Thursday, January 17, 2013

Post Type: Love

ငါ့ရဲ့ ဖုန်းcall list ထဲမှာ နင့်ဘက်က အဝင်callတွေ နည်းလာပြီး ငါ့ဘက်ကချည်းအထွက်callတွေများလာတဲ့အခါ နင်ငါနဲ့မပတ်သက်ချင်တော့မှန်း ငါရိပ်မိတာပေါ့ ။
ဒါပေမယ့် "နင် ငါနဲ့ မပတ်သက်ချင်တော့ဘူးလား" လို့ ငါမေးလိုက်ခဲ့မိရင် နင့်ဘက်က ဖြေလာမယ့် အဖြေကို ငါမကြားရဲသေးဘူး ။
အဲဒါကြောင့် ငါ တစ်ယောက်တည်း တိတ်တိတ်လေး ကြိတ်ဆွေးနေခဲ့ဖူးတယ် ။ ။

တစ်ခါတစ်လေ ငါတို့ Gtalk မှာ တွေ့ကြလို့ စကားပြောကြတဲ့အခါ နင့်ဘက်က စိတ်မပါသလိုလိုနဲ့ typingတစ်ကြောင်းကိုတောင် အချိန်တော်တော်ကြာမှ reply လုပ်တဲ့အခါ နင် ငါ့ကို မခေါ်မပြောချင်တော့မှန်း ငါ နားလည်တာပေါ့ ။
ဒါပေမယ့် "နင် ငါ့ကို စကားမပြောချင်တော့ဘူးလား"လို့ ငါမေးလိုက်မိရင် နင့်ဘက်ကဖြေလာမယ့် အဖြေစကားကို ငါ လက်မခံနိုင်လောက်သေးဘူး ။
အဲဒါကြောင့် ငါတစ်ယောက်တည်းလည်း ကြိတ်ပြီး ငိုကြွေးခဲ့ဖူးတယ် ။ ။

Facebook ပေါ်မှာ နင်နဲ့ငါ Relationship လုပ်ကြမယ်နော်လို့ ထားခဲ့ကြတဲ့ ကတိတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတဲ့အခါ နင် ငါ့ကို မချစ်တော့မှန်း ငါ သိခဲ့တာပေါ့ ။
ဒါပေမယ့် " နင် ငါ့ကို အရင်လို ချစ်သေးရဲ့လား " လို့ ငါ မေးလိုက်ခဲ့မိရင် ငါသိနေတဲ့ နင့်ဘက်ကအဖြေကို ငါ နားထောင်နိုင်ပါ့မလားမသိသေးဘူး ။
အဲဒါကြောင့် နင်မချစ်တော့မှန်းသိပေမယ့် ငါတစ်ယောက်တည်း နင့်ကို ပေပေတေတေဆက်ချစ်နေခဲ့တယ်လေ ။ ။

{ မယ်ပိုး }
< Heart Canteen >
Shared from Heart Canteen

No comments:

Post a Comment