Friday, December 30, 2011

ကုသိုလ်ပြုရာဝယ် သတိပြုဖွယ်

လူစည်ကား လူမြင်ကွင်းကောင်းတဲ့ ကျောင်းကန်ဘုရားတွေ ၊ တံတိုင်းနံရံ စသည်တွေမှာ မိမိအမည် ၊ ကုမ္ပဏီအမည် လုပ်ငန်းတို့ရဲ့အမည် တို့ကို ကြေငြာကမ္ဗည်းထိုးနိုင်ဖို့ လုပ်တဲ့ကုသိုလ်တွေ၊ သူထက်ငါပြိုင်ပြီး လှူတဲ့အလှူတွေ၊ လူအထင်ကြီးခံချင်လို့ လှူတဲ့အလှူတွေ ၊

ဘွဲ့ထူးရရေး အလုပ်ဖြစ်ရေး ရာထူးဂုဏ်သိန်တိုးရေးအတွက် အဓိဋ္ဌာန်ဝင်တာ ဥပုသ်စောင့်တာ သက်သတ်လွတ်စားတာ ပုတီးစိတ်တာတွေဟာ အညံ့စား ကုသိုလ်ထဲမှာ ပါ..ပါတယ် ၊

အလယ်အလတ်တန်းစားကုသိုလ်ကတော့ ပြိုင်ဆိုင်ကြွားဝါလိုတဲ့ လောကဂုဏ်လောက်သာ ရည်ရွယ်တာမဟုတ်ဘဲ ကံနဲ့ ကံရဲ့အကျိုးကို

ယုံကြည်တဲ့ သဒ္ဓါတရားရှိရှိနဲ့ ပြုတဲ့ကုသိုလ်ပါပဲ ၊ ဒါပေမယ့် ရည်ရွယ်ချက်က လောကီချမ်းသာကိုသာ တောင့်တရည်မှန်းတာဖြစ်လို့ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်တဲ့ ပါရမီကုသိုလ်မျိုးကို မမှီတဲ့အတွက် အလယ်အလတ်တန်းစား ကုသိုလ်လို့ ဆိုရပါတယ် ၊

အဆင့်မြင့်ဆုံးကုသိုလ်ကတော့ အရိယာနွယ်ဝင် စင်ကြယ်ဖြူးဖြောင့်တဲ့ သူတော်ကောင်း အလေ့အထကို အတုယူနည်းမှီပြီး ပြုလုပ်တဲ့ ကုသိုလ်ဖြစ်ပါတယ် ၊ နိဗ္ဗာန်ကို ဦးတည်ပြီး လုပ်တဲ့ ကုသိုလ်မျိုးပါ၊ ကုသိုလ်ပြုတဲ့အခါ နှလုံးသွင်းမှန်မှ အကျိုးပေးမှန်မှာဖြစ်ပါတယ်၊


ဓမ္မဘေရီဆရာတော်ကြီး၏

လူတိုင်းအတွက် ပဋ္ဌာန်းစာအုပ်မှ

ဖြန့်ဝေသူ....tknn

ဘ၀ငြိမ်းချမ်းရေးတရား

စကားဝိုင်းတစ်ခုက ကောက်နှုတ်ချက်လေးပါ။

``အရှင်ဘုရား တပည့်တော်တို့ မြတ်စွာဘုရားတည်ထောင်ခဲ့တဲ့ သာသနာတော်ကြီး နောင်လာနောင်သားတွေလက်ထက်မှာ ကွယ်ပျောက်သွားမှာ အရမ်းစိုးရိမ်တာဘဲဘုရား´´

``ဘာဖြစ်လို့လဲ ဒကာတော်ရ´´

``အခုခေတ်လူငယ်တွေ အားမရလို့ပေါ့ဘုရား´´

``ဟေ့ သူတို့လေးတွေက ဘာတွေလုပ်နေလို့လဲကွဲ့´´

``ဘာမှမလုပ်လို့ပေါ့ဘုရား´´

``ဒကာကြီးကို ဘုန်းဘုန်းတစ်ခုပြောပြမယ်နော်´´

``တင်းပါ့ဘုရား´´

``သာသနာနဲ့ပတ်သတ်တာက- - - -- --

၁။ သာသနာ (အဆုံးအမ)

၂။ သာသနာ့ဝန်ထမ်း ( ဦးဇင်း ၊ ကိုရင် ၊ သီလရှင်)

၃။ သာသနာ့အဆောက်အဦး (ကျောင်း ၊ ကန် ၊ ဇရပ် ၊ တန်ဆောင်း ၊ စေတီပုထိုး ၊ ဘုရား-စသည်)

ဆိုပြီး (၃)မျိုးရှိတယ်ကွဲ့´´

``တင်းပါ့ဘုရား´´

``အေး ဘုရားတွေ ကျောင်းကန် ဇရပ်တွေ ပေါတိုင်း သာသနာတည်တယ်၊ တိုးတတ်တယ် ခေါ်လို့မရဘူးကွဲ့´´

``မှန်ပါ့´´

``နောက်တစ်ခါ ၊ ကိုရင်တို့ သီလရှင်တို့ ဦးဇင်းတို့ပေါတိုင်းလဲ သာသနာတည်တယ် တိုးတတ်တယ်လို့ပြောလို့မရဘူးကွ´´

``မှန်ပါ့´´

``တကယ်တော့ ဘုရားအဆုံးအမတွေကို လိုက်နာတဲ့လူတွေ ။ လက်တွေ့တကယ်ကျင့်သုံးတဲ့လူတွေများလာမှ တကယ့်သာသနာ တည်တာကွဲ့´´

``အော် - - - - မှန်ပါ့ ၊ မှတ်သားထိုက်ပါတယ်ဘုရား ၊ အခုလိုကြားရတာဟာ တကယ်ကိုဝမ်းသာဖို့ကောင်းပါတယ်ဘုရား´´

``အေး ဘုန်းဘုန်းမှာချင်တာက သာသနာတကယ်အဓွန့်ရှည်ကြာတည်စေချင်ရင်တော့ မင်းတို့တစ်တွေ ဘုရားစကားများများနားထောင်ကြကွယ် ၊ ဟုတ်ကဲ့လား´´

``မှန်ပါဘုရား´´

``ကိုယ့်ဘ၀သာယာလှပဖို့ အတွက်ဆိုဘယ်သူပြောပြော နားထောင်ရမယ်ကွဲ့´´

``ဘာသာမတူလို့ ဘာဖြစ်လို့ ဆိုရင်ကိုယ်ပဲ နစ်နာလိမ့်မယ်ကွဲ့´´

``ဥပမာပြောရရင် လူနာဟာ ရောဂါသာပျောက်မယ်ဆိုရင် ဘယ်ဆရာဝန်ကပြောပြော နားထောင်ရမယ်လေ ။ . ....နော်။

`` အေး အဲသလိုဆို လောကကြီးလည်း အလိုလို အေးချမ်းပြီးသာယာလာလိမ့်မယ်ကွယ်´´

```` သတ္တ၀ါခပ်သိမ်း ၊ တရားကိန်း ၊ အေးငြိမ်းသာယာရှိပါစေ´´´´


Posted by Ashin Rsein

အမောင်လူသား သတိထား

ကဗျာလေးတစ်ပုဒ်ပါ။

ကဗျာချစ်သူတွေ အတွက်ဆိုရင်ဘောင်ကျဉ်းသွားမှာစိုးလို့။

စာပေအနုပညာရှင်များ (သို့) စာပေ၀ါသနာရှင်များအတွက် တစ်ထောင့်တစ်နေရာမှာ အသုံးဝင်မယ်ထင်လို့ပါ။

လောကလူသားတွေရဲ့ အကျင့်စရိုက်ကိုဖော်ပြထားသလို သတိထားစရာအချက်လေးလဲ ပါနေတော့ ဖတ်ကြည့်ပါ။

ကဗျာလေးနာမည်က - - - -


``အမောင်လူသား သတိထား´´


လူသားတွေတဲ့
မုသားတွေလဲ ဆိုလို့ဆို
အပိုတွေလဲ လုပ်လို့လုပ်
မဟုတ်တာက ခပ်များများ
ကြွားလိုက်စမ်းဟဲ့ အမောင်လူသား ။

ဝါးတားတားနဲ့ယောင်တောင်တောင်
ဒေါင်းယောင်ဆောင်လို့ ဇာတ်လမ်းထွင်
ကျွမ်းကျင်လှသည့် လူ့မာယာ
အမှားဝင်္ကဘာကိုဖန်တီး
အကြံကြီးသည့် အမောင်လူသား
ဆင်းရဲ့တော့မယ် သတိထား ။

အမှားသိလျှင် အမှန်ပြင်
ဥာဏ်မြင်ရှေ့သွား အမောင်လူသား ။

လုပ်ကိုင် ပြောကြား သတိထား
အမှားကင်းပါစေ ။
Posted by Ashin Rsein

ရထားပေါ်က လက်တွေ့ဘဝ

လက်တွေ့ဘ၀ထဲက လက်ငင်းအကျိုးပေးတဲ့ဖြစ်ရပ်လေးတစ်ခုပါဗျာ။

ဆောင်တာဝါသနာပါတဲ့လူတွေအတွက် ဆောင်စရာလေးဖြစ်သလို ရှောင်တာဝါသနာပါသူတွေအတွက်လဲ သင်ခန်းစာလေးတစ်ခုဖြစ်မယ်ထင်လို့ပါ။

ဒီဖြစ်ရပ်လေးရဲ့အစကတော့ ရန်ကုန်မှ မန္တလေးသို့သွားတဲ့ရထားပေါ်ကစတယ်လို့ဆိုရမှာပေါ့။

ဘူတာကိုရထားဆိုက်တော့မယ်ဆိုရင် အရင်ဆုံးရထားပေါ်အပြေးအလွှားတက်လာတာက ဈေးသည်တွေလေ။

စုံလို့ပါဘဲ။ ထမင်းရောင်းတာတွေလဲပါတယ် ။ မုန့်ရောင်းတာတွေလဲပါတယ် ။ ဆေးရောင်းတာလဲပါသလို လက်ဆောင်ပစ္စည်း ရောင်းတာလဲပါတယ်ဆိုတော့ အစုံအစုံပါဘဲ။



ရထားပေါ်မှာပါလာတဲ့ခရီးသည်တစ်ဦးရဲ့လက်ထဲမှာ ဒဏ်ရာ ဗလပွ အနာတရများစွာ ညစ်နွမ်းတဲ့ကာလာတွေ ဖြာထွက်နေတဲ့

နှစ်ရာတန် အစုပ်လေးတစ်ရွက်။

သူက လာလာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ ၀ယ်တယ်။

ဒါပေမဲ့ ဈေးသည်တော်တော်များများက ``ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး ´´ ဆိုပြီးလဲခိုင်းတယ်။

ဒီလိုနဲ့ ပိုက်ဆံလေး နေမြဲတိုင်း သူဆီမှာဘဲ ကျန်နေခဲ့တာပေါ့။

ဒီတော့သူစဉ်းစားတယ်။

``အင်း ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး ။ ငါ နောက်ဘူတာကိုရောက်ရင် ရထားထွက်ခါနီးမှဘဲ ၀ယ်မယ် ဒီလိုဆိုသူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ဘူး´´

သူ့အကြံနဲ့သူတော့ ဟုတ်လို့ပေါ့လေ။

နောက်လာမဲ့ဘူတာမှာလဲ ဈေးသည်တစ်ယောက်။

သူကတော့ ရောင်းလို့မကုန် တဲ့ ထမင်းသိုးတွေကို ရထားထွက်ခါနီးမှ အပြေးအလွှားလိုက်ရောင်းတာ။

ဘူတာကိုလဲရောက် - - - - ရထားပြန်ထွက်ခါနီး ဥသြလဲ စွဲရော။ ရထားဘီးတွေကလဲ တစ်လိမ့်ချင်းလိမ့်စပြုလို့ ။ ဒီတော့မှ - -

``ထမင်းတွေ ရမယ် ၊ ထမင်းတွေရမယ်၊ ပူပူနွေးနွေးလေးနော် ၊ တစ်ထုပ်မှ နှစ်ရာဘဲ ၊ ယူကြဦးမလား´´

နှစ်ရာတန်ခရီးသည်ကလဲ သူ့အကြံနဲ့သူ ။

``လာဦးဗျို့ ၊ တစ်ထုပ်လောက်ပေးပါ ။ ´´

``ဟုတ်ကဲ့ ၊ ရော့ ရော့ ၊ ပိုက်ဆံချပေးလိုက်လေ´´

``အေး အေး´´



ခရီးသည်ကလဲ ပိုက်ဆံအစုပ်လေးထွက်သွားပြီး ၊ထမင်းထုပ်လေးရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ ရှာပေးတယ်ဆိုတော့ ၀မ်းသာလို့လေ။

ရထားပေါ်က ပစ်ချလိုက်လို့လေထဲဝဲနေတဲ့ ပိုက်ဆံလေးကိုအမိအရဖမ်း ၊ ပြီးတော့မှ ``ဟင်´´။

ခရီးသည် ကလဲ ဈေးသည်ကိုလှမ်းကြည့် ၊ သနားပါတယ်ဆိုတဲ့ သဘောပေါ့ ။

ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့်လိုက်တော့မှ ``ဟာ´´။

စာချစ်သူတို့ရေ အဲဒီ ( ဟာ နဲ့ ဟင် ) ကိုအနှစ်ချုပ်ရင် - - -

အစုပ်ပေးရင် အပုတ်ရတယ် ။ အပုတ်ပေးရင် အစုပ်ရတယ် ပေါ့နော်။

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။

လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ။ ။ ။


Posted by Ashin Rsein

ရှုးမှန်းသိရင်ကောင်းနိုင်သေးတယ်

တစ်နေ့

ရွာထဲတွင် အသုဘတစ်ခု ရှိသဖြင့် ဘုန်းကြီးပင့်ရန် ဒကာသုံးဦး ကျောင်းသို့ရောက်လာလေ၏။

ဆရာတော်ကိုတွေ့သောအခါ ဦးသုံးကြိမ်ချပြီး - - - -

``ဆရာတော်ဘုရား ၊ တပည့်တော်တို့ ဘုန်းကြီးလာပင့်တာပါဘုရား ၊ နောက်ပြီး သိချင်တာလေးလဲ မေးခွင့်ပြုပါဘုရား´´

``ဒကာတို့က ဘာများသိချင်လို့လဲ´´

``မှန်ပါဆရာတော် ၊ အခု ဆုံးတဲ့ကလေးက အသက်က (၁၃)နှစ်ဘဲ ရှိပါသေးတယ်ဘုရား၊ တစ်ခါမှလဲ ကိုရင်မ၀တ်ဖူးပါဘုရား´´

``အဲတော့´´

``မိဘတွေက သေသွားတဲ့ သူ့သားလေးကို သင်္ကန်းဝတ်ပေးချင်လို့ပါတဲ့ဘုရား´´

``ဒကာတို့ ၊ ဘယ်လို ၊ သေတဲ့လူကို သင်္ကန်းဝတ်ပေးမယ်ဟုတ်လား´´



``ဒီလိုပါဘုရား ၊ သေသူရဲ့ ဘေးနားမှာ ပရိက္ခရာလေးတွေထားလိုက်ရင် ဖြစ်တယ်လို့ ပြောကြလို့ပါ ဘုရား´´

``ဟာ ၊ ဒီအရှုးတွေနဲ့တော့ ဒုက္ခပါဘဲ၊ ခင်ဗျာတို့ ထေရ၀ါဒနဲ့ ဆန့်ကျင်တဲ့အယူအဆတွေ ခုထိ လက်ကိုင်ထားတုန်းပါဘဲလား၊

ဘုရားသာသနာဒီလောက်ထွန်းကားနေတာတောင် ဒါတွေကရှိနေသေးတယ်´´



``အေး ၊ ဘုန်းကြီးပြောမယ် ၊ သေချာနားထောင် ´´

``တင်းပါ့ ဘုရား ၊ အမိန့်ရှိပါဆရာတော်´´

``လွယ်လွယ်နဲ့သင်္ကန်းဝတ်လို့ရတယ်မထင်နဲ့ ကွ ၊ ဘုရားရှင်ကိုယ်တိုင်ကတောင်မှ ကိလေသာအာသဝေါကုန်ခန်းသွားတဲ့

ရဟန္တာ အရှင်မြတ်ကြီး ဗာဟိယဒါရုစီရိယကိုတောင် သင်္ကန်းဝတ်ရမဲ့ကံမပါလို့ ၀တ်မပေးခဲ့ဘူး၊ ဒါ့ကြောင့်လူဝတ်နဲ့ ပျံ့တော်မူခဲ့ရတယ်။

ဒီတော့ ရှင်ရဟန်းဝတ်တယ်ဆိုတာ အတိတ်ဘ၀က ဖြည့်ကျင့်ခဲ့တဲ့ပါရမီ ပြုလုပ်ခဲ့တဲ့ကံ လိုအပ်တယ်ဆိုတာ အရင်မှတ်ထား´´

``တင်ပါ့ဘုရား ´´



``အေး ၊ မင်းတို့ပြောသလိုသာ လုပ်လို့ရရင် ဘုရားဟောခဲ့တဲ့ ` ရဟန်းအဖြစ်ကို ရခဲတယ်´ ဆိုတဲ့ ဒုလ္လဘငါးပါးတရားတော်ကို

ပျက်ရယ်ပြုသလိုဖြစ်သွားမှာပေါ့ ၊ ဘုရားကို အားနာဘို့ကောင်းတယ်နော့် တကာတို့´´

``မှန်ပါဆရာတော် ၊ အဲသလောက်ထိမသိလို့ပါဘုရား´´



``အေး ၊ နောက်တစ်ခုက - - - - -

ရှင်ပြုတယ်ဆိုတာ (၃) မျိုးရှိတယ်။

(၁) ခေါင်းရိတ်တာရယ် ၊

(၂) သင်္ကန်းဝတ်တာရယ် ၊

(၃) သရဏဂုံသုံးပါးခံယူရွတ်ဆိုတာရယ် ၊

ဆိုပြီးသုံးမျိုးရှိတယ်။´´



``တင်းပါးဘုရား´´

``ကဲ ၊ အဲသလိုဆို သေသွားတဲ့သူက ဒီသုံးမျိုးထဲက ဘယ်ဟာကိုများတိတိကျကျ လုပ်နိုင်တာရှိလဲ ၊ ပြောစမ်း တကာတို့´´

``တစ်ခုမှ မရှိပါဘုရား´´

``ဒါဆို သင်္ကန်းဝတ်လို့ရော ၊ ဘာအကျိုးထူးလာမလဲ´´

``ဘာမှမထူးပါဘူး ဘုရား´´

``ဘာမှ အဓိပ္ပါယ်မရှိတာတွေလုပ်တာ ဘယ်သူတွေလဲ´´

``အရှုးတွေပါဘုရား´´


``အေး ၊ ရှုးမှန်းသိရင် လူကောင်းဖြစ်နိုင်သေးတယ် ၊ ကြိုးစားကြ ၊ ကဲ သွားကြတော့´´


ထိုနောက်ဆရာတော်သည် ရွာသူရွာသားများကို အားမရလေဟန်ဖြင့် - - - - တစ်ခုခုကို တွေးတောလျှက် ။ ။ ။


Posted by Ashin Rsein

ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့

ရွာတစ်ရွာတွင် ၀ိနည်းအလွန်လေးစားသောဆရာတော်တစ်ပါးရှိလေ၏။

ဆရာတော်သည် ၀ိနည်းနှင့်ပတ်သက်လာလျှင် မည်သူ့မျက်နှာကိုမျှထောက်လေ့မရှိ။

ဘုရားမျက်နှာကိုသာကြည့်တတ်သောဆရာတော်ဖြစ်တစ်ပါးပင်။



ဆရာတော်၏ကျောင်းတကာသည်ကား ကြည်ညိုလွန်းသောကြောင့် ကျောင်ဆောက်လှူထားသည်မဟုတ်။

မိမိလုပ်ငန်းအတွက် (cover) အကာအကွယ်ယူရန် လှူဒါန်းထားသည့်အတွက် ဆရာတော်၏ သီလတန်ဘိုးကိုနားမလည်။

သူ့လုပ်ငန်းကားတစ်ခြားမဟုတ် နိုင်ငံတော်အကြီးအကဲတစ်ဦးနှင့်ပေါင်းပြီး နိုင်ငံတော်ပိုင်ကျွန်းသစ်များကို ခိုးထုပ်ရောင်းချခြင်းဖြစ်၏။



ဆရာတော်ကား ကျောင်းတကာကိုတွေ့တိုင်းအောက်ပါအတိုင်း ဆုံးမလေ့ရှိ၏။

``ဒကာကြီး ၊ ခင်ဗျားတို့ လုပ်နေတဲ့သစ်တွေက ခင်ဗျားရဲ့ မိဘတွေစိုက်ခဲ့တာ ဟုတ်ရဲ့လား´´

``မဟုတ်ပါဘုရား ၊ ဒါပေမဲ့ဆရာတော် - - - - -´´

``ဒါပေမဲ့ ဘာဖြစ်လဲ ဒကာကြီး ´´

``ဒီအစိုးရကကောင်းတာမဟုတ်ဘူးဘုရား ၊ ပြည်သူတွေကို အရမ်းအနိုင်ကျင့်တယ်ဘုရား ၊ ဆရာတော်ကမသိပါဘူး၊

တပည့်တော်တို့ကအသိဆုံးပါဘုရား ၊ ခေတ်ကလဲ ဒီလိုမလုပ်မစားရင် ထမင်းဝဘို့မလွယ်ဘူးဆရာတော်´´

``အော် ခက်တာဘဲ ဒကာရယ်၊ ဘယ်သူကောင်းကောင်း မကောင်ကောင်း ကိုယ်ကောင်းအောင်နေမှပေါ့၊ ကျောင်းတကာဖြစ်ပြီး

ငါးပါးသီလလေးမှမလုံရင် ရှက်ဖို့ကောင်းတယ်နော် ၊ ´´

ဆရာတော်က ဘယ်လောက်ပင်တရားချချ ကျောင်းတကာ ကတော့ အလုပ်ပျက်ပေ။



တစ်နေ့ - - - -

ဆရာတော် တစ်ခြားရွာ အလှူတစ်ခုသို့ ညအိပ်ကြွသွားစဉ် ကျောင်းတကာမှာ အခက်ခဲတစ်ခုပေါ်လာလေ၏။

သူ့သစ်တွေကို ထောက်လှမ်းရေးတပ်ဖွဲ့မှ လိုက်ဖမ်းနေခြင်းဖြစ်သဖြင့် ဘယ်လိုမှကြံရာမရသည့်အဆုံး ဆရာတော်ကျောင်းထဲက

အဆောင်တစ်ခုထဲ ၀ှက်ထားလိုက်ရလေ၏။



ဆရာတော်ပြန်လာသောအခါ သိလျှင်သိခြင်းကျောင်းတကာကို ချက်ချင်းခေါ်ခိုင်းလိုက်ပြီး - - -

``ဟေ့ ဒကာ၊ မင်းရဲ့သားမယားတွေကို ကျွန်ခံဘို့ ငါကရဟန်းသီလအပျက်ခံရမှာလား၊ ခုချက်ချင်း မင်းရဲ့သစ်တွေထုပ်သွား´´

ကျောင်းတကာအတော်လေးစိတ်ညစ်သွားပြီး - - - - - --

``ဆရာတော်ဘုရား ၊ တပည့်တော် ကျောင်းလှူထားတဲ့ ကျေးဇူးလေးကိုထောက်ပါဦးဘုရား´´

``ဘာပြောတယ် ၊ အေး ဒို့ကိုမကြည်ညိုရင် တကာတော်ရဲ့ ကျောင်းကို ခုဖျက်ယူသွားလိုက် ၊

ငါကျောင်းတွေကို မမက်မောဘူး´´

``အရှင်ဘုရား စဉ်းစားပါဦးဘုရား ´´

``ဘုန်းကြီးက စဉ်းစားပြီးလို့ပြောတာ ၊ ခုချက်ချင်းပြန်မယူရင် ဘုန်းကြီးကိုယ်တိုင် သက်ဆိုင်ရာကို တိုင်မယ် ၊ အေး အဲလိုတိုင်ပြီးရင်

ဘုန်းကြီးလဲ သာသနာ့ဘောင်မနေတော့ဘူး ၊ လူထွက်မယ်´´

``အရှင်ဘုရားတို့က ဒါလေးမှ အားကိုဖော်မရဘူး ၊ အရှင်ဘုရားလက်မခံရင်နေ ၊ လက်ခံတဲ့နေရာကိုဘဲ သွားမယ်ဘုရား´´

ထိုကဲ့သို့ စိတ်ဆိုးဆိုးနဲ့ပြောပြီး ဆရာတော်ကိုတောင် ဦးမချတော့ဘဲ ထပြန်သွားလေတော့၏။



ထိုနောက် ရွာထဲတွင် သတင်းထူးတစ်ခု ထွက်ပေါ်လာလေ၏။



``ဆရာတော်က ကျောင်းတကာကို သတ်လိုက်ပြီတဲ့´´



ထိုသတင်းသည် ဟိုးလေးတကြော်ကြော်ဖြစ်သွားလေး၏ ၊ ထိုကြောင့် ရွာထဲမှ ကျောင်းကော်မတီများ ဆရာတော်အထံသို့

ရေးကြီးသုတ်ပျာပြေးလာပြီး - - - - -

``ဆရာတော်ဘုရား ´´

``ဘာလဲဒကာတို့´´

ကျောင်းကော်မတီများက ပြာယာခပ်နေပေမဲ့ ဆရာတော်မှာတော့ တည်ငြိမ်အေးဆေးလျှက် ။

``ကျောင်းတကာကို သတ်လိုက်တယ်ဆိုဘုရား´´

``အင်း ဘုရားပေးတဲ့သတ်နည်းနဲ့ သတ်လိုက်တာပါ´´

``တပည့်တော်တို့ နားလည်အောင်ရှင်းပြပါဦး ဘုရား´´



``ဘုရားရှင် အစရှိတဲ့သူတော်ကောင်းတွေက ပြောလို့ဆိုလို့ လက်မခံတဲ့သူတွေကို သူတော်ကောင်းတို့သတ်နည်းနဲ့သတ်ကြတယ်။

ဘယ်လိုသတ်တာလဲဆိုရင် အဲသလိုဆုံမရတာခက်တဲ့ လူကို နောက်နောင်ဘယ်သောအခါမှ သူတော်ကောင်းတရားမဟောမပြောဘူး

သူတော်ကောင်းတရား မနာရတဲ့လူလောက် ဘ၀ဆုံးရှုံးတာမရှိဘူး။ သူတော်ကောင်းတွေရဲ့ အဆုံးမ မရတဲ့သူရဲ့ဘ၀ကလဲ သေနေတာ

နဲ့ဘာမှမထူးတော့ဘူ။ ဒါ့ကြောင့် တကာတို့လဲ အသတ်မခံရအောင်နေကြ၊´´

``သာဓု သာဓု သာဓုပါဘုရား´´



(သူတော်ကောင်းတရား နားကြားရခြင်း အလွန်တရာမှ ရခဲလှပေ၏)

Posted by Ashin Rsein

သစ္စာအကြောင်း သိရန်လိုသည်

သစ္စာဆိုသည်မှာ အမှန်တရားဖြစ်သည်။အမှန်တရား လေးပါးရှိရာ ဒုက္ခသစ္စာသည် ဆင်းရဲခြင်းအမှန် သဘောပင်ဖြစ်သည်။ ရုပ်နာမ်လောကသည် ဆင်းရဲခြင်း အမှန်သဘောပင်ဖြစ်သည်။ ရုပ်နာမ်ရှိနေသမျှ ဆင်းရဲနေ မည်။ ချမ်းသာသည်ဟု ယူဆလျှင် တဒင်္ဂ အဘို့မျှ ဖြစ်ချင်ဖြစ်မည်။ ဆင်းရဲမှန်း မသိသေး၍ ဉာဏ်ပညာ နုနယ်၍ ဖြစ်ချင်ဖြစ်မည်။ နောက်ကွယ်၌ ဆင်းရဲခြင်းအပေါင်း မြောက်များစွာရှိလာမည်ကို ကြိုတင်မသိသေး၍ ခေတ္တယာယီ ချမ်းသာဘွယ်ရာ ဆောင်နေခြင်းမျှဖြစ်မည်။ ရုပ်နာမ်သည် ဆင်းရဲခြင်းမှတပါး အခြား သတ်မှတ်ဘွယ်ရာ အင်္ဂါရပ် အားနည်းပါးလှပေသည်။ ဆင်းရဲခြင်းကို ဆင်းရဲခြင်းဟု သိခြင်းသည် ဉာဏ်ပင်ဖြစ်သည်။ ထိုဉာဏ်သည် အမှန်ကို သိလိုက်ခြင်းဖြစ်သည်။


ဉာဏ်ရှိချင်ပါသည်ဟု တောင်းဆိုလာသူ ယောဂီအား ကိုယ့်ရုပ်ကိုယ့်နာမ်ကို ဆင်းရဲခြင်းမျှသာပါဟု ဆင်ခြင်နေပါ၊ ဉာဏ်ရှိနေလိမ့်မည်သာ (၀ါ) ဉာဏ်ပညာ ရင့်သန်လာလိမ့်မည်သာဟု ညွှန်ကြားရပါလိမ့်မည်။ ဉာဏ် မရှိမှာကို မစိုးရိမ်ပါနှင့် မဆင်ခြင်နိုင်မှာကိုသာ စိုးရိမ်ပါဟု အားပေးလိုသည်။ ဆင်ခြင်နိုင်လျှင် ဉာဏ်ရှိနေလိမ့်မည် သာ ဖြစ်သည်။


ဆင်ခြင်နိုင်လျှင် ဉာဏ်ရှိနေလိမ့်မည် ဆိုပါသဖြင့် မဆင်ခြင်နိုင်ပါလျှင်ကောဟု စောကြောလိုက စောကြောနိုင်ပေသည်။ မဆင်ခြင်နိုင်လျှင် အ၀ိဇ္ဇာ ဦးစီးသွားလိမ့်မည်။ အ၀ိဇ္ဇာ ဦးစီးလျှင် အ၀ိဇ္ဇာနောက်မှ သင်္ခါရတွေ ပြုလုပ်တော့မည်။ ကုသိုလ် သင်္ခါရတွေကော အကုသိုလ် သင်္ခါရတွေပါ လုပ်တော့မည်။


အ၀ိဇ္ဇာသည် တဏှာနှင့် တွဲယှဉ်နေလိမ့်မည်သာ ဖြစ်သည်။ တဏှာသည် သမုဒယဖြစ်သည်။ ဒုက္ခဖြစ်ခြင်း၏ အကြောင်းရင်းခံဖြစ်သည်။ သမုဒယကြောင့် ဒုက္ခဖြစ်လာရသည်။ သမုဒယကင်းဆိတ်လျှင် ဒုက္ခချုပ်ငြိမ်းနေမည်သာ။ ထို့ကြောင့် သမုဒယကို ပယ်ရမည်။ ပယ်သည်ဆိုရာ၌ မပေါ်ဘူးဟု ဆိုခြင်းမဟုတ် အကြောင်းမပြုခြင်းကို ဆိုလိုသည်။ သမုဒယ အဖြစ်မခံခြင်းကို ဆိုလိုသည်။ စိတ္တသင်္ခါရ၊ ၀စီသင်္ခါရ၊ ကာယသင်္ခါရ မည်သည့် သင်္ခါရနှင့်မှ သမုဒယကို လက်မခံခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် ဒုက္ခဖြစ်ဘို့ကို အကြောင်းမပြုသကဲ့သို့ ထိုနည်းအတူ တပြိုင်နက် ဒုက္ခချုပ်ငြိမ်းရာသို့သာ အကြောင်းပြုနေနိုင်လျှင် ပိုမိုခိုင်လုံ စိတ်ချစွာ ချမ်းသာရာ ရမည်ဖြစ်သည်။


ဒုက္ခချုပ်ငြိမ်းခြင်း သဘောသည် အမှန်တကယ် ရှိ၍နေသည်သာ။ ဒုက္ခချုပ်ငြိမ်းရာ၌ ဒုက္ခလုံးဝမရှိ ပကတိ ငြိမ်းအေးနေသည်။ ပူလောင်မှုမရှိ နှိပ်စက်ခြင်းမှ ကင်းလွတ်ဆိတ်သုဉ်းနေသည်။ ကြည်လင်ချမ်းသာနေသည်။ ချမ်းသာကြောင်း ဒုက္ခမှ လွတ်ကြောင်းကိုလည်း ဂဃနဏ သိနေရသည်။


အော် . . . ချမ်းသာငြိမ်းအေးခြင်း သဘောပါလား။ အနှောက်အယှက်မှ ကင်းလွတ်ခြင်း သဘောပါလား။ အပူအပင် ကင်းဆိတ်ခြင်း သဘောပါလား။


သမုဒယ ပယ်ခဲ့လို့ ဒုက္ခမှ လွတ်မြောက်နေတာပါလား။ တကယ်လို့များ သမုဒယ မပယ်ခဲ့လျှင် ဒီလို ချမ်းသာနေမှာ မဟုတ်ဘူး။ အနှိပ်အစက်ခံ ဆင်းရဲနေရမှာ။ သမုဒယကို အကြောင်းပြုခဲ့လျှင် ဒုက္ခအကျိုး ဖြစ်ပေါ်နေဦးမှာ၊ အခု သမုဒယ ပယ်သတ်ခဲ့လို့ သန့်စင်သော သီလရှိခဲ့သလို သမာဓိနှင့် ပညာ ကိန်းဝပ်လာပေ တာ။ ချမ်းသာစွာ . . . ချမ်းသာစွာ အဟောဝတဟု ကိုယ်ပိုင်ဉာဏ်နှင့် သိရှိနားလည်နိုင်သည်။ ဒုက္ခကုန်လျှင် သုခရှိသည်သာ၊ ဒုက္ခကုန်ပြီးနောက် နောက်ထပ်ဒုက္ခ မလိုချင်တော့၍ ဒုက္ခဖြစ်စေသည့် သမုဒယကို ပယ်သည်ဖြစ်၍ ဒုက္ခမလာတော့။ ထိုအခါ ဒုက္ခဇာတ်သိမ်း ကင်းပြတ်ငြိမ်းလျက် အေးငြိမ်းချမ်းသာ သုခမဟာကို ဉာဏ်အရာဖြင့် ထိုးထွင်းသက်ဝင် ဆင်ခြင်နိုင်တော့ပြီသာ။


Admin (www.chitnge.com)

Monday, December 19, 2011

ပဋိစ္စ သမုပ္ပါဒ် ဒေသနာ

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ -

၁။ သံသရာ၏အစကိုလည်းကောင်း သမုတိသစ္စာအလိုအားဖြင်. 'လူ'ဟူ၍လည်းကောင်း ၊'ပုဂ္ဂိုလ် သတ္တ၀ါ' ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ဖြစ်ရာ အစ သည် (အ၀ိဇ္ဇာ နှင်.တဏှာ )ဟူ၍ပြသခြင်းဖြစ်သည်။ ပေါ်လွင်ထင်ရှားစေခြင်းဖြစ်သည်။

၂။ ထို လူဟူ၍လည်းကောင်း ၊ပုဂ္ဂိုလ်သတ္တ၀ါ ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ ခန္ဓာဖြစ်စဉ်ကို ပြသခြင်းဖြစ်သည်။

၃။ ပရမတ္တသစ္စာအလိုအားဖြင်. ပုဂ္ဂိုလ်သတ္တ၀ါ ယောကျာင်္း မိန်းမ မရှိ၊ အကြောင်းတရားဖြစ်ပေါ်ဖြင်းကြောင်. ဤအကျိုးတရားဖြစ်ပ်ါခြင်း စသည်ကို ပြသသောတရားဖြစ်သည်။

၎။ သခါင်္ရနှင်.၀ိညာဏ်အစပ်၊ ဝေဒနာနှင်.တဏှာအစပ်၊ ကမ္မဘ၀နှင်.ဇာတိအစပ်ကို အလျင်မပြတ် တရစပ် ဆက်စပ်နေခြင်းကိုပြသည်။

၅။ ဇာတိဟုဆိုအပ်သော ပဋိသန္ဒေနေလိုက် ၊အိုလိုက် နာလိုက် သေလိုက် တဖန် ပဋိသန္ဓေဓနေလိုက် ၊အိုလိုက် သေလိုက် မီးခိုးမဆုံး မိုးမဆုံး လှည်.လည်ဖြစ်ပွားနေခြင်းကို ပြသခြင်းဖြစ်သည်။

၆။ ဒုက္ခအစုတွေ တစ်ခုပြီးတစ်ခု အစဉ်တန်းနေခြင်းသာဖြစ်ပါသည်။

၇။ လောင်စာနှင်.မီးသာ ထပ်ခါတလဲလဲ လှည်.နေခြင်း၊ လောင်စာထည်.ပေးရင်း မီးအသစ်ဖြစ်ပွားခြင်း ဟူရ်ျသာ ဆက်ခါ ဆက်ခါ ဖြစ်ပွားနေခြင်းကို ပြသသည်။

၈။ သမုဒယ နှင်. ဒုက္ခသစ္စာသာ လှည်.နေခြင်းကို ထင်ရှားပေါ်လွင်စေသည်။

၉။ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက ၀ဋ်သုံးပါးသာ မရပ်မနား ရဟတ်ချားပမာ လှည်.နေခြင်းကို ပြသည်။

၁၀။ လွန်လေပြီးသော အတိတ်ဘ၀၊ ယခုဖြစ်ဆဲ ပစ္စပါန်ဘ၀၊ နောင်ဖြစ်လတ္တံ. အနာဂတ်ဘ၀ ၊ထိုဘ၀သုံးပါးသာ လှည်.လည်နေခြင်းကိုပြသထင်ရှားပေါ်လွင်စေသည်။



က်ျသည်တို.ကား ဒေသနာအစဉ်အတိုင်း ဓမ္မနိယာမ အစဉ်ဖြစ်၏။ ဗုဒ္ဓ ဘာသာဝင်တိုင်း ဤအခြေခံသဘောကို နားလည်မှသာ ပုဂ္ဂိုလ်သတ္တ၀ါမရှိ ၊ဓမ္မအစဉ်တွေသာ တစ်ခုပြီးတစ်ခု တန်းနေခြင်းဖြစ်၍ (ဒိဋ္ဌိ)ကွာသောတရား ၊သုညတဆိုက်သောတရားဖြစ်စေသောကြောင်. ခန္ဓာညာဏ်ရောက်မှုဖြစ်ရန် ကြိုးစားသင်.သောအချက်ကြီးဖြစ်ကြောင်း၊ ခန္ဓာဥာဏ်ရောက်ဝိပသနာအလုပ်ကို ကြိုးစားအားထုတ်ကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

သုတ၀ါ-ပညာနားဖြင်.ကြားဖူးတာဖြစ်ပါစေ၊ အရိယာ သာဝကော-အရိယာတို.၏ ကျင်.စဉ်အတိုင်း မှတ်သားပြီး ကျင်.နိုင်တဲ.ပုဂ္ဂိုလ်ဖြစ်ပါစေ……..။

(မိုးကုတ်ဝိပသနာ ပဏာမအရသာ)

Sunday, December 18, 2011

စွန့်ခြင်းနှင့် နှောင်ဖွဲ့ခြင်း

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။

တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားက မြတ်တယ်”ဆိုတာသိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့ တခါတည်းမိန့်မှာထားပါတယ်။

ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူ မှုတွေလုပ်ပြီး တရားစီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။

အမှုတစ်ခုမှာတော့ ဘုရင်နဲ့ အလွန်ရင်းနှီးတဲ့ သူတစ်ယောက် မှန်ပါလျက်နဲ့ တရားရှုံးသွား ပါတယ်။ အဲဒီတရားရှုံးသွားတဲ့ ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီး အမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့ သူကိုအနိုင်ပေးနေတဲ့ အကြောင်း လျှောက်ပြ လိုက်ပါတယ်။



နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။

ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။ ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့ မရတော့ပါဘူး။

ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့ အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။

(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။ သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခက်နေတာ လေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တ အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

တရားစခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ် ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။ အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်း နှစ်မျိုးကို ပြထားပါတယ်။

၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။

ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။ ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။

နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။

တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှုပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့ လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။

တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီး သီလရှင် ဝတ်သွားတာ မျိုးကျတော့လည်း အဆင်မပြေလှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီးစသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရား အမြဲ ဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။

အားလုံးကြားဖူးတဲ့ ထေရီကာဆိုတဲ့ အမျိုးသမီးလေး တရားရသွား တယ်ဆိုတာ မီးဖိုချောင် ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာ လည်း တရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။

ကိုယ့်ဝန်းကျင်မှာ အားကျ အတုယူရမယ့် သူတွေ အများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီး တစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။

ဆရာတော်ကြီး မိန့်တဲ့အထဲမှာ ထူးဆန်းတာ တွေပါနေပါသတဲ့။ ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။

ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ်ဖြစ် တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။

အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရားအဆင့် တစ်ခုတော့ရနေ လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။

ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှား မိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။ ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။

စွန့်တဲ့သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။ စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့သူတွေကတော့ စွန့်နေကြတာပါပဲ။

လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့ သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်း မသိတော့ပါဘူး။

တချို့နှောင်ဖွဲ့မှု တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။

စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံးအားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။

တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့်အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။

မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…

၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။

၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။

၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။

၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။ ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။

စာရေးသူ စာရေးတဲ့အခါ နိဗ္ဗာန်ကို ဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေ ကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူက ရေးပြ ဟောပြတာ လေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။

ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝအတွေ့အကြုံ တွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။

ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာ အကောင်းဆုံးပါပဲ။


ရဝေနွယ်(အင်းမ)

ကျမ်းကိုး

ထေရအပဒါန်ဝတ္ထုတော်ကြီး၊

အရှင်ဓမ္မဿာမီဘိဝံသ

CHECK UP မလုပ်ရသေးသော တဏှာများ

ဘဝက တဏှာကြောင့်စခဲ့၏။

အတန်ငယ်ကြီးပြင်းလာသောအခါ တဏှာသည် ကြောက်စရာကောင်းကြောင်း သင်ကြား ကြရ၏။ စာသင်၏။ တဏှာကို လည်းသင်၏။

ထို့နောက် လောကီအာရုံမှ လွတ်မြောက်ရေးကို တောင်းဆိုလာ၏။

ဟုတ်သလိုလိုရှိ၏။ သို့သော်မဟုတ်သေး။ ကာမဂုဏ်မှ ပယ်ခွာရေးဆိုသော်လည်း ထိုကာမဂုဏ်က အဘယ်နည်း။ ဘာကိုဆိုသနည်း။ ထိုကာမဂုဏ်ကို သုံးစွဲပြီးမှ ထွက်မြောက်ရေးကို တောင်းဆိုလာသော် မှန်ကန်ဖို့ ရာနှုန်းများ၏။ သို့သော် ဘာမှမရှိဘဲ ဘာမှ မရှိရာမှ စွန့်ခွာရေးကို ပြောလာ၏။ မဟုတ်တော့။ လုံးဝမဟုတ်တော့။

တစ်ချိန် ကျေးလက်ကလူများကို လွန်စွာရိုးသားကြ၏၊ အလိုနည်းပါးကြ၏ ဟုထင်ခဲ့၏။ ကျေးလက်သားတို့ တဏှာကို လျှော့တွက်ခဲ့မိ၏။ တကယ်မူ မဟုတ်။ တဏှာသည် တဏှာသာဖြစ်၏။ တနည်းဆိုရသော် လိုချင် ရကောင်းမှန်း မသိကြခြင်းသာဖြစ်၏။ မလိုချင်ကြခြင်းမဟုတ်။ ယနေ့ကျေးလက်သည် မြို့ပြ၏ စမ်းသပ်မှု ဒဏ်ကို အပြင်းအထန်ခံနေရ၏။ ဘီယာဆိုင်များပေါလာ၏။ ဗွီဒီယိုရုံများပေါလာ၏။ အခြားအခြားသော လိုက်စရာ အာရုံ များ ပေါလာ၏။ ထိုအာရုံများနောက်သို့ သူတို့တဏှာလိုက်ကြတော့၏။

ဤသို့ဆိုသော ကျေးလက်တောသားများ အလိုနည်းခြင်း မှန်ကန်ပါမည်လား။ တချို့က နည်း၍ တစ်ချို့က များ၏။ သို့သော် ထိုတဏှာကို Check up မလုပ်နိုင်သေးသဖြင့် သိပ်မသိသာလှ။ အမှန်မူ လူ့တဏှာ သည် လူ့တဏှာသာဖြစ်သည်။

ဤသည်ကိုပင် ယနေ့ခေတ်လူတို့သည် လောဘပိုကြီးလာကြသည်ဟု သိပ်အဆင်မပြေလှသော အယူ အဆ တင်ပြလာကြပြန်သည်။ ဘဝရလာသူတိုင်း၏ တဏှာကို လျှော့တွက်၍ရမည်မထင်။ ယနေ့ စီးပွားရေးကြောင့် လူသားများတိုက်ခိုက်နေသလို သားကောင်တစ်ကောင်အတွက်ကြောင့် ကျောက်ခေတ်လူသားများ တိုက်ခိုက်နေ ကြ၏။ သားကောင်ဆိုသောအာရုံက အားသိပ်မကောင်းသောအခါ တဏှာလည်း အားလျော့၏။ ဤသည်မှာ တဏှာ အားနည်းခြင်း ကြောင့် မဟုတ်ဘဲ တဏှာ သည်းခြေကြိုက်အာရုံနှင့်တွေ့ကာ Check up မလုပ်ရသေးခြင်းသာဖြစ်သည်။

ယနေ့ ကမ္ဘာက မြန်မာလူမျိုးများရိုးသား၏။ အလိုနည်း၏။ အေးချမ်း၏ဟု ပြောလာပြန်သည်။ (အကင်း ပါးသောလူများကမူ မပြောကြ။) မှန်ကန်ဖို့ ရာခိုင်နှုန်းနည်း၏။ အဘယ်ကြောင့်ဆိုသော် ယခုကျေးလက် သည် တစ်ချိန်က ကျေးလက်မဟုတ်တော့သလို ဖြစ်နေသောကြောင့်ဖြစ်၏။ မြူဆွယ်သော အာရုံက သိပ်အားမကောင်း သဖြင့် ရှိနေသော တဏှာက လက်စွမ်းမပြသေးခြင်းသာဖြစ်၏။

ရိုးသားသောနိုင်ငံသည် သူခိုးများ၏။ ဟန်လုပ်သောနိုင်ငံ၌ အရက်ပုန်းရောင်းသောဆိုင်များ ပေါ၏။ ယဉ်ကျေးသောနိုင်ငံ၌ အပျော်အပျက် အနှိပ်ခန်းများပေါ၏။

ယနေ့ ကမ္ဘာ့ယဉ်ကျေးမှုက မြန်မာကို အားကောင်းကောင်းနှင့် ဝင်တိုက်နေပြီဖြစ်သည်။ မြန်မာတွေ ဘယ်လိုလက်ခံယူမလဲ။ ဤကိစ္စအလွန်အရေးကြီးသည်ဟု ထင်သည်။ သူတို့က တဏှာကို ကမ္ဘာ့အာရုံနှင့် စမ်းသပ်တော့မည်ဖြစ်သည်။ မြန်မာများ တကယ်ရိုးသားကြပါသေးရဲ့လား။ အားနာစရာတော့ အနည်း ငယ်ကောင်း၏။

စဉ်းစားမိသည်။ “ ကာမဂုဏ်မှ ခွာ ၊ ကာမဂုဏ်က မခွာ။ “

ခက်သည်က ခွာစရာ ကာမဂုဏ်ကမရှိ။ မရှိရင် မရှိတဲ့ ကာမဂုဏ်ကခွာ၊ ခွာရင်ပြီးရော။ အဓိပ္ပါယ်တော့သိပ်မပါ။

တစ်ချိန်က ကွန်ပျူတာမရှိ၊ ကွန်ပျူတာမသိ။ ကွန်ပျူတာမရှိသဖြင့် အခြား ဆောင်ရွက်စရာ လည်းမလို။ အနှီ ပုဂ္ဂိုလ်တို့သည် ကွန်ပျူတာမလိုချင်သော ပုဂ္ဂိုလ်များလား။ မဟုတ်ဟုထင်သည်။ လိုချင်ရကောင်းမှန်း မသိသူများသာဖြစ်၏။

ဂျေဒေါ့နတ်မရှိ၊ ကေအက်(ဖ)စီမရှိ၊ ဒေါ်လာ ၂၅၀တန် ဘူဖေးမရှိ၊ မရှိသဖြင့် မသိ။ မရှိ၍ မသိသော ထို ပုဂ္ဂိုလ်များကို လောဘနည်းသူဟု ပြော၍ ရပါမည်လော။ မထင်မိ။ မရှိ၊ မသိ၊ မလိုချင် သာဖြစ်ပြီး ရှိ၊ သိ၊လိုချင်ဖြစ် လာပါလိမ့်မည်။

လေယာဉ်တစ်ခါစီးဖူးတယ်။ ကောင်းလိုက်တာ။ မေ့လို့ကို မရဘူး။ အဲဒီတုန်းက နင်တို့ အပေါ် တည့်တည့် ကနေ ငါတို့ဖြတ်သွားတာ ဆိုသည့် ကျေးတောသားသည် ကိုယ်ပိုင်ဟယ်လီကော်ပတာ မဝယ်နိုင်ရင် ရှိမည် -- မလိုချင် ဟူ၍တော့ ပြော၍မရ။ (လိမ်ညာပြောလို့တော့ရပါသည်။)

စာပေလာ ဇာတ်နိပါတ်၊ ဗုဒ္ဓဝင် စသည်တို့ကို ကြည့်ရှုရာ ကာမဂုဏ်၊ ထို့နောက် ကာမဂုဏ်မှ ခွာ၊ ဤဖော်မြူလာကိုတွေ့ရသည်။ တွယ်တာစရာ ကာမဂုဏ်မရှိ ထိုမရှိ ကာမဂုဏ်မှ ခွာကို မတွေ့ရ။

သုမေဓာရသေ့သည် သူဌေးဖြစ်သည်။ သိဒ္ဓတ္ထမင်းသားသည် အာဏာနှင့် စည်းစိမ်အလုံးစုံရှိသည်။ ဤသည်မှာ ကာမဂုဏ်ဖြစ်၏။ ထို့ကြောင့် ကာမဂုဏ်မှ ခွာလို့ရ၏။ ကာမဂုဏ်မှ ခွာရန် ကာမဂုဏ်ရှိနေဖို့ အရေးကြီးသည်။စင်္ကာပူမှထွက်ခွာရန်စင်္ကာပူလို၏။ မြန်မာပြည်မှထွက်ခွာရန် မြန်မာပြည်လို၏။ လေဆိပ်မှထွက်ခွာရန် လေဆိပ်လို၏။ စင်္ကာပူမရှိ ၊ မြန်မာမရှိ ၊ လေဆိပ်မရှိဘဲ ဤကိစ္စများ လုံးဝမဖြစ်နိုင်။

ကာမဂုဏ်မှခွာဆိုသည့် ဝေါဟာရကိုသုံးစွဲရန်အနည်းဆုံးတူတူတန်တန်ကာမဂုဏ်တော့ရှိနေရမည်။ နို့မို့ တော့ “ခွာ“ သာ “ခွာ“ မည။် ကာမဂုဏ်မှတော့ မဟုတ်။ မဟုတ်သဖြင့် ထိုတဏှာက လက်စွမ်းပြ ခွင့်မရ။ အမှန်တကယ် တဏှာကြိုက်အာရုံနှင့်တွေ့တော့မှ သူ့ကိုယ်သူ မရှိဘူး ဟုထင်ထားသော ထိုတဏှာက လျှာတမြားမြား၊ တံတွေး တမျိုမျိုနှင့်ထွက်လာ ပါလိမ့်မည်။

မြန်မာတွေရိုးသားကြတယ်။ အလိုနည်းကြတယ်ဟု အပြောမစောမီ ထိုမြန်မာတို့၏ တဏှာကို Check up လုပ်ရမည်ဖြစ်၏။ ဤသည်မှာ (၂၁)ရာစု လောကီအာရုံများပင်ဖြစ်ပေသည်။










မြန်မာတွေ တူတူတန်တန်ဖြစ်အောင် အရင်လုပ်ရမည်။

စီးပွားရေး ထူထူထောင်ထောင် ဖြစ်အောင် အလုပ်လုပ်ရမည်။

ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်အောင် အရင်လုပ်ရမည်။

ဖြစ်သလို စား-စားနေရသော (အာဟာရမပြည့်သော) ထမင်းပွဲများကို ကျော်လွှား နိုင်အောင် လုပ်ရမည်။

နှစ်ဦးသား ချစ်ပါလျက် အဆင်မပြေသော စီးပွားရေးကြောင့် လက်မထပ်ရသော သမီးရည်းစားများ နည်းနိုင်သမျှ နည်းအောင်လုပ်ရမည်။

တွယ်တာလောက်သော ငွေကြေးတန်ဖိုး ၊ ပိုင်ဆိုင်မှု အိမ်ယာရှိနေရမည်။

ဤမျှဆိုလျှင် ကာမဂုဏ်မှ ခွာလိုသော ပုဂ္ဂိုလ်များခွာလို့ ရပါပြီ။ အဘယ်ကြောင့်ဆိုသော် ခွာစရာ ကာမဂုဏ် တူတူတန်တန် ရှိနေသောကြောင့်ပင်ဖြစ်သည်။

အမေရိကနှင့် ဥရောပမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို တွေ့ရသည်။ အလွန်ကြည်ညိုမိ၏။ (ဘာသာရေးလုပ်စားသည့် ရဟန်းတချို့လည်းရှိကောင်းရှိနိုင်၏။ မပြောပလောက်။) သူတို့သည် ကာမဂုဏ်မှ ခွာခဲ့သောကြောင့်ဖြစ်၏။ ကာမဂုဏ်ရှိ၏၊ ကာမဂုဏ်ကို သိ၏။ ထို့နောက် ထိုကာမဂုဏ်မှ ခွာ၏။

မိဘများမရှိ ဆွေမျိုးသားချင်းများကလည်း မတတ်နိုင်။ ထိုကလေးကို ကိုရင်ဝတ်လေးလိုက်။ ထိုကလေး သည်ဘာကာမဂုဏ်မှမရှိဘဲ ကာမဂုဏ်ခွာထွက်ရေးလမ်းပေါ်ကို ရောက်လာရရှာ၏။သူ့ကိုယ်သူလည်းမသိ ။လျှောက်မိသည့် လမ်းကိုလည်းမသိ။ ထို့နောက်စာပေများသင်၍ စာပေများတတ်၏။ သို့သော် ကာမဂုဏ်ကိုမူ သူမသိ။ ထို့ကြောင့် သူ့တဏှာကိုလည်း သူမသိ။ သေချာသည်ကား တဏှာရှိ၏။(ထိုသို့သော သာမဏေငယ်များ အထင်ကရ ဆရာတော်ကြီး တစ်ပါး မဖြစ်ဟု မဆိုလိုပါ။)

ဤသည်မှာ သမားရိုးကျ ရဟန်းဘဝနှင့် သမားရိုးကျ မဟုတ်သော ရဟန်းဘဝခြားနားမှုသာဖြစ်၏။ သာသနာ့ဘောင်ဝင်လာတာခြင်း တူသော်လည်း ကာမဂုဏ်မှ လာခြင်းနှင့် ဘာမှ မရှိရာမှ လာခြင်းမတူညီကြ။ ထို့ကြောင့် တန်ဖိုးလည်းကွာ၏။

ဤပြဿနာများ ဘယ်ကလာသနည်း။

ဆင်းရဲမွဲတေရာမှ လာ၏။

အသိပညာ အားနည်းရာမှ လာ၏။

ဘာသာရေး အဆုံးအမကို မျက်စိမှိတ်ယုံကြည်ရာမှ လာ၏။

ကိုယ့်တဏှာကို Check up မလုပ်မိ၊ လုပ်ခွင့်မရ၊ ထို့ကြောင့် တဏှာပမာဏကို မသိ။ သိသော် တဏှာကို မနိုင်။ မနိုင်သော်လည်း လူသိမခံရဲ။ လူသိမခံရဲသဖြင့်……

ဤသို့ဖြင့်

မသမာမှုများပေါများလာ၏။

လာဘ်ပေးလာဘ်ယူမှု ပေါလာ၏။

ပရဟိတရှေ့ကပြပြီး အတ္တဟိတလုပ်သူများ များလာ၏။

အရက်ပုန်းရောင်းသောဆိုင်များ ပေါများလာ၏။

အပျော်အပျက် အနှိပ်ခန်းများပေါလာ၏။

ဤသည်မှာ လူ့သဘာဝဖြစ်၏။ ရှက်စရာတော့ သိပ်မလို။ အထိုက်အလျောက် ဖြေရှင်းဖို့ နည်းလမ်းသာ ရှာဖို့လို၏။ ဒါကို သဘောမပေါက်။ ထို့ကြောင့် ဖုံးဖိဖို့ကြိုးစား၏။

ဖုံးလိုက်ပါမှ လေစိမ်းအတိုက်မခံရသည့်အတွက် ပုပ်ပွပြီး အနံ့တစ်ထောင်းထောင်းထွက်လာ၏။

ထိုပုပ်ပွနေသော အနံ့ကို မရှုလိုမှုသည် တဏှာကုန်ခြင်းအစစ်မဟုတ်။

ဒေါသဖြစ်၏။

 လိုချင်စရာကောင်းသော အာရုံကို မလိုချင်မှ တဏှာကို လွန်၏။

သို့သော် … ဒေါ်လာဆယ်သန်းတန် အာရုံက အကြင်လူသားထံမလာသေး။ ထို့ကြောင့် ထိုလူသား၏ တဏှာသည် ဒေါ်လာဆယ်သန်း ဒဏ်ကို ခံမခံမသိရ။

 လူသည် လူဖြစ်၍ လူ့တဏှာသည် လူ့တဏှာသာဖြစ်ပေတော့၏။

အမေရိကန်ဘိက္ခူနီမ တစ်ယောက်က Tanha (or) The Longest River ဟုသုံး၏။ ထိုဘိက္ခူနီမကို ကြည်ညို၏။

သီဟနာဒ

ထမင်းစားရင်း ပါရမီဖြည့်မယ်

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။ အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာ ပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။

နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကို မြတ်စွာ ဘုရားကို သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ “ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ”လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း “ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။

ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။ လယ် ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။ လယ်စောင့် ယောင်္ကျားကလည်း အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။

အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ် စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာ ပျောက်သွားတော့ ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက် ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။

ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။

လယ်စောင့် ယောင်္ကျားလည်း သူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကို နေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။

ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။ ထူးထူးခြားခြား ရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲ ခေါ်ကြပါတော့သတဲ့။

(ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)



လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာ ကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့ “မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့ စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။

အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ် သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။

ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ, စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုး အဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။ စိတ်မချမ်းသာ ဘူးဆိုရင် တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။

တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင် အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။

အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက် ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးက လည်း အတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း တရားအား ထုတ်လို့ ရတယ်ဆိုတာပါပဲ။

သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ ဟောပြလေ့ရှိပါတယ်။

စားခြင်းသုံးမျိုးကတော့..

၁။ သီလနဲ့စားခြင်း

၂။ သမထနဲ့စားခြင်း

၃။ ဝိပဿနာနဲ့စားခြင်းပါ။

ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊ အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။

ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။ လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။ ဆင်ခြင် လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။

ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။

အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့ အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။ မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။

မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့ မိဘတွေ အပေါ်မှာလည်း ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။

မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။ တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။

ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင် ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။ ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။ တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊

ပါးစပ်ဟတော့ “ဟတယ်”၊ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာ အထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ ရှုမှတ်ရတာပါ။

တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင်လည်း မနည်းပါဘူး။

ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်” “ကြားတယ်”လို့ မှတ်ရုံပါပဲ။

အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။

ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ် ကလေးတွေ စီပေးထားပါတယ်။

၁။ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။

၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။

၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။

ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။ ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ် အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။

မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျိုးရအောင် ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။

ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ ဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။ တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။

ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။ ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။ ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်း ဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်း မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေး တယ်လို့ တဆင့်ကြားဖူးပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။

ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။

သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..

“ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်”လို့ ဆိုရပါလိမ့်ပါမယ်။

ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။ ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။ နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။

လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။ မြန်မာ့ရာဇဝင်မှာ နရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။ တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲ သုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။

နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။ နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။

ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။ နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို “ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူက အဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။

တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေ နဲ့မင်းကြီး ဖောင်တော်ကို ဝိုင်းထားလိုက်ပါတယ်။

နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။ မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။

နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။

ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီး သားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။

စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။ ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူက သားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊ ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်း ဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။

မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။

အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။

တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။

သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေ ကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။ သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။ မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ် စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။


ကျမ်းကိုး။ ။

၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ ။

၂။ ဝိမာနဝတ္ထုတော်ကြီး ၊ မြို့မိဆရာတော်။

၃။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်) စာမျက်နှာ ၂၄၂-မှ ၂၅၁) ။

၎။ လောကကြေးမုံ(လေးမြိုင်) ။

ရဝေနွယ်(အင်းမ)

Saturday, December 17, 2011

ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က“အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုယ် ဓားနဲလှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။


မနာပ ဒါယီ အရှင်ဝိစိတ္တ

သက်သတ်လွတ်နဲ့ ရသတဏှာ

တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။



တစ်ခါတုန်းကတော့ ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့ ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင် ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။



ဒီလိုအသံတွေ ကြားရတော့ ဘုန်းဘုန်းစိတ်ထဲမှာ သက်သတ်လွတ်နဲ့ ပတ်သက်တဲ့ ပြောစရာလေးတွေ အကြောင်း အတွေးနယ်ချဲ့မိပြန်ပါတယ်။ သက်သတ်လွတ် စားတဲ့ရည်ရွယ်ချက် အမှန်နဲ့ လက်တွေ့ဖြစ်နေတဲ့ အဖြစ်လေးတွေ၊ ကုသိုလ်ရချင်လို့ သက်သတ်လွတ်စားကာမှ ကုသိုလ်မရဘဲ အပြစ်ဖြစ်စရာလေးတွေ ဖြစ်နေတာက သက်သတ်လွတ်စားသူတွေနဲ့ သက်သတ်လွတ်အတွက် ဖန်တီးပေးရသူတွေကြားမှာ လွဲများလွဲနေကြသလားလို့ စဉ်းစားနေမိပြန်ပါတယ်။ ကုသိုလ်ရအောင်၊ မေတ္တာဓာတ်အားကောင်းအောင်၊ ရသတဏှာနည်းအောင် သက်သတ်လွတ်စားကာမှ ကုသိုလ်လည်းမရ၊ မေတ္တာဓာတ်လည်း မပွားဘဲ အလုပ်ပိုပြီး ရသတဏှာသာ တိုးနေမယ်ဆိုရင်တော့ ဒါဟာ လွဲနေတော့တာ ဖြစ်ပါတယ်။ စားတာက သက်သတ်လွတ်ဖြစ်နေပြီး ပွားနေတာက ကိလေသာတွေ ဆိုရင်တော့ နဲနဲလေးတော့ လွဲနေတာ အမှန်ပဲ ဖြစ်ပါတယ်။



တကယ်တော့ သက်သတ်လွတ်စားတာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး အကောင်းတွေ အဖြစ်များ၊ အကျိုးတွေ အဖြစ်များဖို့တော့ လိုပါတယ်။ သတ္တဝါတွေအပေါ်မှာ မေတ္တာထားနိုင်အောင်၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုတ်အောင်၊ အရသာအပေါ်မှာ စွဲလန်းတပ်မက်တတ်တဲ့ ရသတဏှာတွေ လျော့နည်းအောင် စားလည်းစား ကျင့်လည်းကျင့်မယ့် ဆိုရင်တော့ သက်သတ်လွတ်စားတာ သိပ်ကောင်းပါတယ်။ အဲဒီလိုလေးတွေသာ ဖြစ်ကြမယ်ဆိုရင်တော့ တကမ္ဘာလုံး သက်သတ်လွတ်တောင် စားသင့်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က ကောင်းနေတာကိုး။



ဒါပေမယ့် ခုဟာက သက်သတ်လွတ်စားရင်း အကျင့်ပါးလာတဲ့ သူတစ်ချို့ကြောင့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က တစ်ခြားစီ ဖြစ်နေသလို ဖြစ်လာနေပါတယ်။ ရသတဏှာ မပါးဘဲ သက်သတ်လွတ် အစားအစာကို အသားအရသာအတိုင်း အကောင်းဆုံး ပြင်ဆင်ပြီး စားနေကြတာကတော့ အလုပ်လည်းများ တဏှာလည်း ပွားနေကြသလို ဖြစ်နေပါတယ်။ အစားအစာနဲ့ ပတ်သက်ပြီး အလုပ်မများအောင် စားကာမှ ဘယ်လိုဟာမျိုးမှ စားမယ်၊ ဘာပါမှစားမယ်၊ ဘာမပါလို့ အလိုမကျ ဖြစ်နေကြတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။



အမှန်တော့ ဘုရားအလိုရှိတာက သက်သတ်လွတ်စားခြင်း မစားခြင်းကို အလိုရှိတော်မူတာ မဟုတ်ပါဘူး။ ဘာပဲစားစား ရသတဏှာ မပွားဖို့၊ အစားအသောက် အပေါ်မှာ တပ်မက်တွယ်တာမှု မများဖို့ကိုသာ ဗုဒ္ဓမြတ်စွာ အလိုရှိတော်မူတာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်လည်း ဒီလိုသက်သတ်လွတ် စားဖို့ကို သီးသန့်ခွင့်ပြုတော်မူခြင်း၊ သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မူခြင်း မရှိခဲ့ပါဘူး။ အရှင်ဒေဝဒတ်က ရဟန်းသံဃာတော်များ သက်သတ်လွတ်စားဖို့ ပညတ်ပေးပါလို့ တောင်းဆိုတာတောင်မှ ဘုရားရှင်က ခွင့်ပြုတော် မမူခဲ့ပါဘူး။ ဆွမ်းခံသွားကာ ရသမျှ အစာအဟာရ အပေါ်မှာ ရသတဏှာ မဖြစ်အောင်စားဖို့ပဲ တိုက်တွန်းတော်မူခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းကြောင့် ရသတဏှာပါးပြီး ကိလေသာ နည်းသွားမယ်ဆိုရင်တော့ ဘုရားရှင်က သာဓုခေါ်မှာ အမှန်ပဲ ဖြစ်ပါတယ်။ သက်သတ်လို့တော့ စားပါတယ် ကိလေသာမပါးဘဲ ပိုများလာပြီး ရသတဏှာကလည်း ပိုပွားလာတယ်ဆိုရင်တော့ ဗုဒ္ဓရှင်တော်မြတ် အလိုရှိတော်မူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သက်သတ်လွတ်စားတဲ့ အဓိက ရည်ရွယ်ချက်ဟာ မေတ္တာကရုဏာ တရားအားကောင်းဖို့နဲ့ အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့ စားတာဖြစ်တဲ့အတွက် သက်သတ်လွတ်စားရင်း ရည်ရွယ်ချက်တွေနဲ့ လွဲအောင်မလုပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။



ပြီးတော့ အစားစားတယ်ဆိုတာ အလုပ်လုပ်နိုင်အောင် စားတာဖြစ်ပါတယ်။ အလုပ်လုပ်ဖို့စားတာ ဖြစ်ပါတယ်။ စားဖို့လုပ်တာ မဟုတ်ပါဘူး။ အစာအဟာရကို အမှီပြုပြီး မာန်မာနတက်ဖို့၊ လှဖို့ပဖို့ စားနေကြတာ မဟုတ်ဘဲ ခန္ဓာကိုယ် ကျန်းမာရေး မျှတအောင်၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်အောင်၊ အဟာရသပ္ပါယ မျှတအောင် စားသောက်ကြတာ ဖြစ်တဲ့အတွက် ဒီသဘောနဲ့ ညီအောင်တော့ စားသင့်ကြပါတယ်။ အဲလိုမှမဟုတ်ဘဲ ဘာဖြစ်ချင်လို့၊ ဘာလိုချင်လို့ စတဲ့ မျှော်လင့်ချက်တွေနဲ့ အဓိဋ္ဌာန် ဝင်သလိုလို၊ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားသလိုလိုနဲ့ သက်သတ်လွတ်ကိုပဲ အသားထက်ကောင်းအောင် ပြင်ဆင် စားသောက်မှုမျိုး ဆိုရင်တော့ ရသတဏှာပွားပြီး အကုသိုလ်တောင် တိုးနိုင်တာဖြစ်တဲ့အတွက် ဒါမျိုးလည်း မဖြစ်သင့်ပါဘူး။



တစ်ချို့က ဘာအဓိဋ္ဌာန်ဝင်တယ်၊ ညာအဓိဋ္ဌာန်ဝင်တယ်ဆိုပြီး အဓိဋ္ဌာန်ဝင်နေတဲ့ ကာလမှာ ကိုယ်လိုချင်တဲ့ အရာတွေ အထမြောက်အောင်မြင်အောင် သက်သတ်လွတ်ပါ စားကြဖို့ ပြောဆိုညွှန်ပြနေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သေချာကြည့်ရင် ရည်ရွယ်ချက်ကိုက ရှင်းနေပါတယ်။ ဘာလိုချင်လို့၊ ဘာရချင်လို့၊ ဘာတွေအောင်မြင်ချင်လို့ စတာတွေက ဦးစီးနေတာ ဖြစ်နေတော့ သက်သတ်လွတ်စားတာဟာ မေတ္တာဓာတ်များဖို့၊ ရသတဏှာပွားဖို့ကြောင့်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါလိုချင်လို့ ဒီလိုစားတာ၊ ဒီလိုကျင့်တာဟာ ဘာသာရေးကို ခုတုံးလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အလွဲတစ်ခုပါ။



ဖြစ်သင့်တာက သက်သတ်လွတ်စားတာ၊ မစားတာထက် အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့၊ အစားအသောက်အတွက် ကိုယ်ကိုယ်တိုင် သတ္တ၀ါတွေကို သတ်တာဖြတ်တာ မလုပ်ဖို့၊ သက်သတ်လွတ် စားတာကို အကြောင်းပြုပြီး အလုပ်မများဖို့နဲ့ ဘာဖြစ်ချင်လို့ ဘာရချင်လို့ ဆိုတဲ့ မျှော်လင့်ချက် အဓိဋ္ဌာန်တွေနဲ့ မေတ္တာစေတနာ မပါတဲ့ သက်သတ်လွတ် စားတာမျိုး မဖြစ်ဖို့ စသဖြင့် သတိပြုဆင်ခြင်ကာ အရေးကြီးတဲ့ ကိလေသာပါးရေး၊ တဏှာနည်းရေးမျိုးပဲ ဖြစ်သင့်ကြပါတယ်။ စိတ်အစဉ်တွေမှာ ကိလေသာပါးပြီး ကုသိုလ်တရားတွေ တိုးနေမယ်ဆိုရင် သက်သတ်လွတ်စားမှု မစားမှုဟာ အရေးမကြီးတော့ပါဘူး။ ကိုယ့်စိတ်မှာ ကုသိုလ်တရားတွေ များနေမယ်ဆိုရင် သက်သတ်လွတ်မစားလည်း ကိလေသာကတော့ ပါးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။



ဒါကြောင့် ဒီနေ့ခေတ် သက်သတ်လွတ် စားကြတဲ့ သူအချို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓအလိုတော်နဲ့ လွဲနေတာတွေ ဖြစ်နေတဲ့အတွက် ဗုဒ္ဓအလို ရှိတော်မူတဲ့ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာကရုဏာတရား အားကောင်းရေး၊ အစားအစာအပေါ်မှာ ရသတဏှာ နည်းပါးရေး၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုပ်ရေး၊ အစားအစာအပေါ် အမှီပြုပြီး မာန်မာန မတက်ရေးများကို ဦးတည်လိုက်နာ ကျင့်သုံးကာဖြင့် ကုသိုလ်လည်းရ တဏှာလည်းချနိုင်မယ့် အစားအစာ စားမှုမျိုးကိုသာ ကြိုးစားလိုက်နာ လေ့ကျင့်သင့်ပါကြောင်း သက်သတ်လွတ်နဲ့ ရသတဏှာအကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်။




မနာပ ဒါယီ အရှင်ဝိစိတ္တ

နေရေးထက် သေရေး အရေးကြီးပုံ

အောင်ဆန်းဆရာတော်


http://dhammadownload.com/MP3Library/AungSanSayaDaw/Feb2004/01-AungSanSayaDaw-15-2-2004.mp3

ဘုရားနှင် ၇ဟန္တာတို့  ၏ကျေးဇူးတရားမှ အဆက်။

မဂ်ဆိုတာကကံဖြတ်တာ။ သောတ္တာပတ္တိမဂ် ကအပါယ်လေးပါးသွားမယ့် ကံတွေဖြတ်ချလိုက်တာ။

ဘုရား တရာ သံဃာ ကို အရင်က ကြည်ညိုတာထက်၊ ပိုထူးခြားလာမယ်။

ငါးပါးသီလကို လည်းအပျက်မခံချင်စိတ် ပြင်းထန်လာမယ်။

ငါသေရင်အပါယ်လေးပါးမကျဘူးလို့ ကိုယ်စိတ်ထဲ။ ဆုံးဖြတ်ချက်ချနိုင်မယ်။

ဒါဆိုငါသောတာပန်အစစ်လို့  မှတ်လိုက်တော့ ။

သောတာပန်ထည်ပြီးမှ၊ ဘုရားစစ်၊ တရားစစ်၊ သံဃာစစ် ကိုမြင်နိုင်တာ။ အထက်မဂ်တွေအတွက်ဖြစ်ပျက် ကချည်းပြန်စ။

သောတာပန်။ သကဒါဂါမ် က ကာမ။ ရူပ၊ အရူပ မှာအိုစရာ နာစရာ သေစရာ မီးလောင်းစရာ၊ ဒုက္ခသစ္စာတွေ မပယ်နိုင်သေးဘူး။

ကိလေသာကြွင်းကျန်နေသေးတယ်။ ငါးပါးအာရုံ ကာမဂုဏ်ဆိုတာ သာယာတာက နည်းနည်းနဲ့  ဒုက္ခက များတယ်ဆိုတာကိုမသိသေးဘူး၊

တဏှာက သုဘ တင့်  တယ်တာကိုခင်လေ့  ရှိတယ်။ တဏှာကို သတ်ချင်ရင် မတင့်  တယ်တာကို သိဖို့  အရေးကြီးတယ်။ ကိလေသာနုလေမဂ်ကထက်မှရမယ်။

အနာဂါမ်က ကာမဂုဏ်အပြစ်ကိုကောင်းကောင်း သိမြင်လာလို့ ၊လူ့  ပြည်မှာရှိတဲ့  အာရုံတွေကို ဘာမှမနှစ်သက်တော့ ဘူး။ ကာမ ဘုံတော့ ပြန်မလာတော့ ဘူး။

ရူပ၊ အရူပ မှာ သွားပြီးညိ နေတယ်။ ရူပ၊ အရူပ မှာခင်တွယ်တဲ့ ၊ ဒုက္ခ သမုဒယကိုမသိဘဲဖြစ်နေသေးတယ်။

ရဟန္တာပင် ဖြစ်ညားသေါ်လည်း၊ ခန္ဓာဒုက္ခသစ္စာတွေ ကရှိလျက်နဲ့ ၊ ကိုယ်သာနာပေမယ့်  စိတ်မနာတော့  ဘူး။ ခန္ဓာဒုက္ခကြီးမထမ်းချင်တာနဲ့ ၊ ဖြစ်ပျက်ရှုပြီး၊

ဖိုလ်ညာဏ်နဲ့ နိဗ္ဗာန်ကိုအာရုံပြုနေရသေးတယ်။

ရဟန္တာက၊ ဝေဒနာ၊တဏှာလုံးဝမကူးတော့ ဘူး။ ရဟန္တာအစစ်က၊ ကိလေသာဖြတ်တဲ့  ညာဏ်ကိုဆိုလိုတာ။

ဘုရားအစရှိတဲ့  အရိယာ သူတော်ကောင်းများဟာ၊ သက်ရှိသက်မဲ့  ဖြစ်တဲ့  ပညာတ်တွေ ကိုခေါ်ဝေါ် ပြောဆို နေကြပေမယ်၊ စိတ်ကတော့

ပရမတ်မှန်းသိနေကြတယ်။ သူတို့  စိတ်မှာ ပညတ်မဖြစ်၊ ပရမတ်သာဖြစ်ကြတယ်။
ဝေဒနာ။(၃)မျိုး။

ဒုက္ခဝေဒနာ။ သုခဝေဒနာ။ ဥပက္ခာဝေဒနာ။

ဒုက္ခဝေဒနာ။

ဝေဒနာနဲ့  ငါမရောစေနဲ့ ။ ဝေဒနာကသူ့ သဘောနဲ့  သူဖြစ်ပျက်နေတာကို၊ သူစိမ်းသဘောနဲ့  ကြည့်  ပါ။

ခန္ဓာထဲဝေဒနာဖြစ်တဲ့  နေရာလေးကို ဧည့် သည်နေ၊ နေ ပြီး၊ ဧည့် သည်သေ၊ သေတာလေးကိုပဲ ကြည့်  နေလိုက်ပါ။ ဝေဒနာ၊ ဘယ်လိုပင်ဆက်နေပါစေ၊

ဖြစ်ပျက်သဘောနဲ့  နေတာပဲ။ ကျုပ်တို့  က ဝေဒနာတခုနဲ့  တခုကြားညာဏ်ထိုးရမယ်။

ဝေဒနာကအပျက်၊ ထိုးလိုက်တဲ့ ညာဏ်ကမဂ်။ ဒီလိုဝေဒနာအပျက်နဲ့ ၊ နောက်ကညာဏ်နဲ့  ဆက်ဆက်ချည်းသွားလို့  ရှိရင်၊ အပျက်ချည်းပဲ မြင်နေပြီး၊

နာကြင်ကိုက်ခဲ တဲ့  ဝေဒနာကိုမမြင်တော့ ဘူး။ ဝေဒနာပေါ်စကသာ မိအောင်ရှုနိုင်ရင်၊လည်းဒီဝေဒနာကြီးကိုမလာတော့ ဘူး၊ နာတာအစဉ်သဖြင့် 

နာနေတယ်ဆိုရင်၊ညာဏ်ကမထိုးထွင်းနိုင်တဲ့  အတွက်၊ ဒေါသကိလေသာကြားခိုလိမ့် မယ်။ တကိုယ်လုံးနာနေရင် ပြင်းထန်တဲ့  နေရာကိုဖြစ်ပျက်ရှု၊

မခံသာလို့  ပြင်ချင်ရင်၊ ရှုမှတ်မှု ကိုမလွှတ်ပဲ၊ ဖြည်းဖြည်းလေးနေရာပြင်နိုင်ပါတယ်။ တွေ့ နေတဲ့  သဘာဝအမူအရာလေးတွေကိုတော့ ပြင်လိုက်တာနဲ့ 

ပျောက်မသွားစေနဲ့ ။နေရာမပြင်လျှင်သာပြီးကောင်းတယ်။ ပြင်လျှင်သမာဓိပျောက်မသွားသည့်  တိုင်၊ ဆုတ်ယုတ်သွားတတ်တယ်။

သုခဝေဒနာ။

ယားတာက ဒက္ခဝေဒနာ၊ ယားတာပျောက်သွားတာကသုခဝေဒနာ၊ ဒက္ခဝေဒနာရှုတတ်တာကကြမ်းလို့ ၊ သုခဝေဒနာရှုတတ်တာကနုလို့ ။

ဘာဝေဒနာပေါ်ပေါ်ဖြစ်ပျက်ရှုရမယ်။ ဒုက္ခဝေဒနာတခုထည်းရှာရှုရင်ငါးပါးမှောက်မယ်။ ကိုယ်ပေးမှာသုခဝေဒနာပေါ်တယ်။ ကာယ၀ိညာဏ်ျွန်းသိတဲ့ 

ဝီထိကဘာမှမဖြစ်ဘူး၊ မနောဒွာယနဲ့  လှမ်းသာယာလိုက်မှ၊ဟဒယ၀တ္ထုပေါ်မှာ ဇောခုနှစ်ကြိမ်နဲ့  တဏှာဖြစ်တာ။ ဝေဒနာပေါ်လည်းပေါ်သွားတယ်။

ဒီကနေရှိသေးလားမရှိသေးလားတွေးလုံးသာထုတ်ပါ။ တွေးလုံးထုတ်သည်နှင့် တပြိင်နက်တွေးတဲ့  စိတ်ပေါ်ရင်၊ အရင်ဖြစ်တဲ့  စိတ်ဟာ၊ ရှိကိုမရှိဘူး။

စိတ်ထဲ ချမ်းသာတာလေးပေါ်လာရင်၊ ဇိမ်ခံမနေနဲ့ ၊ ဖြစ်ပျက်ရှုလိုင်ပါ။ ချမ်းသာတာချမ်းသာသက်ရှည်နေတယ်ဆိုရင်၊ တဏှာကြားခိုပြီလို့  မှတ်ပါ။

ဝေဒနာဖြစ်တာကိုခံစားရတာကောင်းလိုက်တာဆိုတာ တဏှာနဲ့  သိတာ။

အိပ်ခန်းထဲ မှာတယေက်ထဲ ၊ ကိုယ့်  စိတ်ကူးလေးနဲ့  ကိုယ်ပျော်နေတာဟာ၊တဏှာနဲ့  ကိုးဗျ။

ငွေလေးမှန်မှန်ဝင်နေတဲ့  ပုဂ္ဂိုလ် မျက်နှာ ပြုံးနေတာဟာ ၊ တဏှာနဲ့  အဖေါ်လုပ်နေတာ။

ဥပက္ခာ ဝေဒနာဒ

ဝေဒနာမှာညာဏ်ရှိတဲ့  သူတွေ ကတော့၊ မရှိတာပဲတွေ့  နေတာပဲ။ မျက်စိ၊ နား။ နှစ်ခေါင်း။ လျာ။ မှာမြင်ကာမျှမတ္တ၊ နံကာမျှမတ္တ၊ စားကာမျှမတ္တ။

အကောင်းအဆိုး၊ မရွေးခင်၊ ဥပက္ခာဝေဒနာ၊ စိတ်ထဲ မှာအာရုံပြုကာမျှမတ္တ၊ ဥပက္ခာဝေဒနာ၊

ဝေဒနာချုပ်အောင်ရှုနိုင်ရင်ဝမ်းထဲ မှာအေးငြိမ်းရမယ်။ ရှုလို့  ဝေဒနာချုပ်သွားတာက နိဗ္ဗာန်။ အေးငြိမ်းသွားတာက ကိလေသာသိမ်းတာပဲ။ သေခါနီးရှုလို

့ဝေဒနာဒုက္ခ ချုပ်ပျောက်သွာ ရင်လည်း၊ ခန္ဓာသိမ်းနိဗ္ဗာန်ကိုရောက်နိုင်ပါတယ်။

(မိုးကုတ်ဆရာတော်ဘုရားကြိးတရားများမှ ကောက်နှုတ်တင်ပြထားပါသည်။)

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

အရှင်သုနန္ဒာလင်္ကာရ ရေးသားတော်မူသော ထေရ၀ါဒနှင့် မဟာယာန ကွာခြားချက်များကို ပြန်လည်မျှဝေပါသည်။ မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊ အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အချုပ်အားဖြင့် 

ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။ ဒုတိယ သင်္ဂါယနာ မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ် တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့် အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။ (၂) သာသနာနှစ် (၁၀၀)နှစ် (၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း (၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ (၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀) (၆) မင်း ကာလာသောကမင်း (၇) ကြာမြင့်ချိန် (၈) လ အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။ ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက် ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။ 

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။ ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊ အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။ မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။ ( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ ) ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။ ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ 

သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။ အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။ လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက် ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ - ၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊ ၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊ ၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။ မဟာယာန ဘာသာတွင်လည်း - Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊ Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊ Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။ ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက် (၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။ (၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊ (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊ (၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။




Mahayana and Theravada Now, what is the difference between Mahayana and Theravada? I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings. 1- Both accept Sakyamuni Buddha as the Teacher. 2- The Four Noble Truths are exactly the same in both schools. 3- The Eightfold Path is exactly the same in both schools. 4- The Paticca-samuppada or the Dependent Origination is the same in both schools. 5- Both rejected the idea of a supreme being who created and governed this world. 6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.




အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။ ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။ ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ် သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။ ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊ မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။ ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။ (၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း ကြောင့်မှ မပျက်စီးနိုင်တော့ပေ။ (၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊ (၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။ ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။ မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ -- 

Posted by Moenge Aung

Friday, December 16, 2011

နေရာတိုင်းဟာ ကိုယ့်ရိပ်သာ

ကိုယ်မကြိုက် တာကို တခြားသူကို လည်း မလုပ်ပါစေနဲ့

ဆရာကြီး ကွန်ဖြူးရှပ်က ဆုံးမ ဩဝါဒ ပေးဖူးတယ်။ “သင်ကိုယ်တိုင် မလို လားတဲ့ကိစ္စကို တခြား သူကိုလည်း မလုပ် ခိုင်းပါနဲ့” တဲ့။ ဒါကို နားလည်တဲ့အခါ ကိုယ်မကြိုက် တာတွေကို တခြား သူတွေ လည်း ကြိုက်မှာ မဟုတ်ဘူး။ ဒီတော့ ကိုယ်မလုပ်ချင်တဲ့ ကိစ္စမျိုးတွေကို တခြား သူတွေကို လုပ်ခိုင်းတာဟာ သဘာဝကျပါ့ မလား။ အဲဒီလို သဘာဝမကျတဲ့ ကိစ္စမျိုး ကို ... တစ်ဖက်သား နစ်နာအောင် လုပ်ခိုင်း တာ၊ လုပ်စေတာမျိုးဟာ အင်မတန် အောက်တန်းကျတာမို့ စေခိုင်းသူကိုယ် တိုင် တန်ဖိုးမရှိတဲ့ လူမျိုးဖြစ်သွားတတ် ပါတယ်။ လူဆိုတာ မကောင်းတာကို မကြိုက် ဘူး။ ကောင်းတာကို ကြိုက်တယ်။ ဆင်းရဲ ဒုက္ခကို ကြောက်ရွံ့တယ်၊ ချမ်းသာသုခကို မက်မောတယ်။ အဝန်းအဝိုင်းနဲ့ ပျော်ပျော် ရွှင်ရွှင်နေချင်တယ်။ အထီးကျန် တစ်ယောက်တည်း သိမ်ငယ်ညှိုးချုံးစွာ နေရမှာကို မလိုလားဘူး။

ဒီသဘော သဘာဝတွေကို နားလည်ပါလျက်နဲ့ သူတစ်ပါးဆင်းရဲဒုက္ခရောက်အောင်၊ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ကိုယ်က လုပ်မိရင် သင့်ပါ့မလား။ တရား မျှတမှုရော ရှိပါ့မလား။ ပေါ့ပေါ့လေး စဉ်းစား ရင်တောင် သိနိုင်တဲ့ ကိစ္စမျိုးပါ။ တရုတ်စာပေပညာရှင်ကြီး “တိန့်တီ” က သူ့ရဲ့ “ကျင့်ရှီးယိတယ်” ဆိုတဲ့ ကျမ်းထဲ မှာ “သူတစ်ပါးရဲ့ အချိန်ကို ဖြုန်းတီးပစ် တာဟာ ကိုယ်ကျင့်သိက္ခာနှင့်မညီ၊ သူ တစ်ပါးရဲ့ ခွန်အားကို အဓမ္မအသုံးချခြင်း သည် ကိုယ်ကျင့်သိက္ခာနဲ့မညီ” ဆိုတဲ့ အတွေးအမြင် အပြုအမူနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ဖွယ်ရာ စာတစ်ပုဒ်ကို ရေးသား ခဲ့ဖူးပါတယ်။ အဲဒီ စာကြောင်းနှစ်ကြောင်း ကို လေးလေး နက်နက် စဉ်းစားပြီး အဖြေ ထုတ်မယ်ဆိုရင် သတိထားစရာတွေ အများကြီး ရပါလိမ့်မယ်။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်တွေ ရှိပါတယ်။ အဲဒီ အချိန်တွေဟာ သူ့ဘဝရဲ့ တိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ဖို့ အသုံးချ သင့်တဲ့ အချိန်တွေဖြစ်ပါလိမ့်မယ်။

သူ့ရဲ့ တတ်သိပညာ၊ ကြိုးစားအားထုတ်တဲ့ ဇွဲ၊ လုံ့လနဲ့ အဲဒီအချိန်တွေအတွင်းမှာ ရသင့်သလောက် ရလဒ်ကောင်းတွေ လည်း ရရှိသွားနိုင်ပါတယ်။ ဘုရားဟော တဲ့ ကံ၊ ဥာဏ်၊ ဝီရိယ သုံးပါးမှာ အတိတ် ကံဆိုတဲ့ အယူအဆကို ဘေးဖယ်ထားဦး။ ဥာဏ်နဲ့ ဝီရိယကတော့ ဘဝတိုးတက်မှု အတွက် အမှန်တကယ်ပဲ လိုအပ်ပါလိမ့် မယ်။ ဝီရိယစိုက်ထုတ် ကြိုးစားတယ်ဆိုတာ ဟာလည်း အခုရေတွင်းတူး အခုရေကြည် သောက်ဆိုသလို ဒီနေ့ မနက်ဖြန်ရရှိ ခံစား နိုင်တာမျိုးမှ မဟုတ်တာ။ ကိုယ့်ရည်မှန်း ချက် အောင်မြင်ဖို့ အချိန်ကာလတစ်ခု ပေးရပါလိမ့်မယ်။ အဲဒီအချိန်ဟာ တိုချင် တိုမယ်၊ ရှည်ချင်ရင်လည်း ရှည်သွားနိုင် ပါတယ်။ အလုပ်ရဲ့ အောင်မြင်မှုအတိုင်း အတာနဲ့ ခက်ခဲတာ၊ လွယ်ကူတာတွေ ပေါ်မှာ မူတည်ပြီး အချိန်အတိုအရှည်ဟာ လည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုခု လုပ် မယ်၊ ဘဝတိုးတက် အောင်မြင်အောင် ကြိုးစားမယ်ဆိုရင် အချိန်မပေးရဘူး ဆိုတာ မရှိပါဘူး။

အဲဒီလို တခြား လူ တစ်ယောက်အတွက် အင်မတန်အရေးကြီး တဲ့ အချိန်တွေကို တစ်ဦးဦးက ခိုးယူလိုက် မယ်၊ သို့မဟုတ် အလွဲသုံးစား လုပ်ပြီး ရယူမယ်၊ သို့မဟုတ် အဓမ္မ သိမ်းပိုက်ထား မယ်ဆိုရင် တရားပါ့မလား။ သူ့ဘဝ အတွက် တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်နေရမယ့် အချိန်တွေ အလ ဟဿ ဖြစ်မသွားပေဘူးလား။ မကုန် ရမယ့်နေရာမှာ အချိန်တွေ ကုန်ဆုံးသွား ရတာဟာ သူ့ရဲ့ဘဝကို ညှိုးနွမ်းခြောက် သွေ့သွား အောင် လုပ်နေသလိုမျိုးဖြစ်နေ မှာ အမှန်ပါပဲ။ ဒီလိုပါပဲ သူတစ်ပါးရဲ့ ခွန်အားကို ရယူ(ယူတာတောင်မှ ညှိနှိုင်းဆွေးနွေးရယူ တာမျိုး မဟုတ်ဘဲ အတင်းအဓမ္မရယူပြီး) အသုံးချခြင်းဟာလည်း မတရားရာ ရောက်တယ် လို့ ပညာရှိကြီး “တိန့်တီ” က ထောက်ပြပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သူတစ်ပါးရဲ့ ခွန်အားကိုယူပြီး ကိုယ့်အတွက် အသုံးချတယ်ဆိုတာ ခွန်အားစိုက်ထုတ်လုပ်ကိုင်ပေးကြရတဲ့ လူတွေအဖို့ စိုက်ထုတ်လိုက်ရတဲ့ ခွန်အား သာမက သူ့ဘဝအတွက် အသုံးပြုရမယ့် အချိန်တွေ၊ အဲဒီ အချိန်များအတွင်းမှာ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ တခြား လူမှုဘဝအရေးအရာတွေ အားလုံးကို မျက်ကွယ်ပြုထားရသလို ဖြစ်သွားပြီး တစ်ခါတစ်ခါမှာ ဆုံးရှုံးနစ်နာရတာတွေ တောင် ရှိတတ်ပါတယ်။

ဒီလို သူတစ်ပါးရဲ့ ခွန်အားကို အသုံး ချတာ၊ သူတစ်ပါးရဲ့ အချိန်ကို အသုံးချ တာတွေဟာ မကောင်းမှုရဲ့ အမြှီးပိုင်း၊ ခေါင်းပိုင်းလိုဖြစ်နေပြီး ဆိုးကျိုးသက် ရောက်မှုကလည်း သိပ်ကွာမယ် မထင် ပါဘူး။ အဲဒီ နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ် ယှက်နွှယ်လို့လည်း နေပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တခြား တစ်ပါးလူကို ဖဲ့ပြီး ပေးနေရတာ၊ ကိုယ့်ရဲ့ ခွန်အား (ကာယအား၊ ဥာဏအား)တွေကို တစ်ပါးသူအတွက် အသုံးချခံ နေရတာတွေ ဟာ ကာယကံရှင် ဘယ်သူမဆို ကျေနပ် ကြမယ့် အရာတွေလည်း မဟုတ်လောက် ပါဘူး။ ကိုယ်မကြိုက်တဲ့၊ ကိုယ်မနှစ်သက်တဲ့ အလုပ်မျိုးကို တခြားသူတွေလည်း မလုပ် ချင်မှာ သေချာတယ်။

ကိုယ်က ကိုယ့် ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကို အလကားကျောင်းပေးနေရတာမျိုးကို သဘောမတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကျွဲတွေ၊ နွားတွေကို ကိုယ်ခိုင်းလို့ရတဲ့၊ ခိုင်းလို့ ကောင်းတဲ့ သူတွေကို ကိုယ်ကလည်း အလကားမတ်တင်းနဲ့ ခိုင်းနေရင် သင့်ပါ့ မလား။ တရားမျှတမှု ရှိပါ့မလား။ စဉ်းစား စရာပါ။ နိုင်ငံခြားတိုင်းပြည် တချို့မှာ ရှိတယ်။ သူတို့နိုင်ငံက အလုပ်သမားတွေ မလုပ်ချင် တဲ့ (3D)အလုပ်တွေ 3D- ဆိုတာ Difficult ဆိုတဲ့ ခက်ခဲတဲ့ နေရာရယ်၊ Dirty ဆိုတဲ့ ညစ်ပတ်တဲ့ နေရာရယ်၊ Dangerous ဆိုတဲ့ အသက်အန္တရာယ်ရှိ တဲ့ နေရာမျိုးရယ်လို့ ခေါ်တာပါ) ကို နိုင်ငံ ခြားသား အလုပ်သမားတွေက လုပ်ပေး ကြရတယ်။ နိုင်ငံခြားသား အလုပ်သမား တွေဟာ သူတို့ ကိုယ်စား အချိန်တွေ၊ ခွန်အားတွေကို ပေးဆပ်ကြရတယ်။

တရားမျှတတာ၊ မမျှတတာတွေကို အပထား၊ စားဝတ်နေရေး အဆင်ပြေမှု တစ်ခုတည်းနဲ့ လုပ်နေကြရတာပါ။ ဒါက အခကြေးငွေ (ဈေးပေါတာ၊ ဈေးသင့်တာတွေထား)ရယူပြီး လုပ်ရတာမို့ ခိုင်းတဲ့ အလုပ်ရှင် ဘက်ကရော ကိုယ့်ရဲ့ လုပ်အားကို ရောင်းစားနေရသူတွေ အတွက်ပါ ကျေနပ်စရာ အပြည့်မရှိနိုင်ပေ မဲ့ မတရားတဲ့အထဲက တရားမျှတမှု တစ်စုံတစ်ရာတော့ ရနေပါသေးတယ်။ ဒါပေမဲ့ တစ်ကျပ်တစ်ပြားမှ မရဘဲ ကိုယ့်ရဲ့ အချိန်တွေ၊ ခွန်အားတွေကို အလဟဿ အဆုံးရှုံးခံရတာမျိုးနဲ့စာရင် တော်သေး တယ်လို့ ဆိုရဦးမှာ အမှန်ပါ။ ကိုယ်က ကိုယ့်ကိုယ် တခြား တစ်ယောက်ယောက်က မတရားတာ၊ မမျှ တတာတွေကို အတင်း အဓမ္မ စေခိုင်းခဲ့ရင် လက်မခံနိုင်သလို ကိုယ်ကလည်း သူများ ကို မခိုင်းမိဖို့ လိုပါလိမ့်မယ်။ ကိုယ် မကြိုက်တာတွေကို တခြားသူလည်း မကြိုက်မှာ သေချာတယ်ဆိုတာ ယုံပါ။ ဒီတော့ “ကိုယ်မကြိုက်တာကို တခြားသူကို လည်း မလုပ်ပါစေနဲ့။”

written by ထက်ကျော်

အခွင့်အလမ်း

"ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်"

ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသော

ကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြနိုင်ဖွယ်ရှိသည်။



ထွက်ရပ်ပေါက်နှစ်မျိုးအနက် အသေထွက်ဆိုသည်မှာ လက်ရှိဘ၀က သေလွန်ပြီးသော်လည်းလောကဝေါဟာရအရသာ သေလွန်သည်ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်

လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။



အရှင်ထွက်ဆိုသည်မှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်း

အခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း

ဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ်

ဘ၀အဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။



အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာ

အရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။

သေလေးပါးမှာ........

အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)

ရှင်မဟာသံသာရ(ဥတ္တမတောင်)

ရှင်ဥပေက္ခေ(မကုလတောင်)

ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။ ထိုရဟန္တာများသည် လူ့ဝေါဟာရအရ

ပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။

တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။

ရှင်လေးပါးမှာ........

တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊

မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊

အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊

အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။

ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲ

ဖြစ်သည်ဟု ယုကြည်ကြသည်။

ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသော ထေရ၀ါဒဗုဒ္ဓဘာသာ

နှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီဘုံ၌ ထာဝရပျော်စံနေသည်ဟု

ယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒီ သုတေသီများက မှတ်ချက်

ပြုကြသည်။

ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ.........

ရှင်အဇ္ဇဂေါဏ၊

ရှင်မထီး၊

ဘာမဲ့၊

ဘိုးဘိုးအောင်၊

ဘိုးမင်ခေါင်၊

ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။

ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘာမဲ့ တို့မှာ ထေရ၀ါရ

အနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။

ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ရှင်မထီး နှင့် ဘာမဲ့

တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ထိုပုဂ္ဂိုလ်များ

သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စားလာကြသည်။ ယနေ့တိုင်

ဓာတ်စီးဝင်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)

တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ ထိုပုဂ္ဂိုလ်များသည်လည်း

သေလွန်သည်မဟုတ် ခန္ဓာသစ် ဘ၀သစ်သို့ မသေဘဲ ထုံကူးကာ၊ ၀င်စားနေသည်ဟု

ယူဆကြသည်။



ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း

မြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။

ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်

သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊

ဖြစ်သွားဖွယ်ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။



မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ့သောညဦးရန်အချိန်တွင်မြတ်ဗုဒ္ဓအားမေးမြန်းလျှောက်ထားလေသည်။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား အရှင်ဘုရားရဲ့သသာနာတော်မှာ ရဟန္တာသော်၎င်းအခြားသောရဟန်းသံဃာသည်၎င်း အရှင်ဘုရားရဲ့ဟောဖော်ညွန်ပြတဲ့တရားဓမ္မတွေကိုကျင့်ကြံအားထုပ်ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို့ ၁၀၀၀ နေနိုင်ပါသလားဘုရားလို့လျှောက်လေသည် ထိုအခါမြတ်ဗုဒ္ဓကအသင်ဒကာတော်နတ်သား ငါဘုရားရဲ့သသာနာမှာမဂ္ဂင် ၈ ပါး သစ္စာ ၄ ပါး ပကျင့်တရားတွေကိုကျင့်ပြီးတော့နေမယ်ဆိုရင်ရဟန္တာတွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ်



သို့ သော်လည်းပဲ ငါဘုရားရဲ့သသာနာမှာနေမယ်ဆိုရင်အသက်တမ်းအားဖြင့် ၁၆၀ ထက်ပို့ပြီးတော့မရှိဘူး တကယ်လို့များ အသက်တမ်း ၁၆၀ ထက်ကျော်လွန်သွားတဲ့သူရှိနေရင် ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သသာနာတွင်းသားမဟုပ်ဘူး ငါဘုရားသသာနာဝင်မဟုပ်ဘူးလိုဟောကြားတော်မူခဲ့ပါပေတယ်

စာရေးသူသီသလောက်မှတ်သလောက်ပြောရရင် ရှင်ဗာကုလ သည်ပင်လျှင်မွေးကတည်းက နာချိတဲ့ရောဂါတောင်မရှိဘူးအခြားသော

ရောဂါမျီုးကိုမဆိုထားနဲ့ သို့ဘာသော်ညားလည်း မြတ်ဗုဒ္ဓသသာနာတွင်းဝင်လာတဲ့နောက် အသက် ၁၆၀ တွင် နိဗ္ဗာန်သို့စံမြန်းရပေသည်

စာဖတ်သူဒကာဒကာမအပေါင်းတို့လည်းပဲ ထိုသူတို့ကားမြတ်ဗုဒ္ဓသသာနာအတွင်းကသို့အပြင်ပကဆိုတာနားလည် သဘောပေါက်မည်

ထင်ပါသည်



စာဖတ်သူသည်မြတ်ဗုဒ္ဓသသာနာကိုတကယ်ကြည့်ညီုလေးစားကိုးကွယ်တယ်ဆိုပါလျှင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်

ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်အောင်ကြီုးစားပြီးတော့သသာနာကိုထောက်ပံ့နိုင်တဲ့သူများဖြစ်အောင်ကြီုးစားပြီးတော့နေထိုင်ကြပါ

လို့တိုက်တွန်းအပ်ပါသည်။



မေတ္တာဖြင့် အရှင်မုနိန္ဒ M.A အိန္ဒိယ။

Posted by ashinmunainda.mm@gmail.com

လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး

**မှန် နှင့်တူသော လှုမှုဆက်ဆံရေး

**ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး



မှန် နှင့်တူသော လှုမှုဆက်ဆံရေး


ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ကိုယ့်ကို

ဘယ်လို လာဆက်ဆံရင် ကိုယ်ကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့

ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ်

ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး

စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး

ပြုံးနေတတ်ကြတယ်.။



ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး


ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။

တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့

ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက

ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။

ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။

ကျောက်ရုပ်တွေလိုပေါ့ သား ။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊

ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။



တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင်

ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ

မျိုးတွေပေါ့.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော

ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။


ရွှေအိမ်စည်

(ဘ၀ပေါင်းများစွာကျွန်တော် တော်စပ်ခဲ့ ရသောအဖေများသို့ ဂါရ၀ပြုရင်း၊)

သာသနာတော်ရဲ့ မူ (သီတဂူစတား )


သာသနာတော်အတွက် ညိုးနွမ်းစေမဲ့ အရာမှန်သမျှကို သာသနာတော်ကလက်မခံသလို သာသနာကို ကြည်ညိုသူများကလဲ လက်မခံ၊ သာသနာတော်ရဲ့ မူကိုက မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုလာအောင် (အပ္ပသန္နာနံ ပသာဒါယ)၊ ကြည်ညိုပြီးသူတွေ ပိုပြီးကြည်ညိုလာအောင် (ပသန္နာနံ ဘိယျောဘာဝါယ) ဆိုတဲ့ မူရှိများရှိနေသည်။

သာသနာ့ကျက်သရေ
စာရေးသူ နေခဲ့သော မဟာဂန္ဓာကျောင်းတိုက်မှာဆိုရင် သံဃာသစ်လက်ခံရင် အကျင့်စာရိတ္တအပြင် ရုပ်ရည်ကိုပါကြည့်သည်။ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းမှုရှိနေပါလျှင် သာသနာအတွက် ကြည်ညိုစရာ မဖြစ်ဘဲ အထင်သေး အမြင်သေးစရာဖြစ်မည်၊ မြတ်ဗုဒ္ဓကိုယ်တိုင်က သူ့တပည့်တွေကို မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုလာအောင် (အပ္ပသန္နာနံ ပသာဒါယ)၊ ကြည်ညိုပြီးသူတွေ ပိုပြီးကြည်ညိုလာအောင် (ပသန္နာနံ ဘိယျောဘာဝါယ) ဆိုတဲ့ မူရှိများနှင့်အညီ စည်းကမ်းများချမှတ်ထားခဲ့သည်။ မဟာဂန္ဓာရုံဆရာတော်ကြီးရှိစဉ်က အချိန် စာရေးသူ၏ ရုပ်ရည်မျိုးဆိုရင် ထိုကျောင်းတိုက်ထဲ နေခွင့်ရဖို့ လွယ်မည်မထင်။ ယခု စာရေးသူ နေသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာလဲ အကျင့်စာရိတ္တအပြင် ရုပ်ဆင်းအင်္ဂါကိုပါ ကြည့်ပြီးမှ လက်ခံသည်။ တနှစ်သော အခါက ၂၀၀၆ ခုနှစ်ကထင်သည်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဆောင်နေခွင့် သံဃာများ ရေးဖြေနှင့် အင်တာဗျူးများ ၀င်ကြရသည်။ ထိုဝင်ခွင့်ရသူတို့မှာလဲ ၇ ၀ါအတွင်း အစိုးရဓမ္မာစရိယပြီးပုဂ္ဂိုလ်များ ဖြစ်ရပါမည်။ ထိုနှစ်က ရဟန်းတော်တစ်ပါး ရေးဖြေအောင်သော်လည်း အင်တာဗျူးမှာ ကျရှုံးသွားသည်၊ ရေးဖြေမှာတော့ အရည်အချင်းကို စမ်းသပ်သည်၊ အင်တာဗျူးမှာတော့ အင်္ဂါရုပ်နှင့်စာရိတ္တကို စမ်းသပ်သည်၊ ထိုကျရှုံးသွားသော ရဟန်းတော်မှာ စာတော်ပေမဲ့ လက်မောင်းတစ်ခုလုံးမှာ ဆေးမှင်ကြောင်များ ထိုးထားသဖြင့် မြင်ရ ကြည့်ရသည်မှာ ပသာဒမဖြစ်လှသဖြင့် ကျရှုံးသွားခြင်းဖြစ်သည်။ တခါက ရုပ်ရှင်မင်းသား မင်းမော်ကွန်း ဒုလ္လဘ (ခေတ္တ)ရဟန်းပြုရာကာလတွင် တကိုယ်လုံး ဆေးမှင်ကြောင်အရုပ်များဖြင့် အပေါ်ဝတ်ရုံသင်္ကန်းမပါဘဲ ဓာတ်ပုံရိုက်ပြီး အင်တာနက်စာမျက်နှာ အပေါ်ရောက်လာသည်။ သာသနာချစ်သူ သာသနာကို လေးစားသူများကား ဤဆေးမှင်ကြောင်တို့ဖြင့် သာသနာတော်အတွက် မသင့်တော် ပသာဒမဖြစ်လှသဖြင့် ၀ိုင်းဝန်းကန့်ကွက်ကြသည်။ ထိုမင်းသားလဲ သူဟာ အပျော်သဘောဖြင့် သူငယ်ချင်းတွေနဲ့ အတူ ဆေးမှင်ကြောင်းထိုးကြောင်း သာသနာတော်ကို စော်ကားတာ မဟုတ်ကြောင်း တောင်းပန်သည်။ ဤကား သာသနာအတွက် အပ္ပသန္နာနံ ပသာဒါယ ဆိုတဲ့ မူအရေးကြီးကြောင်း ဖော်ပြလိုက်ခြင်းပဲ ဖြစ်သည်။

သာသနာ့ဘောင်တွင်းဝင်လာသူများ မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်ပြီး နောက်ပိုင်း ဘုရားရှင်၏ခွင့်ပြုချက်ကြောင့် အရှင်သာရိပုတ္တရာအမှူးရှိသော သံဃာတော်များသည် နေရာဒေသအသီးသီးသို့ လှည့်လည်ကာ သာသနာပြုရင်း သာသနာ့ဘောင်အတွင်း ၀င်လိုသူများကို ၀င်ခွင့်ပြုခဲ့သည်။ သံဃာထုကြီး ကြီးကျယ်လာတာနဲ့အမျှ သာသနာ့ဘုန်းကံ သံဃာ့ဘုန်းကံကြောင့် သာသနာကို ကြည်ညိုသူ ထောက်ပံ့သူ မင်းပရိသတ်ရော လူပရိသတ်ရော ဘာသာခြား ပရိသတ်ရော အုံလိုက် ကျင်းလိုက် ၀င်ရောက်လာကြသည်။ နောက်ပိုင်း အနာကြီးရောဂါသည်တွေ၊ အစားအစာငတ်မွတ်ခေါင်းပါးသော သူတွေ၊ အကြွေးယူပြီး ပြန်မဆပ်နိုင်သူတွေ၊ လူသတ်ဝရမ်းပြေးတွေ သူခိုးဓားပြ၊ လူလိမ် လူညာနှင့် အချောင်သမားတွေပါ သာသနာတော်ထဲ စိမ့်ဝင်လာသောကြောင့် ဘုရားရှင်သည်လည်း သာသနာတော်၏ အသရေကို ကာကွယ်လိုသဖြင့်၎င်း သာသနာအတွင်းနေထိုင်သူတို့ ချမ်းသာရေးကိုသော်၎င်း မကြည်ညိုသေးသူများ ကြည်ညိုလာအောင် ကြည်ညိုသူများဆတိုး ကြည်ညိုလာနိုင်အောင်စတဲ့ ရည်ရွယ်ချက်များဖြင့် တဆင့်ပြီးတဆင့် ဥပဒေအသစ်သစ်များ ပညတ်တော်မူလာခဲ့ရသည်။ ထိုကဲ့သို့သော သာသနာတော်ကို ညစ်နွမ်းစေမည့်ပုဂ္ဂိုလ်များ ၀င်ရောက်လာသောအခါ သာသနာဘောင်တွင်းဝင်သူတို့၏ အရည်အချင်း သက်မှတ်ပေးသည့် စည်းကမ်းဥပဒေတော်များကိုလည်း တဆင့်ပြီးတဆင့် ထုတ်ရတော့သည်။

ပဏ္ဍုပ်ရဟန်း
ထိုသို့သာသနာထဲ ၀င်ရောက်သူတွေတွင် မိန်းမလျှာ သို့မဟုတ် အခြောက် နပုံးပဏ္ဍုပ်လဲ ပါလာသည်။ ထိုပဏ္ဍုပ်သည် ရဟန်းဘောင်ရောက်သော်လည်း အငြိမ်မနေဘဲ ပဏ္ဍုပ်တို့သဘာဝ ကာမဂုဏ်ကိစ္စဖြေဖို့ရန် လူရှာရတော့သည်။ ပထမတော့ ရဟန်းတော်တွေထံ ချဉ်းကပ်ပြီး ပဏ္ဍုပ်တို့သဘာဝ ဖြစ်ချင်သော အလိုဆန္ဒကို တောင်းသည့်အခါ ရဟန်းတော်များ ပြင်းပြင်းထန်ထန်ပြောပြီး မောင်းထုတ်သည်၊ ဒီလိုနှင်ထုတ်ခံရပေမဲ့ မလျှော့သေးဘဲ အရပ်မောင်းကောင်းကောင်း တောင့်တင်းခိုင်မာသည့် ကိုယ်ကာယရှိသည် ကိုရင်ကြီးများ (မောဠိဂလ္လ-သာမဏေရ) ထံ ချဉ်းကပ်ပြီး ပဏ္ဍုပ်တို့သဘာဝ ကာမဂုဏ်အာပြေရန် တောင်းဆိုပြန်သည်။ ထိုကိုရင်ကြီးများ၏ မောင်းထုတ်ခြင်းကိုလဲ ခံရပြန်သည်။ သို့သော်လည်း ဇွဲကား မလျှော့သေး။ ဆင်ထိန်း မြင်းထိန်းတွေ ကပ်ပြန်သည်၊ ထိုဆင်ထိန်း မြင်းထိန်းတွေကတော့ လူဝတ်ကြောင်များဖြစ်သည့်အားလျော
်စွာ ထိုပဏ္ဍုပ်ရဟန်းများ တောင်းဆိုသည့် ကိစ္စကို ဖြေရှင်းပေးလိုက်ပြီး သာသနာတော်မှာ ဒီလိုပုဂ္ဂိုလ်တွေ ရှိရကောင်းလားဆိုပြီး ပြစ်တင် ရှုံ့ချပါတော့သည်။ ထိုအရေးကို ဘုရားထံရောက်သော အခါ ပဏ္ဍုပ်၊ လိင်နှစ်မျိုးပါသည့် ဥဘတောဗျဉ်းတို့ကို ရဟန်းပြု မပေးရ၊ အကယ်၍ မသိ၍ ပြုပေးခဲ့မိသော် အသွင်ကိုဖျက်ပြီး လူထွက်စေရမည်ဟု ပညတ်တော် ထုတ်ခဲ့သည်။

ထို့ကြောင့် ရဟန်းမခံထိုက်သော ပုဂ္ဂိုလ် ၃၂ ယောက်တွင် ကိုယ်အင်္ဂါ ချို့တဲ့နေသောသူများ အပါအ၀င် ပဏ္ဍုပ်များပါသည်။ ရဟန်းခံရာတွင် သိမ်အတွင်းမှာပဲ ရဟန်းမပြုသေးမီ စစ်ဆေး (examination) ခြင်းအမှုပြုရသည်၊ ထိုမေးစစ်ရာမှာ အသက် ၂၀ ပြည့်ပြီလော၊ အနာကြီး ၅ မျိုးရောဂါမရှိသူ၊ အကြွေးကင်းသူ၊ မင်းခယောက်ျားမဟုတ်သူ၊ လူသားစင်စစ်ဖြစ်သူ၊ ယောက်ျားစင်စစ်ဖြစ်သူများ မှန်ကန်ရဲ့လား စတဲ့ မေးခွန်းများ မေးရပါသည်။ ထိုပြဿနာများ ပြေလည်မှသာလျှင် ရဟန်းပြုခွင့်ရသည်။ ထိုသို့စစ်ဆေးမေးရာတွင် ယောက်ျားစင်စစ် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းသည် ပဏ္ဍုပ် ဥဘတော့ဗျဉ်းများကို ရည်ရွယ်၍ မေးသည်။ ဤကား သာသနာတော်ကြီး ကျက်သရေဆောင်အတွက် အလွန်စနစ်ကျသော ရဟန်းခံနည်းဖြစ်သည်။

နောက်တစ်ခု ပဏ္ဍုပ်နဲ့ ပတ်သက်ပြီး သူ့သားရဟန်းတော်တွေကို အထူးမှာထားသည့် စကားရှိသည်၊ သီလမြဲချင်ရင် သီလကို ညိုနွမ်းစေနိုင်သော နေရာများကို မသွားရ၊ ဒါကိုပဲ အဂေါစရဟု ခေါ်သည်၊ ထိုအဂေါစရများက ‘‘ အပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာ မုဆိုးမ၊ ပဏ္ဍုပ် ဘိက္ခုနီ ဤငါးလီ၊ ကျွမ်းမီ မ၀င်ရ’’ ငယ်ငယ်က ရဖူးတဲ့ ဆောင်ပုဒ်လေးဖြစ်သည်။ ရဟန်းမ, ပဏ္ဍုပ်, လင်ယောက်ျားမရှိသော အိမ်, အပျိုကြီး အိမ်နှင့် ပြည့်တန်ဆာ အိမ်များကို ခဏခဏ မသွားသင့်ဟု ရဟန်းတော်များအတွက် အဂေါစရ ဟု ဆိုထားသည်။

စာရေးသူနဲ့ ပဏ္ဍုပ် စာရေးသူအတွေ့ကြုံတစ်ခု ပြောပြပါမည်။ စာရေးသူသည် ပုံမှန်အား အင်တာနက်ကို အမြဲအွန်ထားလေ့ရှိသည်၊ ဖေ့ဘုတ်ရော၊ ဂျီမေးလ်၊ ဂျီတော့ခ်၊ vzo, skype အားလုံးဖွင့်ထားမြဲဖြစ်သည်။ တခါတော့ ကောင်းလေးတစ်ယောက်လို့ ပြောကြပါစို့။ စာရေးသူကို လာမိတ်ဆက်သည်၊ ထိုင်းနိုင်ငံက ဖြစ်သည်။ ထိုင်းအများစုက အင်္ဂလိပ်အားနဲပေမဲ့ အဲဒီကောင်လေးကတော့ အင်္ဂလိပ်စာ တော်တော်ကောင်းသည်။ ပြောရင်းပြောရင်းကနေ အရှင်ဘုရား ဘန်ကောက်ကိုလာခဲ့ပါ တပည့်တော်ပြုစုပါ့မည် ဟု ပြောသည်။ စာရေးသူလဲ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ အဟုတ်မှတ်နေမိသည်။ ကြာလာတော့ မောင်မင်းကြီးသားက ဇာတိရုပ်ပြလာသည်၊ ဖွတ်ထွက်မှ တောင်ဘို့မှန်းသိ ဆိုသလိုပဲ၊ စာရေးသူလဲ တော်တော်လေး စကားပြောဖြစ်လိုက်မှ၊ သူဟာ အခြောက် gay မှန်းသိသွားသည်။ နောက် သူက အရှင်ဘုရားကို ပင်ပန်းတာတွေ ပြေပျောက်အောင် massage လုပ်ပေးမယ်၊ ဒီအထိ မဆိုးသေးဘူး၊ အရှင်ဘုရား အ၀တ်မပါဘဲ လုပ်ပေးရမှာလား အ၀တ်ဝတ်ပြီးတော့လားဆိုပြီး နောက်ပိုင်း စကားက ရှက်စရာ စကားတွေအဆင့် ရောက်လာတော့မှ။ အော်-- ဒီကောင် အခြောက်ပဲဟဆိုပြီး block ပြစ်လိုက်ရသည်။ ပဏ္ဍုပ်ရဲ့အန္တရာယ်ဆိုတာ အဲဒါပါပဲ။ ဒါ့ကြောင့်ဘုရားက ပဏ္ဍုပ်အိမ်သည် ရဟန်းတော်တွေအတွက် အန္တရာယ်ဖြစ်ရာ အဂေါစရဟု ဆိုထားသည်။

အပျိုကြီးများ
ငယ်ငယ်က ထိုဆောင်ပုဒ်လေးကို ခဏခဏ ဆိုပြီး စဉ်းစားခဲ့ဖူးသည်၊ ရဟန်းတော်များ အပျိုကြီးအိမ် မသွားရဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသည်။ မှန်ပါသည်၊ အများအမြင်မှာ သံသယဖြစ်စရာ လူကဲ့ရဲ့စရာ ဖြစ်နိုင်သည်။ သို့ပေမဲ့ စာရေးသူ ငယ်ငယ်က နေခဲ့ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ ကျောင်းအမ အများစုသည် အပျိုကြီးများဖြစ်ကြသည်၊ စာရေးသူနေခဲ့သော ကျောင်းဆောင်အလှူရှင်ကိုက ၀ါးတန်းက ရွှေကုန်သည် အပျိုကြီးဖြစ်သည်။ စာသင်တိုက်တွေ၊ ရိပ်သာတွေမှာ ကိုးကွယ် ဆည်းကပ်၊ လှူဒါန်းနေကြသူများကလဲ အပျိုကြီး အများစု ဖြစ်သည်။ သူတို့ကို ကျောင်းအမဟုသော ဂုဏ်ထူးအပြင် ကောမာရဗြဟ္မစရိယ ကျင့်သူများဟု ဂုဏ်တစ်ခု ထပ်တိုးပေးရပါလိမ့်မည်။ ငါးပါးသီလ တွင် ကာမေသု မိစ္ဆာစာရအစား အဗြဟ္မစရိယ သိက္ခာပုဒ်ကို အစားထိုး ကျင့်သူများဖြစ်သည်။ ၀ိသာခါ၊ ခေမာ၊ ဥပ္ပလ၀ဏ်၊ ပဋာစာရီ၊ ကိသဂေါတမီ၊ မဟာမာယာဒေ၀ီ၊ ယသော်ဓရာ တို့သည် ကိကိမင်းကြီး၏ သမီး ၇ ဖော်များ ဖြစ်ခဲ့ပြီး ကောမာရဗြဟ္မစရိယအကျင့်ကို အနှစ် ၂ သောင်း ကျင့်ခဲ့ကြသည်ဟု ဆိုသည်။ ဘာသာရေးအမြင်နဲ့ ပြောရရင် ထိုကဲ့သို့ပြောရမည်၊ နိုင်ငံရေးရှုထောင့်နဲ့ပြောရရင်ေ
တာ့ လူဦးရေကို လက်တွေ့ကျကျ ထိန်းနိုင်သော သူရဲကောင်းများဟု ခေါ်ရမည်ထင်သည်၊ ppppppppppp။ ဘာပဲပြောပြော သာသနာအတွက် အကျိုးများသူများ ဖြစ်ကြသည်။

ဥပဇ္ဈာယ်ဆရာ အရည်အချင်းသက်မှတ် နောက်တစ်ခုက သာသနာတွေအတွက် အလွန်အရေးကြီးသည့် သူတစ်ယောက်ရှိပါသေးသည်။ ရဟန်းခံပေးမည့် ဥပဇ္ဈာယ်ဖြစ်သည်။ သာသနာ့ဘောင်တွင်းဝင်လာသူများကို လက်ခံပြီး ရဟန်းပြုပေးသော တချို့ ဥပဇ္ဈာယ်ဆရာများ အရည်သွေးနိမ့်မှုကြောင့် သာသနာအတွက် ညစ်နွမ်းမှုများဖြစ်လာရပြန်သည်။ ထို့ကြောင့် လက်ခံသူများလည်း သက်မှတ်ထားသည့် အရည်အချင်းပြည့်ရမည်ဟု ဥပဒေအသစ်များ ပေါ်လာပြန်သည်။ ယနေ့ မြန်မာနိုင်ငံအတွင်းမှာပင် တချို့နေရာတွေမှာ ကျောင်းထိုင်ဟု သက်မှတ်ထားသော ရဟန်းတော်သည် ဘုရားဥပဒေတော်များကို ကောင်းကောင်းနားမလည်ဘဲ ဥပဇ္ဈာယ်လုပ်ကာ ရဟန်းပြုနေရသည်။ ဘုရားလက်ထက်ကတည်းက ဒီအဖြစ်အပျက်တွေ ရှိသောကြောင့် ‘‘ ဆယ်ဝါ ပြည့်တင်း ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ ခန္ဓက၀တ်’’ စသည်ဖြင့် ထိုဥပဇ္ဈာယ်သည် သို့မဟုတ် ကျောင်းထိုင် ဆရာတော်သည် ဆယ်ဝါပြည့်ရမည်၊ ဘုရားဥပဒေတော်ကြီးကို နားလည်ရမည်၊ ကံကြီးကံငယ်အကြောင်း သိထားရမည်၊ ၀ိနည်းငါးကျမ်းလာ မဟာဝါ စူဠ၀ါမှ လာသော ၀တ်ကြီးဝတ်ငယ်အကြောင်းများကိုလဲ လေ့လာပြီး ဖြစ်ရမည် ဟုသော အရည်အချင်းများ ပြည့်စုံရမည်ဟု သက်မှတ်ထားခဲ့သည်။ ဒါကိုပဲ ဗျတ္တ ပဋိဗလ ဟုခေါ်သည်၊ အရည်အချင်းနှင့်အရည်အသွေး ရှိသူလို့ခေါ်သည်။

ထို့ကြောင့် မြတ်ဗုဒ္ဓက သူ၏သာသနာသည် အပြစ်ကင်း ဖြူစင်ပြီး ဂုဏ်ရှိ အသရေရှိရမည်ဟုသော ရည်ရွယ်ချက်ဖြင့် အပြစ်တစ်ခုပေါ်လာတိုင်း ဥပဒေအသစ်သစ်များ တိုးတိုး ပညတ်ခဲ့ရာ ကုဋေကိုးထောင်ကျော်အထိပင် ဖြစ်လာသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၈-၂၀၁၁