Monday, January 7, 2013

‎"ဆေးအစွမ်း

သက်ရှိ,သက်မဲ့၊ ဘယ်အရာဝတ္ထုကိုမှ၊ မစွဲလမ်းချင်ကြပါနဲ့။ စွဲလမ်းမိပြီးဆိုရင်တော့၊ ထိုစွဲလမ်းသူပဲ၊ စိတ်ဒုက္ခရောက်တတ်တယ်။ စိတ်ဒုက္ခရောက်တော့၊ ရုပ်ပါမလန်းတော့ဘူး။ စိတ်ကြောင့်, ရုပ်အဆင်းမလှဖြစ်ရတဲ့သဘောပါ။ စိတ်ကြောင့်, ရုပ်ပါ၊ ညှိုးနွမ်းရတဲ့သဘောပါ။ စိတ်ကိုအမှီပြုကာ၊ ရုပ်ကထိခိုက်ရတယ်။
စွဲလမ်းသွားရင်၊ ကိုယ်စွဲလမ်းမိတဲ့ အရာကြောင့်၊ ကိုယ့်စိတ်ဟာ တဖြေးဖြေးနဲ့၊ ဖြူရာကနေ၊ ညစ်နွမ်းမှုဘက်သို့၊ ပြောင်းမှန်းမသိ၊ ပြောင်းသွားတတ်တယ်။ 

ဒီအခါမှာ၊ တကယ်အသုံးဝင်လာတာ၊ တကယ်အသုံးတည့်လာတာက၊ "တရားကလွဲ၊ တခြားမရှိတော့ပါဘူး"။
ထိုစွဲလမ်းမှုတွေကို၊ အဝေးလွင့်စင့်သွားစေဖို့၊ ထိုစွဲလမ်းမှုကြောင့်၊ ဖြစ်ပေါ်ခံစားနေရတဲ့၊
ဝေဒနာစသည့်၊ အားလုံးအားလုံးဟာ၊ မြတ်ဗုဒ္ဓရဲ့တရားတော်နဲ့တွေ့ရမှ၊
နေလာလို့ နှင်းပျောက်ရသလို၊ ၀ရဇိန်ဖောက်ခွဲ၊ ကျောက်တောင်ကြီးပြိုလဲရသလို၊
ဖြစ်ရတာလေ"။

ဒီတော့........သက်ရှိ,သက်မဲ့၊ ဘယ်အရာကိုမဆို၊ စွဲလမ်းလို့ဖြစ်ပေါ်လာတဲ့၊ ခံစားမှုဝေဒနာအားလုံးတို့သည်၊ မြတ်ဗုဒ္ဓရဲ့၊ "တရားဒေသနာတော်ကြောင့်သာ၊ သက်သာနိုင်,ပျောက်ကင်းစေနိုင်တဲ့ဆိုတာ၊ သေချာသိဖို့လိုပါတယ်"။
ယောဆရာတော်ဘုရားကြီးရဲ့၊ အဆုံးအမလေးတခုကို၊ သွားအမှတ်ရမိတယ်။ "ရောဂါကြောင့်သာ၊ ဆေးဆရာစွမ်းတာသိနိုင်ကြ"တဲ့!။

ဘယ်လိုဝေဒနာတွေပဲ၊ ဖြစ်ပေါ်လာပါစေ၊ မြတ်ဗုဒ္ဓရဲ့၊ "တရားဆေးနဲ့တွေ့ရင်၊ အားလုံးဟာ ပျောက်ကွယ်သွားကြ၊ တိမ်ကောသွားကြရတယ်"။ ဒီအခါကျတော့မှ၊ "မြတ်ဗုဒ္ဓနှင့်၊ မြတ်ဗုဒ္ဓရဲ့၊ တရားတော်ဆေးအစွမ်းဟာ၊ ပိုမိုပီပြင်၊ ပိုမိုသရုပ်ပေါ်လွင်လာရတယ်"။
(မြတ်ဗုဒ္ဓရဲ့ တရားဆေးအစွမ်းကြောင့်၊ သတ္တ၀ါအားလုံး၊ ဘေးမခ အေးမြကြစေသား။)

Shared from Sakya Nemin (FB)

No comments:

Post a Comment