Sunday, February 17, 2013

အသုဘဘာဝနာ ရှု့ပွားကြရအောင်



(လောဘ=တဏှာ=ရာဂ ) လျော့ပါးလာစေရန်။
( အသုဘဘာဝနာ ရှု့ပွားကြရအောင်)

... အို ...အမောင်ယောက်ျား သင်သည် ငါ၏ ရုပ်ခန္ဓ္ဓာအစုကို ချီးမွမ်းရ်ျ နေ၏။လိုချင်တက်မက်ရ်ျ နေ၏. ။စင်စစ်အားဖြင့်ဆံပင်၊ အသား၊ အသွေး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လက်၊ခြေ စသောဤရုပ်အစုသည် ယိုယွင်းပျက်စီး တတ်သည်သာတည်း။ ပုပ်သိုးညှီဟောင် သည်သာတည်း။. သုသန် သချိုင်း
သို့ မလွဲမသေပို့ ဆောင်ရမည့် အရိုးစု၊ အသားစုတို့  သာလျှင်တည်း ။

အို...အမောင် သင်သည် ငါ၏ ရုပ်အစုကို မှားယွင်းသောအမြင်ဖြင့် ကြည့်ရ်ျ လိုချင်တပ်မက်ဘိ၏။... ငါ့၏ ကိုယ်မှာ လက်၊ ခြေ၊ ဦးခေါင်း၊ မျက်လုံး၊ဆံပင်၊ခြေသည်း လက်သည်း၊
သွားလည်းတစ်ထွေ အရေတစ်မျိုး၊ အင်္ဂါကြီးငယ် စုံလင်စွာဖြင့်
ဖွဲ့ စည်းထားတဲ့ ရုပ်ခန္ဓ္ဓာကြီးဟာ. ညှီနံ့  ဆိုးသည့် ရွံ့ ရှာဖွယ်ရာ အသိုးအပုပ် ချည်းပါတကား။.....အိုး...အမောင် ..
ထို ဦးခေါင်း၊ခြေလက်၊ စသည့် အင်္ဂါကြီးငယ် တစ်ခုချင်းစီကို တစ်စစီဖြုတ် ပြီး ပုံလျက်ထားအံ့။ ထိုအစုအပုံထဲ မှ လက်ကိုဖြစ်စေ၊ ဦးခေါင်း၊ နားရွက်စသည်ကိုဖြစ်စေ ကောက်ယူရ်ျ ကြည့်ရှု့လိုက်စမ်းပါ။. လှပချောမောသော မိန်းမပျိုဟု ဆိုနိုင်ပါသေးလား အမောင်။ လက်ခြေ ဦးခေါင်း စသော အပိုင်းအစများ သာလျှင် ဖြစ်ချေသည် မဟုတ်ပါလား။

အို...အမောင် ...... ခန္ဓ္ဓာငါးပါးဓာတ်အစုဖြစ်သော ဤ ကိုယ်ကောင်ကြီးကို မိန်းမ၊ယောက်ျားဟု မှတ်ယူခြင်းသည် မှားယွင်းပေ၏။ဖောက်ပြန်ချွတ်ချော်သော အသိအမြင် ဖြစ်ပေ၏။ ပညာမျက်စိမရှိသော အမောင်ယောက်ျားသည် အနှစ်သာရ မရှိသော အပုပ်တွေနဲ့  ပြည့်လျှံ သိုလှောင်ထားတဲ့ ဂိုဒေါင်ပမာ ဤရုပ်ခန္ဓ္ဓာ ကို အဘယ်ကြောင့် တက်မက်လိုချင် ဘိ သည်တကား။

အို ...အမောင် သင် အနှစ်သက်ဆုံးဖြစ်သည့် ငါ၏ မျက်လုံး တို့ သည် မျက်လွှာအလယ် ၌
မျက်ရည်တို့ ဖြင့် ရောပြွမ်းလျက် တည်နေသည် သာတည်း။မျက်ခမ်းတို့ ၌ မျက်ချေးများလည်း ရှိသည်သာတည်း။ ထို မျက်ချေးများသည် ညှီစို့ စို့  အနံ့ ရှိ သည်သာတည်း။..အို ...အမောင် ငါ့ ၏ အဘယ်ရုပ်၊ အဘယ်အင်္ဂါ ကို သင် လိုချင်တက်မက် နေပါသေးသနည်း။

( ရူပက္ခန္ဓာ )

ရုပ်(၂၈)ပါး
ရေမြှုပ်နှင့်တူ၏။
ဘာမျှမသိတတ်၊
ဖောက်ပြန်တတ်၏။
မခိုင်မာသောသဘော...။

Shared from ပရ ဟိတ ဒကာလေး (FB)

No comments:

Post a Comment