`စိတ်ကကြံတာ သတ္တ၀ါ ၊ ဓမ္မာရုံနဲ့  လွဲနေပြီ´
`စိတ်ကကြံတာ သတ္တ၀ါ၊ ပညတ်တွေလည်း ပါရတာ၊ မကြံတာက နိဗ္ဗာန်နဲ့  ပရမတ်တရား´
သတ္တ၀ါဟူသည် အာရုံကို ကပ်ငြိတွယ်တာတတ်၍ ကာမရာဂရှိသူအားလုံးကိုခေါ်သည် ။
စိတ်နဲ့ ကြံတတ်တာက `ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်´ စတဲ့ ပညတ်များကိုသာကြံတတ်
သည်။ ဓမ္မာရုံ ဟူ၍မသိ ။ စင်စစ်မူ ပညတ် သတ္တ၀ါမဟုတ်၊ မနောနဲ့ တိုက်သော အာရုံမှာ
ဓမ္မာရုံသာ ဖြစ်သည်။ သို့ ဖြစ်၍ ပရမတ်တရားမှာ..သတ္တ၀ါမရှိ...ဓမ္မသဘာဝသာရှိသည် ။
`သတၱ၀ါဆိုတာ စိတ္ထဲမွာ အရိပ္စြဲကာ တခဏ သခါၤရ ၊ သတၱ၀ါဆိုတာ နဂိုကပင္မရွိ ´
`အပျိုလို့  အရိပ်မြင်၊ စိတ်ထင်လို့ ပါးစပ်ပြော´
စိတ်အမြင်နဲ့  သတ္တ၀ါဟုထင်ကြသည်။ ဥာဏ်အမြင် (သမ္မာဒိဋ္ဌိအမြင်)မှာမူ အပျို လူပျိုစသည့်
သတ္တ၀ါမရှိ။ ရုပ်နာမ်သာ ရှိသည် ။
အမှန်သိရန်မှာ သတ္တ၀ါဟူသည် အာရုံကို ကပ်ငြိတတ်သော သဘောသဘာဝရုပ်နာမ် ဓမ္မသဘာဝသာဖြစ်သည်။ ကျား/မ စသည် သတ္တ၀ါက ကပ်ငြိသည်မဟုတ်။ ဓမ္မသဘောကသာ
ကပ်ငြိခြင်း ဖြစ်သည်။
မြတ်စွာဘုရားက`ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ နိသတ္တ၊ နိဇီဝ၊ နပုဂ္ဂလာ´ဟုဟောသည်။
ကုသိုလ်တရား၊ အကုသိုလ်တရား(ဓမ္မသဘာဝ)သာရှိသည်။ သတ္တ၀ါမရှိ၊ အသက် လိပ်ပြာကောင် မရှိ၊ ပုဂ္ဂိုလ်ကောင် မရှိဟု ဟောတော်မူသည်။
သတ္တ၀ါဟု ထင်လျှင် အ၀ိဇ္ဇာဖြစ်သည်။ သတ္တ၀ါဟု သိလျှင် ရာဂ၊ ဒေါသ၊ မောဟ တရားဆိုးများ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည်။ ဓမ္မစက္ခု(ဥာဏ်) မဖြစ်ပေါ်နိုင်တော့ပေ။
`ပုဂ္ဂိုလ်မပါ ဓမ္မသာ၊ ဓမ္မစက္ခု ဖြစ်သတည်း။ ပုဂ္ဂိုလ်ပါလျှင် သူ ငါဝင်၊ ဤတွင်ဒိဋ္ဌိ ဖြစ်သတည်း။
ဒိဋ္ဌိဖြစ်လျှင် ချစ်မုန်းဝင်၊ ဤတွင်လောကဖြစ်သတည်း။´
စင်စစ်မူ ကျား/မ၊ နတ်၊ လူ စသည်တို့ မှာ အခေါ်အဝေါ်နာမည် ပညတ်သာဖြစ်၏။ ကြောင်းကျိုး သိမြင်တတ်သည့် သဘောရှိသည့် (ရုပ်နာမ်) ရူပကာကြီးကိုသာ လူဟုခေါ်ခြင်းဖြစ်သည်။
`လူတွေမဟုတ် အူအဆုတ် လမ်းဘေးပစ်ထား၊ ကောက်မသွား ခွေးကားချီလေ၏။´
အာရုံ၏ သဘောအမှန်က(ရုပ်)၊ သဘောအမှန်ဖြစ်သော (ရုပ်)ဟုမသိပဲ သတ္တ၀ါဟုသိခြင်းက မောဟ(၀ါ) အ၀ိဇ္ဇာသိဖြစ်နေသည်။
ထို့ ကြောင့်(သတ္တ၀ါ)အယူကုန်မှ(အ၀ိဇ္ဇာ)ကုန်မည်။ သတ္တ၀ါအမြင်ပျောက်၍ ရုပ်နာမ်၊ ခန္ဓာ၊ အာ
ယတနဓာတ်၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာအမှန်သိမှ အတ္တကုန်၍ အရိယာဖြစ်မည်။
နိဗ္ဗာန်ရောက်မည်။
`သတ္တ၀ါကုန် အတ္တမြုံသည်သာ အရိယာ´
သတ္တ၀ါအမြင်ရှိနေသမျှ ကပ်ငြိမှုရှိသည်။ အတ္တရှိသည်။ ဥပါဒါန် အစွဲ ရှိနေသည်။ သတ္တ၀ါအမြင်ပျောက်၍ ရုပ်နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာအမှန်သိမှ
အတ္တကုန်၍ အရိယာဖြစ်မည်။ နိဗ္ဗာန်ရောက်မည်။ သို့ ဖြစ်ပါ၍`သတ္တ၀ါ မရှိသော အသိသည်သာလိုရင်း ဖြစ်သည်။
သို့ ဖြစ်လျှင်
မျက်စိ မြင်တုံ ရူပါရုံ ၊ လူ့ ပုံမမှတ်ရ
မျက်စိကမြင် မနှိုင်းယှဉ် ၊ ဤတွင်တရားရ ။
နားက ကြားတုံ သဒ္ဒါရုံ ၊ လူ့ ပုံ မမှတ်ရ
နားက ကြားလျှင် မနှိုင်းယှဉ် ၊ ဤတွင်တရားရ ။
လျှာက စားတုံ ရသာရုံ ၊ လူ့ ပုံ မမှတ်ရ
လျှာက စားလျှင် မနှိုင်းယှဉ် ၊ ဤတွင်တရားရ ။
ကိုယ်က ထိတုံ ဖောဋ္ဌဗ္ဗာရုံ ၊ လူ့ ပုံ မမှတ်ရ
ကိုယ်က ထိလျှင် မနှိုင်းယှဉ် ၊ ဤတွင်တရားရ ။
စိတ်က ကြံတုံ ဓမ္မာရုံ ၊ လူ့ ပုံမမှတ်ရ
စိတ်က ကြံလျှင် မနှိုင်းယှဉ်၊ ဤတွင်တရားရ ။
(ကျေးဇူးတော်ရှင် ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တက္ကုန္ဒောဘာသမဟာထေရ် )
Shared from Unty Mee (FB)
No comments:
Post a Comment