ့နည်းကတော့ ……
သာသနာပြင်ပမှာလည်း ရှိနိုင်တယ်။
သာသနာတော်မှာလည်း ဣဒ္ဓိပါဒ်ဆိုတာရှိတယ်။
ဒါပေမယ့် သစ္စာလေးပါးကို မြင်ကြတဲ့ အရိယာသူတော်ကောင်းကြီးတွေက

တစ်ရက်နေရင် တစ်ရက်ဒုက္ခခံရတာပဲလို့ မြင်တော်မူမိလို့ ……
ပရိနိဗ္ဗာန်စံဝင်ရတာကိုပဲ အလွန်ဝမ်းသာလေ့ရှိကြတယ်။
အသက်ရှည်တာကို လိုလားတော်မမူကြဘူး။
ဆံချည်မျှင်ဟာ လက်ဝါးပေါ်မှာကပ်နေရင် မသိသာပေမယ့် ……
မျက်စိထဲဝင်ရင်အလွန်သိသာသလို ……
ပုထုဇဉ်နဲ့ အရိယာတွေဟာ သင်္ခါရ ဒုက္ခကိုမြင်ရာမှာ ……
သည်မျှမကကွာခြားတယ်။

အသက်ရှည်တဲ့ဝါဒ၊ အရိမေတ္တိယျထိ အချိန်ဆွဲတဲ့ဝါဒဟာလည်း 
မမှန်ကန်ဘူး
အရိယာ ဝိဇ္ဇာဆိုတာလည်း ……
ဝေါဟာရတူပေမယ့် ဝိဇ္ဖာဇော်ဂျီတွေ လမ်းစဉ်နဲ့ ဖြစ်နိုင်တာမျိုး မဟုတ်ဘူး။
ပိလိန္ဒဝစ္ဆနှင့် တခြားစီ။ မယောင်နဲ့။
အင်းနဲ့၊ ဆေးနဲ့၊ ဓာတ်နဲ့ ထွက်ကြတဲ့ ဝိဇ္ဇာကြီးတွေ ……
လောကမှာ အရိယာဖြစ်ဖို့ဆိုတာ……
အလွန် မအပ်စပ်တဲ့ စကားပဲ။
ဒါပေမယ့် သူတို့ကိုယ် သူတို့ အရိယာလို့ အထင်ခံလိုကြတယ်။
ဒါသည်ပင် အရိယာလို့ထင်နေတာလည်း ဖြစ်နိုင်တယ်။
ကမ္မဋ္ဌာန်းတွေလည်း ဟောတတ်ကြတယ်။
သမထလောက်ပဲ သူတို့လိုချင်တယ်။
သံသရာကထွက်မှာကို ကိုယ်တိုင်လည်း ကြောက်တယ်။
သူများထွက်မှာလည်း မလိုလားကြဘူး။
စင်စစ်တော့ မြတ်စွာဘုရားရဲ့ အနတ္တသာသနာတော်ကြီးကို ……
မှေးမှိန်အောင် သတ္တဝါတွေအကြိုက် ဗန်းပြပြီး ……
ဆွဲဆောင်နေကြတာ အတ္တဝါဒကြီးပဲ။

အရိယာဝိဇ္ဇာဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုသာခေါ်တယ်။
တကယ် သီလကို အခြေခံမှ ရတာ။
တန်ခိုးပြတဲ့နေရာမှာ ဆင်တူယိုးမှားရှိသော်လည်း အခြေခံကအစ လုံးဝမတူကြဘူး။
အတ္တဝါဒုပါဒါန်ကြီးတန်းလန်းနဲ့ နေကြရတဲ့အတိုင်း ……
အသက်ရှည်တန်ခိုးပြတဲ့ လောကယတ(သာသနာနယ်ချဲ့) လမ်းမှားကြီးကို ……
ပရိယတ်အသိဥာဏ် နည်းလျှင်လည်း အားကိုးမှားမိကြတယ်။

( လယ်တီဆရာတော် ဘုရားကြီး )
Credit to: Mg Chan Nyein Win

No comments:

Post a Comment