Thursday, February 28, 2013

ရင်ထဲက အရဟံ (အပိုင်း-၄ အဆုံး) ရဝေနွယ် (အင်းမ)

ဂုဏ်တော်ပွားပုံအဆင့်ဆင့်လေးကို ဇိနာလင်္ကာရ
ဋီကာကျမ်းက ပြတဲ့အတိုင်းလေး ရေးပြသွားရအောင်ပါ။
တခြားကျမ်းတွေကပွားပုံအစဉ်လေးတွေ ရေးပြထားတာတွေလည်းရှိပါသေးတယ်။
နိဗ္ဗာန်တောင့်တ၊ ဖြတ်ကိစ္စ၊ သီလယူစေပါ။
ဆိတ်ငြိမ်ရာရှာ၊ ဣရိယာ၊ ရွေးပါ ကျမ်းမိန့်တာ။
သေဘေးဆင်ခြင်၊ ဤခြောက်အင်၊ ပြီးလျှင် ပွားများပါ။

(၁) ဂုဏ်တော်ပွားတဲ့သူဟာ ပထမဦးဆုံး ''ဤဂုဏ်တော်ပွားရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ''လို့ နိဗ္ဗာန်ကို ဦးစွာဆုတောင်းရပါမယ်။

ဘယ်လမ်းကြောင်းပဲလျှောက်လျှောက် ပန်းတိုင်ရှိဖို့ လိုပါတယ်။ နိဗ္ဗာန်ကတော့ အဓိကပန်းတိုင်ပါ။ လောကီကျိုး တွေကတော့ ဆုမတောင်းလည်း ပြည့်မှာပါပဲ။
(၂) ပလိဗောဓ = ကိစ္စကြီးငယ်ကို ဖြတ်ထားရပါမယ်။
ဥပမာ - မိသားစုအတွက် ထမင်းချက်စရာ၊ ဟင်းချက်စရာ၊ ကော်ဖီဖျော်စရာရှိရင် ကြိုတင် လုပ်ထားရပါမယ်။ မှာစရာရှိတာ၊ ပြောစရာရှိတာ ကြိုတင်မှာထား ပြောထားရပါမယ်။ ကိုယ်ဂုဏ်တော် ပွားနေတုန်း ''သော့ဘယ်နားထားလဲ။ ဘယ်သူဖုန်းဆက်လာသေးလဲ'' စသဖြင့် လာမေးရင် အဆင်မပြေပါဘူး။

ကိုယ့်အတွက်လည်း ဆေးသောက်စရာရှိရင် သောက်ထားရပါမယ်။ အောက်ထစ်ဆုံး ခြေသည်းလက်သည်း ညှပ်စရာရှိရင် ညှပ်ထားရပါမယ်။ ခေါင်းလျှော်စရာရှိလျှင် ခေါင်းလျှော်ထားရပါမယ်။ ဂုဏ်တော်ပွားနေတုန်း ခေါင်းယားလို့ ကုတ်နေရပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။

(၃) ငါးပါးသီလ ယူရပါမယ်။
''သီလရှိတော့ စိတ်ကြည်''ဆိုတဲ့အတိုင်း သီလယူလိုက်ရင် စိတ်က ကြည်သွား ပါတယ်။ ဒါတင်မကပါဘူး။ သီလယူလိုက်ရင် သီလဖြူစင်သူလည်း ဖြစ်သွားပါတယ်။

(၄) ဝိဝေက - တိတ်ဆိတ်ခြင်း၊ ဆိတ်ငြိမ်ရာအရပ်ကို ရွေးချယ်ရပါမယ်။
ဆိတ်ငြိမ်ရာအရပ်ဆိုတဲ့နေရာမှာ ဆိတ်ငြိမ်ရာအချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဆိုလိုတာပါ။ ကိုယ့်အတွက် ဆိတ်ငြိမ်တဲ့ အချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဖြစ်ရပါမယ်။

စာထဲကအတိုင်းဆိုရင်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်သန်းခေါင် အချိန်ကို ဆိုလိုပါတယ်။ ဒါပေမဲ့ အိမ်မှာနေရတဲ့လူတွေအတွက်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်အချိန် မဟုတ်ပေမဲ့လည်း ကိုယ့်အတွက် ဆိတ်ငြိမ်ရာအရပ်နဲ့ ဆိတ်ငြိမ်ရာအချိန်ဖြစ်ရင် ပြီးတာပါပဲ။

မနက်စောစောအိပ်ရာထဆိုရင် ဆိတ်ငြိမ်မှုနှစ်ခုကို ရနေတာများပါတယ်။ ဆိတ်ငြိမ်ရုံတင်မကပါဘူး၊ မနက် အိပ်ရာထဆို စိတ်ကလေးတွေက ကြည်လင်နေ တတ်ပါတယ်။ ဘယ်အာရုံနဲ့မှမတွေ့ရသေးတဲ့အတွက် စိတ်ကကြည်နေတာပါ။

အာရုံသစ်တွေ မတွေ့သေးတဲ့မနက်ပိုင်းမှာဆို အကုသိုလ်က မဝင်သေးပါဘူး။ အကုသိုလ်မဝင်သေးတဲ့အချိန်၊ အာရုံတွေ မတွေ့သေးတဲ့အချိန် ဂုဏ်တော်ပွားရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ မနက်ပိုင်းဆို ဖုန်းလာတာ ဧည့်သည် လာတာတွေ လည်း မရှိပါဘူး။

ဘုရားခန်းပဲဖြစ်ဖြစ်၊ ကိုယ့်အိပ်ခန်းပဲဖြစ်ဖြစ် ပွားများလို့ရပါတယ်။ တခိျု့အိမ်တွေဆို အသံလုံစနစ်နှင့် ဘုရားခန်းကို ဆိတ်ငြိမ်အောင် လုပ်ထားပါတယ်။ ဒီလိုနေရာမျိုးကတော့ တရားအားထုတ်သူတွေအတွက် တော်တော် အဆင်ပြေတဲ့ နေရာပါပဲ။

ဥပမာ - ကိုယ်ဂုဏ်တော်ပွားနေတဲ့အချိန် မိသားစုက တီဗွီဖွင့်နေမယ်၊ သီချင်းဖွင့်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ အဓိကကတော့ ကိုယ့်အတွက် ဆိတ်ငြိမ်ဖို့ပါပဲ။

(၅) ကိုယ့်အတွက် ကြာရှည်ထိုင်နိုင်မယ့် ဣရိယာပုထ်ကို ရွေးချယ်ရပါမယ်။

တင်ပလ္လင်ခွေပဲထိုင်ထိုင်၊ ကုံျ့ကုံျ့ပဲထိုင်ထိုင်၊ ကိုယ်နဲ့ သပ္ပာယသင့်ရင် ပြီးတာပါပဲ။ ထိုင်ပုံဣရိယာပုထ်ကတော့ တစ်ဦးနဲ့တစ်ဦး သပ္ပါယသင့်ပုံချင်း တူမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ဣရိယာပုထ်ကို ရွေးချယ်ရမှာပါ။ တခိျု့ အမျိုးသမီး ယောဂီတွေဆို တင်ပလ္လင်ချိတ်ထိုင်တာ သုံးနာရီတောင် ထိုင်မှတ်နိုင်ပါသတဲ့။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေ မယ့် ဣရိယာပုထ်ကို ရွေးထိုင်ရုံပါပဲ။ ခါးကို ဖြောင့်ဖြောင့် မတ်မတ်ထားပါ၊ ခါးမညွတ်ရပါဘူး။ ခါးညွတ်ရင် ဝေဒနာတွေ တက်ပြီး ကြာရှည် မထိုင်နိုင်ပါဘူး။ မျက်လုံးကို မှိတ်ထားရပါမယ်။

ဒီနေရာမှာ စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက ''နာဘေးကြီး၊ သေဘေးကြီး မဦးခင် တရားက အလျင် ဦးအောင် ကြိုးစား၍အားထုတ်။ ကြိုးစား၍အား ထုတ်။'' လို့ (၃)ခေါက်ဆိုပြီး ပွားများဖို့ မိန့်မှာထားပါတယ်။

ဆရာတော်ဘုရားရဲ့ သြဝါဒလေးက ကိုယ့်ကိုယ်ကိုယ်သတိပေးဆုံးမတဲ့ စကားလေးပါ။ ဗုဒ္ဓါနုဿတိနဲ့ နာမည်ကြီးခဲ့တဲ့ ဆရာတော် ဘုရားသြဝါဒအတိုင်း မပွားခင် သုံးခေါက်ဆိုလိုက်ဖို့ပါ။ တတ်နိုင်ရင် ဆရာတော်ဘုရားရဲ့ သြဝါဒလေးကို ရေးပြီး ကိုယ့်အိမ်က မြင်သာတဲ့နေရာမှာ ချိတ်ထားနိုင်ရင်လည်း ကောင်းနေတာပါပဲ။

ဒါဆိုရင် အရဟံဂုဏ်တော်ရဲ့ အနက်(၃)နက်နဲ့ ဆက်ပွားလို့ရပါပြီ။

အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ၊ အဲဒီလိုပွားလိုက်တာနဲ့ ကိုယ့်ရဲ့စိတ်ကလေးက ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ ရှိနေရပါမယ်။ ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ စိတ်က ကပ်ကပ်ရပ်ရပ်လေးကို ရှိနေရပါမယ်။ စိတ်ကို ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ သေချာမထား နိုင်ရင် စိတ်က အပြင်ထွက်သွားတတ်ပါတယ်။

ဗုဒ္ဓါနုဿတိ ဘာဝနာရဲ့အလုပ်ဟာ မနောကံရဲ့အလုပ်ပါ။ ဝစီကံရဲ့အလုပ် နှုတ်ရဲ့အလုပ် မဟုတ်ပါဘူး။ စိတ် သက်သက်နဲ့ပဲ ပွားရမှာပါ။

စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက ''ထမင်းကိုမှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း မှန်မှန်ထိုင်ရမယ်။ ထမင်းစားတိုင်း ကောင်းချင်မှ ကောင်းမယ်။ စားရင်းစားရင်းနဲ့ ကောင်းလာသလို တရားအားထုတ်တိုင်း အမြဲကောင်းမနေနိုင်ပါဘူး။ အားထုတ်ရင်းအားထုတ်ရင်းနဲ့ ပီတိတွေဖြစ်လာအောင် အာရုံထင်တတ်ပါတယ်''တဲ့။ ဆရာတော့် သြဝါဒလေးကို အာရုံပြုပြီး ဂုဏ်တော်ပွားတိုင်းတော့ အမြဲကောင်း မနေနိုင်ပါဘူး၊ ကောင်းတဲ့အခါကောင်းမယ် မကောင်းတဲ့အခါ မကောင်းပါဘူး။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပွားချင်သည်ဖြစ်စေ၊ မပွားချင် သည်ဖြစ်စေ မှန်မှန် ပွားရ မှာပါပဲ။ ပွားရင်းပွားရင်းနဲ့ ကောင်းလာပါလိမ့်မယ်။

ဂုဏ်တော်ပွားလို့ ရရှိလာတဲ့ပီတိဟာ ''ဇဗ္ဗူထိပ်ကျွန်းမှာဖြစ်တဲ့မင်းအဖြစ်နဲ့တောင် မလဲနိုင်ပါဘူး''တဲ့။ ဂုဏ်တော် ပွားရင်းပွားရင်းနဲ့ ဂုဏ်တော်ရဲ့ အရသာကို တွေ့သွားမှာပါ။ ဂုဏ်တော်ပွားဖူးမှလည်း ဂုဏ်တော်ရဲ့အရသာကို သိသွားမှာပါ။

ကိုယ့်ကိုလာကန်တော့ရင် အရဟံပွားနေလိုက်ပါ

ရှေ့ဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ်။

''ကိုယ့်ကို ဒကာ၊ ဒကာမတွေက လာဦးချရင် အရဟံဂုဏ်တော် ပွားနေလိုက်ရ တယ်။ တကယ်လို့ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာ အားနည်းနေရင် ဖြေသာတယ်။ ကန်တော့တဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်။ ကန်တော့ခံတဲ့သူ အတွက်လည်း အကျိုးရှိတယ်။''

ငယ်ငယ်တုန်းက ကြားခဲ့တဲ့ သြဝါဒလေးက ဒီနေ့အထိ ရင်ထဲမှာ စွဲနေခဲ့ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က လူဆိုရင် လည်းပဲ ကိုယ့်ထက်ငယ်တဲ့သူက ကိုယ့်ကို လာကန်တော့ ခဲ့ရင် မိန့်မိန့်ကြီးထိုင်နေရမှာမဟုတ်ပါဘူး။ အရဟံဂုဏ်တော်လေးကို ပွားနေ လိုက်ရမှာပါ။ ဒါဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိ၊ ကန်တော့တဲ့သူအတွက်လည်း အကျိုးရှိပါပဲ။ တတ်နိုင်ရင် လက်အုပ်ကလေးချီထားရင် ပိုတောင်ကောင်းပါသေးတယ်။ ကန်တော့တဲ့ သူကိုချီတာ မဟုတ်ပါဘူး။ ဂုဏ်တော် ပွားနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီလိုက်တာပါ။

ဒါကဘာကို အကိုးသာဓက ယူထားသလဲဆိုတော့ ဂုဏ်တော်ပွားရင် ခန္ဓာစေတီ ထိုက်တယ်။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာ တွေ အပူဇော်ခံ ထိုက်ပါတယ်တဲ့။ ဒါကြောင့် အရဟံဂုဏ်တော်ပွားနေလိုက်ရင်ကိုယ့်ခန္ဓာ ကိုယ်ဟာ စေတီထိုက်နေတဲ့အတွက် ဦးချကန်တော့ ခံထိုက်ပါတယ်။

အခြားတစ်ဖက်အကျိုးအနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ အရဟံဂုဏ်ပွားနေရင် ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်လိုက်တာပါ။ အောက်ခြေပလ္လင်ကို သီလနဲ့ တည်ပါမယ်။ အလယ်ပစ္စယံ၊ အထက်ပစ္စယံကို ဂုဏ်တော်ဘာဝနာနဲ့ တည် ပါမယ်။ ထီးတော်ကိုတော့ဝိပဿနာနဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီတစ်ဆူ ရှိနေ တော့တာပါ။

ကိုယ့်ရင်ထဲမှာ အရဟံစေတီတည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။ အပြင်မှာ လည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံ ရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများကြီးပေးရပါတယ်။ ရင်ထဲက အရဟံစေတီကတော့ ဘုရားကို ကြည်ညို စိတ်ရယ်၊ အချိန်တစ်ခုရယ်ပါပဲ။ အလုပ်လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင်သီးခြားမကုန်ပါဘူး။ အပြင်မှာ စေတီမတည် နိုင်လို့ ဘာမှအားငယ်စရာမလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီတည်ပြီး ကုသိုလ်ယူလို့ ရပါတယ်။

စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာဘုန်းကြီးပင့်ဆွမ်းကပ်၊ လူဧည့်သည်တွေကို ဧည့်ခံလို့ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လိုတည်သလဲလို့မေးလာရင် တည်ပုံတည် နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါနကုသိုလ်တောင် ထပ်ရပါသေးတယ်။

ဘာပဲပြောပြော ရင်ထဲမှာ အရဟံစေတီတည်ထားရင် စိတ်အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ အရဟံစေတီ နေ့တိုင်းတည်နေဖို့ပါပဲ။

ဂုဏ်တော်မှ ဝိပဿနာသို့

ဂုဏ်တော်ပွားလို့ အချိန်တစ်ခုရောက်လာရင်တော့ ဝိပဿနာဘက်ကို ကူးသွားနိုင်ရပါမယ်။ ဆိုလိုတာက ဂုဏ်တော်ကနေ ဝိပဿနာကို ကူးသွားနိုင်ရပါမယ်။ ဂုဏ်တော်နဲ့တင် ရပ်မထားရပါဘူး။ ဂုဏ်တော်ပွားထားတဲ့အတွက် စိတ်တည်ငြိမ်မှုသမာဓိလေးက အသင့်အတင့်ရနေပါပြီ။ အဲဒီဂုဏ်တော်ပွားလို့ ရတဲ့သမာဓိကိုပဲ အခြေခံပြီး ဝိပဿနာဘက်ကို ကူးသွားရင် ပိုလွယ်သွားပါတယ်။

ဂုဏ်တော်ကနေ ဝိပဿနာဘက်ကို ဘယ်လိုကူးမလဲဆိုတော့ ဂုဏ်တော်ပွား တဲ့အခါ ကျေနပ်မှု ပီတိလေး ဖြစ်နေ တတ်ပါတယ်။ အဲဒီပီတိကိုပဲ ''ပီတိရဲ့သဘော လေးကဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေးဖြစ်နေတာလဲ''ဆိုပြီး ''ပီတိဖြစ်တယ်၊ ဖြစ်တယ်။ နှစ်သက်တယ်၊ နှစ်သက် တယ်''ဆိုပြီး ပီတိကိုပြန်ရှုရပါတယ်။ ဒါက တစ်နည်းပါ။

နောက်တစ်နည်းကတော့ ပီတိကိုခွာပြီး မူလအားထုတ်နေကျ မူလကမ္မဋ္ဌာန်းကိုပဲ ပြန်ရှုမှတ်တာပါ။ ဂုဏ်တော် ပွားနေတာကို လုံးဝရပ်ချလိုက်ပြီး မူလအားထုတ်နေကျ ဝင်လေထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ်ပိန်တယ်ပဲဖြစ်ဖြစ်မူလကမ္မဋ္ဌာန်းကို ပြန်ရှုရမှာပါ။
နောက် ခန္ဓာငါးပါးဖွဲ့ပြီး၊ သစ္စာလေးပါးဖွဲ့ပြီး ဝိပဿနာဘက်ကို ကူးတဲ့နည်းတွေလည်း ရှိပါသေးတယ်။ ဒါက နည်းနည်းခက်လို့ ဒီနေရာမှာတော့ ရေးမပြတော့ပါဘူး။

ပီတိကိုမျှ၊ ပြန်ရှုရ၊ မှတ်ကြ ကျမ်းမှာပြ။
မူလကမ္မဋ္ဌာန်း ပြန်စီးဖြန်း၊ သိစမ်း တစ်နည်းပြ။

ဒါဆို ဂုဏ်တော်ကနေ ဝိပဿနာကူးတာ ခက်သလားဆိုတော့ မခက်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ဝိပဿနာ စစ်စစ်ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်မှ ဝိပဿနာစစ်စစ် ဖြစ်တာပါ။ ပါရမီအားလျော်စွာ မမြင်သေးပေမဲ့ ဝိပဿနာ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဆက်ပြီး လျှောက်လှမ်းသွားဖို့ပါပဲ။ ဆက်ပြီးအားထုတ်သွားရင် ရုပ်နာမ်တွေ ကွဲလာ မယ်။ ကြောင်းကျိုးတွေ မြင်လာမယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ မြင်လာပါလိမ့်မယ်။

ဘဝမှာ ဝိပဿနာလေးနဲ့ နေသွားတာပဲကောင်းပါတယ်။ ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ လောကီရာထူးဌနန္တရ၊ ငွေကြေးဥစ္စာ၊ အာဏာပါဝါ၊ ကျော်ကြား မှုတွေဟာ လည်းပဲ ခဏပါပဲ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ တကယ်တမ်း ကျတော့လည်း အဲဒီ မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေက ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို မပေးနိုင်ပါဘူး။ အမြဲတမ်း ပူလောင်မှုကိုပဲ ပေးနေတာပါ။ တကယ်တမ်း စိတ်ချမ်း သာမှုကို ပေးနိုင်တာက ဝိပဿနာနဲ့ အခြံအရံ ဂုဏ်တော်ပါပဲ။ ဂုဏ်တော်နဲ့ ဝိပဿနာ ပွားတာ ပိုက်ဆံလည်းမကုန်ပါဘူး။

ဂုဏ်တော်ပွားတဲ့အခါ ထိုင်ပွားမှလည်းမဟုတ်ပါဘူး။ဣရိယာပုထ်လေးပါးလုံးနဲ့ ပွားလို့ရပါတယ်။ အလုပ်လုပ် ရင်းနဲ့လည်း ပွားလို့ရပါတယ်။ နောက်ဆုံး အိမ်သာတက်ရင်းလည်း ပွားလို့ရတာပါပဲ။

အရဟံဂုဏ်တော်စွဲနေဖို့ဆိုရင် အိပ်ရာကနိုးတာနဲ့ ချက်ချင်းမထသေးဘဲ လက်အုပ်ကလေးကို ရင်ဘတ်ပေါ်တင်ပြီး အရဟံဂုဏ်တော် သုံးလေး ခေါက်လောက် ပွားလိုက်ဖို့ပါ။ အိပ်ရာထ၊ ကိုယ်လက်သန့်စင်ခန်း သွားတော့လည်း အရဟံပွားပြီး သွားဖို့ပါ။ ဒါဟာ ဘဝမနက်ခင်းလေးကို အရဟံနဲ့ ဖွင့်လိုက်တာပါ။ ဒါဟာ မနက်အိပ်ရာထမှာ အရဟံကိုစွဲနေအောင် လေ့ကျင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

မျက်နှာသစ်ရင်း ကုသိုလ်(၅)မျိုး ယူမယ်

မျက်နှာသစ်တဲ့အခါမှာတော့ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။ မနက်အိပ်ရာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလား ကိုအပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ''မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့် တော်ကို သနားချီးမြှောက်သောအားဖြင့်မျက်နှာသစ် တော်မူ ပါဘုရား'' လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွားလိုက်ပါ။ ဒါဆို ဗုဒ္ဓါနုဿတိကုသိုလ် ဖြစ်သွားပါပြီ။
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး ''ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ''၊ ''ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ''၊ ''ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကော ရုပ်ကောအေးမြကြပါစေ''၊ ''ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ''လို့ မေတ္တာပို့လိုက်ပါ။

ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရ တာအဆင်မပြေပါဘူး။ ရေကိုမြင်တဲ့ နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

ပြီးရင် ''ငါ ဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီ။ ဝင်လေမဆုံးခင်၊ ထွက်လေမဆုံးခင် နံနက် နေ့ညအချိန်မရွေး သေသွားနိုင်သည်''လို့ မရဏာနုဿတိ ပွားလိုက်ပါ။ ဒါဆို မရဏာနုဿတိကုသိုလ် ဖြစ်သွားပါပြီ။

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကိုအာရုံပြုပြီး ''ငါ့ရဲ့ခန္ဓာ ကိုယ်ဟာ စက်ဆုတ်ရွံရှာဖွယ်ပါတကား'' လို့ အသုဘဘာဝနာ ပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာကုသိုလ် ဖြစ်သွားပါပြီ။ အသုဘ ဘာဝနာပွားရတာ အိပ်ရာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင် ရှားရှားရှိနေတဲ့အတွက် ပွားရတာ ပိုတောင် ထင်သာမြင် သာရှိပါသေးတယ်။

အပြင်သွားခါနီး ဖြီးလိမ်းပြင်ဆင်ပြီးတဲ့အခါ၊ လှလှပပဝတ်ဆင်ထားတဲ့အခါ၊ အသုဘပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ၊ အဝတ်တွေနဲ့ ဖုံးထားတဲ့ အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွားတာ မနက် စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ ''မြတ်စွာဘုရား မျက်နှာသစ်ပြီးပြီဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား''လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာ သစ်ရင်း ကုသိုလ်(၅)မျိုးရသွားပါပြီ။

ဒါပေမဲ့ ဆောင်းတွင်းဆိုရင်တော့ သိပ်အေးနေတဲ့အတွက် ကုသိုလ်(၅)မျိုးယူနိုင်ဖို့ နည်းနည်း ခက်ချင်ခက်ပါ လိမ့်မယ်။ ကုသိုလ်(၅)မျိုးမရရင်တောင် မျက်နှာသစ်တော်ရေ ကပ်တာရယ်၊ မေတ္တာပို့တာရယ် ကုသိုလ်(၂)မျိုးလောက်တော့ ရအောင်ယူနိုင်ရပါမယ်။ မျက်နှာသစ်ရင်း ကုသိုလ် (၅)မျိုး ယူတာက ဘာမှကြာမယ်လည်း မထင်ပါဘူး။ ပိုက်ဆံလည်းမကုန်ပါဘူး။ ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်နိုင်ဘူးလို့ ပြောပြောနေတဲ့ သူတွေအတွက် တကယ့် ကျင့်သုံးစရာတွေပါ။ ဝတ်တစ်ခုလိုထားပြီး ပြုသွားရုံပါပဲ။

မနက်အိပ်ရာထ ကုသိုလ်(၅)မျိုးယူပုံလေးကိုကိုယ့်သားသမီးလေးတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ငယ်တုန်းမှာ မရဏာနုဿတိတွေ၊ အသုဘတွေ မသိသေးပေမဲ့အရွယ်ရောက်လာတဲ့အခါ သူ့အလိုလို သိသွားပါလိမ့်မယ်။ ငယ်တုန်းမှာ လေ့ကျင့်ပေးထားရင် ကြီးတဲ့အထိ စွဲသွားတာများပါတယ်။ အရွယ်ရောက်လာလို့ ကိုယ့်အထုံလေးကိုကြည့်ပြီး ''ငါတို့မိဘတွေဟာ ကောင်းတဲ့အလေ့အကျင့်ကို သင်ပေးခဲ့ ပါလား''ဆိုပြီး မိဘတွေကို ကျေးဇူး တတင်တင် တချစ်တခင်ရှိနေတော့မှာပါ။ သူတို့ကလည်း သူတို့သားသမီးတွေ ကို ဆက်ပြီး လက်ဆင့် ကမ်းတော့ မှာပါ။

အဲဒီလို ဘာဝနာ(၄)ခုကို နေ့တိုင်းပွားနေရင် တစ်ဖက်က ကုသိုလ်တွေရနေသလို တစ်ဖက်ကလည်း အကုသိုလ်တွေ ကင်းစင်ပပျောက်နေပါတယ်။ ဘယ်လိုကင်းစင်ပ ပျောက်သလဲ ဆိုရင် -

(၁) ဗုဒ္ဓါနုဿတိပွားရင် ရတနာသုံးပါး၊ ကံ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားရွှင်လန်းလာပါတယ်။ သဒ္ဓါတရား ရွှင်လန်းလာရင် ဒိဋ္ဌိကင်းစင် ပပျောက် ပါတယ်။

(၂) မေတ္တာပွားရင် အားလုံးသိကြတဲ့အတိုင်း ဒေါသကင်းစင်ပပျောက်ပါတယ်။

(၃) မရဏာနုဿတိပွားရင် မာနကင်းစင်ပပျောက်ပါတယ်။ မာနကလည်း လူကို သိပ်ဒုက္ခပေးတာပါ။ မရှိတဲ့သူကလည်း မရှိတဲ့မာန၊ ရှိတဲ့သူက လည်း ရှိတဲ့မာန။ မာနကိုယ်စီနဲ့ပါ။ အဲဒီမာနကြောင့်ပဲ ဘဝနဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက် တွေ မှားသွားတာ။ ဘဝနဲ့ယှဉ်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာ သွားတာတွေ အများကြီးပါ။ ဒါကြောင့် မာနမရှိဖို့လည်း သိပ်အရေးကြီးပါတယ်။

(၄) အသုဘပွားရင် ရာဂကင်းစင်ပပျောက်ပါတယ်။ အဲဒီရာဂကလည်း လူကိုဒုက္ခပေးတာပါပဲ။ ရာဂကြောင့်ပဲ ခံစားရ၊ ကြေကွဲဝမ်းနည်းရ၊ အိပ်မရ၊ စားမရ၊ ဘဝပျက်ရ၊ ပညာရေးဆုံးရှုံးရ၊ စီးပွားရေးတွေ ဆုံးရှုံးရစသဖြင့် အများကြီးပါပဲ။

(၅) ဒီ ဒိဋ္ဌိ ဒေါသ၊ မာန၊ ရာဂဆိုတဲ့ အကုသိုလ်ကြီး(၄)ခုက လူတိုင်း ပယ်ချင်နေကြတဲ့အကုသိုလ်တွေပါ။ မလွှဲသာမရှောင်သာလို့သာ လက်ခံထားကြရ တာပါ။ ဘယ်သူမှ ကြာရှည်လက်ခံမထားချင်ပါဘူး။ အမြစ်ပြတ် မပယ်နိုင် သေးရင်တောင် တဒင်္ဂ အခိုက်အတန့်အနေနဲ့ ပယ်နိုင် ရင်ပဲ တော်တော်ဟုတ်နေပါပြီ။

အကျိုးရလာဒ်ကတော့ ပါရမီတစ်ခုအနေနဲ့ နောက်ဘဝ နောက်ဘဝတွေအထိ အတူပါသွားတော့မှာပါ။
ဗုဒ္ဓါနုဿတိပွားလျှင် ဒိဋ္ဌိပင်၊ ကင်းစင်ပပျောက်သည်။
မေတ္တာပွားလျှင် ဒေါသပင်၊ ကင်းစင်ပပျောက်သည်။
မရဏာနုဿတိပွားလျှင် မာနပင်၊ ကင်းစင်ပပျောက်သည်
အသုဘပွားလျှင် ရာဂပင်၊ ကင်းစင်ပပျောက်သည်။

ဘဝမှာ စွဲနေတဲ့ဘာဝနာတစ်ခုခုတော့ကိုယ်စီရှိထားသင့်ပါတယ်။ သူများက မေးမလာရင်တောင်မှကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ ဖြေနိုင်အောင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့လောကဓံတွေက အမြဲကြုံနေရလို့ပါ။ ကြုံလာရတဲ့အခါ ကိုယ် ထုံထားတဲ့ ဘာဝနာလေးနဲ့ ဖြေဆည်နိုင်အောင်ပါ။

ဘဝတစ်ခုကို အနုပညာတစ်ခုလိုပဲ ခံစားစေချင်ပါတယ်။ အနုပညာတစ်ခု ဖြစ်တဲ့အတွက် ကျေနပ်ခြင်း၊ မကျေနပ် ခြင်း ရသတွေကတော့ အစဉ် သဖြင့်ရှိနေမှာပါ။ အဲဒီ ကျေနပ်ခြင်း၊ မကျေနပ်ခြင်းရသတွေကိုပဲ ပါရမီအဖြစ် ပြောင်းယူရ မှာပါ။

အရဟံဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို ဝတ်တစ်ခုလိုထားပြီး ပွားဖြစ်နေ မယ်ဆိုရင် ဘဝက တော်တော် နေပျော် နေပါပြီ။
ဘာပဲပြောပြော ဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို နေ့စဉ်ပွားဖြစ်နေရင် တစ်ဖက်က စိတ်အေးချမ်းမှုကို ရနေသလို၊ တစ်ဖက်ကလည်း သံသရာ အတွက် ပါရမီဖြည့်နေတာပါပဲလေ။

ရဝေနွယ် (အင်းမ)

Shared from Shwe Yee (FB)

Wednesday, February 27, 2013

အလွမ်းများနဲ့ မိတ်ဖွဲ့ခြင်း

ရေခြားမြေခြားမှာ စပြီးနေထိုင်ကတည်းက အချိန်ရဲ့ တန်ဖိုးကိုပိုသိတတ်လာခဲ့တယ်။
အချိန်တွေဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေကြတယ်။ အချိန်တန်ဖိုးကို သိလာတာနဲ့အမျှ
တစ်ဖက်မှာလည်း ကိုယ့်နုပျိုခြင်းတွေကို တိုင်းတပါးမှာကုန်ဆုံးနေရတဲ့အချိန် စဉ်းစားကြည့်ရင် အင်မတန်ရင်နာစရာတော့ကောင်းသား။ လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်တဲ့ အသက်ရွယ်
ဖွံ့ဖြိုးနေတဲ့ ဥာဏ်ရည် အကောင်းဆုံးဆိုတဲ့ အချိန်တွေကို ကိုယ့်တိုင်းပြည်အတွက်
မဟုတ်ပဲ ပေးဆပ်နေကြရတယ်။ ကိုယ်တွေရဲ့ အချိန်တွေကို အခြေအနေအရ
ငွေတွေနဲ့ လှဲလှယ်ယူနေရတယ်။ အမှန်တော့ ကိုယ်တွေပေးဆပ်လိုက်ရတာ
အချိန်တစ်ခုတည်းတော့မဟုတ်ဘူး နုပျိုခြင်း၊ လုပ်အား၊ စွမ်းရည်၊ တွေးခေါ်
တတ်မှုတွေလည်း ပါလေရဲ့။

ဒေသဓလေ့လေးတွေကို ပိုလွမ်းတတ်လာတယ်။ မနက်အာရုံ ဘုန်းကြီးကျောင်း အုန်းမောင်း
ခေါက်သံ၊ အာရုံဆွမ်း ကြွတဲ့ ကြေးစည်သံတွေ ခုချိန်မှာ လိုချင်ပါရဲ့ ငိုချင်းချတောင်
မရနိုင်တော့ဘူး။ မနက်ပိုင်း ကျေးငှက်တို့ရဲ့ တေးသံသာလေးတွေ ကြားချင်လို့ ပြတင်း
ပေါက်ဖွင့်ကြည့် ဟိုဖက်ဒီဖက် ကာရံထားတဲ့ တံတိုင်းတွေက လှမ်းလှောင်ကြတယ်။
အိမ်ရှေ့နားက ပဲပြုတ်ဆိုတဲ့ အော်သံလေးနဲ့အတူ အမေ အဖေ ဘိုးဘွားတွေရဲ့ မနက် ဘုရားဝတ်တက်ကြေးစည်းသံ ဘာနဲ့မှမလဲနိုင်ပါ။ ကြေးစည်သံ ဝေးလို့ နေ့ညလွဲနေတဲ့
အိပ်ချိန်တွေမှာ နှိုးစက်ကြီးအားကိုးနဲ့ထနေရတဲ့ ရိုဘော့လူသားများဘ၀မှာ မေတ္တာ
တွေလွှမ်းခြုံထားတဲ့ သားရေ သမီးရေ ထတော့လေ ဆိုတဲ့အသံလေးတွေ
တမ်းတမိတာ အခါခါပါ။

မိသားစုဆိုတဲ့ အသိုက်အမြံရဲ့အဓိပ္ပါယ်ကို ပိုသိလာခဲ့တယ်။ ကိုယ့်နိုင်ငံမှာ နေစဉ်တုန်းက
မွေးလာကတည်းက ဒီလူ ဒီမိသားစု ဒီပတ်ဝန်းကျင်ဆိုတော့ သိပ်မသာခဲ့ဘူး။ မျက်စိရှုပ်တယ် နားပူတယ် ဟိုလူကတမျိုး ဒီလူကတဖွယ်လို့လည်း ထင်တတ်ခဲ့တယ်။ နွေးထွေးမှုဆိုတာကို
တန်ဖိုးထားရမှန်းမသိခဲ့ဘူး။ အနွေးဓာတ်ရဲ့ တန်ဖိုးကိုသိတဲ့အချိန်က မိသားစုနဲ့ဝေးနေ
တဲ့အချိန်ဖြစ်နေခဲ့ပြီ။ ၀ယ်ယူလို့မရ ငှားရမ်းလို့မရတဲ့ မိသားစုဆိုတဲ့ တန်ဖိုးကို
ဝေးကွာမှု တစ်ကိုယ်တည်း အထီးကျန်ဆန်မှုတွေနဲ့ လှဲလှယ်ပြီး သိခဲ့ရတယ်။

ကိုယ့်ယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာတယ်။ ကိုယ်ပိုင် ယဉ်ကျေးမှုဆိုတာ
ဘယ်လောက် အဖိုးတန်မှန်း ဝေးနေချိန်မှာ ပိုသိလာခဲ့တယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု
အတွက်ဂုဏ်ယူဝင့်ကြွား တတ်လာခဲ့တယ်။ ဘယ်လောက်မတိုးတက်ပါဘူးဆိုဆို
ကိုယ်ပိုင် စာပေ၊ စကား၊ အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှု ဘယ်
လောက်ရှိတယ် ထွန်းကားသလဲဆိုတာကို ဖော်ပြတဲ့ ပြယုတ်တစ်ခုဖြစ်တယ်။

ကိုယ့်နိုင်ငံကို ပိုချစ်လာတယ်။ ဆင်းရဲတယ် မတိုးတက်ဘူးပဲထား ကိုယ့်နိုင်ငံမှာ
နေတဲ့ နေရတဲ့ခံစားချက်နဲ့ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာနေရတဲ့ ခံစားချက်က
လုံးလုံးမှ မဆိုင်။ ဆီနဲ့ရေလို ကွာခြားပြီး ကတုံးနဲ့ ခေါင်းဖြီးအလား။ မရှိပါဘူး
ဆိုတဲ့ နေရာမှာ ကိုယ့်စိတ်ဟာ နောက်ကြောင်းအေးစွာ ငြိမ်းချမ်းနေတတ်ခဲ့တာ
ဘက်လိုက်မှုမဟုတ်ပါ။ အချိန်တန် အိမ်ပြန်ရမယ်ဆိုတဲ့ စိတ် သူတစ်ပါးမြေမှာ
ဘယ်လောက်ပြည့်စုံပါစေ နွေးထွေးမှုမခံစားမိပဲ နောက်ကြောင်းလည်း လုံတယ်
လို့လည်းမရှိခဲ့ပြန်ဘူး။ ပြည့်ကျပ်နေတဲ့ အဆောက်အအုံတွေ ထူထပ်နေတဲ့
လူဦးရေ၊ ကြပ်ပိတ်နေတဲ့ လမ်း၊တံတား၊ ကားတွေကြားထဲမှာ ကိုယ့်နိုင်ငံရဲ့
သဘာဝအလျောက် စိမ်းလန်းတဲ့ တော တောင်ရှုခင်းတွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေကို သတိရလိုက်တာ။သဘာဝတုတွေကြားထဲမှာ ရုန်းခံလှုပ်ရှားရတာ အသက်ရှူတွေကြပ်တယ်။

ကိုယ့်ဘာသာတရားကို ပိုကာကွယ်တတ်လာတယ်။ မြတ်နိုးတတ်လာတယ်။ ဒုက္ခရောက်မှ အမိတတ်ဆိုတဲ့စကားပုံရှိသလိုပဲ အလွယ်တကူရနိုင် မြင်နိုင်တဲ့ ဒေသမှာကြီးပြင်းခဲ့တော့
အဖိုးတန်မှန်းသိပေမယ့် ၊ကာကွယ်စောင့်ရှောက်ရမှန်းသိပေမယ့် အခရာ
မကျခဲ့ဘူး။ အဓိကနဲ့ သာမညကို မခွဲနိုင်ခဲ့ဘူး။မတွေ့နိုင်ရဖို့ခဲယဉ်းတော့မှ ဘယ်လောက်တန်ဖိုးအနဂ္ဂထိုက်တန်
မှန်း ပိုသိလာခဲ့တယ်။ အသက်နဲ့ထပ်တူ မြတ်နိုးတတ်လာခဲ့တယ်။ ကိုယ့်ဘာသာ
ရဲ့ အဖိုးထိုက်တန်မှုတွေ တန်ဖိုးမဖြတ်နိုင်မှန်း ပိုသိလာခဲ့တယ်။ တစ်ယောက်
တည်း နေရတဲ့အချိန် ဘာသာတရားရဲ့ အနှစ် ကိုယ့်အတွက် ဘယ်လောက်
အထောက်အကူဖြစ်ကြောင်း သက်သေပြပေးခဲ့တယ်။ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ရပ်တည်ဖို့ ဘ၀ သံသရာရဲ့ ဓူဝံကြယ်တစ်ခုဖြစ်ခဲ့တယ်။ ကာကွယ်စောင့်
ရှောက်ဖို့ လမ်းပြပေးခဲ့တယ်။

စက်ရုပ်များလို သွားလာနေကြတဲ့ လူသားတွေကြားထဲမှာ ကိုယ့်တိုင်းပြည်ရဲ့ စိတ်ကြည်နူးစရာ တစ်ခုဖြစ်တဲ့ ဆွမ်းခံကြွတဲ့ ဘုန်းတော်ကြီး ကိုရင်လေးတွေရဲ့ မြင်ကွင်းလေးကို
လည်းလွမ်းလိုက်တာ။ မြင်နေခဲ့ရတဲ့အချိန်တုန်းက အဲဒီမြင်ကွင်းဟာ ဘာမှမဟုတ်
ပေမယ့် ခုချိန်မှာတော့ ဘယ်ပန်းချီတောင် ရေးလို့မမှီအောင် လွမ်းတတ်နေခြဲ့ပီ။
ပွဲတော်ရာသီချိန်တွေမှာ ပရိတ်၊ ပဌာန်းရွတ်သံတွေ အလှူခံမဏ္ဏပ်မှ မေတ္တာပို့
အမျှဝေသံတွေဟာ ထိုချိန်တုန်းက ကိုယ့်အတွက်ထူးခြားမနေခဲ့ပေမယ့် ခုတော့ဖြင့် စာဖွဲ့လို့တော့မကုန်တော့ပြီ။ ကလေးတွေ အိုင်ပက်ကိုယ်စီ ဖုန်းကိုယ်စီနဲ့ ဆော့
ကစားနေတာ မြင်ရတဲ့အခါ ငယ်စဉ်ဘ၀ ကိုယ့်တွေရဲ့ တီဗွီဆိုတာ တစ်မြို့လုံး
မှာမှ လက်ချိုးရေတွက်လို့ရသေးတဲ့အချိန် ဘယ်လောက် လွတ်လပ်စွာ ကလေး
သဘာဝဆော့ကစား သောင်းကျန်းခဲ့လဲဆိုတာ ပြောပြရင်ဆုံးမယ်မထင်ပါ။သတိရလိုက်
တာလို့ပြောတာတောင် မလုံလောက်ပေ။ ထုပ်ဆီးထိုး၊ စိမ်ပြေးတမ်း၊ တူတူပုန်းတမ်း စသည်ဖြင့် ဆော့နည်းပေါင်းစုံကစား ရွာရိုးကိုးပေါက်လျှောက်လည်ခဲ့တဲ့ ကိုယ်တွေရဲ့ ကလေးသဘာဝကိုမြင်နေရတဲ့ ကလေးတွေရဲ့ အိုင်ပက်တွေ ပေါ့တွေနဲ့လဲလှယ်မယ်ဆိုရင်တောင်
ကန်တော့ပါသေးရဲ့။ ကိုယ်တွေရဲ့ ကလေးဘ၀က တွေးကြည့်ရုံနဲ့တင် ပျော်
စရာကောင်းလွန်လို့ အတွေးလေးတောင် လာမနှောင့်ယှက်စေချင်ပါ။

ဒီလိုပဲ လူတွေဟာ ဝေးတသက်သက်ဆိုသလို မရတော့မှ မရှိတော့မှ မမြင်ရတော့မှ ပိုလွမ်းတတ်တာသဘာဝမို့ တိုင်းတပါးမှာ မြင်မြင်သမျှ ကြုံသမျှ တွေ့သမျှ ဆုံသမျှကို နှိုင်းယှဉ်ကာ အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့ခဲတာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပထမဆုံးအကြိမ်လက်ပြနှုတ်ဆက်စဉ်ကတည်းကပေါ့

Posted by Shwe Yee (FB)

Shared from Shwe Yee (FB)

Tuesday, February 26, 2013

*****ပရိဒေ၀အကြောင်း*****


ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမူသည်လည်း စိုးရိမ်မူကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက် မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမူထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်မူက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်းမဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်၏။ ချမ်းသာသုခ ရှိနေသူများပင် ငိုသံကြားက ချမ်းသာသုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော် ကြွေးကြော်လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတလေမျှ လက်ကိုင်မရှိပါ”ဟု ၀န်ခံရာလည်း ရောက်လေတော့သည်။ ထို့ကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ငြိမ်အောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ ထို့ထက်ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တစ်ခုသော ဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဋ္ဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့်အပြင် ပြုံးရွှင်သလိုနှင့် ခံ့ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဋ္ဌေးမျိုး သူဋ္ဌေးနွယ် နုနယ်သော ရသေ့မကလေးမှာ ရှေးကလို မွန်မြတ်သော အစာကို မစားရဘဲ ရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်း အချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည်မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇာတ်အသစ်လဲရရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ဘဲ လိုက်လိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလျှင် အစွမ်းကနု ငိုချင်ဖွယ် ကောင်းသော်လည်း ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိတ်သတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္တုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီးဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးညီနောင်များ ဖြစ်ကြသော သားရတနာ ၃ကျိပ် ၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏ သားများဖြစ်ကြသည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့ လူစုနှင့်ပင် ပရိသတ်ကြီး တစ်ခုဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင်ထံ “တစ်နေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို လုပ်ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ နဂိုကပင် အဆင်ခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စုတို့ အသတ်ခံရသည့်ညဉ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက်ဆုံးကြောင်း”စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချစ်စရာကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀တ္ထုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀မဖြစ်ခြင်းမှာာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ မလ္လိကာ၏ ပရိဒေ၀မီးချုပ်တည်းနိုင်မူကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာ မနေရသော်လည်း အမူတစ်ရာ တွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးပါသည်။

Shared from Ma Aye Aye Cho (FB)

( မရဏနုဿတိ ပွားကြရအောင် )

........လောကကြီးတစ်ခုလုံး ကြည့်လျှင် အသေချာဆုံးသောအရာက ဘာလဲ ?

( တစ်ယောက်မကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော
သတ္တဝါအပေါင်းတို့ သည် ဆိုက်ရောက်လာသည့် အခါမရွေး၊
ဤနေ့ ရက် ၌သော်လည်းကောင်း၊နံနက်မိုးသောက် အလင်း
ရောက်လာ နက်ဖြန် ခါ ၌သော်လည်းကောင်း 'သေရမည်'ကို
ကြီးကြီးငယ်ငယ် ရွယ်ရွယ်မဆိုအဘယ် ပုဂ္ဂိုလ်သည် ဥာဏ်ဖြင့်
ပိုင်းဖြတ်နှိုင်းချိန်လတ်၍ တပ်အပ်သေချာ ဘယ်မှာ သိနိုင်ပါအံ့
နည်း )
လူနတ်ဗြဟ္မာ့သတ္တဝါ တွေဟာ သေမျိုးတွေပါ။သေမှာပါဘဲ့။
ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်သေမယ်ဆိုတာ မသိပါဘူး။ သတ္တဝါ
တွေဟာ သေကြရမှာဘဲ့၊ အရင်ကလည်း သေခဲ့ဖူးကုန်ပြီ၊ နောင်
လည်းသေကြရဦးမှာ၊ ခုလည်းဘဲ့ သေရဦးမှာဘဲ့။
သေခြင်းနှင့် ပတ်သက်၍ မသိနိုင်တာ(၅)မျိုး ရှိသည်။
(၁)မနက်ဖြန်လား၊သန်ဘက်ခါလား ငါဘယ်တော့ သေမယ်
ဆိုတာ မသိဘူး
(၂)သက်တမ်းဘယ်လောက်နှင့်သေမယ်ဆိုတာ မသိဘူး
(၃)ဘယ်ရောဂါနှင့်သေမယ်ဆိုတာ မသိဘူး
(၄)ဘယ်အရပ်ဒေသမှာ သေမယ်ဆိုတာလည်း မသိနိုင်ပါဘူး
(၅)သေပြီးဘယ်ရောက်မယ်ဆိုတာလည်း မသိဘူး

တချို့ က အသက်ကြီးတဲ့သူတွေကအရင်သေတယ် အသက်
ငယ်တဲ့သူတွေကနောက်မှသေတယ်လို့ ထင်နေကြတယ်။
အမေအရင်သေမယ်၊အဖေအရင်သေမယ်၊သားသမီးတွေက
နောက်မှသေမယ်လို့ ထင်နေကြတာဟာ နားမလည်ကြလို့ ပါ။
တကာမကြီးတစ်ယောက် သူ့ မှာကကင်ဆာရောဂါဖြစ်နေတယ်။ဓာတ်တွေဘာတွေကင်ဖို့ ဆေးရုံတက်ရတော့ ဦးဇင်းလည်း
သွားကြည့်ရှာပါတယ်။သူ့ မှာက သားကလည်းတစ်ယောက်
တည်း ၊လိမ္မာကလည်းလိမ္မာဆိုတော့ ''ဘုန်းဘုန်းဘုရား တပည့်
တော်သားလေးကို စောင့်ရှောက်ပါ ၊တပည့်တော်မ မရှိရင်
သားလေးကအိမ်ထောင်သားမြေးလည်း မကျသေးပါဘူး
တပည့်တော်မကိုလည်းပြုစုစောင့်ရှောက် လိမ္မာလွန်းလှပါတယ်'
တကာမကြီး အဲဒါတွေကိုခေါင်းထဲ မထည့်ပါနှင့်။အေးအေးဆေး
ဆေး ကိုယ့်တရားလေးနှင့်ဘဲ့ နေပါလို့ ပြောခဲ့တယ်။
သားလုပ်တဲ့သူက ညဆိုအိမ်ပြန်အိပ် မနက်ဆိုတော့ အစောကြီး
အမေစားရအောင်ဆိုလို့ ဆန်ပြုတ်တွေစားစရာတွေကို သူကိုယ်
တိုင်ချက်ပြုတ်ပြီး ဆေးရုံအလာ လမ်းမှာတင် ကားအက်ဆီးဒင်း
ဖြစ်ပြီး သားလုပ်သူက ဆုံးသွားရှာပါတယ်။
သေခြင်းတရားနှင့်ပတ်သက်ပြီးမသိနိုင်တာ(၅)မျိုး ရှိသည်။
ဘယ်သက်တမ်းနှင့် သေမယ်ဆိုတာ ဘယ်သူမှမသိ၊ အမေက
အသက်ကြီးလို့ အမေအရင်သေမယ်၊ သားကအသက်ငယ်လို့ 
နောက်မှသေမယ်လို့ ပြောလို့ မရ။
အမေကတော့ နောက်ထပ်(၃)လ ခံသွားပါသေးတယ်။သားက
တော့ သေသွားပါတယ်။ဘယ်သူသေမယ် ၊ကြီးတဲ့သူ ငယ်တဲ့သူ
ဘယ်သူ အရင်သေမယ်ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ ဘာက
သေချာသလဲဆိုတော့.... (သေမှာကတော့ သေချာပါတယ်)..

နောက်ဆယ်ရက်လောက်မှာ သေမှာပါဟုသေချာပေါက်သိရင်
တို့ ဘာတွေလုပ်ကြမလဲ ။ ကြိုပြီးစဉ်းစားကြည့် ရအောင်၊
မနက်ဖြန် သေရတော့ မယ်ဆိုရင်ရော..၊ နောက်(၃)မိနစ်နေရင် ငါ သေရတော့မယ်ဆိုရင်ရော တို့ ဘာတွေပြင်ဆင်
ထားပြီးပြီလဲ..
နောက်(၃)မိနစ် သေရင် ဘယ်လိုလုပ်မတုန်းဟု
တကာမကြီးတစ်ယောက်ကို မေးတော့ တပည့်တော် 'မှာစရာ
တွေအကုန် မှာမယ်တဲ့' ကဲ ဘယ်လောက် သံဝေဂ ရစရာ ကောင်းလဲ။ အဲဒီ (၃)မိနစ်မှာရော မှာခဲ့ဖို့ အချိန်လောက် မလား၊
မိနစ်(၃၀)ပေးလည်းမှာစရာတွေက မလောက်ဘူးတဲ့၊(၃)ရက်ပေး
လည်းမလောက်ဘူးတဲ့ ၊(၃)နှစ်ပေးလည်း မလောက်ဘူး၊
တစ်သက်လုံးပေးလည်း 'မှာစရာ'တွေက မပြီးခဲ့ပါဘူး။

မရဏနုဿတိ အနေဖြင့် ဒီနေ့ သေမယ် ၊ မနက်ဖြန် သေမယ်၊
ဘယ်နေ့ ဘယ်ရက်သေမယ် လို့ လည်းမသိ..ဒါပေမဲ့
(သေမှာကတော့ သေချာသည်။)
မိမိတို့ စီးပွားရှာရင်တောင်သေချာတဲ့ အလုပ်ကိုလုပ်ကြရပါတယ်
။ နေထိုင်သွားလာ စားကြသောက်ကြ လောကကြီး မှာနေကြရ
တော့ သေတဲ့အရေး နှင့် နေတဲ့အရေးဆိုပြီး(၂)မျိုးရှိပါတယ်။
ဘယ်အရာက ပိုပြီးသေချာသလဲဆိုရင် သေတဲ့အရေးက သေချာပါတယ်။စီးပွားရေး လုပ်ရင်သေချာတဲ့အလုပ်နှင့် မသေချာတဲ့ အလုပ်ဘာအလုပ်ရွေးလုပ်ကြမလဲ။သေချာတဲ့
အလုပ်ဘဲ့ လုပ်မှာပါ။ဒါဖြင့် နေရေးရယ် သေရေးရယ် ဘာအရေး
လုပ်သင့်သလဲ။သေကြည့်ဖူးလား မေးရင်မသေကြည့်ဖူးတဲ့သူ
ကများတယ်။နိမိတ်မရှိ နမာမရှိပြောတာမဟုတ်ပါဘူး။ သေမှာ ကတော့ သေချာပါတယ်။ရေးတဲ့သူ ရောဖတ်တဲ့သူတွေပါ သေကြရမှာဘဲ့။
သေရေးနှင့် ပတ်သက်ပြီးသေတတ်ကြသည်
ရှိသော် နေရေးလည်း နေတတ်ကြကုန်၏။ သေတဲ့အခါမှာစိတ်
ချမ်းချမ်းသာသာ သေချင်တဲ့ပုဂ္ဂိုလ် ၊ အေးအေးချမ်းချမ်း မပူမပန် သေချင်တဲ့ပုဂ္ဂိုလ် တွေဟာ နေတဲ့အခါမှာလည်း
စိတ် ချမ်းချမ်းသာသာနှင့်မပူမပန် အေးအေးချမ်းချမ်း ကုသိုလ် နှင့်နေကြရပါမယ်။ ကုသိုလ်ရှိမှ ချမ်းသာမှာကိုး။ သေခါနီး
ကုသိုလ်နှင့် သေချင်ရင် နေတဲ့အခါမှာလည်း ကုသိုလ်နှင့် နေကြ
ရပါမယ်။
(သေသူကမွေး၊သေသွေးပါလာ၊
သေမှာမလွဲ၊သေမြဲသေချာ၊ငါလည်းပဲ၊အမြဲသေရမှာ)
မိဘ၊ဖိုးဖွားတွေ မရှိတော့ပါဘူး သေသွားကြပါပြီ။အဲဒီ မိဘ
ဖိုးဖွား တွေကဘာအမွေပေးခဲ့သလဲဆိုရင် သေတဲ့ဓာတ်တွေ
အမွေပေးခဲ့တာပါ။သေမင်း ဆိုတာဘယ်မှာနေတုံးဆိုရင် အသွေးထဲအသားထဲမှာနေတာပါ။ခန္ဓ္ဓာကိုယ်တစ်ခု လုံးမှာ
သေမင်းရှိပါတယ်။ဘယ်အချိန်ကတည်းကသေမင်း ရှိသလဲ ဆိုရင် အမိဝမ်းထဲမှာ ကာလရေကြည် သန္ဓေ္ဓတည်ကတည်းက
ရှိတာပါ။သေမင်းကသူတစ်ယောက်တည်းလာတာ မဟုတ်ပါဘူး
၊ ဇရာရဲ့ ဖိစီးနှိပ်စက်မှုဒဏ်ခံရအောင် 'အိုမင်း'ဆိုသူနှင့်ရောဂါဆို တဲ့ပြန်းထန် တဲ့ဝေဒနာတွေအလူးအလဲခံကြရအောင် 'နာမင်း'
ဆိုသူတွေလည်းအဖော်ပါလာပါတယ်။

( လောကကြီးတစ်ခုလုံးမှာ အသေချာဆုံးသောအရာကတော့
သေမှာကတော့ သေချာပါတယ်တဲ့ ။......)
(ဓမ္မဒူတ အရှင်ဆေကိန္ဒ) ....

Shared from ပရ ဟိတ ဒကာလေး (FB)

Post Type: Love

သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…


ပြသနာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်မိတယ်… ချစ်သူဘ၀တုန်းက ကျနော်တို့ဟာ အရမ်းကို ရိုးသားလွန်းတယ်… လက်တွဲတာ ပွေ့ဖက်တာတွေ ထားပါဦးတော့… လက်မထပ်ခင် အတူတူနေဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး… အခုကျတော့ ကွားရှင်းလိုက်ရပြီ… တော်တော်လေးကို ခေတ်မီနေပါပြီလေ…

အိပ်ခန်းတစ်ခန်း… ဧည့်ခန်းတစ်ခန်းဘဲ ရှိတဲ့ တိုက်ခန်းလေးဟာ လင်မယား မဟုတ်တော့တဲ့ ကျား မ ၂ ယောက် အတူတူနေနေရဖို့အတွက် တော်တော်လေးကို အကိုင်ရခက်စေတယ်ဗျ…

ပထမတစ်ညမှာ ကျနော်အိပ်ယာလိပ်ယူပြီး ဆိုဖာခုံပေါ်မှာဘဲ အိပ်လိုက်တယ်…

ပထမတစ်ည အိပ်ရတာ တော်တော်လေးကို အရသာရှိတယ်… ဘေးမှာ နားပူနားဆာလုပ်မဲ့သူမရှိတဲ့ညဟာ အရမ်းကို ကောင်းတာဘဲ… တစ်ခုဘဲ… အိမ်က ဆိုဖာက နည်းနည်းပျော့ရင် ပိုကောင်းမယ်… အခုဟာက မာနေတော့ မနက်ထလာတဲ့အချိန် လည်ပင်း နည်းနည်းညောင်းကိုက်နေတာ တစ်ခုဘဲ…

ရေချိုးခန်းရှေ့ကိုရောက်တော့ အထဲမှာ ရေချိုးသံကိုကြားနေရတယ်… အဲဒီ မိန်းမတော့လေ… ဘယ်အချိန်ကတည်းက ဒီအကျင့်ဆိုးရှိနေလဲ မသိပါဘူး… ညမအိပ်ခင်မှာ ရေချိုးတယ်… မနက်အိပ်ယာထလို့ရှိရင်လဲ ရေချိုးတယ်… တော်ပြီတော်ပြီ… ငါလဲ အကျင့်ပါနေပါပြီ… ကျနော်လဲ တံခါးကို ဆွဲဖွင့်ပြီးတော့ ၀င်သွားတယ်… အိမ်သာ အဖုံးကိုဖွင့်ပြီး အပေါ့သွားဖို့ ပြင်တုန်းမှာ “အား…” ဆိုတဲ့ အသံကြီးကို အမှတ်မထင်ကြားလိုက်ရတယ်…

မနက်စောစောစီးစီး သရဲမြင်တာတော့မဖြစ်နိုင်ပါဘူး… ဘာတွေလျှောက်အော်နေတာလဲ… လန့်သွားလို့ အပေါ့တောင် ပြန်ဝင်သွားပြီ…“ကျမ ရေချိုးနေတာ ရှင်မမြင်ဘူးလား…ရှင်ယောကျာ်းကော် ဟုတ်ရဲ့လာ… ဘယ်ယောကျာ်းက မိန်းကလေးရေးချိုးနေတာကို အထဲဝင်လာပြီး အပေါ့သွားတာမျိုးရှိလဲ…” သူ ခန်းဆီးကို ဖွင့်ပြီး လက်တစ်ဖက်က ရေချိုးပုဝါကြီးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးထားပြီး နောက်လက်တစ်ဖက်က ကျနော့ကို လက်ညိုးထိုးပြီး ဆုံးမတော့တာဘဲ…

“နင်ဘာတွေ လာအော်နေတာလဲ… ငါတို့ ကြားမှာ ခန်းဆီးလိုက်ကာခြားထားသေးတယ်မဟုတ်လား… ငါ နင့်ကိုဘာမြင်ရမှာလဲ… ပြီးတော့ နင်ရေချိုးနေတုန်း ငါဝင်လာပြီးသေးပေါက်တာ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်ဘူး… ဒီလောက်ထိ အဖြစ်သည်းနေဖို့ လိုလို့လာ… ပြီးတော့ နင့် ကိုယ်ခန္ဓာကိုယ်ကို မြင်နေရတာ ၃နှစ်တောင်ရှိပြီ…မျက်စိမိတ်ထားရင်တောင် ဘယ်လိုပုံစံမျိုးလဲဆိုတာ သိတယ်… ငါချောင်းကြည့်ဖို့လိုသေးလို့လာ… ”

“ရှင်…” သူဒေါသထွက်လွန်းလို့ ဘာမှပြောမထွက်တော့ဘူး… ပုဝါ ကြီးနဲ့ ဖုံးအုပ်ထားပြီး ရေချိုးခန်းထဲကနေ ကတိုက်ကရိုက်ထွက်သွားတယ်… ပြီးတော့ အိပ်ခန်းတံခါး “၀ုန်း…”ကနဲ စောင့်ပိတ်လိုက်တဲ့ အသံ ကြားလိုက်ရတယ်…

မိန်းမကြမ်း… ကြည့်ထားပေါ့… နင့်လိုစရိုက်မျိုးနဲ့ နောက်ကျရင် ဘယ်ကောင်က ယူရဲမှာလဲ…

အပေါ့သွားပြီးတော့ ကျနော် အိပ်ခန်းဘက်ကို သွားလိုက်တယ်… ဒီနေ့ရုံးသွားဖို့ ၀တ်ရမဲ့ အင်္ကျီက အထဲက ဘီရိုမျာ ချိတ်ထားတယ်… ဒီမိန်းမတော့လေ… အထဲကနေ သော့ခက်ထားလိုက်တယ်… တံခါးကို အကြားကြီးခေါက်နေမှ အထဲကနေ တစ်သံထွက်လာတယ်… “ငါအင်္ကျီဝတ်နေတယ်…”

တော်ပါပြီ… ကွာရှင်းပြီးပြီဘဲ… သူ့ကို အလျှော့ပေးလိုက်ပါ့မယ်…

နာရီဝက်လောက်ကြာမှ သူထွက်လာတယ်… ၀တ်ထားတာက တောက်ပနေပြီး အသားဖြူဖြူပေါ်မှာ နှုတ်ခမ်းနီရဲရဲ စိုးထားတယ်… နမြောဖို့ ကောင်းတာက သူ အပြင်ထွက်ခါနီးမှာ ကျနော့ကို မျက်စောင်းတစ်ချက်ထိုးလိုက်တာ သူ့အလှကို လျော့စေခဲ့တယ်… ဒီနာရီဝက်ကြောင့် ကျနော် ပထမဆုံးအကြိမ် ရုံးတက်နောက်ကျခဲ့တယ်…

ရုံးဆင်းပြီးနောက် ကျနော် အပြင်မှာဘဲ အချိန်တွေ ဖြုန်းနေခဲ့တယ်… ပျင်းဖို့ကောင်းပေမဲ့ သူမျက်နှာကို မြင်နေရတာထက်စာရင် ကောင်းပါသေးတယ်… ဒီလိုနဲ့ ည၉နာရီအထိ အပြင်မှာဘဲ ခေါက်ဆွဲတစ်ပွဲစားပြီး အိမ်ပြန်လာခဲ့တယ်…

ကျနော်အိမ်ထဲဝင်လိုက်တော့… သူက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရတယ်… ကျနော်ဝင်လာတာကို မြင်တော့ မျက်နှာတစ်ချက်ပြုံးလိုက်တယ်… ကျနော်လဲ သံသယ များစွာနဲ့သူ့ရှေ့မှာ ထိုင်လိုက်တယ်… ဘုရား… ဘုရား… ကျနော့ကို ရေနွေးကြမ်းတွေ ငဲ့ပေးလို့…

သူဘာအကြံအစည်တွေရှိနေပါလိမ့်…

ကျနော် စကားတစ်ခွန်းကို သွားသတိရမိတယ်… သိုးရေခြုံထားသော ၀ံပုလွေ…

“ဒီနေ့ ငါလဲ သေချာ စဉ်းစားကြည့်ပြီးပြီ… ငါတို့ နှစ်ယောက်ဟာ လင်မယားမဟုတ်တော့ဘူး… ငါက ရှင့်အိမ်ကို တစ်လငှားပြီး ခဏနေနေပေမဲ့ … ငါစဉ်းစားမိတယ်… ငါတို့ ဟို မလိုလားအပ်တဲ့ ပြသနာတွေ… အထင်လွဲမှားမှုတွေ မဖြစ်ရအောင် ငါတို့ စည်းကမ်းထုတ်ထားတာကောင်းမယ်…”

ပြောရင်းနဲ့ သူစာရွက်တစ်ရွက်ကို ငြင်သာစွာထုတ်လိုက်တယ်… ကျနော့ရှေ့မှာ စာရွက်ကို ကိုင်လှုပ်ပြပြီး ပြောလိုက်တယ်… “ရှင်ကြည့်ကြည့်လိုက်… သဘောတူတယ်ဆိုရင် အောက်မှာ လက်မှတ်ထိုးလိုက်.. ငါတို့တစ်ယောက်တစ်ရွက်ဆီယူထားမယ်…”

ကျနော်စာရွက်ကိုယူပြီး ကြည့်ကြည့်လိုက်တယ်…

နံပါတ်တစ်… ရေချိုးခန်းကို တစ်ယောက်ယောက်က သုံးနေတဲ့အချိန်မှာ နောက်တစ်ယောက်က မည့်သည့်အကြောင်းပြချက်နှင့်မှ မ၀င်ရ…
နံပါတ်နှစ်… တစ်ဦး၏ ခန္ဓာကိုယ်ကို အခြားတစ်ဦးက မည်သည့်အကြောင်းပြချက်နှင့်မှမထိရ…
…..
ကျနော်ရေတွက်ကြည့်တာ စုစုပေါင်း ၂၆ ချက်တောင်ရှိတယ်…

“သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလိုက်…” သူဘောပင်တောင် ကြိုပြင်ဆင်ထားပြီးပြီ…

အစကတော့ သူ့ဒေါသကိုစွပေးမလို့ဘဲ… ပြန်စဉ်းစားကြည့်လိုက်တော့… မလိုအပ်တော့ပါဘူး… အများဆုံးရှိလဲ တစ်လဘဲပေါ့… အောင့်အီးပြီးတော့ဘဲ ကျော်ဖြတ်လိုက်ပါတော့မယ်… ကျနော်သူ့ကို မျက်လုံးအေးအေးနဲ့တစ်ချက်ကြည့်လိုက်တယ်… ဘောပင်ယူပြီး ကျနော့ လက်မှတ်ကိုကောက်ထိုးလိုက်တယ်…

“ဟုတ်ပြီ… ဒီလက်မှတ်ထိုးပေးတဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့… ငါတို့ အတူတူနေနေရတုန်းမှာ ရှင့်ကိုဆက်ပြီးတော့ထမင်းချက်ကျွေးမယ်… ”

ဒီစည်းကမ်းချက်တွေရှိနေတော့ ဒီရက်ပိုင်းတွေမှာ လွတ်လပ်မှုမရှိတော့သလိုဘဲ… အစပိုင်းရက်တွေမှာတော့ ဘာလုပ်လုပ် ထိန်းချုပ်ခံနေရတယ်လို့ခံစားရတယ်… ပြီးတော့ ကျနော်ကလဲ အပြင်မှာဘဲ ဆက်ပြီး ဝှေ့လည်နေပြီး ထမင်းစားတဲ့နေရာကိုရှာနေတယ်… ဟွန့်… ထမင်းချက်ကျွေးတာနဲ့ ငါက ကျေးဇူးတင်နေရမှာလာ… သိပ်ပျော်မနေနဲ့… မစားဘူး…

မင်းရဲ့ထမင်းဟင်းကို တစ်လ မစားရလို့ ငါငတ်ပြီးသေမလားဆိုတာကိုကြည့်ရသေးတာပေါ့… အင်း ပြောသာပြောတာ… လျှောက်လည်ပတ်နေတုန်း သူများအိမ်က ထမင်းနံ့ ဟင်းနံ့ရလို့ရှိရင်လဲ စိတ်ထဲမှာတော့ တော်တော်လေးကို အားကျမိသား…

ပထမ တစ်ပတ်လုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ… ဘာပြသနာမှ မဖြစ်လိုက်ဘူး…

တစ်နေ့မှာ ကျနော် အိမ်ထဲဝင်လာတုန်း သူကအပြင်ထွက်ဖို့ပြင်နေတယ်…

“အပြင်ထွက်မလို့လာ?”… ကျနော့ပါးစပ်ကလွတ်ကနဲ ထွက်သွားတယ်… သူဒီလို ညဖက်မှာ အပြင်ထွက်တာ နောက်ရေမွှေးဖျန်းထားတာကို ကျနော်သိပ်သဘောမကျဘူး…

“ဟုတ်တယ်… လင်းလင်းက ဒီနေ့သူ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့တဲ့… ရှင်ကြည့်ကြည့်… ဒီနေ့ဝယ်ထားတဲ့ အင်္ကျီ … လှတယ်မှတ်လားဟင်…” သူ မှန်ရှေ့မှာ ကိုယ်ကိုယ်ကို သေချာကြည့်နေတယ်…

“အင်း မဆိုးပါဘူး… ငတုံးတစ်ကောင်ကို ဖမ်းမယ်ဆိုရင်တော့မိနိုင်ပါတယ်…” အ နေတဲ့လူ တောင်သိတယ်… ကျနော့စကားက အကောင်းပြောနေတာမဟုတ်မှန်း…

“ရှင်… ” သူ့မျက်နှာမှာ မနှစ်ခြိုက်တဲ့ အမူအရာ ပြန်ပေါ်လာပြီ… ဒါပေမဲ့ ပြန်လှည့်သွားပြီးတော့ မရယ်ချင်ရယ်ချင်နဲ့ ခပ်တိမ်တိမ် အသက်မပါတဲ့ရယ်သံနဲ့ရယ်လိုက်တယ်…

“ဟုတ်တယ်လေ… အခုက လူလွတ်ဘ၀ ပြန်ရောက်သွားပြီဆိုတော့ ငတုံးတစ်ယောက်ကို အမိဖမ်းမယ်ဆိုလဲ ငါ့မှာ ဖမ်းခွင့်ရှိပါတယ်… ငါ့ကို တန်ဖိုးထားမဲ့လူတစ်ယောက်ထွက်ပေါ်လာမှာဘဲ… ရှင်လဲ အသက်မငယ်တော့ဘူးနော်… ကိုယ့်ဘ၀ရှေ့ရေးအတွက်ကြည့်ဦးနော်…” ပြောပြီး ကျနော့်ကို ဒေါသ အကြည့်တစ်ချက်ကြည့်လိုက်တယ်…

“ကဲ… ဒါဆိုရင်လဲ ဒီည ငတုံးကြီးကြီးတစ်ယောက်ကို ဖမ်းမိပါစေဗျာ… သူများက အိမ်ကြီးကြီး လက်ဆောင်ပေးခဲ့ရင် ငါ့ကို နှစ်ညလောက်တော့ ပေးနေဦးပေါ့… ” “အိုး… ဒီစကားမျိုးက သနားစရာလေးပါလား… ဘာလဲ… သ၀န်တိုနေတာလား?”… သူဟားဟားဟား ရယ်မောလိုက်တယ်…

“သွားတော့… သွားတော့… ငါမျက်စိနောက်တယ်…” ကျနော် သူ့ကို တံခါးပါဆွဲဖွင့်ပေးလိုက်တယ်… သူမျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်… ကျနော့ကို “ဟင့်” ဆိုပြီး လုပ်ခဲ့သေးတယ်… ကျနော်လဲ တံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ်…

မျက်စိနောက်တဲ့လူ မရှိတော့ဘူးဆိုတော့ ကျနော်လဲ အင်တာနက်ပေါ်တက်ပြီး… ညီမလေးတွေနဲ့လျှောက် ကျူတော့တာပေါ့… ထိန်းချုပ်မဲ့လူမရှိတော့ လွတ်လွတ်လပ်လပ် ပြောချင်ရာပြောလို့ရပြီ… ဝေး….

ဒါပေမဲ့ ကျနော့စိတ်ထဲမှာ နေလို့မကောင်းနေဘူး… ကျနော် တကယ်ဘဲ သ၀န်တိုနေတာလား?
ကျနော် ကိုယ့်ဟာကိုယ် ရယ်ချင်လာတယ်… လျှောက်စဉ်းစားမနေပါနဲ့… ကွာရှင်းဖို့ဆိုတာလဲ ကျနော်စပြီး ပြောခဲ့တာပါဘဲ…

အချိန် ၂ နာရီလောက်ကြာပြီးတော့… သူပြန်လာပါပြီ… သူ ကျနော့ရှေ့ကို ဖြတ်လျှောက်တုန်း သူ့မျက်နှာကိုတွေ့လိုက်တယ်… မျက်နှာပျက်နေတယ်… သူအိပ်ခန်းထဲကိုဘဲ တိုက်ရိုက်ဝင်ပြီး အိပ်လိုက်တယ်… ရေတောင်မချိုးတော့ဘူး…

သူစိတ်မကောင်းဘဲ ဖြစ်ပြီးပြန်လာတာမြင်တော့ ကျနော့ စိတ်ထဲမှာက ပျော်လာတယ်… ဟေဟေ… နည်းတောင်နည်းသေးတယ်… ကျနော်လဲ ပျော်ပျော်နဲ့ အိပ်ချလိုက်တယ်…

ညသန်းခေါင်မှာ သူ့ရဲ့စူးရှတဲ့ အသံကြောင့် လန့်နှိုးလာခဲ့တယ်… ဘာဖြစ်နေတာလဲ ဆိုတာကို ထကြည့်မယ်လုပ်တုန်း သူက အိပ်ခန်းထဲကနေ ညအိပ်ဝတ်နဲ့ပြေးထွက်လာတယ်… ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ကျနော့လည်ပင်းကိုတုန်တုန်နဲ့ အသေဖက်ထားတယ်… “ဘာဖြစ်တာလဲ?” ကျနော်သူ့ နောက်ကျောကိုပုတ်ပြီးမေးလိုက်တယ်… “ပိုးဟပ်… ” သူဒီစကား နှစ်လုံးပြောလိုက်တာနဲ့ ကျနော်သဘောပေါက်သွားပြီ….

ဒီ မိန်းမတော့လေ… ကျနော့အပေါ်မှာသာ မောက်မောက်မာမာ ဆက်ဆံတာ… အကောင်သေးသေးလေးတွေကျတော့ အသေကြောက်တတ်တယ်… ပိုးဟပ်… ကြွက်… ကြောင်… ခွေး… စတာတွေ… တွေ့လိုက်တိုင်း အော်လိုက်တာ နေ့ဝက်လောက်ကြာတယ်… ကျနော်ခွေးလေးတစ်ကောင်မွေးချင်တာတောင် မမွေးလိုက်ရဘူး…

“လိမ္မာတယ်… မကြောက်နဲ့တော့နော်… ”ကျနော် ခါတိုင်းလိုဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်… အခန်းထဲဝင်ပြီး ပိုးဟပ်ကို ချေမှုန်းပေးမယ်ပေါ့… အခန်းထဲဝင်ပြီး နေရာ အနှံ့ရှာပေမဲ့ အရိပ်တောင်မတွေ့ရတော့ဘူး… ပြန်ထွက်လာလိုက်တယ်…

ကျနော်ဆိုဖာပေါ်မှာ ထိုင်လိုက်တာနဲ့ ကျနော့ လည်ပင်းကို ပြန်ဖက်ထားပြီး… “သေသွားပြီလား?” သူမျက်နှာ မှာ ကြောက်လွန်းလို့ မျက်ရည်တောင်ထွက်လာတယ်… ဒါပေမဲ့ ညဘက် မီးမှိန် အောက်မှာ နှင်းဆီပွင့်ပေါ် မိုးရေစက်တင်နေသလို ခံစားချက်လေးကိုပေးတယ်…

“အင်း… ငါရိုက်သတ်လိုက်ပြီ…မကြောက်နဲ့တော့… ပြန်အိပ်တော့… ငါတို့ နှစ်ယောက်လုံး မနက်ဖန်ရုံးတက်ရဦးမယ်… ”

ကျနော်သူ့ကိုလိမ်လိုက်တယ်… ကျနော်သိတယ် သူ့ကို ရှာမတွေ့ဘူး… မရိုက်သတ်လိုက်ရဘူးလို့ပြောလိုက်ရင် ကျနော့ကို ထပ်သွားရှာခိုင်ဦးမှာ သေချာတယ်… ကျနော်လဲ ဒီည အိပ်ရတော့မှာ မဟုတ်ဘူး… “ငါမအိပ်ရဲဘူး… ပြန်မအိပ်တော့ဘူး…”

“နင်မေ့သွားပြီလား… ငါတို့ ကွာရှင်းပြီးသွားပြီလေ… ပြီးတော့ ငါတို့ရဲ့စည်းကမ်းချက်ထဲက နံပါတ် ၂ တစ်ချက်ကိုလဲ ချိုးဖောက်လိုက်ပြီ… နင်ဦးဆုံး ငါကိုလာထိနေတယ်… ” ကျနော့ လေသံက အေးစက်နေတယ်… “ဟွန့်… ညနေကတော့ ငတုံးတစ်ကောင်ကို သွားဖမ်းတယ်… ပိုးဟပ်တွေ့မှဘဲ ငါ့ကို သတိရတယ်…”

သူ ဒီစကားကို ကြားပြီးတော့ ခဏတာ ငြိမ်သွားတယ်… ပါးစပ်ကို ကိုက်ပြီး “ဆောရီး…” လို့တစ်ခွန်းပြောပြီး အခန်းထဲ ၀င်သွားတယ်… ပြီးတော့ “၀ုန်း” ဆိုတဲ့ တံခါးပိတ်သံကိုကြားလိုက်ရတယ်…

ကျနော်လဲ ခပ်ကြောင်ကြောင်ထိုင်နေပြီး ရုတ်တစ်ရက် ကိုယ့်ပါးကို ကိုယ် တစ်ချက်ချလိုက်မိတယ်…

ကျနော် ဆိုဖာပေါ်မှာ အိပ်နေတာ… အိပ်ချင်စိတ်တစ်စက်မှ မရှိဘူး… ၀ိုးတိုးဝါးတားမှာ အိပ်ခန်းထဲက ငိုသံကို ကြားနေရသလိုဘဲ… ၀င်သွားရမလား မ၀င်ရဘူးလားဆိုတာကို စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်နေတယ်… ကိုယ့်ပါးကို ကိုယ် ပြန်ချမိတယ်… ယောက်ျားဆိုရင် ၀င်သွားကွာ ဆိုပြီး ဆုံးဖြတ်လိုက်တယ်…

ကျနော် အခန်းတံခါးကို ဖွင့်လိုက်တယ်… သူစောင်ထဲမှာ ငိုနေတာကိုတွေ့လိုက်ရတယ်… ကျနော် ကုတင်ဘေးမှာထိုင်ပြီး စောင်ကို လှန်လိုက်တယ်… သူ့ကို ညင်ညင်သာသာလေးမေးလိုက်တယ်… “ဘာဖြစ်နေတာလဲ?” အမှန်အတိုင်းဝန်ခံရရင် သူ့ မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတာကို မြင်ရတာ စိတ်ထဲမှာ အရမ်းကို နာကြင်စေတယ်ဗျာ…

“ရှင် ဘာဝင်လာလုပ်တာလဲ… ငါတို့ ကွာရှင်းပြီးသွားပြီ မဟုတ်လား… ရှင့်ရဲ့ ဂရုစိုက်မှုတွေ မလိုချင်ပါဘူး… ထွက်သွား… ထွက်သွား… ” သူကျနော့ကို တွန်းထုတ်တယ်… ခေါင်းအုံးနဲ့ပေါက်တယ်… “တောင်းပန်ပါတယ်ကွာ… ခုဏက ငါစကားပြောမှားသွားတာ… ငါ့ကို ခွင့်လွတ်ပါနော်… ”

ကျနော် သူဘာဖြစ်နေသလဲဆိုတာ ဂရုမစိုက်တော့ဘူး… သူ့ကိုရင်ခွင်ထဲမှာ ဆွဲသိပ်ထားလိုက်တယ်… သူ့မျက်နှာပေါ်က မျက်ရည်တွေကို ညင်ညင်သာသာလေး နမ်းပေးလိုက်တယ်… သူကလဲ ကျနော့ကို ထပ်ပြီး မအော်နေတော့ပါဘူး… ကျနော့လည်ပင်းကို သိုင်းဖက်ထားပြီးတော့ အားရပါးရကို ငိုတော့တာဘဲ…

နောက်ဆုံးတော့ သူငိုရင်းနဲ့ ဒီနေ့ဘာလို့ ဒီလောက်ထိစိတ်ညစ်နေရတဲ့အကြောင်းရင်းကို ပြောပြတယ်…
ဘာလို့လဲဆိုတော့ သူ့ဟို သူငယ်ချင်းကောင်းမဆန်တဲ့ သူငယ်ချင်း လင်းလင်းက သူ့ကိုမိတ်ဆက်ပေးတဲ့လူက အဖေ့အရွယ်လောက်ရှိတဲ့ အဖိုးကြီး… ခဏဘဲ တွေ့ရသေးတယ်… လက်ကိုင်ခြေကိုင်လုပ်လာပြီ…လင်းလင်းကလဲ သူ့ကို ဖျောင်းဖျသေးတယ်… နင်က တစ်လင်ကွာထားပြီဘဲ… ဒီအဖိုးကြီးနဲ့ဆို မဆိုးပါဘူး…

“ငါ ကွာရှင်းဖူးတာနဲ့ သူများထက်တစ်ဆင့်နိမ့်နေပြီလား… ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ” သူ ငိုရင်းနဲ့ ကျနော့ကိုမေးတယ်… ကျနော့လည်ပင်းကို ဖက်ထားတာ မလွတ်ဘူး…

ကျနော် သူ့မေးခွန်းအတွက် အဖြေမရှိဘူး… ကျနော်ကိုယ်တိုင်လဲ မသိဘူး… သူကျနော့လည်ပင်းကို ဖက်ထားတာ အရမ်းကို နာနေပြီ… ဖက်မယ်ဆိုရင်လဲ ဆက်ဖက်ထားပါစေ… သေမှမသေနိုင်တာ… နောက်ကျရင် အတူတူမှ မနေရတော့တာ… ဖက်စေချင်ရင်တောင် အခွင့်အရေးမရှိတော့ပါဘူးလေ…

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက်လုံး မောမောနဲ့ အိပ်ပျော်သွားကြတယ်…

နိုးလာတဲ့ အချိန်မှာ နေတောင်ထွက်နေပါပြီ… ကျနော်က သူ့ကိုဖက်ထားသေးတယ်… သူကလဲ ကျနော့လည်ပင်းကို ဖက်ထားသေးတယ်…

ကျနော် မလှုပ်ရဲဘူး… သူ့အိပ်မက်ကောင်းလေးကို လှုပ်နိုးမိမှာ စိုးလို့… ဒီလို ခံစားချက်မျိုးမရှိတာ တော်တော်လေးကို ကြာခဲ့ပါပြီ… ၂ ယောက်သား အတူရှိနေတဲ့ အချိန်ဟာ ကြာလာလေ… မနက်ခင်း မိုးလင်းတိုင်းမှာ ဒီလို ခံစားချက်ဟာ ပျောက်ဆုံးလေ ဖြစ်နေတယ်…

ပြီးခဲ့တဲ့ နေ့ရက်တွေကို ပြန်စဉ်းစားလိုက်ရင် ကျနော်တို့ဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတဲ့ကြားက နိုးထလာရသလိုဘဲ… တစ်ဖက်လူကို ညည်းညူနေပြီး ရုံးတက်ဖို့ကို ပြင်ဆင်နေကြတယ်… ကျနော်တို့နှစ်ယောက် ဘာဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရပါလိမ့်…

သူလဲ နိုးလာပြီ…

သူသတိထားမိလိုက်တယ်… လည်ပင်ကို ဖတ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်… “မောနင်း… ”

ကျနော်လဲ ဖက်ထားတဲ့လက်ကို ကမန်းကတန်း ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်…

“မနေ့ညက… ”
“မနေ့ညက ဘာမှ မဖြစ်ပါဘူ… ရုံးတက်ဖို့ပြင်တော့… နောက်ကျနေဦးမယ်…”

အဲဒီလိုမျိုး တစ်ညတာ ရှိလိုက်တဲ့အတွက် ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေဟာ ပြောင်းလဲမှု နည်းနည်းလေး စဖြစ်လာတယ်… ရုံးဆင်းတော့ လမ်းမှာ သူကြိုက်တဲ့ ဆနွင်းမကင်း ရောင်းနေတာတွေ့တော့ ၀ယ်လိုက်တယ်… ၀ယ်ပြီးခါမှ တွေဝေနေရတယ်… အိမ်ဘဲ ပြန်ရင်ကောင်းမလား… ခါတိုင်းလိုဘဲ လျှောက်ပတ်ရေပြီး အချိန်ဖြုန်းရင်ကောင်းမလား…

“အစ်ကို ဒါကတော့ အခုလောလောလပ်လပ်လေး ထွက်လာတာ… မြန်မြန်စားလေစားလို့ကောင်းလေဘဲ… ကြာသွားရင် သိပ်မကောင်းတော့ဘူး… ” ရောင်းတဲ့ကောင်လေးက ကျနော့ကို ပြောလိုက်တယ်…

ကျနော်လဲ မျက်နှာပြောင်နဲ့ အိမ်ကိုဘဲ ပြန်လိုက်တယ်… အိမ်ရောက်တော့ သူက ထမင်းဟင်းချက်နေတယ်…

“အင်း… အင်း… ငါလမ်းမှာ ဆနွင်းမကင်းရောင်းနေတာတွေ့လို့ ၀ယ်လာလိုက်တယ်…” မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ သူ့ကို ပြောပြလိုက်တယ်…

သူဝမ်းသာစွာနဲ့ဘဲ ထွက်လာပြီး တစ်တုံးယူစားလိုက်တယ်…“လက်သွားဆေးတော့… ထမင်းစားရအောင်…”

ထမင်းစား စာပွဲပေါ်က ဟင်းတွေမြင်တော့ ကျနော့ အကြိုက်ဟင်းတွေဘဲ… စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်…

ပြန်ပြီး ရေတွက်ကြည့်လိုက်ရင် အပြင်မှာ စားနေရတာ ရက်ပေါင်း ၂၀ ကျော်လောက်ရှိပြီ… သူလုပ်တဲ့ ဟင်းတွေက အရမ်းကို မွှေးတာဘဲ…

“စားတော့…”

ကျနော်လဲ ထမင်းပန်ကန်ကို ယူပြီးစစားတော့တယ်…

“ဖြည်းဖြည်းစား… နင်နေဦးမယ်…ရော့… ဟင်းရည်သောက်ဦး…” ကျနော့ကို ဟင်းရည်တစ်ခွက် ခပ်ပေးလိုက်တယ်…

“ရော့… ဒါလေးက လတ်ဆပ်တယ်…” ကျနော့ကို ဟင်းတစ်ဇွန်းထည့်ပေးလိုက်တယ်…
“ရှင်တော်တော်လေး ပိန်သွားတယ်… နောက်ကျရင် အပြင်မှာ မစားနဲ့တော့… ဈေးကြီးပြီး အဟာရလဲ မဖြစ်ဘူး… အိမ်ဘဲ ပြန်စားတော့…”
…….

စားပြီးလို့ ကျနော် ပန်ကန်ဆေးဖို့ ပြင်နေတုန်း…
“ထားပါတော့… အိမ်ထောင်ကျပြီးလို့တောင်ကြာရောပေါ့… ရှင် ဆေးတာ တစ်ခေါက်မှ မတွေ့ဖူးပါဘူး…ငါဘဲ ဆေးလိုက်ပါ့မယ်…”

“ငါ…”
“ဘာမှ မဖြစ်ဘူး… ငါလဲ အကျင့်ပါနေပါပြီ… သွား တီဗွီ သွားကြည့်တော့… ငါခဏလေးသိမ်းလိုက်ရင် ပြီးပါပြီ…”
ကျနော်ရေနွေးကြမ်းတစ်ခွက်ထည့်လိုက်တယ်… သူ့အတွက်လဲ တစ်ခွက်ထည့်ပေးလိုက်တယ်…

သူ ဆေးကြောပြီးတော့ ကျနော့ဘေးမှာ လာထိုင်လိုက်တယ်… ကျနော်လဲ ထည့်ထားတဲ့ ရေနွေးခွက်ကို သူ့ရှေ့ပို့ပေးလိုက်တယ်…
“နင် ဘယ်လိုင်းကြည့်ချင်လဲ…” ကျနော်သူ့ကိုမေးလိုက်တယ်…
“ရှင် ဒီနေ့ဘာလို့ ဒီလောက်ထိအားနာနေရတာလဲ… ငါမနေတတ်တော့ဘူး… ” သူရယ်ပြီးပြောလိုက်တယ်…
ကျနော်လဲ ရှက်ရှက်နဲ့ ကိုယ့်ခေါင်းကို ပွတ်ပြီးတော့ ပြောလိုက်တယ်… “ငါအရင်က အရမ်းဆိုးလို့လား…”
“ဆိုးတယ်? ဘယ်သူက ရှင့်ကို ဆိုးတယ်လို့ပြောနေလို့လဲ… ရှင်က ပျင်းတာ… အခု ငါတို့ ကွာရှင်းပြီးပြီဆိုတော့ ရှင်လဲ ရှင့် အ၀တ်တွေ ဘယ်လိုလျှော်ရမလဲဆိုတာမေ့နေပြီ… မစဉ်းစားကြည့်ဘူးလား… ရှင့်အ၀တ်တွေကိုဘယ်သူလျှော်ပေးနေရတယ်လို့… နောက်ကျရင်တော့ ကိုယ့်ဟာကိုယ် ကောင်းကောင်းဂရုစိုက်နော်…”
“ကွာရှင်း… အင်း… ဟုတ်တယ်… ငါတို့ကွာရှင်းပြီးသွားကြပြီ…” ကျနော် နှုတ်ဆိတ်သွားတယ်…

သူလဲ ငြိမ်သက်သွားတယ်…

အဲဒီညက ကျနော်တို့ ၃နာရီလောက် အတူတူထိုင်ပြီး တီဗွီကြည့်နေလိုက်တယ်… စကားမပြောဘူး… လိုင်းမပြောင်းဘူး… ဘာတွေကြည့်နေသလဲဆိုတာလဲ မသိလိုက်ဘူး…

ရက် ၃၀ဟာ ခဏလေးနဲ့ ပြည့်သွားတယ်…အဲဒီနေ့က ထမင်းစားပြီးတော့ သူကျနော့ကိုပြောလိုက်တယ်… အိမ်ရှာတွေ့ပြီတဲ့… ဒီအပတ်တနင်္ဂနွေနေ့ဆို အိမ်ပြောင်းလို့ရပြီ… ကြားကြားချင်း ကျနော့စိတ်ထဲမှာ လုံးဝဟာတာတာဖြစ်သွားတယ်…

စနေနေ့ဟာ ရောက်လာတာ အရမ်းကိုမြန်တာဘဲ… ကျနော်ဆိုဖာပေါ်မှာထိုင်နေပြီး သူကျနော့ရှေ့ကို ဖြတ်သွားဖြတ်လာနဲ့ ပစ္စည်းတွေသိမ်းနေတယ်…

အခန်းထဲမှာတော့ရှုပ်ပွနေတယ်… ဒါပေမဲ့ လေထုက ငြိမ်သက်နေတယ်… ကျနော်တို့စကားမပြောကြဘူး… သူဘာများချန်ခဲ့မလဲ? ကျနော့စိတ်ထဲမှာ အရမ်းသိချင်နေတယ်… ဒါပေမဲ့ ကျနော်သူ့ကိုမမေးဘူး…

“နင်ဖြည်းဖြည်းသိမ်း… ငါအပြင်ထွက်လိုက်ဦးမယ်…” သူ့အဖြေမကြားခင်မှာ ကတည်းက ကျနော် အပြင်ထွက်သွားတယ်…

အိမ် အပြင်ဘက်က မိုးကောင်းကင်ဟာ အရမ်းကိုပြာတယ်…
လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေတံခွန် အတူတူလွှတ်ခဲ့တဲ့တစ်နေ့နဲ့ တော်တော်လေးတူတယ်…
အိမ်အပြင်က နေရောင်ခြည်ဟာ တော်တော်လေးနုတယ်…
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုဘဲ ငါတို့ကို နွေးထွေးစေခဲ့တာလား…
အိမ်အပြင်ဘက်မှာ စုံတွဲတွေ တော်တော်များတယ်…
ငါတိုလဲ ဒီလိုဘဲ ချိုချိုမြိန်မြိန်နဲ့ ၃ နှစ်တာ ဖြတ်သန်းခဲ့ရတယ်…

“မေမေ… ဦးငိုနေတယ်…” ဘေးက ကလေးလေးတစ်ယောက်က သူ့မေမေကိုအော်ပြောလိုက်တယ်…
ကျနော် မျက်လုံးကို ပွတ်ပြီး… အတင်းပြုံးပြလိုက်တယ်… “ဦး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ… ”

ကျနော်လဲ ကိုယ့်ကိုယ်ကို ရယ်လိုက်ပြီး ဦးတည်ရာလမ်းကြောင်းတစ်ခုရွေးလိုက်ပြီး လျှောက်သွားနေခဲ့တယ်…

ညနေရောက်တဲ့အထိ အပြင်မှာ လျှောက်သွားနေတုန်းဘဲ…

ဖုန်းသံမြည်လာတယ်… သူ့ဆီက စာဝင်လာတာပါ… “ညစာ ချက်ပြီးသွားပြီ… ငါတို့ နောက်ဆုံးတစ်ကြိမ် အတူတူထမင်းစားရအောင်…”

ကျနော် ချက်ချင်း အိမ်ကို ပြေးပြန်သွားတယ်…

အိမ်ထဲမှာ မီးပိတ်ထားတယ်…ထမင်းစားစာပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းထားတယ်… ဟင်တွေက တော်တော်လေးစုံတယ်… ၀ိုင်တစ်ပုလင်းပါပါတယ်…

ကျနော် သူ့ကို မင်္ဂလာဆောင်တုန်းက ၀ယ်ပေးခဲ့တဲ့ အနက်ရောင်ဂါဝန်ကို ၀တ်ထားတယ်…

“ငါတို့ မင်္ဂလာဆောင်တာ ၃ နှစ်ရှိပြီ… ၀ိုင် အတူတူမသောက်ဖူးသေးဘူး…ဒီညပြီးရင် ငါလဲသွားရတော့မယ်…ငါတို့ အတူတူ တစ်ကြိမ်လောက်သောက်ရအောင်နော်… ” သူပြောနေရင်းနဲ့ ကျနော့ ခွက်ထဲကို ၀ိုင်တစ်ခွက်ထည့်ပေးလိုက်တယ်… “Cheers!” ခွက်ချင်းထိတိုက်လိုက်တယ်…

ကျနော်တို့ ဘာမှထပ်မပြောတော့ဘူး… ဘာဆက်ပြောရမှာလဲ? ဘာဘဲပြောပြော မနက်ဖန်ရဲ့ အဖြေကို မပြောင်းလဲနိုင်တော့ပါဘူး…တော်ပါပြီ… မစဉ်းစားချင်တော့ဘူး… အရက်သောက်ပြီး ဟင်းလေးစားလိုက်တယ်… အကောင်းဆုံးကတော့ မူးသွားရင် အကောင်းဆုံးဘဲ… နိုးလာတဲ့အချိန် သူထွက်ခွာသွားပြီးတဲ့အချိန်ဖြစ်နေရင်အကောင်းဆုံးဘဲ… သူထွက်သွားဖို့က တောက်လျှောက်ကျနော် မျှော်မှန်းထားတာ မဟုတ်ဘူးလား…ဒီလောက် လျှာရှည်တဲ့ မိန်းမကို မကြည့်ချင်နေတော့တာ မဟုတ်ဘူးလား… ကျနော် ပျော်ရမှာလေ!

နောက်ကျရင် ဘောလုံးပွဲကြည့်တာ ဘယ်လောက်ထိ ညနက်နက် ဘေးမှာ သွားအိပ်ဖို့ တတွတ်တွတ် ရွတ်နေမဲ့သူမရှိတော့ဘူး… ဘယ်လောက်ထိမိုက်လဲ… ရေမချိုးဘဲ အိပ်ယာထဲ ၀င်ရင်လဲ ညစ်ပတ်တယ်လို့ ရေရွတ်နေမဲ့သူ မရှိတော့ဘူး… ဘယ်လောက်ထိကောင်းလဲ… ငါ မပျော်ရွှင်စရာ အကြောင်းမရှိပါဘူး… ဒါပေမဲ့ ဘာဖြစ်လို့… ဒီဝိုင်ဟာ ငါ့ပါးစပ်ထဲမှာ ခါးတီးနေရတာလဲ?

“ရှင့်ရဲ့ အ၀တ်တွေ ဘီရိုထဲမှာ သေချာ သိမ်းထားပေးပြီ… ဘောင်းဘီတိုနဲ့ခြေအိတ်တွေကတော့ ကုတင်အောက်က အံဆွဲထဲမှာ…ရှင် အစာအိမ်မကောင်းဘူး… ညဘက်သိပ်မနက်စေနဲ့… ကိုယ့်ကိုယ်ကိုလဲ အစားလေးဘာလေး ချက်ကျွေးဦး… ရေခဲသေတ္တာထဲမှာ အစားတွေဝယ်ထည့်ထားပေးတယ်… ကိုယ့်ကိုယ်ကိုလဲ ထမင်းချက်နည်းလေးသင်ထားဦး… အပြင်မှာဘဲ စားမနေနဲ့… အစာအဟာရရှိအောင်စား… ကြုံစားဘဲ လုပ်မနေနဲ့…”

“ဒီတစ်လ ဖေဖေမေမေတို့ကို လွဲပေးရမဲ့ ပိုက်ဆံလွဲပေးပြီးပြီ… နောက်လတွေမှာလဲ လွဲပေးဖို့မမေ့နဲ့ဦး… အားရင်လဲ သူတို့ဆီကို ဖုန်းဆက်ဦး… သူတို့က နင့်ကို သတိရနေတယ်… ငါဒီနေ့ သူတို့ဆီဖုန်းခေါ်လိုက်သေးတယ်… ဖေဖေ့ ဖုန်းက ပျက်နေတယ်တဲ့… ဒီနေ့ဘဲ ကြုံလို့ ဟန်းဆက် အသစ်တစ်လုံးဝယ်ထားပေးတယ်… အမြန်ချောပို့နဲ့ ပို့ပေးလိုက်ဦး… ဖေဖေ အခုတလော ခြေလက်တွေ ကိုက်နေပြန်ပြီ… ဟိုတစ်ခေါက်က ၀ယ်ထားပေးတဲ့ဆေးလဲ ကုန်လောက်ပြီ… ရော့ ဒါက ၀ယ်ရမဲ့ဆေးနာမည်နဲ့ လိပ်စာ… မနက်ဖန်ဝယ်ပြီး အမြန်ချောနဲ့ တစ်ခါတည်းထည့်ပေးလိုက်… ”

“ငါတို့ ကွာရှင်းလိုက်တဲ့အကြောင်းသူတို့ကို မပြောရသေးဘူး… နင် နောက်ကျရင် အခွင့်ကြုံမှဘဲ သေချာစဉ်းစားပြီး သူတို့ကိုပြောပြလိုက်ပါတော့… ဖေဖေက ဘာဘဲပြောပြော သူ့ကို စိတ်မဆိုးနဲ့နော်… ဒါက ဖေဖေနဲ့မေမေအတွက် သိုးမွေးအင်္ကျီ… မနက်ဖန်တစ်ခါတည်းထည့်ပေးလိုက်… ”

သူ တစ်ခုပြီးတစ်ခု ကျနော့ကို မှာနေတယ်… ကျနော် အားလုံးကို မှတ်မိချင်တယ်… အားလုံးကိုလဲ မမှတ်မိစေချင်ဘူး… ကျနော် ကိုယ့်ကိုယ်ကို တော်တော်လေးတုံးပါလားလို့ ခံစားလာမိတယ်… အိမ်မှာ ၃ နှစ် ၃ မိုးနေလာတာ… အားလုံးဟာ ကျနော်နဲ့စိမ်းနေသလိုဘဲ… ကျနော် ကြောက်လာတယ်… တစ်ယောက်တည်း ဆက်နေသွားလို့ဖြစ်ပါ့မလားဆိုတာ မသိဘူး…

“ဒါကတော့ လက်ထပ်တုန်းက မေမေပေးထားတဲ့ လက်စွပ်လေးပါ… ငါမယူသွားတော့ပါဘူး… မေမေ့ကို ငါ့အစားတောင်းပန်လေးလိုက်နော်…” အစိမ်းရောင် တောက်နေတဲ့ ကျောက်စိမ်းလက်စွပ်လေးပါ… အရောက်တောက်လွန်းလို့ ကျနော့ မျက်စိကိုတောင် စူးရှမတက်မပါဘဲ… “ငါယူသွားမဲ့ ပစ္စည်းတွေက ငါတို့ သဘောတူထားတဲ့ဟာတွေပါဘဲ…”
သူမတ်တပ်ရပ်ပြီး လေးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပြီး မေးတယ်… “မရှင်းတာရှိလား?”

ကျနော် မရှင်းတာ ဘာရှိလဲ… ကျနော်ဘာမှမသိဘူး… ကျနော်သိတာ တစ်ခုဘဲ ရှိတယ်… ကျနော်သူ့ကို ထွက်မသွားပါနဲ့လို့ အတားချင်ဆုံးအချိန်မှာ သူကျနော့ဆီက ထွက်ခွာသွားတော့မယ်…
သူကျနော့ကို အမြဲပြောတယ်… ယောက်ျားမဟုတ်ဘူးတဲ့… သူ ကျနော့ကို သိက္ခာချနေတယ်လို့ဘဲ ထင်ခဲ့တယ်… အခုမှ ကျနော် သဘောပေါက်လိုက်တယ်… ဟုတ်ပါတယ်… ကျနော်ယောက်ျားမဟုတ်ပါဘူး… ကလေးလေး တစ်ယောက်လိုဘဲ သူ့ရဲ့ ပြုစုယုယမှုအောက်မှာ နေလာခဲ့တာပါ…

“နင်မေးစရာ မရှိတော့ဘူးဆိုရင် ငါတို့စောစော နားကြရအောင်… ဒီညတော့ နင် အခန်းထဲမှာ အိပ်လိုက် ငါ ဆိုဖာပေါ်မှာဘဲ အိပ်လိုက်မယ်… မနက်ဖန် မနက်အစောကြီး ပြောင်းရွှေ့ရေး ကလူတွေလာရင် နိုးနေဦးမယ်… အထဲမှာဘဲ အိပ်လိုက်တော့…”

ကျနော်လဲ ဘာဆက်ပြောရမလဲမသိတော့ဘူး…ခေါင်းငုံ့ပြီးတော့ အခန်းထဲဝင်ပြီး တံခါးကို ပိတ်လိုက်တယ်…

ကျနော် တညလုံး မျက်နှာကျက်ကိုဘဲ ကြည့်နေမိတယ်…

မနက် မိုးလင်းလို့ နေရောင်ခြည်ဟာ အခန်းထဲဝင်လာတယ်…
တံခါးခေါက်သံကြားလိုက်တယ်… ပစ္စည်းရွှေ့သံကြားလိုက်တယ်… သူ အလုပ်သမားတွေကို “သတိထား…” လို့ ပြောနေသံ ကြားလိုက်တယ်… ဒါပေမဲ့ ကျနော့ ရင်ခုန်သံကို ကျနော် မကြားရတော့ဘူး…

သူတံခါးခေါက်လိုက်တယ်… ကျနော်ကတော့မလှုပ်ဘူး…
“ငါသွားတော့မယ်… နင် ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်… ” သူအခန်းထဲ မ၀င်လာဘူး… တံခါးကိုခြားပြီးပြောလိုက်တယ်…
တံခါးပိတ်သံကြားလိုက်ရတယ်…
ဘာအသံမှ ထပ်မကြားရတော့ဘူး…
ငါတို့ဘာဖြစ်လို့ ကွာရှင်းရတာလဲ… ငါတို့ဘာဖြစ်လို့ကွာရှင်းရတာလဲ…
“အချိန်ရရင် လာလည်ဦးနော်…” အိမ်နီးနားချင်းတွေရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်…
“မင်းယောက်ျားကော် ဟုတ်သေးလား?” စိတ်ထဲကနေ ကျနော့ကို အော်နေတယ်…
မင်းယောကျာ်းဆိုရင် အခုပြေးထွက်သွားလိုက်… တားလို့မီသေးတယ်…
ကျနော် ကုတင်ပေါ်က ခုန်ဆင်းပြီး ပြတင်းပေါက်ကနေ အောက်ကိုအော်ပြောလိုက်တယ်… “ခဏစောင့်… မသွားသေးနဲ့ဦး…”

ကျနော် လှေခါးအောက်ကိုပြေးဆင်းသွားတယ်… ကျနော်ဟာ ယောကျာ်းတစ်ယောက်…
သူကားဘေးမှာ ရပ်နေပြီး ကျနော့ကို ပြုံးပြလိုက်တယ်… “အောက်ဆင်းလာပြီးလိုက်နှုတ်ဆက်တဲ့အတွက် ကျေးဇူးတင်ပါတယ်… ” သူ့မျက်လုံးထောင့်မှာ မျက်ရည်စက်ရှိနေတယ်…
“မင်းထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ…” ကျနော်သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တယ်…
“ငါတို့ ကွာရှင်းပြီးသွားပြီလေ…”
“ငါအခု နင့်ကို မသွားစေချင်ဘူး… ငါ နင်မရှိလို့မဖြစ်ဘူး…” ကျနော် ကိုယ့်ဟာကိုယ်အော်နေမိတယ်… သူ့ကို တောင်းပန်နေမိတယ်…
“ကွာရှင်းဖို့ဆိုတာ ရှင်စပြောတာလေ…”
“ငါမှားမှန်းသိတယ်… တောင်းပန်ပါတယ်ကွာ… ငါ့ကိုခွင့်လွတ်ပါနော်…”
“ရှင်က ယောက်ျားလေ… ဒီလောက်လူအများကြီးရှေ့မှာ ငိုနေရလား…” သူ့လက်နဲ့ ကျနော့ မျက်ရည်တွေကို သုတ်ပေးနေတယ်… သူလက်တွေက အေးစက်လို့…
“မင်းသာ ပြန်လာမယ်ဆိုရင် ငါယောကျာ်းမလုပ်ဘူး…”

“ငါတို့ ရှေ့ရှေ့နောက်နောက် အတူတူနေလာခဲ့တာ စုစုပေါင်း ၆ နှစ်ရှိပြီ… လက်ထပ်ပြီးနောက်ပိုင်း နင်ငါ့ကို ဂရုမစိုက်တော့ဘူး… ငါဘာလိုချင်သလဲဆိုတာ နင်မသိဘူး… ငါဘာတွေ စဉ်းစားနေလဲဆိုတာ နင် မမေးဘူး… ငါနင့်ကို ပြောပြန်ရင်လဲ လျှာရှည်တယ် ဖြစ်ဦးမယ်… ဒါပေမဲ့ ရှင်သိလာ… ဒီ ၃ နှစ်လုံးလုံး ငါ အရမ်းပင်ပန်းခဲ့တယ်… ရှင့်ကို ချစ်တယ်… ဒီအချစ်ကို ထိန်းထားဖို့အတွက် ငါတော်တော်လေးကြိုးစားခဲ့တယ်…”

“တောင်းပန်ပါတယ်… ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက်ပေးပါနော်… ငါ အခွင့်အရေးကောင်းတွေ အများကြီးဆုံးရှုံးခဲ့တယ်… ငါဆက်ပြီး မမှားချင်တော့ဘူး…နင်ကလဲ ငါ့ကို ချစ်နေသေးတာဘဲ… ငါ့ကိုချစ်ရင် ထွက်မသွားပါနဲ့နော်…” ကျနော်စိတ်ထဲမှာ အောင့်နေတယ်… ဘာဖြစ်လို့ ဒီလိုနောက်ဆုံးအချိန်မှ ဒီလိုစကားမျိုးပြောထွက်လာရတာလဲ…

“ငါတို့ က ကွာရှင်းပြီးသွားပြီဘဲ… ရှင်နောက်တစ်ခေါက်ကျမကို လက်ထပ်ခွင့်တောင်းရမှာပေါ့… ” သူ့မျက်နှာပေါ်မှာ အံ့သြစရာကောင်းတဲ့ အမူအရာလေးပေါ်နေတယ်…

“ကောင်းပြီ… လက်ထပ်ခွင့်တောင်းမယ်… ငါတောင်းပန်ပါတယ်… နင်ငါ့ကို နောက်တစ်ကြိမ် လက်ထပ်ခွင့်ပြုပါနော်… ” ကျနော် ဒူးတစ်ဖက်ထောက်ပြီး သူ့ကို ဒုတိယ အကြိမ် လက်ထပ်ခွင့်တောင်းခဲ့တယ်…

“လက်ထပ်ခွင့်တောင်းတာ နှင်းဆီပန်းရယ် လက်စွပ်ရယ်လိုတယ်… နင့်မှာ ရှိလို့လာ?”
နှင်းဆီ… လက်စွပ်… ဘုရား ဘုရား… အခုချိန် ဘယ်မှာ သွားရှာရမှာပါလိမ့်…

“ငါတို့ အိမ်က သမီးလေး မနေ့ကမှ နှင်းဆီပန်းတစ်စည်း ရထားတယ်ဟေ့… ကောင်လေး… နင် အမြန်လာယူ…” ဘေးအိမ်က ဦးလေးကြီးက ကျနော့ကို အော်ပြောနေတယ်… ကျနော်လဲ ဟို ကျောက်စိမ်းလက်စွပ်ကို သွားသတိရလိုက်တယ်…

အိမ်ပေါ်ပြေးတက်သွားပြီး ဘေးအိမ်ထဲကို ၀င်ပြီး ပန်းစည်းယူလိုက်တယ်… ကျနော့အိမ်ထဲကို ၀င်ပြီး ဟိုလက်စွပ်ကိုရှာတယ်… ဒါပေမဲ့ ဘယ်လိုရှာရှာ ရှာမတွေ့ဘူး…

ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ဒီလို အရေးကြုံလာမှ လာနောက်နေရတာလဲ… လက်စွပ်က ဘယ်ရောက်နေပါလိမ့်…

ကျနော် တစ်အိမ်လုံးကို မွေနောက်ရှာနေတုန်း သူ အခန်းထဲကိုရောက်လာတယ်… သူ့နောက်မှာက အိမ်နီးနားချင်း ပွဲကြည့်ပရိသတ်တွေ…

ကျနော်သူ့လက်ကိုဆွဲလိုက်ပြီး နှင်းဆီပန်းကို သူရင်ထဲ ထည့်လိုက်တယ်… “ငါလက်စွပ်ရှာမတွေ့သေးဘူး… ငါ့ကို အရင်လက်ထပ်ခွင့်ပြုလိုက်ပါနော်…”

သူ ရုတ်တရက် ပါးစပ်လေးဟ ပြီး ရယ်သံ တစ်ချက်ထွက်လာတယ်… ပြီးတော့ သူ့အိတ်ထဲက ဗူးလေးတစ်ခုယူထုတ်လာတယ်… ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အစိမ်းရောင် လက်စွပ်လေးက အထဲမှာကိုး…

“ဆောရီးပါ… ငါအပိုပစ္စည်းတစ်ခု ယူသွားမိပြီနဲ့တူတယ်…” သူ ကျနော့ရင်ခွင်ထဲကို ခိုဝင်ပြီးတော့ ရယ်မောလိုက်တယ်…

{မပိုင်ဆိုင်လိုက်ရတဲ့အရာဟာ အမြဲကို လှပနေသလိုဘဲ…}
ဒါပေမဲ့…
ရရှိလိုက်ပြီဆိုရင်ကော် ရောင့်ရဲတင်းတိမ်ကြပြီလား…
လက်ထဲက အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ…
မျက်စိရှေ့ကလူကို တန်ဖိုးထားတတ်ကြပါစေဗျာ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥

Wanna find out more? Follow me https://www.facebook.com/aungyunaing

Shared from HZ Zane (FB)

မေတ္တာ



ကျောင်းဆင်းပြီ....ဆိုတာနဲ့ စိတ်က အိမ်ကို အပြေးရောက်သည်...
...ရုပ်ရှင်လေးကြည့်ဇိမ်ခံမယ်ဆိုတဲ့ အတွေးနဲ့ အိမ်အပြန်...

အေးဆက်နေတဲ့ နှင်းတွေကြားက လမ်းမပေါ်မှာ အမေအို တယောက်...
လက်ထဲက ဘက်စ်ကားလက်မှတ်ဖြစ်ဟန်တူတဲ့ စာရွက်လေးတွေကို ကြည့်ရင်း တုန်ချိချိနဲ့ လမ်းလျှောက်နေတာတွေ့ လိုက်တော့...ကျမစိတ်ထဲမှာ မကောင်းဖြစ်သွားမိတယ်...

ကျမ ကားထဲမှာ အပူဆက်လေးနဲ့ ...ကျောင်းကနေ အိမ်ကို ရောက်ဖို့ ၁၅ မိနစ်လောက် ဇိမ်ခံပြန်ရတာတောင်...အိမ်ကို ရောက်ချင်စိတ်က တားမရတာ....
အဖွားအိုက အေးဆက်နေတဲ့နှင်းတော ထဲမှာ သူသွားနေတဲ့ခရီးကို ဘယ်လို အင်အားမျိုးနဲ့ သွားနေလဲဆိုတာ မေးစရာတောင် မလိုတော့ပါ့ဘူး....

အဖွားအို ကိုသနားတဲ့စိတ်နဲ့ ...အတွေးနဲ့ ကျော်လွန်လာတဲ့ ကားကို ချက်ချင်း နောက်ပြန်လှည့်လိုက်မိတယ်....

လူမျိုးခြင်းမတူတော့...အဖွားအိုနားလည်နိုင်မယ့် အင်္ဂလိပ်စကားနဲ့ ကျမမေးလိုက်တယ်....

ကျမ.....အဖွားအပြင်မှာအေးလိုက်တာ...ဘယ်သွားမလို့ လဲ

အဖွားအို.....ဈေးသွားဝယ်မလို့ ပါ...

ကျမ.....ကျမလိုက်ပို့ ပေးမယ်လေ...ဘယ်ကိုသွားမှာလည်း

အဖွားအို....(လိပ်စာ) အဲ့ကိုသွားရမှာ...နည်းနည်းဝေးတယ်

ကျမ.....အဖွားက ဘာလို့ ဘက်စ်ကားစီးမသွားတာလဲ

အဖွားအို.....အဖွားအခုသွားမယ့်နေရာက ဘက်စ်ကားမရောက်လို့ လေ...

တုန်ချိချိနဲ့ အဖွားအိုကိုကြည့်ပြီးကျမ သနားသွားတယ်...

ကျမ.....ဒါဆို လိပ်စာပြောပြပါလား...ကျမလိုက်ပို့ ပေးမယ်လေ

ဝင်းလက်သွားတဲ့ အဖွားအို မျက်လုံးများက တဆင့် သူမအပျော်တွေကို ကျမတွေ့ လိုက်ရပါတယ်...ချက်ချင်း ၀မ်းသာအားရနဲ့ ကားတံခါးလေးကိုဖွင့်လိုက်တော့ ...ကူညီခွင့်ရပြီဆိုတဲ့ အသိစိတ်နဲ့ ကျမလည်းအရမ်းပျော်သွားခဲ့မိတယ်.....

ကားထဲရောက်တာနဲ့ ကျမလည်းသူပြောတဲ့နေရာကို မောင်းလာခဲ့ပါတယ်...ကားခါးပါတ်ပါတ်ဖို့ ခါးပါတ်ကို ကျမယူလိုက်တော့...ရုတ်တရက် အဖွားအိုက ကျမလက်ကို ဖမ်းဆုပ်ထားပြီး....

".ကျေးဇူးတင်လိုက်တာသမီးရယ် ...အဖွား ဒီလိုပဲနှင်းတွေကြားထဲမှာ စားစရာမရှိတော့ရင်...ဈေးဝယ်လာရတယ်....ဒါပေမယ့် ဘယ်သူမှ အဖွားကို အခုလို မကူညီခဲ့ဖူးဘူး.....သမီးက စိတ်ကောင်းရှိလိုက်တာ..." လို့ အဖွားအိုက ပြောလာတော့ ကျမစိတ်ထဲ ပီတိဖြစ်ခဲ့ရတယ်....။

ကျမ.....ကျမလည်း အခုလို ကူညီခွင့်ရတာကိုပဲ ၀မ်းသာလှပါပြီ... ဒါနဲ့ အဖွား အိမ်ကသူတွေ မအားလို့ လား....

အဖွား.....။ မဟုတ်ပါဘူး....အဖွားက ဘိုးဘွားရိပ်သာမှာနေတာ...တယောက်တည်းလေ

သြော်.........။ အဖွားအသက်ကရော

အဖွားအို........။ ၇၂ နှစ်ရှိပြီ ...နေလို့ လဲမကောင်းတော့ပါဘူး....အမေရိကားရောက်တာ အနှစ် ၅၀ ရှိပြီ...ရောက်တယ်ဆိုထဲက အလုပ်လုပ်ပေမယ်....ရရစားစားပဲ...ဘာမှမကျန်ဘူး...။ အခုက ဘိုးဘွားရိပ်သာမှာနေတယ်လေ...သူတို့ က အစားအသောက်စားဖို့ တလကို ၆၀....၇၀ (ဒေါ်လာ) လောက်တော့ပေးတယ်....အဖွားက အသားမစားဘူး...အဲ့ဒါကြောင့် ငါးနဲ့ သစ်သီးတွေပဲလာလာဝယ်စားတယ်လေ.....။

ကျမ.....။ ဟုတ်ကဲ့....ဒါဆို အပြန်လည်း အဖွားလမ်းလျှောက် ပြန်ရမှာပေါ့...ကျမပြန်လိုက်ပို့ ပေးမယ်လေ....။

အဖွားအို......။ ခလေးမ တကယ်ပြောတာလား...အဖွားကို ဘာလို့ ကူညီတာလဲ...အဖွားမှာ ခလေးမကို ပေးဖို့ ဆီဖိုး မရှိဘူးလေ.....။

ကျမ.....။ ကျမ အအေးထဲမှာ လမ်းလျှောက်ရတာကို မကြိုက်ဘူး...ကျမလို လူငယ်တယောက်ကတောင် အအေးထဲမှာ လမ်းလျှောက်ရတာ ပင်ပန်းတာ...အဖွား အခုလိုဈေးဝယ်ပြီးပြန်တော့ အထုပ်အပိုးတွေနဲ့ ဒုက္ခရောက်မှာပေါ့....အဲ့ဒါကြောင့် ကျမလိုက်ပို့ ပေးချင်တာပါ....။

အဖွားအို......။ အော်....ကျေးဇူးတင်လိုက်တာ သမီးရယ်....

ဈေးဆိုင်ကိုရောက်တော့...ကျမ စောင့်နေရမှာကို အားနာတယ်ထင်ပါရဲ့ ....အဖွားအိုက ဆိုင်ထဲကို သုတ်သုတ်လေး သွားရှာတဲ့ အဖွားအိုကို ကြည့် ပြီး ဂရုနာစိတ်နဲ့ ပြုံးနေမိတယ်...။
အဖွားအို က ပြန်လာတော့ ကျမကို သူဝယ်လာတဲ့ သစ်သီးလေးတွေထဲက တချို့ ကိုလာပေးရှာတယ်...။

ကျမ.....။ ရပါတယ် အဖွားရဲ့ ကျမအခုပဲ စားခဲ့ပြီးပြီ ...အဖွားစားဖို့ ပဲသိမ်းထားပါ...။

အဖွားအို....။ အဲ့လိုတော့ မလုပ်ပါနဲ့ သမီးမယူရင် အဖွားက စိတ်ကောင်းမှာမဟုတ်ဘူး...။ သမီးကို အဖွားကျေးဇူးတင်လို့ ပါ....

ကျမ.....။ ဟုတ်ကဲ့အဖွား...ဒါဆိုလည်း ကျမယူထားလိုက်ပါ့မယ်....

အဖွားအိုနေတဲ့နေရာရောက်တော့ ကျမလည်း အဖွားကို လက်ထဲမှာ ရှိတဲ့ ဒေါ်လာ ၂၀ တန်လေး ထုတ်ပေးလိုက်မိတယ်....။

"အဖွားစားချင်တာလေးရှိရင် ၀ယ်စားရအောင်ပါ.....။

အဖွားအို....။ မဟုတ်တာသမီးရယ်....လိုက်လဲပို့ ပေးတယ်...ပိုက်ဆံလည်းပေးနေတယ်ဆိုတော့ အဖွားလက်မခံပါရစေနဲ့ ....

ကျမ....။ ရပါတယ် အဖွားရယ်....ကျမ တက်နိုင်သလောက်လေး ကူညီတာပါ...လက်ခံပေးပါနော်...

အဖွားအို.......။ ကျေးဇူးတင်လိုက်တာ သမီးရယ်...တကယ်တန်းကျ ...သူတို့ ထားတဲ့နေရာမှာနေ...သူတို့ ကအစားအသောက်ပေးပေမယ့်....လက်ထဲမှာတော့ ပိုက်ဆံ ကိုမသုံးရဘူးလေ...

အဖွားအိုက ကျမပေးတဲ့ ၂၀ တန်လေးကို ယူပြီး ရုတ်တရက် မျက်ရည်လေးတွေ ၀ဲကျလာပါတော့တယ်....

အဖွားအို....။ သမီး အဖွားနေတဲ့အခန်းလေးကို လိုက်ကြည့်ပါလား....အဖွား ဘယ်သူကိုမှ အလည် မခေါ်ဖူးဘူး....သမီးကို ချစ်လို့ ခေါ်တာပါ....

လက်ထဲက အထုပ်တွေကို ဆွဲရင်း ကျမ ကားတံခါးနားကနေ အတင်းခေါ်နေရှာတဲ့ အဖွားအို ကိုကြည့်ပြီး ကျမလည်း သနားစိတ်နဲ့ လိုက်သွားကြည့်မယ်လေ...ဆိုပြိး ကားပေါ်ကဆင်းခဲ့ပါတော့တယ်...။

လမ်းမှာ အဖွားအို က ကျမလက်မောင်းကို အသာတကြည်ဆွဲပြီး...မျက်ရည်လေး လည်လည်နဲ့ သူ့ အကြောင်းတွေ ပြောပြရှာတယ်....။

အဖွားအို....။ အဖွား မှာ မိဘတွေဆုံးပီးထဲက ညီအမ ၂ ယောက်ပဲ ကျန်ခဲ့တာ....အဖွား ညီမလေးက ကိုရီးယား စစ်တွင်းကာလထဲက ပျောက်သွားတာ...သေလား ရှင်လားတောင် မသိရတော့ဘူး...အဖွား အသက် ၂၂ မှာ အမေရိကားကိုရောက်လာတယ်...ဒီက သူနဲ့ ပဲ အိမ်ထောင်ကျ တယ်...သူလည်း ဆုံးတာ ၂၅ နှစ်ကျော်သွားခဲ့ပါပြီ...သားသမီးတွေကလည်း အိမ်ထောင် ကျကုန်ပြီ...တချို့ က တခြားပြည်နယ်မှာနေကျတယ်...အဖွားဆီကို ၆ လတခါ တနှစ်တခါမှလာလည်ကြတယ်လေ....။

သြော်...ဟုတ်ကဲ့

အဖွားနဲ့ ပါတ်သတ်ပြီး ကျမ စိတ်ထဲမေးခွန်းတွေ အများကြီးရှိပေမယ့်...အဖွားစိတ်မကောင်းထပ်ဖြစ်နေမှာဆိုးတာနဲ့ မမေးတော့ပါဘူးလို့ ဆုံးဖြတ်ခဲ့တယ်...မျက်ရည်လေး လည်လည်နဲ့ ပြောနေရှာတဲ့ အဖွားအို စကားတွေကို နားထောင်ပြီး ကျမပင့်သက်မောအရှည်ကြီးကို ချခဲ့မိပါတော့တယ်....။

အဖွားအိုနေတဲ့အခန်းကျဉ်းလေးကိုရောက်တော့ အဖွားက သူ့ အခန်းလေးကို လိုက်ပြပြီး...သူဘယ်လို စားတယ်သောက်တယ်ဆိုတာတွေကိုပြောပြတယ်....။ ပြီးတော့ ကျမကို သူ့ အခန်းဆီကို မကြာခနလည်စေချင်ကြောင်းကိုလည်း ထပ်ခါထပ်ခါ ပြောရှာတယ်....။ အနည်း ငယ်ကြာတော့ ကျမလည်း အဖွားကို နှုတ်ဆက်ပြီး ပြန်မယ် ပြင်ပြီးလှည့်ထွက်ခဲ့ပါတော့တယ်....။

ကျောခိုင်းလိုက်တဲ့ ကျမလက်ကို ရုတ်တရက် အဖွားကို ကလှမ်းဆွဲပြီး ကျမကို ဖက်ထားလိုက်တယ်..။ ကျမလည်း အံ့အားသင့်ပြီး ဘာမှပြန်မပြောနိုင်ခင်မှာပဲ အဖွားအို က သူးပါး တဖက်ကို ကျမ ပါးတဖက်မှာ ကပ်ပြီး နှုတ်ဆက်ရင်း " အဖွားဆီလာလည်ပါ သမီးရယ်..." လို့  ကျမအပေါ်ထားတဲ့ သံယောဇဉ်တွေပါတဲ့ အဖွားအို စကားကိုကြားလိုက်ရတော့ ကျမ ရင်ထဲဆို့ နစ်ခဲ့ရပါတော့တယ်....။

"အင်းပါ အဖွားရယ်...သမီးအားတဲ့အခါ မကြာမကြာလာလည်ပါ့မယ်...ကိုယ့်ကိုကိုယ် ဂရုစိုက်နော်......"

ပြောရင်းလေးပင်တဲ့ ခြေလှမ်းတွေနဲ့ လှည့်ထွက်လာခဲ့ပါတော့တယ်....လူမျိုးမတူ ဘာသာမတူတဲ့ သူတယောက်ဖြစ်ပေမယ့်...အသက်အရွယ်ကြီးနေတဲ့ အဖွားအို တယောက်ကို ကူညီခွင့်ရခဲ့သလို အဖွားအိုဆီက မေတ္တာတရားကို လည်း ပြန်ရခဲ့တဲ့ အတွက် ကျမ ၀မ်းသာ ပိတီဖြစ်ခဲ့ရပါတယ်.....ကျမရဲ့  အိမ်အပြန်လမ်းက တော့ အဖွားအိုအပေါ် စိုးရိမ်တဲ့စိတ်တွေနဲ့ အတူ... ဖော်ပြလို့ မဆုံးနိုင်တဲ့ သံယောဇဉ် အမျှဉ် တန်းတွေနဲ့ ပေါ့........။

(၁၉ ရက်. ၂ လ. ၂၀၁၃)
ဖြစ်ရပ်မှန်ကို ခံစားပြီး စားလေးတပုဒ်ရေးခဲ့မိခြင်းပါ......

ဘယ်နေရာပဲရောက်ရောf...
မြန်မာ ပြည်ဟာ ဘယ်မှာလည်း...မြန်မာလူမျိုးဆိုတာ ဘာလဲ....ဘယ်သူတွေပဲသိသိမသိသိ....
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်ဖြစ်ရတာကို ကျမဂုဏ်ယူတယ်....

လူမျိုးဘာသာမခြားဘူး...အားငယ်တဲ့သူကို အားပေးတာ...
ကူညီရိုးပင်းတက်တဲ့ စိတ်က ကျမတို့ မြန်မာလူမျိုးတွေရဲ့ အသွေးထဲ အသားထဲမှာ ပါပြီးသားပဲဆိုတာ ကျမ ယုံကြည်တယ်....

အဲ့ဒီအတွက်....
ဘယ်သူတွေပဲ အသိမှတ်ပြုပြု မပြုပြု...
မြန်မာ လူမျိုးတယောက်ဖြစ်ရတာ ကျမကျေနပ်တယ်.....

Shared from Aye Nyein (FB)

Monday, February 25, 2013

သိထားသင့်တဲ့ Keyboard Shortcut များ

Keyboard Shorcuts (Microsoft Windows)
----------------------------------------------------------------
1. CTRL+C (Copy)
2. CTRL+X (Cut)
3. CTRL+V (Paste)
4. CTRL+Z (Undo)
5. DELETE (Delete)
6. SHIFT+DELETE (Delete the selected item permanently without placing the item in the Recycle Bin)
7. CTRL while dragging an item (Copy the selected item)
8. CTRL+SHIFT while dragging an item (Create a shortcut to the selected item)
9. F2 key (Rename the selected item)
10. CTRL+RIGHT ARROW (Move the insertion point to the beginning of the next word)
11. CTRL+LEFT ARROW (Move the insertion point to the beginning of the previous word)
12. CTRL+DOWN ARROW (Move the insertion point to the beginning of the next paragraph)
13. CTRL+UP ARROW (Move the insertion point to the beginning of the previous paragraph)
14. CTRL+SHIFT with any of the arrow keys (Highlight a block of text)
SHIFT with any of the arrow keys (Select more than one item in a window or on the desktop, or select text in a document)
15. CTRL+A (Select all)
16. F3 key (Search for a file or a folder)
17. ALT+ENTER (View the properties for the selected item)
18. ALT+F4 (Close the active item, or quit the active program)
19. ALT+ENTER (Display the properties of the selected object)
20. ALT+SPACEBAR (Open the shortcut menu for the active window)
21. CTRL+F4 (Close the active document in programs that enable you to have multiple documents opensimultaneou sly)
22. ALT+TAB (Switch between the open items)
23. ALT+ESC (Cycle through items in the order that they had been opened)
24. F6 key (Cycle through the screen elements in a window or on the desktop)
25. F4 key (Display the Address bar list in My Computer or Windows Explorer)
26. SHIFT+F10 (Display the shortcut menu for the selected item)
27. ALT+SPACEBAR (Display the System menu for the active window)
28. CTRL+ESC (Display the Start menu)
29. ALT+Underlined letter in a menu name (Display the corresponding menu) Underlined letter in a command name on an open menu (Perform the corresponding command)
30. F10 key (Activate the menu bar in the active program)
31. RIGHT ARROW (Open the next menu to the right, or open a submenu)
32. LEFT ARROW (Open the next menu to the left, or close a submenu)
33. F5 key (Update the active window)
34. BACKSPACE (View the folder onelevel up in My Computer or Windows Explorer)
35. ESC (Cancel the current task)
36. SHIFT when you insert a CD-ROMinto the CD-ROM drive (Prevent the CD-ROM from automatically playing)
----------------------------------------------------------------
Dialog Box - Keyboard Shortcuts
----------------------------------------------------------------
1. CTRL+TAB (Move forward through the tabs)
2. CTRL+SHIFT+TAB (Move backward through the tabs)
3. TAB (Move forward through the options)
4. SHIFT+TAB (Move backward through the options)
5. ALT+Underlined letter (Perform the corresponding command or select the corresponding option)
6. ENTER (Perform the command for the active option or button)
7. SPACEBAR (Select or clear the check box if the active option is a check box)
8. Arrow keys (Select a button if the active option is a group of option buttons)
9. F1 key (Display Help)
10. F4 key (Display the items in the active list)
11. BACKSPACE (Open a folder one level up if a folder is selected in the Save As or Open dialog box)
----------------------------------------------------------------
Microsoft Natural Keyboard Shortcuts
----------------------------------------------------------------
1. Windows Logo (Display or hide the Start menu)
2. Windows Logo+BREAK (Display the System Properties dialog box)
3. Windows Logo+D (Display the desktop)
4. Windows Logo+M (Minimize all of the windows)
5. Windows Logo+SHIFT+M (Restorethe minimized windows)
6. Windows Logo+E (Open My Computer)
7. Windows Logo+F (Search for a file or a folder)
8. CTRL+Windows Logo+F (Search for computers)
9. Windows Logo+F1 (Display Windows Help)
10. Windows Logo+ L (Lock the keyboard)
11. Windows Logo+R (Open the Run dialog box)
12. Windows Logo+U (Open Utility Manager)
13. Accessibility Keyboard Shortcuts
14. Right SHIFT for eight seconds (Switch FilterKeys either on or off)
15. Left ALT+left SHIFT+PRINT SCREEN (Switch High Contrast either on or off)
16. Left ALT+left SHIFT+NUM LOCK (Switch the MouseKeys either on or off)
17. SHIFT five times (Switch the StickyKeys either on or off)
18. NUM LOCK for five seconds (Switch the ToggleKeys either on or off)
19. Windows Logo +U (Open Utility Manager)
20. Windows Explorer Keyboard Shortcuts
21. END (Display the bottom of the active window)
22. HOME (Display the top of the active window)
23. NUM LOCK+Asterisk sign (*) (Display all of the subfolders that are under the selected folder)
24. NUM LOCK+Plus sign (+) (Display the contents of the selected folder)
25. NUM LOCK+Minus sign (-) (Collapse the selected folder)
26. LEFT ARROW (Collapse the current selection if it is expanded, or select the parent folder)
27. RIGHT ARROW (Display the current selection if it is collapsed, or select the first subfolder)
----------------------------------------------------------------
Shortcut Keys for Character Map
----------------------------------------------------------------
After you double-click a character on the grid of characters, you can move through the grid by using the keyboard shortcuts:
1. RIGHT ARROW (Move to the rightor to the beginning of the next line)
2. LEFT ARROW (Move to the left orto the end of the previous line)
3. UP ARROW (Move up one row)
4. DOWN ARROW (Move down one row)
5. PAGE UP (Move up one screen at a time)
6. PAGE DOWN (Move down one screen at a time)
7. HOME (Move to the beginning of the line)
8. END (Move to the end of the line)
9. CTRL+HOME (Move to the first character)
10. CTRL+END (Move to the last character)
11. SPACEBAR (Switch between Enlarged and Normal mode when a character is selected)
----------------------------------------------------------------
Microsoft Management Console (MMC)
Main Window Keyboard Shortcuts
----------------------------------------------------------------
1. CTRL+O (Open a saved console)
2. CTRL+N (Open a new console)
3. CTRL+S (Save the open console)
4. CTRL+M (Add or remove a console item)
5. CTRL+W (Open a new window)
6. F5 key (Update the content of all console windows)
7. ALT+SPACEBAR (Display the MMC window menu)
8. ALT+F4 (Close the console)
9. ALT+A (Display the Action menu)
10. ALT+V (Display the View menu)
11. ALT+F (Display the File menu)
12. ALT+O (Display the Favorites menu)
----------------------------------------------------------------
MMC Console Window Keyboard Shortcuts
----------------------------------------------------------------
1. CTRL+P (Print the current page or active pane)
2. ALT+Minus sign (-) (Display the window menu for the active console window)
3. SHIFT+F10 (Display the Action shortcut menu for the selected item)
4. F1 key (Open the Help topic, if any, for the selected item)
5. F5 key (Update the content of all console windows)
6. CTRL+F10 (Maximize the active console window)
7. CTRL+F5 (Restore the active console window)
8. ALT+ENTER (Display the Properties dialog box, if any, for theselected item)
9. F2 key (Rename the selected item)
10. CTRL+F4 (Close the active console window. When a console has only one console window, this shortcut closes the console)
----------------------------------------------------------------
Remote Desktop Connection Navigation
----------------------------------------------------------------
1. CTRL+ALT+END (Open the Microsoft Windows NT Security dialog box)
2. ALT+PAGE UP (Switch between programs from left to right)
3. ALT+PAGE DOWN (Switch between programs from right to left)
4. ALT+INSERT (Cycle through the programs in most recently used order)
5. ALT+HOME (Display the Start menu)
6. CTRL+ALT+BREAK (Switch the client computer between a window and a full screen)
7. ALT+DELETE (Display the Windows menu)
8. CTRL+ALT+Minus sign (-) (Place a snapshot of the active window in the client on the Terminal server clipboard and provide the same functionality as pressing PRINT SCREEN on a local computer.)
9. CTRL+ALT+Plus sign (+) (Place asnapshot of the entire client window area on the Terminal server clipboardand provide the same functionality aspressing ALT+PRINT SCREEN on a local computer.)
----------------------------------------------------------------
Microsoft Internet Explorer Keyboard Shortcuts
----------------------------------------------------------------
1. CTRL+B (Open the Organize Favorites dialog box)
2. CTRL+E (Open the Search bar)
3. CTRL+F (Start the Find utility)
4. CTRL+H (Open the History bar)
5. CTRL+I (Open the Favorites bar)
6. CTRL+L (Open the Open dialog box)
7. CTRL+N (Start another instance of the browser with the same Web address)
8. CTRL+O (Open the Open dialog box,the same as CTRL+L)
9. CTRL+P (Open the Print dialog box)
10. CTRL+R (Update the current Web )

https://www.facebook.com/hnaingyintnwayမှကူးယူဖော်ပြပါသည်။

----------------------------------------------------------------
Source: General knowledge

Shared from Ma Sai Mon (FB)

"သူငယ်ချင်းဆိုတာ..."


သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလိုဖွင့်ပြထားပါတယ်။

" သုခဒုက္ခံ သဟ အာယန္တိ ဥပဂစ္ဆ န္တိတိ သဟာယကော၊"
အဓိပ္ပါယ်ကတော့ ချမ်းသာဆင်းရဲကို အတူတကွ ခံစား
တတ်သောကြောင့် သူငယ်ချင်းပါတဲ့၊
သူငယ်ချင်းရဲ့ ပါဠိက "သဟာယ" ပါ။

မကြာသေးခင်က မိမိတို့ရဲ့ ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန်နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က
တရားဝင်ဖို့၊ တစ်ယောက်ကတော့ အဖော်အာမခံအဖြစ်
လိုက်လာတာပါ။

အဖော်အာမခံ အဖြစ်လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်
နဲ့ ဆက်စပ်နေသလို တရားရိပ်သာဝင်မယ့် ဆရာဝန် ကလည်း
"ဆရာတော် အရှင်ဆန္ဒာဓိက"နဲ့ ဆက်စပ်နေပြန်ပါတယ်။
ဒီတော့ မိမိကလည်း ထိုက်သင့် သလောက် ကူညီရုံပေါ့။ ကူညီတယ်ဆိုပေမယ့် ထူးပြီးမကူညီပါဘူး။
နှုတ်အားဖြင့် ပြောပြရုံပါ။

မိမိစိတ်ဝင်စားတာက အဖော်အဖြစ်လိုက်လာတဲ့သူငယ်ချင်း
ဆရာဝန်ကိုပါ။ အဲဒီဆရာဝန်က ရောက်တဲ့နေ့မှာ သူ့သူငယ်ချင်းဆရာဝန်အတွက် ကိုယ်တိုင်အိပ်ရာခင်းပေး ကိုယ်တိုင်ခြင်ထောင် ထောင်ပေး ပါလာတဲ့ပစ္စည်းတွေကို သင့်တော်သလိုထားပေးရင်း သူ့သူငယ်ချင်းကို အားပေး
စကားတွေ တွင်တွင်ပြောနေပြန်ပါတယ်။

ပြန်ခါနီးတော့ မိမိကိုလည်း သူ့သူငယ်ချင်းက တစ်ခါမှ
တရားစခန်း မ၀င်ဖူး သေးလို့ ဂရုစိုက်ဖို့မှာနေပြန်ပါတယ်။
တရားဝင်နေတဲ့ အခြားရက်တွေမှာလည်း မကြာခဏလာပြီး
လိုအပ်တာတွေ လုပ်ပေးလေ့ ရှိပါတယ်။ သူ့ရည်းစားတောင်
ဒီလောက် ဂရုစိုက်ပါ့မလားလို့ ကြံကြံ ဖန်ဖန်တွေးလိုက်မိ
ပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ ကံသုံးပါးအမူအရာလေးတွေဟာ
မြင်နေရသူ မိမိအတွက်တော့ သူငယ်ချင်း ဆိုတဲ့ အဓိပ္ပါယ်ကို
ဖွင့်ပြနေသလို ခံစားရပါတယ်။ စိတ်ထဲမှာလဲ အဖော်အဖြစ်လိုက်ပို့တဲ့ ဆရာဝန်ကို တော်တော်လေး ကြည်ညိုသွားမိပါတယ်။
ဟုတ်တယ်လေ။ တရားအားမထုတ်ဖူးသေးတဲ့ သူငယ်ချင်းကို ရိပ်သာရောက်အောင် ပို့ပေးနိုင်တာဟာ နည်းတဲ့သံယောဇဉ် နည်းတဲ့အသိဉာဏ်မှ ဟုတ်တာ။ သူငယ်ချင်း ဆိုတာ ဒါမျိုးမှ တခြားပစ္စည်းတွေနဲ့ ချီးမြှောက်တာထက် "ဓမ္မ"နဲ့ ချီးမြှောက်တာဟာ အကောင်းဆုံး ချီးမြှောက်မှုပါ။

အဲဒီ ဆရာဝန်သူငယ်ချင်းနှစ်ယောက်ရဲ့ ကံသုံးပါး အမူအရာလေးတွေကြည့်ပြီး ကြည်ညို ဖြစ်ရင်း
အခုပြောပြမယ့် ၀ထ္ထုလေးက အတွေးထဲပေါ်လာတာပါ။

ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်တာတော့မဟုတ်ပါဘူး၊
နှိုင်းယှဉ်ရအောင် ပုံသဏ္ဌာန်ချင်းလဲ မတူပါဘူး။
ဒါပေမယ့် ဖြစ်စဉ်နှစ်ခုလုံးက သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို
ဖွင့်ပြနေလို့ပါ။

♦ ကဿပဘုရားရှင်လက်ထက်တော်က "ဃဋိကာရ"
လို့ အမည်ရတဲ့ အိုးထိန်းသည် တစ်ယောက် ရှိခဲ့ဖူးပါတယ်။
ဃဋိကာရရဲ့ အချစ်ဆုံးသူငယ်ချင်းက" ဇောတိပါလ"ပါ။
ဃဋိကာရက ဇာတ်နိမ့်အမျိုး၊
ဇောတိပါလက ဇာတ်မြင့်အမျိုး၊
ဒါပေမယ့် သူတို့နှစ်ယောက် အတော်ချစ်ကြတယ်လို့ ဆိုပါတယ်။

♦ တစ်နေ့တော့ ဃဋိကာရက ဇောတိပါလကို ကဿပဘုရားရှင်ကို သွားဖူးဖို့ခေါ်ပါတယ်။ ဒီတော့ ဇောတိပါလက ဘယ်လိုပြန်ပြောသလဲ
ဆိုတော့ " ဦးပြည်းရဟန်းယုတ်ကို ဖူးလို့ ဘာအကျိုးရှိမှာလဲ " လို့ ပြန်ပြောပါတယ်။

♦ ဇောတိပါလရဲ့ စကားသံထဲမှာ ဇာတ်မြင့်ဆိုတဲ့မာနသံက အထင်းသားပေါ်နေပါတယ်။ ဃဋကာရက သုံးကြိမ်သုံးခါ
ခေါ်ပါတယ်။ ဇောတိပါလက သုံးကြိမ်သုံးခါ ငြင်းပါတယ်။

♦ ဇောတိပါလရဲ့ ငြင်းသံအဆုံးမှာ ဃဋိကာရက ရေချိုးဖို့
မြစ်ဆိပ်ကို ခေါ်ပြန်ပါတယ်။ ဒီအခါမှာတော့ ဇောတိပါလ
မငြင်းပါဘူး။ ဃဋိကာရနောက်ကို ဖြောင့်ဖြောင့်တန်းတန်း
လိုက်ခဲ့ပါတယ်။

♦ တကယ်တော့ ဃဋိကာရက ဇောတိပါလကို ပရိယာယ်နဲ့ 
့ခေါ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာဘုရားကျောင်းတော်နဲ့နီးလို့ပါ။
ဃဋိကာရက မြစ်ဆိပ်ရောက်တော့ ဘုရားရှင်ဆီသွားဖူးဖို့
ထပ်ခေါ် ပြန်ပါတယ်။ ဒါပေမယ့် ဇောတိပါလက ငြင်းမြဲပါပဲ။

♦ ဒီတော့ ဃဋိကာရက ဇောတိပါလရဲ့ ခါးပုံစကိုကိုင်ပြီး တောင်းတောင်းပန်ပန်နဲ့ ခေါ်ပြန်ပါတယ်။ ဇောတိပါလကတော့ ရှေးနည်းအတိုင်း ငြင်းမြဲပါပဲ။

♦ နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲဆိုတော့
ဇောတိပလရဲ့ ဆံပင်ကိုကိုင်တဲ့ပြီး မြတ်စွာဘုရားဆီ လိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့ ဇောတိပါလလည်း တော်တော်လေး ထိတ်လန့်တုန်လှုပ်သွားပါတယ်။

♦ ဇောတိပါလက ဇာတ်မြင့်၊ ဃဋိကာရက ဇာတ်နိမ့်။
ဇာတ်နိမ့်သူက ဇာတ်မြင့်သူရဲ့ ဆံပင်ကို ကိုင်ခဲ့ရင်
သူတို့ခေတ်ဥပဒေအရ သေဒဏ်ပါ။ ဒီတော့ ဇောတိပါလက
ဘယ်လို စဉ်းစားသလဲဆိုတော့
" သူငယ်ချင်း ဃဋိကာရဟာ သေဒဏ်ကိုမမှုဘဲ ငါရဲ့ဆံပင်ကို ကိုင်ပြီး သူ့ဆရာ ဘုရားရှင်ဆီ လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီအပြုအမူ
ဟာ ငါ့အပေါ်အတော်ချစ်လို့ဖြစ်မယ်၊ ပြီးတော့ တစ်စုံ တစ်ခုသော
အကျိုးကို လိုလားလို့ဖြစ်မယ်ထင်တယ်။ ဘာပဲပြောပြော
သူ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ လိုက်သွားမှာပဲ " လို့ စဉ်းစားပါသတဲ့။

♦ ပြီးတော့ " သူငယ်ချင်း ဃဋိကာရ… ဆံပင်ကိုင်တဲ့ အထိ
တောင် သင့်ဆရာကို ဖူးမြင်စေလိုသလား " လို့ ပြန်မေးလိုက်
ပါတယ်။ ဃဋိကာရလည်း " ဟုတ်ပါတယ်သူငယ်ချင်းရယ်"
လို့ပြောပြီး ဇောတိပါလကို ဘုရားရှင်ဆီ ပို့ပေးဖို့ စီစဉ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာက ဇောတိပါလရဲ့ အတွေးပါ။ သူငယ်ချင်းဆိုတဲ့အသိကို မေ့ပြီး ဇာတ်နိမ့် ဇာတ်မြင့်ဥပဒေဆီ
ကိုသာ တွေးလိုက်ရင် ပွဲကတစ်မျိုး တစ်မည်ပြောင်းပြီး အကျည်းတန်သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့တစ်တွေဟာ တကယ့်သူငယ်ချင်းတွေဖြစ်နေတာကြောင့် ပွဲက အကျည်းတန်
မသွားဘဲ အလှပဆုံးပွဲလေးတစ်ပွဲ ဖြစ်သွားတာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဇောတိပါလက မြတ်စွာဘုရားဆီ
ရောက်သွားခဲ့လို့ပါ။

♦ပြီးတော့ ပိုပြီးအံ့သြဖို့ကောင်းတာက ဇာတ်ပေါင်းခန်း
ကြည့်လိုက်တော့ မြတ်စွာဘုရားဆီသွားဖို့ အကြောက်အကန်
ငြင်းနေခဲ့တဲ့ ဇောတိပါလဟာ တခြားသူဟုတ်ရိုးလား၊ မိမိတို့ရဲ့
" ဂေါတမဘုရားအလောင်း" ဖြစ်လို့နေတာပါပဲ။

ဘာပဲပြောပြော ကိုယ်ချစ်တဲ့သူငယ်ချင်းတစ်ယောက်ယောက် ဂမ္ဘီရယောင်ယောင်၊ ဓာတ်ယောင် ယောင်၊ နတ်ယောင်ယောင်
တောလိုလို တောင်လိုလို ဆရာဆီရောက်ပြီး ဘာသာရေး
လမ်းကြောင်း ချော်နေလို့ တည့်မတ်ပေးရတဲ့အရေး အင်တင်တင်လုပ်နေခဲ့ရင်တော့ "ဃဋိကာရ"
ထုံးနှလုံးမူပြီး နားရင်း အုပ်သင့်ရင် အုပ်ပစ်လိုက်ဖို့ပါပဲလေ။

[အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)]

ကျမ်းကိုး
မဇ္ဈိမပဏ္ဏာသပါဠိတော်- ဃဋိကာရသုတ်
အင်တာဗျုးဂျာနယ်
25-12-2002
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၆) (ဆရာတော်ဦးဇောတိက)…

သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့်ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။
ကိလေသာ အကြောက်ဆုံးအရာက အနတ္တဥာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။ အေးအေးဆေးဆေးကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။ ဒါကြောင့် ပယ်ဖို့ထက် သိဖို့ ပိုအရေးကြီးတယ်။

ကိုယ့်မှာ ကိလေသာ ကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊ အချိန်တန်တော့ သူ့ဟာသူပြပါ လိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။

ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန်များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်။


လောဘဟာ ကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မှုရှိလာအောင် တကယ်အသိဥာဏ်ရှိတဲ့ လူကြီးဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။

လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဥာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာကို အကြောက်ဆုံးပဲ။


ကိလေသာရဲ့သဘောက ငါနဲ့ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူသိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။


ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူအင်အားနဲပြီးတော့ နောက်ဆုတ် သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့ အသိဥာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဥာဏ်တွေ ပေးသွားတာပဲ။ ဒါကြောင့် စိတ်ဓါတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။


ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်လို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကို ၀င်မလာအောင် သတိ၊ သမာဓိ၊ ဥာဏ်ပညာကသာ ကာကွယ်နိုင်တာပါ၊ ပြင်ပက ရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။


သမထက စိတ်ကို တခြားအာရုံ မရောက်အောင် အတင်းချုပ်ထားတာ၊ ဖမ်းထားတာ၊ ထိန်းထားတာ၊ ထွက်မလာအောင် အပေါ်ကနေ ဖုံးထားတယ်။ ဖိထားတယ်။ ၀ိပဿနာက ဖုံးထား ဖိထားတာ မဟုတ်ဘူး။ ၀ိပဿနာဘာဝနာက စိတ်မှာဖြစ်တတ်တဲ့ ကိလေသာရဲ့ သဘာဝကို နက်နက်နဲနဲ သိသွားပြီးတော့ အသိဥာဏ်နဲ့ ပယ်လိုက်တာ၊ အတွင်းကနေ သူ့ရဲ့အကြောင်းရင်းကို ကုလိုက်သလိုပဲ။ ကိလေသာကို အရင်းအမြစ်ကနေပြီးတော့ တစ်ခါတည်း ပယ်နိုင်အောင် အားထုတ်တဲ့ ဘာဝနာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ နက်နဲတယ်။ ဥာဏ်အများကြီး ပါပါတယ်။

စိတ်ထဲမှာ လောဘဖြစ်တယ် ဆိုပါတော့၊ အဲဒီလောဘကို ဖိဖို့ ဖုံးထားဖို့ မကြိုးစားပဲနဲ့ အဲဒီလောဘရဲ့သဘာဝကို စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် သေသေချာချာ ကြည့်တာပဲ။ သေသေချာချာ ကြည့်ပါများရင် လောဘဖြစ်စရာ အာရုံတစ်ခုနဲ့ စိတ်နဲ့ တိုက်ဆိုင်မှုရှိတဲ့အခါ လောဘဖြစ်တယ်ဆိုတာကို ကိုယ်တိုင်မြင်ရတယ်။ ကိုယ်တိုင် သိရတယ်နော်။

အဲဒီလို ကြည့်တဲ့အခါမှာ အဲဒီလောဘဖြစ်တဲ့ စိတ်ကိုပဲ စိတ်ဝင်စားစရာ၊ အံ့သြစရာတစ်ခုအနေနဲ့ မြင်ရတယ်။ ငါ့စိတ်လည်း မဟုတ်တော့ဘူး။ စိတ်နဲ့အာရုံတစ်ခုနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဖျတ်ကနဲ ပေါ်လာတဲ့ စိတ်ကလေးတစ်ခုပဲ။ တော်တော်အံ့သြဖို့ကောင်းတယ်။ ငါ့စိတ်မဟုတ်တော့ဘူးဆိုရင်ကိုပဲ အနတ္တသဘော ဖြစ်သွားပြီနော်။ အနတ္တဥာဏ်နဲ့ မြင်နိုင်မှသာ အမြင်မှန်တစ်ခုကို ရပြီလို့ ပြောလို့ရတယ်။

လောဘကို ချက်ချင်း မပယ်နိုင်သေးဘူးနော်။ ဒီလိုနည်းနဲ့ တရားကို အားထုတ်သွားတဲ့အခါမှာ တဖြည်းဖြည်းနဲ့ စိတ်ထဲမှာ လောဘဖြစ်တဲ့အခါ သိတယ်။ ဒေါသဖြစ်တဲ့အခါ သိတယ်။ မာနဖြစ်တဲ့အခါ သိတယ်။ ဣဿာမစ္ဆရိယဖြစ်တဲ့ အခါ သိတယ်။ ဒီလိုသိရင်းသိရင်းနဲ့ ဒီလိုသိတဲ့ အသိဥာဏ်ဟာ ကြာလေကြီးလေ ဖြစ်လာတယ်။ လောဘ၊ ဒေါသ မာနတွေ ကတော့ ချက်ချင်း မပျောက်သေးဘူးနော်။ ဒါပေမယ့် သူတို့ကို သိတဲ့အသိဥာဏ်က ကြီးလာတယ်။


ဒါကြောင့် ဗုဒ္ဓဘာသာတရားမှာ ပယ်ဖို့ထက် သိဖို့က ပိုအရေးကြီးတယ် လို့ ပြောတာနော်။ အသိဥာဏ်ကြီးလာမှ အဲဒီအသိဥာဏ်က သူ့ဟာသူ ပယ်သင့်တဲ့ကိလေသာကို ပယ်တာပဲ။ ငါက ပယ်လိုက်တာ မဟုတ်ဘူး။ ဒါကြောင့် အတ္တနဲ့ ပယ်လို့ မရဘူး။ အနတ္တနဲ့မှပဲ ပယ်လို့ရတယ်။

အကြည့်ခံဖြစ်တဲ့ အာရုံကလည်း အနတ္တပဲ၊ ကြည့်နေတဲ့ စိတ်ကလည်း အနတ္တပဲ၊ နှစ်ခုစလုံး အနတ္တဖြစ်သွားတယ်။ အဲသလိုဖြစ်သွားရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရတာ ပိုလွယ်သွားတယ်။


အားလုံးဟာ အနတ္တပါလားလို့ တကယ်မြင်ရင် ဘာရှေ့ဆက်စရာရှိသေးလဲ၊ ဘာမှ ဆက်စရာ မရှိတော့ဘူး။ အဲဒီမှာ လမ်းဆုံးသွားပြီ။ အားလုံးကိုသာ အနတ္တလို့မြင်ရင်၊ အားလုံးကိုသာ အနိစ္စလို့မြင်ရင် ရှေ့ဆက်စရာ ဘာမှမရှိတော့ဘူး။ ဇာတ်လမ်းက အင်မတန်တိုတယ်။ ဇာတ်လမ်းတွေရှည်နေကြတာဟာ အတ္တကြောင့်ပါ။

ခံစားချက်တစ်ခုခု၊ ဥပမာ-လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ မနာလိုဝန်တိုစိတ်ဖြစ်ဖြစ်၊ ကြောက်စိတ်ဖြစ်ဖြစ်၊ အားငယ်စိတ်ဖြစ်ဖြစ် အဖြစ်များလို့ရှိရင် အဲဒီခံစားချက်က စိတ်ထဲမှာ နေရာအပြည့် ယူထားလိုက်တယ်။ နေရာမဖယ် တော့ဘူး။ တွေးသမျှ အတွေးတွေဟာ အဲဒီနား ပတ်ဝန်းကျင်မှာပဲ တွေးတော့တာပဲ။ ခံစားမှုတစ်ခုထဲမှာ ချောင်ပိတ်မိ နေတာဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိကြပါတယ်။

သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်လာတဲ့အခါမှာ ပစ္စုပ္ပန် တကယ်တည့်သွားတဲ့အချိန်မှာ အဲဒီချောင်ပိတ်မိနေတဲ့ စိတ်ဟာ မရှိတော့ဘူး။ ပစ္စုပ္ပန် တကယ်တည့်ပြီဆိုရင် ငါဆိုတာတောင် ပျောက်သလိုဖြစ်သွားတယ်။ သိတာပဲရှိတော့တယ်။ အဲဒီလို ငါဆိုတာပါ ပျောက်ပြီးတော့ သိတဲ့သဘောသက်သက် ဖြစ်လာတဲ့အချိန်မှာ စိတ်ကတည်ငြိမ်ပြီးတော့ အေးချမ်း နေတယ်။ လွတ်လပ်နေတယ်။ အဲဒီအချိန်မှာ အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး၊ ငါမရှိတော့တဲ့ သတိ၊ သမာဓိမျိုးကြုံဖူးရင် ထွက်လမ်းကို သိပြီး ချောင်ပိတ်မိရင် ခဏပဲ။ ဒီနည်းကို မသိရင် ကိုယ့်အတွေးက ကိုယ့်ကို နှိပ်စက်တာကို ကောင်းကောင်း ခံရမယ်။

သိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီလိုသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်ကပူနေတာလို့ ထင်တာ၊ ငါ၊ လက်၊ ပူ သုံးခုကို တွဲထားတာ။ နောင်သတိ အင်မတန်ကောင်းလာတဲ့အခါမှာ လုံးဝ အတွေးအတောမရှိ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး။ လက်လည်း မဟုတ်တော့ဘူး။ ပူတာပဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ် ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝတစ်ခုကိုပဲ သိနေရတော့တာ။

အဲသလို ငါလည်းမဟုတ်၊ လက်လည်းမဟုတ်ပဲ ပူတာကို သိတဲ့အချိန်မှာ ပရမတ်ကို သိတယ်။ ပညတ် မပါတော့ဘူး။ ငါပူတာ မဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာပဲ။ ရုပ်အပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။

အဲဒီလို ပစ္စုပ္ပန် တကယ်တည့်တဲ့အချိန်၊ ပညတ်မပါပဲနဲ့ ပရမတ်ကို တကယ်သိတဲ့အချိန်မှာ အမှန်ကို သိတာပဲ။ အမြဲတမ်း ငါဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေး ရှိတယ်။ သိရတဲ့အာရုံရှိတယ်။ ကျန်တာဘာမှ မ၇ှိတော့ဘူး။ အဲဒီလို အသိအမြင်ဟာ အင်မတန် ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အသိဥာဏ်ဟာ အင်မတန် နက်နဲတယ်။ အာရုံက ရိုးတယ်၊ သိတာလည်းပဲ ရိုးရိုးလေးပဲ သိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့ အသိဥာဏ်က အင်မတန်ကြီးကျယ်တယ်။

အဲသလို ရိုးရိုးနဲ့ နက်နက်နဲနဲသိအောင် တရားအားထုတ်ရတာပဲ။ ဆန်းဆန်းပြားပြားသိဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ သဘာဝကို အမှန်အတိုင်းသိဖို့ပဲ ကြည့်နေတာ။

အဲဒီလို ဘယ်အရာကို ကြည့်ကြည့် သဘာဝအဖြစ်နဲ့ပဲ မြင်တယ်၊ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နဲ့ မမြင်တော့ဘူး။ အဲဒီဥာဏ်ဆိုတာ နဲနဲနောနော ဥာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ကွဲကွဲပြားပြား ပိုင်းခြားပြီးတော့ သိတဲ့ဥာဏ်ဖြစ်သွားပြီ။

အတွေးအခေါ်တွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲတွေ ဖတ်ရှုနေအုံးတော့ ဒီလောက်နက်နဲတဲ့ ဥာဏ်မျိုး ရဖို့ရာ မလွယ်ဘူး။ အဲဒီဥာဏ်မျိုး ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင် အထင်မှားမှုတွေဟာ ပျောက်ကုန်တယ်။ သူ့ရဲ့စိတ်နေ စိတ်ထားပါ တစ်ခါတည်း ပြောင်းလဲသွားတယ်။ အသိဥာဏ်ပါ ပြောင်းသွားတယ်။ စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ၊ ပြောင်းလဲတာမှ တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင် အဲဒီလို ဥာဏ်မျိုးဖြစ်လာမယ်။ အဲဒီအနတ္တဥာဏ်က စိတ်ကို အင်မတန် ချမ်းသာစေတယ်နော်။ ပစ္စုပ္ပန်မှာ တည့်တည့်နေတဲ့အကျင့်က အမြတ်ဆုံးအကျင့်ပဲ။ အမြတ်ဆုံးဘ၀ပဲ။


ကံစည်တွေးတောပြီးမှ သိလို့ရတဲ့အာရုံဟာ ပစ္စုပ္ပန်တည့်တည့် အာရုံမဟုတ်ဘူး။ ပရမတ်လည်း မဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။ တွေးနေတာမဟုတ်ပဲနဲ့ စိတ်ကို တကယ်ထိပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ် တည့်နေတာပဲ။

စိတ်ဟာ ပစ္စုပ္ပန်မှာ အနေများလာတဲ့အခါ ဘ၀ရဲ့ Quality ဟာ အင်မတန် မြင့်မားလာတယ်။ စိတ်ရဲ့ (Quality) အရည်အသွေးတွေဟာ မြင့်မားလာတယ်။ စိတ်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသတွေ၊ ပျံ့လွင့်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ တဖြည်းဖြည်း ရှင်းသွားတယ်။ သူတို့ ရှင်းသွားရင် စိတ်ရဲ့အရည်အသွေး ဘယ့်နှယ့်နေမလဲ။ မြင့်လာတယ်၊ အေးချမ်း တည်ငြိမ်မှု၊ သန့်ရှင်းမှု ရှိလာတယ်။

အပိုင်း (၇) ဆက်လက် မျှဝေပေးပါမည်...။
Shared from Ma Sai Mon (FB)

သူများကိုယ့်ကို ချီမွမ်းလိုက်ရင် ပျော်သွားတတ်သလား?



သူများကိုယ့်ကို ချီမွမ်းလိုက်ရင် ပျော်သွားတတ်သလား?
သူများကိုယ့်ကို ကဲ့ရဲ့လိုက်ရင် စိတ်ညစ်သွားတတ်သလား?

သူများက ကိုယ့်ကို“တော်လိုက်တာ၊ နင်လုပ်တာကောင်းတယ်၊ မှန်တယ်”လို့ ချီးမွမ်းမှ ငါစိတ်ချမ်းသာမယ်။ ငါစိတ်ချမ်းသာဖို့ဟာ သူများရဲ့ ချီးမွမ်းမှု၊ ထောက်ခံမှု လိုအပ်တယ်။ “ငါ့ကို တစ်ယောက်ယောက်က အပြစ်မြင်ရင်၊ ငါလုပ်တဲ့အလုပ်ကို လူတွေက သဘောမကျရင် အဲဒါငါ့မှာ ချို့ယွင်းချက်ရှိလို့၊ ငါလုပ်တဲ့အလုပ် မကောင်းလို့” ဆိုတဲ့ သဘောထား ဖြစ်နေတယ်။

အဲဒီလိုသဘောထားရှိရင် တစ်ယောက်ယောက် ကိုယ့်ကို ချီးမွမ်းလိုက်တာနဲ့ ကိုယ့်စိတ်က မြောက်တက်သွားမယ်။ ပျော်သွားမယ်။ သူတို့ငါ့ကို ချီးမွမ်းတယ်၊ ဒါကြောင့် ငါသိပ်တော်တယ်လို့တွေးမယ်။

ဒိလိုတွေးပုံဟာ လွဲနေတယ်။
ဘာကြောင့်လွဲနေလဲ…???
သူတို့က ကိုယ့်ကို ချီးမွမ်းတာကို ကိုယ့်စိတ်ကယုံလို့ ပျော်သွားတာ။ အဲဒီတော့ အဲဒီယုံကြည်ချက်ကြောင့်သာ ကိုယ်ပျော်တာ။ သူတို့ချီးမွမ်းတာကို ကိုယ်ကမယုံရင် ပျော်မှာလား။ သူတို့ပြောတာ မဟုတ်ဘူးလို့ ကိုယ်ကယုံကြည်ရင် မပျော်ဘူး။ ဒါကြောင့် သူတို့ချီးမွမ်းလို့ ငါပျော်တာ မဟုတ်ဘူး။ သူ့တို့စကားကိုယုံလို့ ငါပျော်တာ။ ယုံတာက အဓိကကျတဲ့ အချက်ဖြစ်တယ်။

ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းမှန်းကိုယ်သိတယ်။ ကိုယ်လုပ်ထားတဲ့အလုပ် တကယ်ကောင်းတယ်ဆိုတာ ကိုယ်ယုံတယ်။ အဲဒီအခါ သူများက ကောင်းတယ်လို့ ချီးမွမ်းရင် သူတို့စကားကို ယုံတာမဟုတ်တော့ဘူး။ ကိုယ့်အလုပ်ကို ကိုယ်က စောစောကတည်းက ယုံပြီးသား။ အဲဒီတော့ ကိုယ့်စိတ်ချမ်းသာမှု ရတာဟာ ကိုယ့်အလုပ်ကောင်းမှန်း ကိုယ့်ဟာကိုယ် သိထား၊ယုံထားလို့ ဖြစ်တယ်။ ဒါကို သေသေချာချာ စဉ်းစားပါ။

ကိုယ်လုပ်ထားတာ တကယ်မကောင်းပဲနဲ့ သူများက မသိလို့ချီးမွမ်းတယ် ဆိုပါတော့။ သူတို့မသိလို့ ချီးမွမ်းနေမှန်း ကိုယ်ကသိနေရင် တကယ်ပျော်နိုင်ပါ့မလား။ သူတို့မသိလို့ ချီးမွမ်းနေမှန်း ကိုယ်ကသိရက်နဲ့ ပျော်နေရင် ကိုယ်က ဘယ်လိုလူ ဖြစ်နေပြီလဲ။

ကိုယ့်ကိုကိုယ် စိတ်နေသဘောထား ကောင်းတဲ့သူဖြစ်တယ်။ စည်းကမ်းရှိတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို သေသေချာချာ လုပ်တယ်ဆိုတာ ကိုယ့်ဟာကိုယ် သိထားယုံထားတဲ့သူဟာ အဲဒီယုံကြည်ချက်ကြောင့်ပဲ စိတ်ချမ်းသာနိုင်ပါတယ်။ သူများချီးမွမ်းနေဖို့ မလိုတော့ပါဘူး။ သူများကိုယုံလို့ စိတ်ချမ်းသာတာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ယုံလို့ စိတ်ချမ်းသာတာပါ။

ကိုယ်လုပ်ထားတဲ့အလုပ်ဟာ စေတနာမှန်မှန်နဲ့ လုပ်ထားတယ်။ အရည်အသွေးကောင်းတယ်ဆိုတာ ကိုယ်သိတယ်။ အဲဒါကို တခြားတစ်ယောက်က မကောင်းဘူးလို့ပြောရင် ဘယ်လိုသဘောထားမလဲ။ သူမသိလို့ ပြောတာပေါ့။ သူပညာနဲလို့ ပြောတာပါလို့ သဘောထားရမှာပဲ။ သို့မဟုတ်ရင်လည်း လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူး။ သူမကြိုက်လို့ မကောင်းဘူးလို့ ပြောတာပဲ။ ဒါသူ့လွတ်လပ်ခွင့်ပဲ။ ပြောပါစေလို့ သဘောထားနိုင်ရင် ကိုယ့်မှာ စိတ်ဆင်းရဲစရာ မရှိဘူး။
ဆရာတော်ဦးဇောတိက
(ဆရာတော်ဦးဇောတိက၏ “စိတ်နှလုံးရွှင်လန်းစေဖို့” စာအုပ်မှဖြစ်ပါသည်) နှလုံးသားအာဟာရ

အေးချမ်းမွန်မှ နှလုံးသားအာဟာရ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

Shared from Ko Thet Naing (FB)

Sunday, February 24, 2013

*****ကိလေသာဖြူစင်နေပါမှ*****

သစ္စာတရားမသိဘဲ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘုရားရှင်က သောတာပန်တည်အောင် ဟောတဲ့အခါမှာ ရှေးဦးစွာ သောတာပန်တည်မယ့်ပုဂ္ဂိုလ် ယဉ်ကျေးသွားအောင် ဒါနကထာဟောလိုက်တယ်။ လူ့ပြေ နတ်ပြည်ရောက်နေတာ ဒါနကျေးဇူးပဲလို့ ဒါနနဲ့ ချီးမြှောက်ပြီး ဟောတော်မူတယ်။ အသက်ရှည်ဖို့အတွက် သီလဆောက်တည်ရမယ်လို့ သီလကျေးဇူးကိုလဲ ဟောလိုက်ပြန်တယ်။

ဒါနဟောပြီး သီလဟောတယ်၊ သီလဟောပြီး နတ်ပြည်ဂုဏ်ကျေးဇူး နတ်ပြည်ကောင်းကြောင်းဟောတယ်။ ဒါဟာ ဘုရားရှင်ရဲ့ ဟောစဉ်လို့ မှတ်လိုက်ပါ။ နတ်ပြည်ကောင်းကြောင်း ဟောလိုက်တော့ လူပြည် နတ်ပြည် မက်မောတဲ့ တောင့်တတဲ့ တဏှာ မာန ဒိဋ္ဌိတွေ ကြွတက်လာတယ်။ ဒီလို ကြွတက်လာတော့မှ ကာမာနံ အာဒီန၀ကထာ ဆိုပြီး ကာမဂုဏ်တွေရဲ့ အပြစ်တွေကို ဟောရပြန်တယ်။ နောက်ပိုင်းရောက်မှ ဒီဟာတွေဟာ အပြစ်တွေချည်းပဲလို့ ဒီဘုံတွေက ထွက်မြောက်ဖို့ နေက္ခမ္မကထာကို ဟောတယ်။

ကာမဂုဏ်အပြစ်တွေကိုဘယ်လိုများ ဟောသလဲဆိုရင် သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပျော်တယ်ရွှင်တယ်ဆိုတာ ခွေးအမဲရိုးကိုက်သလိုပဲတဲ့။ ၀တယ်ရယ်လို့ မရှိဘူး။ သားခင် သမီးခင် ဆွေခင် မျိုးခင်ဆိုတာတွေဟာ ၀တယ်ရယ်လို့ မရှိပါဘူး။ ပင်ပန်းရုံ စိတ်ဆင်းရဲရုံမျှသာရှိတယ်။ လူ့ပြည်နတ်ပြည်ကာမဂုဏ်တွေဆိုတာ မကောင်းဘူး၊ ခွေးအမဲရိုးကိုက်သလိုပါပဲဆိုပြီး အပြစ်ပြဟောတော်မူတယ်။ ဒီလို ဟောလိုက်တော့ ကာမဂုဏ်အပေါ်မှာ သာယာတာတွေ စင်သွားပြီး ဒီကာမဂုဏ်ငါးပါးမှ ထွက်မှတော်မှာပဲဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။ အဲဒီလိုပေါ်လာတော့မှ ကိုယ့်သန္တာန်မှာရှိတဲ့ ကိလေသာတွေဟာ ဖြူစင်လာတယ်။ ဒီတော့မှ ဘုရားရှင်က သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တွေဟောလို့ရတယ်။ ကိလေသာခံနေရင် ဟောလို့မရဘူး။ ကိလေသာဖြူစင်ချိန်ရောက်မှ သစ္စာဟောရတယ်။

ကာမဂုဏ်ဆိုတာ မြက်မီးရှုးကိုင်ပြီး လေလာတဲ့ဘက်လှည့်ထားရင် ကိုယ့်လက်ကိုယ် ပြန်လောင်သလိုပဲတဲ့။ လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်လက်ကိုယ် လောင်လိမ့်မယ်။ ကာမဂုဏ်ဆိုတာလဲ လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်ကိုယ်ကို လောင်မှာ။ မလွှတ်နိုင်ကြလို့ဘဲ သားပူ သမီးပူ ဇနီးပူ ဆွေပူ မျိုးပူတွေ အလောင်ခံနေကြရတာ။ မလွှတ်လို့သာ လောင်နေတာ၊ လွှတ်လိုက်ရင် မလောင်ဘူးဆိုတာ ရှင်းပါတယ်။ ဒီလိုဟောလိုက်တော့ ကာမဂုဏ်အပြစ်ဟာ တော်တော်ကြီးတယ်ဆိုတာ ပေါ်လာတယ်။ ပေါ်လာတော့ သူ့စိတ်ထဲ ရာဂ ဒေါသ မောဟ ကိလေသာတွေ ပါးသွားတာပေါ့။ အဲဒီလို ပါးတဲ့အချိန်ရောက်မှ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ကိုဟောတော်မူပါတယ်။ ၀မ်းထဲကိလေသာတွေ ဖြူစင်နေတဲ့အချိန်မှာ ဟောတယ်။ သစ္စာဟာ အင်မတန်အရေးကြီးတဲ့တရားမို့ ကိလေသာ အညစ်အကြေးခံနေတဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။ ဖြူစင်နေတဲ့ အ၀တ်ဖြူပေါ်မှာ ဆေးဆိုးပန်းရိုက်လုပ်လိုက်ရင် ပီပီပြင်ပြင်ထင်ထင်ရှားရှား ပေါ်လာမှာဖြစ်သလို ကိလေသာကင်း ဖြူစင်သန့်ရှင်းနေမှ သစ္စာဟောလို့ရတယ်။

ဒါမှ ဖြူစင်တဲ့အ၀တ်ကို ဆေးပိုစွဲထင်သလို ကိလေသာဖြူစင်တဲ့သူဟာလဲ သောတာပန်တည်သွားနိုင်တယ်။ သောတာပန်တည်တယ်ဆိုတာ ၀မ်းထဲမှာ မဂ်ဉာဏ်တည်တာ။ ကိလေသာအညစ်အကြေးခံနေရင် ဒီမဂ်ဉာဏ်က ၀မ်းထဲမှာ မကိန်းနိုင်ဘူး။ ကိလေသာခံနေရင် လောဘ ဒေါသ မောဟ အညစ်အကြေးတွေခံနေရင် ပျော်မှုရွှင်မှုတွေနဲ့ သာယာနေရင် ၀မ်းထဲ ဟဒယ၀တ္ထုပေါ်မှာ သစ္စာမကိန်းနိုင်ဘူး။ ဖြူစင်နေရင်တော့ ကိန်းပါလိမ့်မယ်။ ဖြူစင်နေလို့ရှိရင် သစ္စာဟောလိုက်တော့ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ခန္ဓာထဲရောက်လို့ရှိရင် သောတာပန်တည်တာပဲ။ ဒီတော့ ၀မ်းထဲမှာ ကိလေသာ ဖြူစင်နေဖို့ အရေးကြီးတယ်။

ဖြူစင်နေတဲ့အချိန် သစ္စဉာဏ်ပေးလိုက်တော့ ဟဒယ၀တ္ထုမှာ သစ္စဉာဏ်ကိန်းသွားတယ်။ ကိစ္စဉာဏ်ပေးလိုက်တော့လဲ ကိန်းသွားတာပဲ။ ဖြူစင်နေတော့ ဆိုးတဲ့ဆေးဟာ စွဲတယ်။ ဒါကြောင့် ဘုရားရှင်က ဥပါလိတို့ အရှင်ကောဏ္ဍညတို့ကို ဒါနသီလ နတ်ပြည်ရောက်ကြောင်း ဟောပြီးခါမှ ကာမဂုဏ်အာရုံတွေရဲ့အပြစ်ကို ဟောလိုက်တော့ ကိလေသာတွေ ပါးသွားတယ်။ ကိလေသာတောမှ ထွက်ချင်စိတ်ပေါ်လာတော့မှ ဟဒယ၀တ္ထုက ဖြူစင်လာတယ်။ ဟဒယ၀တ္ထုက ဖြူစင်ပြီး အညစ်အကြေးမရှိဘဲ ဘ၀င်စိတ်တွေသာ ရှိနေတော့တယ်။ ဒီလို ဘ၀င်စိတ်နဲ့ ဖြူဖြူစင်စင်ဖြစ်နေတုန်းမှာ သစ္စဉာဏ်ဟောလိုက်တော့ ဟဒယ၀တ္ထုပေါ်ရောက်သွားတယ်။ ကိစ္စဉာဏ်ဟောလိုက်လဲ ဟဒယ၀တ္ထုပေါ်ရောက်သွားတယ်။ ကတဉာဏ်ဟောလိုက်လဲ ဟဒယ၀တ္ထုပေါ်ရောက်သွားတယ်။ ဟဒယ၀တ္ထုပေါ်မှာ ကတဉာဏ်တည်းဟူသော မဂ်က သွား နေတော့ အဲဒီအချိန်မှာ သောတာပန်တည်တာပဲ။ ဒီနည်းအတိုင်း ပေးလိုက်တော့ ဥပါလိ တရားနာရင်း သောတာပန်တည်တယ်။ အရှင်ကောဏ္ဍညလဲ တရားနာရင်း သောတာပန်တည်တာပဲ။ ဒါဟာ ဘာလို့ ဒီလောက်မြန်ပါလိမ့်မလဲဆိုရင် သစ္စာတရားမနာခင် ၀မ်းထဲမှာ ကိလေသာ ဖြူစင်နေလို့ပဲ။ ဒါကြောင့် ကိလေသာ ဖြူစင်နေဖို့၊ ဘယ်အာရုံမှမလိုချင်ဖို့၊ ဘယ်နတ်ပြည် လူ့ပြည်မှ မလိုချင်ဖို့ အရေးကြီးတယ်။ ဒီလိုချင်စိတ်တစ်ခုခုရှိနေရင်ဖြင့် ကိလေသာအညစ်အကြေးက ဟဒယ၀တ္ထုပေါ်ရောက်နေလို့ မဂ်ဖိုလ်မရနိုင်ဘူး။

ဟဒယ၀တ္ထုပေါ်မှာ ကိလေသာဖြူစင်နေတဲ့အချိန် ဘုရားရှင်က သစ္စာတရားကို ဟဒယ၀တ္ထုပေါ် အရောက်သွင်းလိုက်တော့ ဟဒယ၀တ္ထုပေါ်မှာ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာပြတ်တဲ့ မဂ်ဉာဏ်ကလေး သွားတည်တယ်။ သူ့နောက်က တစ်ဆက်တည်း ဖိုလ်ဉာဏ် သွားတည်တယ်။ မဂ်ဉာဏ်ချုပ်တာနဲ့ ဖိုလ်ဉာဏ်တည်တာပဲ။ ဖိုလ်ဉာဏ်ချုပ်တော့ နိဗ္ဗာန်မြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်တွေ သွားတည်တယ်။ ဒါဆို သောတာပန်ဖြစ်ပြီပေါ့။

(ဒေါက်တာအရှင်ပါရမီ)

Shared from Ma Aye Aye Cho (FB)

***ကံသာအမိ ကံသာအဖ***

မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်ကပင် ကွဲပြားအောင်ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။ ထင်ရှားစေအံ့ - လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကိုမပြု။ ပြုသော်လည်း ထက်ထက်သန်သန်မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်း စပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။

ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြဉ်ဖွယ်ဟူသမျှကို ရှောင်ဖို့ရာ ဥစ္စာဓနမရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာများကို စားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာများကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရှာတော့၏။ ရုတ်တရက် (ကပျာကယာ) ထိုင်လိုက်ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။ (ဤကား ကျန်းစာတို့၌ပြအပ်သော အချို့သောဒုက္ခများသာ ဖြစ်သေး၏။ သားငယ်၏ ကံမကောင်းမူကြောင့် အမိဖြစ်သူမှာလည်း မသက်မသာ ကိုယ်ဝန်ဆောင်ရ၊ ဖွားမြင်ရသည်။)

ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင်ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သော ဖလန်နယ် စသည်တို့ဖြင့် ကျကျနန ပြုစုကြသောကြောင့် သက်သာခွင့်ရ၏။ ကုသိုလ်နည်းသူကား လက်သည်ကောင်းမရသဖြင့် ကျဉ်းမြောင်းသော ကြွက်တွင်းမှ ကြွက်ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသောအခါ၌လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်တောင်နှင့် ဆွသလို မချိမဆံ့ ခံရလေတော့သည်။

ထိုကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံဖြင့်မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မူန့်နှင့် ကျန်းမာရေး ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာရှိရုံ သာမက အဘိုးအဘွား အဒေါ် အရီး ကြီးကြီး ငယ်ငယ်စသူတို့က ချော့ကြ မြူ့ကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာခွင့်ရတော့၏။ ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏နို့ရည်ကောင်းကိုလည်း မရ။ ဆေးကောင်းဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွားစသူတို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက်ပြီးနောက် စားရေး သောက်ရေးအတွက် ဈေးလည်၍သော်လည်းရောင်းရ၊ ကူလီသော်လည်း လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။
နိဂုံး

ဤသို့လျှင် ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင်က ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာကွဲပြားရပုံကို စုံစုံလင်လင်ကြီးသိထား၍ “မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အပြစ်တင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြဖို့ လိုပါသည်။

ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါး မျက်နှာကြီးသည်ကို မနာလိုကြပါလျှင် နောင်ဘ၀အဆက်ဆက်၌ သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိသောကြောင့် ဤစာကို ဖတ်ရူသူများနှင့် ငါ၏ အတွင်းလူဟူသမျှတို့ သန္ဓေသားကောင်းရဖို့ရန် ယခုနယ်က ကြိုးစားကြပါစေသား။

သန္ဓေတည်ခြင်း၊ ဤအခင်းကို၊ ရှင်းလင်းခွဲခြား၊ ရေးသည့်အားကြောင့်၊ အများလူပေါင်း၊ သန္ဓေကောင်းဖို့၊ အကြောင်းလှစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ အောက်ကျညံ့ဖျင်း၊ သန္ဓေကင်း၍၊ ထန်ပြင်းလုံ့လ၊ ဉာဏ်ရောင်ရှလျက်၊ ကမ္ဘာ့ထက်ကောင်း၊ နိဗ္ဗာန်ပြောင်းဖို့၊ အကြောင်းဆင့်ဆင့်။ ကုန်အောင်ကျင့်သား၊ ငါနှင့်ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ သန္ဓေယူသည်။ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

ပဋိသန္ဓေနှင့်စပ်၍ မှတ်ဖွယ်ပြီး၏။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Shared from Ma Aye Aye Cho (FB)

***ပဋိသန္ဓေစိတ်ဖြစ်ပုံ***

စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။

မိစ္ဆာအယူ ၂-မျိုး

တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုးလုံးမှလွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူဖြစ်အောင် သတိထားရမည်။ ထို ဒိဋ္ဌိ ၂-မျိုးတွင် “ဘ၀ဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်လေးရှိ၏။ ထို အသက်ကောင်ကလေးသည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘ၀အသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ (သဿတ = မပြတ်မစဲ အသက်ကောင်ကလေးမြဲ၏ ဟူ၍ + ဒိဋ္ဌိ = ယူမှားခြင်း) “ဘ၀ဟောင်းက ရုပ်နာမ် အားလုံးသည် (သူတို့ထင်သော အသက်ကောင်နှင့်တကွ) ဘ၀သစ်၌ လုံးဝ အသဆက်အစပ် မရှိတော့။ သတ္တ၀ါ တစ်ယောက်သေလျှင် ဘ၀ဟောင်းက အရာဝတ္ထုတွေ အားလုံးပြတ်စဲ၏။ ဘ၀သစ်၌ ထာဝရ ဘုရားရှင် ဖန်ဆင်းမူကြောင့် အခြားသတ္တ၀ါ တစ်ယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ (ဥစ္ဆေဒ = တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်း မရှိ + ဒိဋ္ဌိ = ယူမှားခြင်း)

သမ္မာအယူ

သတ္တ၀ါတို့၌ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဤတရား သုံးပါးသည် ဘ၀သစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း။ သေခါနီး၌ အ၀ိဇ္ဇာသည် ဘ၀သစ်၌ ရုပ် နာမ် ခန္ဓာအပြစ်ကို မမြင်အောင်ဖုံးထား၏။ တဏှာက ထိုဘ၀သစ်ကို တပ်မက်ခင်မင်လျက်ရှိ၏။ မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘ၀ကို ရလိမ့်မည်ထင်၏။ ထိုသို့ အ၀ိဇ္ဇာဖုံးထားသဖြင့် အပြစ်မမြင်နိုင်ဘဲ တဏှာက ညွှတ်ကိုင်း စွဲလမ်းရာ ဘ၀အသစ်၌ ကံအစွမ်းကြောင့် ပဋိသန္ဓေဟု ခေါ်သော ရုပ်နာမ်တရာများ ရှေးဦးစွာ စ,တည်မိကြလေသည်။

ဤသို့ ဘ၀သစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘ၀အဟောင်းက အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘ၀ဟောင်းနှင့် မဆက်စပ်ဘဲ ဘ၀သစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမူကြောင့်) အသစ်ဖြစ်ရ၏”ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။ “ဘ၀ဟောင်းက အသက်ကောင်လေးသည် ဘ၀အသစ်သို့ ပြောင်းရွေ့၍ ဖြစ်သည်”ဟူသော သဿတဒိဋ္ဌိလည်း အမှားပင်။ ဘ၀ဟောင်းက ရုပ်နာမ်တို့ ပြောင်းရွှေ့သွားဖို့ မဆိုထားဘိ၊ တစ်ဘ၀တည်းမှာပင် တစ်နေရာ၌ဖြစ်သော ရုပ်နာမ်တို့သည် တခြားနေရာရောက်အောင် မပါနိုင်ကြ။ ဖြစ်ပြီးလျှင် ချက်ချင်းပျက်ရ၏။ အသက်ကောင်ဆိုသော အရာမှာ နဂိုကပင် မရှိချေ။

ထို့ကြောင့် ထို ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ ၂-မျိုးလုံး မဖြစ်စေဘဲ ဘ၀သစ်ဝယ် ပဋိသန္ဓေ ရုပ်နာမ်တို့ ပထမ ဖြစ်ပေါ်ရာ၌ ရှေးရှေးဘ၀ဟောင်းက အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် တစ်မျိုးတစ်ဖုံ ရုပ်သစ်နာမ်သစ် ဖြစ်ရသည်ဟူသော အကြောင်းကြောင့် တစ်မျိုးတစ်ဖုံ ရုပ်သစ်နာမ်သစ် ဖြစ်ရသည်ဟူသော အယူသာလျှင် သမ္မာအယူ (အယူမှန်)ဟု မှတ်ပါ။ ဥပမာ - တောင်၏ အနီးအပါး၌ ဟစ်အော်သော အသံသည် တောင်နံရံကို ထိခိုက်သောအခါ ပဲ့တင်သံဟုခေါ်သော အသံတစ်မျိုး ဖြစ်ပေါ်လာ၏။ ထိုပဲ့တင်သံ ဟူသည် မူလအော်သော လူ၏ အသံလည်းမဟုတ်၊ လူ့အသံနှင့် ကင်း၍ သူ့ဘာသာ ဖြစ်ပေါ်လာသော အသံလည်း မဟုတ်သကဲ့သို့တည်း။ (မီးတိုင်တစ်ခုမှ မီးကူးယူရာ၌ ဒုတိယမီးတိုင်၏ မီးသည် ပထမ မီးတိုင်က မီးလည်းမဟုတ်၊ ပထမမီးနှင့် အဆက်အသွယ်မကင်းပုံကိုလည်း ဥပမာပြုကြပါကုန်။)

ဤစကားအရ ရှေးကံကောင်းလျှင် ယခုဘ၀ ရုပ်နာမ် ကေင်း၏။ ရှေးကံ ညံ့လျှင် ယခုဘ၀ ရုပ်နာမ်ညံ့၏။ “ဤဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ ရှေးဘ၀က ပြုအပ်သောကံ၊ ဤဘ၀ဉာဏ်၊ ၀ီရိယတို့ကြောင့်သာဖြစ်၏”ဟုမှတ်ပါ။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် စုတေခါနီး၌ အဖြစ်အပျက်ကို ပြဆိုချက်များ ပြီးဆုံးပြီ။ “စုတေ”ဟု ဆိုသော်လည်း စုတေရုံဖြင့် ပြီးရသေးသည်မဟုတ်။ ဘ၀အသစ်၌ တစ်မျိုးဖြစ်ဖို့ရာ စုတေပေးရခြင်း ဖြစ်သောကြောင့် အသစ်ဘ၀၌ အဖြစ်လှဖို့အရေးသည် ယခုသေရေးထက်ပင် အရေးကြီး၏။ စုတေခါနီး၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့မှာလည်း မိမိကိုယ်တိုင်က သက်သာသော ရောဂါကိုရ၍ အနီးအပါး မိတ်ကောင်းဆွေကောင်း (ပြုပြင်ပေးတတ်သူ)လည်း ရှိမှ ပြုပြင်ခွင့်ရနိုင်မည်။ ထို့ကြောင့် သေခါနီးကျမှ ပြုပြင်လိုက်မည်ဟု အားခဲသော်လည်း အကြောင်းညီညွတ်ဖို့ မလွယ်ကူသောကြောင့် မသေမီ ရှေးမဆွကပင် ယခုဘ၀ နေရေး သေရေးနှင့် နောက်ဘ၀ အဆက်ဆက်ဝယ် နိဗ္ဗာန်အထိ အရေးကို အရှည်ကြီး မြော်မြင်၍ သူတော်စင် ဖြစ်နေမှသာ အရာရာ စိတ်ချဖွယ်ရှိပေသတည်း။

သေရေး နေရေး၊ အရှည်အေးဖို့၊ လေးလေးနက်နက်၊ ဤအချက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ ရေးရခြင်းကြောင့်၊ ခပင်းလူပေါင်း၊ အနေကောင်း၍၊ အဟောင်းအဖြစ်၊ စွန့်တုံလစ်ကား၊ အသစ်ဘ၀၊ အဖြစ်လှစေ၊ ငါ့အနေမူ၊ မသေမီရှေး၊ အတော်ဝေးက၊ နောင်ရေးအဆင့်ဆင့်၊ မြော်ခေါ်ချင့်လျက်၊ အသင့်စုဆောင်း၊ နိဗ္ဗူအောင်းဖို့၊ အကောင်းပါရမီ၊ စုံပြည့်ညီသား၊ အလီလီပွား၊ ရင်းသူများလည်း၊ ငါ့အားနည်းတူ၊ စုံအောင်ယူသည်၊ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။

စုတေခါနီး ဖြစ်ပျက်ပုံ ပြီးပြီ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Shared from Ma Aye Aye Cho (FB)