Wednesday, January 9, 2013

တရားနှင့် တရားသမား



တရားဆိုတာ မကောင်းတာမရှိဘူးတဲ့။

တရားသမားကသာ မပြည့်စုံရင်တော့
မကောင်းတာ ရှိမှာပဲ။

တရားသမားဆိုတာကလည်း သူ့အဆင့်နဲ့ သူပဲလေ။

ဘယ်သူက ပြည့်စုံတယ်လို့ ပြောလို့ရမှာလဲ။

ဒါပေမယ့် လောကမှာ များသောအားဖြင့်
တရားသမားတွေကိုပဲ မြင်ပြီးတော့
တရားကို မမြင်ဘဲနဲ့
အပြစ်ပြောတက်တဲ့လူတွေ ရှိတယ်။

တရားကို တကယ်မြင်သွားပြီဆိုရင်
တရားသမားကို သနားရုံပဲ သနားမယ်။
မပြည့်စုံသေးဘူးလို့ အပြစ်တော့ မပြောတော့ဘူး။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်)

**************
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၄၅) မှ
ကောက်နုတ်ပူဇော်ပါသည်။

Shared from Ko Ye Win Tun (FB)

No comments:

Post a Comment