Thursday, February 21, 2013

သဘောထားပြည့်ဝတဲ့သူတွေမှသာ သူတပါးစိတ်အကြံကို သိနိုင်တာလား (Discussion)

သမာဓိ အလွန်ကောင်းသူတွေဟာ သူတပါးစိတ်အကြံကို သိနိုင်တယ်တဲ့.....

သဘောထားပြည့်ပြီး သီလ ကောင်းသူတွေသာ သမာဓိ တည်ကြတယ်တဲ့ .....

ဟုတ်မှာပါ... သဘောထားမပြည့် ၊ သီလ မတည်သူသာ သူတပါး စိတ်အကြံအစည်တွေကို သိရင်

တကမ္လာလုံး ပြဿနာတွေတက်ကုန်မှာပေါ့.....

(Myat Su)

******************************

မဆိုင်ဘူးထင်တယ်..သူတပါးစိတ်အကြံကိုသိတာ အဘိဥာဉ် တန်ခိုးလေ...အဲဒီလို တန်ခိုးမျိုးက မြေမြိုသွားတဲ့ ရှင်ကြီး ဒေဝဒတ်လည်း ရခဲ့တာပါပဲ..ဒါပေမယ့် ရှင်ကြီး ဒေဝဒတ်ကိုယ်တိုင် ဘုရားရှင်အပေါ် သဘောထားမပြည့်ခဲ့တာ ထင်ရှားပါတယ်..သမာဓိဟာ အဘိဥာဉ်တန်ခိုးကို အထောက်အပံ့ဖြစ်စေပေမယ့်... အသိဥာဏ်ကို မဖြစ်ဘူး ဆင်ခြင်တုံ တရားကို မဖြစ်စေဘူးလို့ထင်တယ်..ဝိပသနာဥာဉ်ကမှ ပညာဥာဏ်လို့ခေါ်တဲ့ အသိဥာဏ်နဲ့ ဆင်ခြင်တုံတရားကို ဖြစ်စေတာ....ဒါကြောင့် သူတပါးစိတ်အကြံကို သိနိုင်တဲ့ တန်ခိုးရှင်ဟာ သဘောထားပြည့်တဲ့သူလို့တော့ မထင်ပါဘူး...အဘိဥာဉ်ရပြီး မိုးပျံနေတဲ့သူဖြစ်အုံးတော့ ကိုယ်ချင်းစာတရားလောက်တောင် မထားနိုင်ရင် အထင်ကို မကြီးဘူးဗျာ...

(Phyo Maung)

******************************
ရှင်ကြီးဒေဝဒတ် က အဇာတသတ်ကို စည်းရုံးခဲ့တုန်းက မကောင်းတဲ့ ကြံစည်မှုနဲ့ တန်ခိုးပြပြီး စည်းရုံးခဲ့တာပါပဲ...သီလစောင့်ထိန်းတယ်ဆိုတာက စိတ်ထားစင်ကြမယ်မှုနဲ့ နဲနဲတော့လွဲနေသေးတယ်လို့ မြင်ပါတယ်...စိတ်ထားသဘောထားသေးသိမ်တဲ့သူလည်း သီလတော့ လုံအောင်စောင့်လို့ရပါတယ်။သီလစောင့်ပြီး လူတဖက်သားကို မနာလိုလို့သော်လည်းကောင်း ဝန်တိုလို့သော်လည်းကောင်း ကောင်းရာကောင်းကျိုးကို မညွှန်ပြပဲ ဆိတ်ဆိတ်နေလို့ရနိုင်ပါသေးတယ်..သူများပစ္စည်းခိုးတာမှ မဟုတ်တာ..သူငါ့ထက်သာသွားမှာစိုးလို့သာ မပြောပဲ ဆိတ်ဆိတ်နေနေတာလို့ ပြောလို့ရသေးတယ်..သီလ ဆိုတာ ကိုယ်နဲ့ နှုတ်ကို ကောင်းစွာထားခြင်းလို့ပဲ ဘာသာပြန်ရပါတယ်..စိတ်ကို ကောင်းစွာထားဖို့ဆိုရင် ဘာဝနာကို အားထုတ်မှ ရတယ်..ကျွန်တော် ဒီမှာ ထပ်ပြောချင်တာက သမာဓိကို အားထုတ်ပြီး စိတ်တန်ခိုးရရင်တောင် အသိဥာဏ်နဲ့ ဆင်ခြင်တုံတရားမဖြစ်ပါဘူးဆိုတာပါပဲ....သမာဓိ အလွန်အားကောင်းမှ ဝိပသနာ အားထုတ်လို့ရတယ်ဆိုတာလည်း မဟုတ်ပါဘူး...ပတိပဌာန် တရားအားထုတ်တဲ့ ယောဂီတွေမှာတော့ သမထ ဝိပသနာကမ္မဌာန်းကို တွဲပြီး အားထုတ်လို့ ရတဲ့အတွက်ကြောင့် ဈာန်အဘိဥာဉ်တွေမရပေမယ့်လည်း သတိရှိခိုက် မိမ်စိတ်မှာ အထင်ရှားဖြစ်တဲ့ ကိလေသာကို ဖြစ်တဲ့အတိုင်း မြင်ပြီး ချုပ်ပျောက်သွားတဲ့အတိုင်း သိရှိခံစားနိုင်ပါတယ်..ဒါကြောင့် မိမိမှာ ဖြစ်တဲ့ နိမ့်ကျတဲ့ စိတ်ဓါတ်ကို ငါ တော်တော် စိတ်ဓါတ်နိမ့်ကျတာပဲလို့ ရဲရဲဝံ့ဝံ့လက်ခံရဲတဲ့ သတ္တိရှိလာပြီး အဲဒီကမှ တဆင့် အသိဥာဏ်နဲ့ ဆင်ခြင်တုံတရားဖြစ်စေတဲ့အတွက် သူတပါး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေမယ့် အလုပ်ဆို တမင်သက်သက်ရည်ရွယ်ပြီး မလုပ်ဖြစ်တော့တာများပါတယ်။

(Phyo Maung)

******************************

သီလကသမာဓိထူထောင်ရန်ဖြစ်ပါတယ်။ သီလမစောင့်  ထိန်းပဲ မှန်ကန်နဲ့  သမာဓိ သမ္မာ သမာဓိမထူထောင်နိုင်ပါဘူး။ သမ္မာသမာဓိကမှယောဂီရဲ့  ပညာကို တိုးပွားအောင်လုပ်ပေးပါလိမ့် မယ်။..ကြိုးတန်းပေါ်လမ်းလျောက် တဲ့  သူဟာ သီ လရှိ သည် ဖြစ် စေ၊ မရှိ သည် ဖြစ်စေ...စိတ်ကို တည် တည် ငြိမ် ငြိမ် စူးစိုက် ထားတဲ့  သမာဓိ ရှိမှ ကြိုးတန်းပေါ်ဖြောင့်  ဖြောင့်  တန်းတန်း လမ်းလျောက် လို့  ရပါတယ်၊ ... တောပစ် မုဆိုးဟာလည်း သီ လတော့ မရှိ ပါဘူး.. ဒါပေမယ့် .. စိတ် ကို တည် တည် ငြိမ်ငြိမ် ထားပြီး သမာဓိ နဲ့  မှ .. တော ကောင် ကို ထိ ထိ မိမိ ပစ်နိုင် ပါတယ်...သမထလုပ် နေ သူများ ဟာလည်း သမာဓိ ကို ထူထောင် ပြီးမိမိ တို့  လိုရာကို စွမ်းဆောင် လို့  ရပါတယ်။ တော့ ထဲ မှာ သူယောင် မယ် များနဲ့  ပျော် ပါးနေ တဲ့  ၀ိဇ္ဇာ၊ ဇော်ဂျီတို့  ဟာလည်း .သမာဓိတန် ခိုးနဲ့  သူယောင် သီးများကို အသက် ၀င် အောင်သမာဓိ အစွမ်းနဲ့ ဖန်ဆင်းပြီး... ပျော် ပါးကြ ခြင်း ဖြစ် ပါတယ်။....သမာဓိအစွမ်းနဲ့  လည်း၊ သူတပါးရဲ့  စိတ် ကို သိမြင်နိုင်စွမ်းရှိ ပါတယ်။ သမာဓိ တခုထဲ နဲ့  တော့ နိဗ္ဗာန် ကိုမျက် မှောက် မပြုနိုင် ပါဘူး၊ သီ လ၊ သမာဓိ ပညာနဲ့  မှ နိဗ္ဗာန် ကို မျက် မှောက် ပြုနိုင် ပါတယ်၊...၀ိပဿနာ တရားများကို အားထုတ် တဲ့ ယောဂီ ဟာလည်း သန့် ရှင်း ဖြူ စင် တဲ့  သီ လ၊ သမာဓိ ၊ ပညာ ရဲ့  အစွမ်း ကြောင့်  လမ်းဆုံးပန်းတိုင် ဖြစ် တဲ့  နိဗ္ဗာန် ကို မျက်မျောက် ပြုနိုင်ကြ ပါတယ်။ ..ဒီ လို သမာဓိ နဲ့  လည်း ... သူတပါးရဲ့ စိတ် အကြံ ကို သိနိုင် ပါတယ်၊ .. ဒါဟာလည်း နိဗ္ဗာန် ကို မျက် မှောက် ပြု ရာလမ်းလရီး ရဲ့  အကိုင်းအခက် အလက် ကလေးမျှသာပါ၊ ...ရန် ကုန် က မန္တလေးကို သွားရာမှာ လမ်း ခရီးမှာ တွေ့  ကြုံရ မည့် မြို့  ရွာ ကလေးတခုမျှသာပါပဲ၊ ။

(U Ko Ko Aung)

Shared from Ma Myat Su's Status (FB)

No comments:

Post a Comment