Monday, June 4, 2012

* သက်သက်လွတ် နှင့် ကုသိုလ်စိတ် *




* ဖတ်မိတာလေး ပြန်ရှယ်ပါတယ်။ အရှင်ဆန္ဒာဓိက ရေးသားတော်မူသော... သက်သက်လွတ် နှင့် ကုသိုလ်စိတ် စာအုပ်လေးပါ။ တော်တော် ကောင်းပါတယ်။ အစွန်းမရောက်တဲ့ စိတ်ထားနည်းလေးတွေ ပါပါတယ်။ သက်သက်လွတ် စားခြင်းဟာ ကုသိုလ်ဖြစ်ကျင့်စဉ်တစ်ခု မဟုတ်သလို အကုသိုလ်လည်း မဟုတ်ပါဘူး။ ကုသိုလ်ဖြစ်ခြင်း၊ မဖြစ်ခြင်းက စားတဲ့ အစားအသောက်အပေါ်မှာ မူတည်နေတာ မဟုတ်ဘဲ စားတဲ့အချိန်မှာ ထားရှိတဲ့ စိတ်ထားပေါ်ပဲ မူတည်ပါတယ်။ နှလုံးသွင်းတဲ့ စိတ်သာလျှင် ကုသိုလ်ဖြစ်ခြင်း၊ အကုသိုလ်ဖြစ်ခြင်းကို အဆုံးအဖြတ်ပေးပါတယ်။ 

ဒါကြောင့် သက်သက်လွတ်စားတဲ့ သူတစ်ယောက်ကို အသီးအရွက်တွေ စားနေရုံနဲ့ ကုသိုလ်ရနေတယ်လို့ ပြောလို့ မရသလို... အသားစားတဲ့ သူတစ်ယောက်ကိုလည်း အသားစားနေလို့ဆိုပြီး အကုသိုလ်ဖြစ်တယ်လို့ ပြောလို့ မရပါဘူး။ စာအုပ်တစ်အုပ်လုံးကတော့ အပိုအလိုမရှိ အနှစ်တွေချည်းပဲ ရေးထားတာပါ။ စုစုပေါင်းမှ ၃၈ မျက်နှာပဲ ရှိပါတယ်။ 


** "မြတ်စွာဘုရားရှင်က ဗြဟ္မဇာလ သုတ္တန်မှာ 'အဘူတံ အဘူတ တော နိဗ္ဗေဌေတဗ္ဗံ - မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်' လို့ မိန့်ကြားတော် မူထားပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို  'ဘာကြောင့် မဟုတ်ဘူး၊ ဘာကြောင့် မမှန်ဘူး' လို့ အကြောင်းအကျိုး ခိုင်လုံစွာ ဖြေရှင်းပြရမယ်... တဲ့။ သည်းခံတာပဲ ကောင်းပါတယ် ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ်မနေရဘူး... တဲ့။ အဲဒီလို ဘာမှ ပြန်ဖြေရှင်းမပြဘဲ နှုတ်ပိတ်နေတာဟာလည်း သည်းခံခြင်းအစစ် မဟုတ်ပါဘူး... တဲ့။"


** "သက်သက်လွတ်စားတဲ့ အလုပ်ဟာ ကုသိုလ်အလုပ်ပဲ၊ သက်သက်လွတ်စားရင် ကုသိုလ်ရတယ် လို့ ယူဆရင် အဲဒီအယူအဆဟာ မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့အမြင်) ပါပဲ။ ဘာလို့လဲဆိုတော့ သက်သက်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ပါ။ သက်သက်လွတ် အစားအစာက စားသုံးသူကို အလိုအလျောက် ကုသိုလ်မပေးနိုင်လို့ပါ။"


** "ဟင်း... ဟင်း၊ ငါမို့လို့ သက်သက်လွတ် စားနိုင်တာ၊ ဟိုကောင်တွေ၊ ဟိုကောင်မတွေ ငါ့လို သက်သက်လွတ်စားနိုင်တာ မဟုတ်ဘူး... ဆိုရင် သက်သက်လွတ်စားရင်း မာနကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ သက်သက်လွတ်စားမှ မေတ္တာသမား၊ သက်သက်လွတ်စားတာ ကုသိုလ်ရတယ်၊ ငါတော့ ဒီနေ့ သက်သက်လွတ်စားလို့ ကုသိုလ်တွေ တော်တော်ရသွားပြီ... ဆိုရင် သက်သက်လွတ်စားရင်း ဒိဋ္ဌိကိလေသာ နဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်" 


** (အသီးအရွက်တွေစားရုံနဲ့ ကုသိုလ်ဖြစ်အောင် ဖန်တီးပေးနိုင်စွမ်း မရှိတာကို ကုသိုလ်ဖြစ်နေတယ်လို့ မှားယွင်းပြီး အမှားကို အမှန်ထင်မှတ်နေတဲ့အတွက် ဒိဋ္ဌိကိလေသာ ဖြစ်သွားတာပါ။ အမှန်တကယ်တော့ သတ္တ၀ါတွေ မသေခင်ကတည်းက ကိုယ့်ကြောင့်မို့လို့ သူ့ခမျာမသေရအောင်၊ သို့မဟုတ် သူများတကာတွေက သူတို့လေးတွေကို မသတ်ဖြစ်အောင် မေတ္တာတရားနဲ့ယှဉ်ပြီး သူတို့လေးတွေရဲ့ အသက်ကို စောင့်ရှောက်ကူညီပေးတာကမှ သူတပါးရဲ့အသက်တစ်ချောင်းကို တကယ်ကူညီရာရောက်တာပါ။ ပြီးတော့ ကိုယ့်ကြောင့် ကိုယ်စားဖို့ သတ်ပေးတာ မဟုတ်ရင်၊ ကိုယ်က လက်ညှိုးထိုးပြီး စားဖို့အတွက် သတ်ခိုင်းတာ မဟုတ်ရင်၊ ကိုယ့်ကြောင့် ကိုယ်စားတော့မယ့် သတ္တ၀ါတစ်ကောင် အသတ်ခံရတာ၊ သေသွားရတာလို့ သံသယဖြစ်စရာ လုံးဝမရှိရင် အကုသိုလ် မဖြစ်ပါဘူး။ အဲဒီအချက်သုံးချက်နဲ့ ကင်းလွတ်ရင် ပါဏာတိပါတာကံမထိုက်သလို အဲဒီအသားကို စားဖို့လည်း သင့်လျော်ပါတယ်။ သတ္တ၀ါတစ်ကောင် မသေခင်မှာကတည်းက မသေအောင် သူ့အသက်ကို စောင့်ရှောက်ပေးရမယ့်အစား... ကိုယ့်ကြောင့် သေခဲ့တာမဟုတ်ဘဲ ကိုယ်စတွေ့ကတည်းက သေနေပြီးသား ဖြစ်နေတဲ့-- အသက်မရှိတော့တဲ့-- အရာဝတ္ထုတစ်ခုသက်သက်မျှသာ ဖြစ်နေပြီဖြစ်တဲ့... သေပြီးသားအသားတုံးကြီးတွေကို  သနားလွန်းလို့၊ မေတ္တာသက်ဝင်လွန်းလို့ပါဆိုပြီး မစားဘူးဆိုတာကတော့ အစွန်းရောက်သွားပါလိမ့်မယ်။ ဘုရားရဲ့လမ်းစဉ်က မဇ္ဇိမပဋိပဒါ လို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်ပါ။
သန့်လွန်းပါတယ်၊ အသက်လွတ်လွန်းပါတယ်လို့ ထင်နေတဲ့ အသီးအရွက်တွေမှာလည်း စိုက်စဉ်တုန်းက ပိုးသတ်ဆေးဖြန်းလို့ သေခဲ့ရတဲ့ ပိုးကောင်မျိုးစုံတွေ၊ ရိတ်သိမ်းချိန်မှာ ထိခိုက်သတ်ဖြတ်မိတဲ့ အပင်စားတဲ့ အကောင်လေးတွေလည်း အသီးအရွက်စားလိုတဲ့ သက်သက်လွတ် ၀ယ်လိုအားကြောင့် သေခဲ့ရတာပါပဲ။ အစားအသောက်ကိုသာ ရွေးပြီး သက်သက်လွတ်စားနေပေမယ့် သတ္တ၀ါတွေကရတဲ့ သားရေလက်ကိုင်အိတ်၊ သားရေနဲ့ပြုလုပ်တဲ့ ပရိဘောဂပစ္စည်းတွေ နဲ့ တိရစ္ဆာန်အမွေးအတောင်တွေကရတဲ့ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံတွေကိုလည်း အားပါးတရ ၀ယ်ယူသုံးစွဲနေကြတာပဲ မဟုတ်ပါလား။ ဟိုးခေတ်က အယူသီးကြတဲ့ အိန္ဒိယက မျိုးနွယ်တွေဆိုရင် သူတို့မြေပေါ်မှာ ခြေချနင်းလိုက်ရင် မြေကြီးပေါ်မှာရှိတဲ့ ပုရွက်ဆိတ်နဲ့ အခြားသတ္တ၀ါလေးတွေ သေကုန်မှာစိုးလို့ သူတို့အခိုင်းအစေတွေကို သူတို့လမ်းမလျှောက်မီ တံမြက်စည်းတစ်ချက်ချင်းလှည်းပြီးမှ လမ်းလျှောက်ကြသလိုမျိုး အယူသီးလွန်းတဲ့ အဖြစ်တွေနဲ့ တူကုန်မှာပေါ့နော်။)


** "ကုသိုလ်ရတယ်အထင်နဲ့ သက်သက်လွတ်စားနေသူတွေကို မိုးကုတ်ဆရာတော်ဘုရားကြီးက 'အတော်ဝဋ်ကြီးတဲ့သူတွေပဲ' လို့ ကရုဏာသက်တော်မူခဲ့ဖူးသလို ဓမ္မဒူတဆရာတော်ကြီးကလည်း '၀ဋ်ကြွေးရှိလို့ အငတ်ခံနေကြရတာ' လို့ သနားတော် မူခဲ့ဖူးပါတယ်။ သက်သက်လွတ်စားသူတိုင်းကို ရည်ရွယ်ပြီး မိန့်တော်မူကြတာ မဟုတ်ပါဘူး။ ကုသိုလ်ရတယ်အထင်၊ ကံကောင်းလိမ့်မယ်အထင်နဲ့ သက်သက်လွတ်စားနေကြသူတွေကိုသာ ရည်ရွယ်ပြီး မိန့်တော်မူကြတာပါ။"


** "တစ်ခေတ်တစ်ခါတုန်းက ရဟန္တာလို့ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုန်းတော်ကြီးဦးသီလ ဟာ သက်သက်လွတ် ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးနဲ့ အတူနေပြီး ဘုန်းတော်ကြီးလိုပဲ သက်သက်လွတ်စားပါမယ်လို့ လျှောက်ထားလာတဲ့ ရဟန်းတော်တစ်ပါးကို ဆရာတော်ကြီးက...
'တို့များ သက်သက်လွတ်စားနေတာကို ကုသိုလ်ဖြစ် ကျင့်နေတယ်လို့များ မထင်လိုက်ပါနဲ့ကွယ်၊ သွားနာသက်သာလို့ စားနေတာပါ' လို့ ရိုးရိုးရှင်းရှင်း မိန့်ကြားတော် မူခဲ့ဖူးပါတယ်။ သက်သက်လွတ် စားခြင်းကို ကုသိုလ်ကျင့်စဉ်တစ်ခု၊ သူတော်ကောင်းကျင့်စဉ်တစ်ခုလို့ မှားယွင်းစွာ ထင်မှတ်ယူဆသွားမှာစိုးလို့ ဆရာတော်ကြီးက ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူလိုက်တာပါ။"


** "အသားငါး စားရုံနဲ့ အကုသိုလ်ဖြစ်တယ်လို့ ယူဆရင် မြတ်စွာဘုရားရှင်ကိုလည်း အကုသိုလ်စိတ် ဖြစ်သေးတယ်လို့ စွပ်စွဲရာ ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရှင်က အသားငါးကို ဘုဉ်းပေးတော်မူလို့ပါပဲ။"


** "သက်သက်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက် အရှင်ဒေ၀ဒတ်ရဲ့ 'ရဟန်းတော်တိုင်း သက်သက်လွတ်စားရန်' ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရားရှင်က  'ဗီတိုအာဏာ' ထက် အဆပေါင်းများစွာ သြဇာကြီးတဲ့  'ဗုဒ္ဓအာဏာ' နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်"


http://www.dhammaransi.net/ebooks2/Ashin_Sandardhika_Vegetarian.pdf
---------------------------------------


*** သက်သက်လွတ်စားခြင်း နှင့် ပတ်သက်တာလေးတွေကို ထည့်ဟောထားတဲ့ တရားတော်လေး တစ်ဆယ့်လေးပုဒ်ကိုလည်း လမ်းကြုံလို့ တနေရာတည်းမှာ အမျိုးအစားတူတာလေးတွေကို စုံစုံလင်လင် နာယူနိုင်အောင် တလက်စတည်း ရှယ်လိုက်ပါတယ်။ အချက်အလက် ပြည့်ပြည့်စုံစုံလေး ဖြစ်သွားအောင်ပါ။ 


၁) ဖြူးဆရာတော် ဟောကြားတော်မူသော သွေးနဲ့ရေးတဲ့ သာသနာ တရားတော်


http://dhammadownload.com/MP3Library/AshinSandadika/MP3Disc02/006-AshinSandadika-KaRuNaLatt.mp3


(မြတ်စွာဘုရားက ဘုရားဆုပန်တဲ့ သုမေဓာရှင်ရသေ့ဘ၀ကတည်းက နိဗ္ဗာန်စံဝင်ချင်ရင် တကိုယ်တည်း စံဝင်သွားဖို့ ပါရမီတွေ ပြည့်နေပါပြီ။ သူတစ်ယောက်တည်း အတွက်သာဆိုလျှင် အေးအေးချမ်းချမ်း နိဗ္ဗာန်စံဝင်ပြီးနေတာ အသင်္ချေနဲ့တောင် ချီနေပါပြီ။ အခုတော့ အများသူငါတွေ ငါသိတဲ့တရားတွေ သိနိုင်ကြပါစေ။ ငါလို ကျွတ်တန်းဝင်နိုင်ကြပါစေ။ သံသရာမှ လွတ်မြောက်ကြောင်းတရားတွေ ဟောကြားပြီး ကယ်ယူချင်တဲ့ မဟာကရုဏာတော်ကြောင့်သာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း သွေးတွေနဲ့ ရင်းပြီး ဘုရားအဖြစ်ကို ယူတော်မူခဲ့တာပါ။

မြတ်စွာဘုရား ပါရမီဖြည့်ကျင့်စဉ်ဘ၀တွေအတွင်း လှူခဲ့တဲ့ မျက်လုံးတွေသာ မပျက်မစီးရှိနေဦးမယ်ဆိုရင် ကောင်းကင်မှာ လှမ်းမြင်နေရတဲ့ ကြယ်တာရာအစုအဝေးတွေထက်တောင် မရေမတွက်နိုင်လောက်အောင် များနေပါပြီ။ ပေးလှူခဲ့တဲ့အရိုးတွေ၊ အသက်တွေဟာလည်း စုပုံထားမယ်ဆိုရင် မြင့်မိုရ်တောင်ကြီးဆယ်ဆလောက်တောင် မြင့်နေပါပြီ။ ပေးလှူခဲ့တဲ့ အသက်သွေးတွေဟာလည်း မခြောက်မခမ်းရှိမယ်ဆိုရင် သမုဒ္ဒရာကြီးလေးစင်းထက်တောင် များနေပါသေးတယ်။ ဒီလောက် သွေးတွေ၊ အသက်တွေနဲ့ ရင်းပြီး ပြုစုမွေးဖွားခဲ့ရတဲ့ ဗုဒ္ဓသာသနာတော်ကြီးကို ပေါက်လို့ပဲစား အယူမှား၊ ၀ါဒမှား၊ အကိုးကွယ်မှားတွေနဲ့ လဲမပစ်လိုက်ကြပါနဲ့။ မြတ်စွာဘုရား မဟာကရုဏာတော်နဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပေးဆပ်ပြီးမှ ရခဲ့တဲ့ သွေးနဲ့ရေးခဲ့ရတဲ့ သာသနာတော်ကြီးကို အကျိုးမပြုချင်ရင်တောင် မဖျက်ဆီးလိုက်ကြပါနဲ့။ တန်ဖိုးထား မြတ်နိုးပေးကြပါ။
...သွေးနဲ့ရေးတဲ့ သာသနာ တရားတော်... မှ ကောက်နုတ်ချက်လေးပါ။)



သာသနာတော်မှာ လွဲနေတဲ့ အလွဲပေါင်းများစွာကို တရားတစ်ပုဒ်တည်းနဲ့ အစုံအလင်ပါဝင်အောင် အားပါးတရ ဟောပြပေးသွားတာ တကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။ သက်သက်လွတ်စားခြင်းနဲ့ ပတ်သက်ပြီးတော့လည်း အမှန်ပြင်ပေး၊ ဟောပြပေးသွားတာလေး ပါပါတယ်။


၂) အရှင်ဆန္ဒာဓိက ဟောကြားတော်မူသော ကရုဏာလက် တရားတော်


http://dhammadownload.com/MP3Library/AshinSandadika/MP3Disc02/006-AshinSandadika-KaRuNaLatt.mp3


(ငါးပါးသီလထဲကမှ ပါဏာတိပါတာ အကြောင်းတစ်မျိုးတည်းကိုပဲ တစ်နာရီကျော် ဟောပေးသွားတာ အစုံအလင်ပါပဲ။ ငါးပါးသီလအကြောင်း ဆရာတော်က ဟောမယ်ဆိုတော့ ဒကာကြီးတစ်ယောက်က ငါးပါးသီလ လွယ်လွယ်ရှင်းရှင်းလေးပဲ အားလုံးသိပြီးသားတွေကို အဲဒီလောက် အကျယ်ချဲ့ဟောစရာလိုလို့လားလို့ လျှောက်တော့ သီလ ငါးပါးလုံးမပြောနဲ့၊ တစ်ပါးတည်းတောင်မှ ဟောလို့ မကုန်နိုင်အောင် မြတ်စွာဘုရားက အသေးစိတ် ဟောပြပေးသွားတာဆိုပြီး... လူတိုင်း မသိနိုင်သေးတဲ့... ဒီတရားထဲမှာ ပါဏာတိပါတာ နဲ့ ပတ်သက်တဲ့ သိသင့်တာ မှန်သမျှ စုံနေအောင် ဟောပေးသွားပါတယ်။ အသက်နဲ့ ပတ်သက်တဲ့ သီလကို အစုံအလင်ဟောထားတဲ့အတွက် သက်သက်လွတ်စားခြင်းနဲ့ ပတ်သက်ပြီးတော့လည်း မှန်ကန်တဲ့ အတွေးအခေါ်တွေ ရစေမှာပါ။ တကယ်ကောင်းမွန်တဲ့ တရားတစ်ပုဒ်ပါ။)


၃) ဆရာတော် ဦးဇောတိက ဟောကြားတော်မူသော သတိပဋ္ဌာန် တရားတော်


http://dhammadownload.com/MP3Library/UJotika/mp3-1/005%20U%20Jotika%20-%20Thati-PaHtan.mp3


(အတိုချုပ်ပြောရရင် ဒီတရားအစပိုင်းလောက်မှာ ဆရာတော်က ငရုတ်သီးကြိုက်တဲ့ ဒကာကြီးတစ်ယောက် သူ့မိန်းမက တစ်ရက်မေ့ပြီး သူကြိုက်တဲ့ ငရုတ်သီးကြော်ဟင်းကို မထည့်ထားပေးမိတာနဲ့ ဒေါသတွေဖြစ်ပြီး ရရာနဲ့ကောက်ပစ်လိုက်တာ သူ့မိန်းမခေါင်းကိုထိပြီးသေသွားတယ်ဆိုတဲ့ တကယ့်အဖြစ်အပျက်လေး ဟောပေးထားပါတယ်။ စဉ်းစားကြည့်ရင် ငရုတ်သီးကြော်က သက်သက်လွတ်ဟင်းဖြစ်ပေမယ့် အဓိကကျတဲ့ ရသတဏှာကို မပယ်နိုင်တော့ ဒုက္ခများကြရတဲ့ ဥပမာလေးပါ။ ဒါကြောင့် လူတို့စားတဲ့ အသက်မဲ့ပြီး ပန်းကန်ထဲရောက်နေတဲ့ အစားအသောက်တွေက ကုသိုလ်ဖြစ်အောင်၊ အကုသိုလ်ဖြစ်အောင် မဖန်တီးနိုင်ပါဘူး။ စားတဲ့သူတဲ့ ရသတဏှာကို ဘယ်လောက်အထိပယ်ပြီး လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာန ကိလေသာတွေနဲ့ မယှဉ်ဘဲ စားနိုင်သလဲပေါ် မူတည်ပြီးတော့ပဲ ကုသိုလ်၊ အကုသိုလ်ကံတွေ ဖြစ်ကြတာပါ။ လူတစ်ယောက်ရဲ့ သီလ၊ သမာဓိ၊ ပညာ သိက္ခာကို သူစားတဲ့ အစားအသောက်နဲ့ တိုင်းတာလို့ မရပါဘူး။)


၎) ပဲခူး အောင်သုခ ဆရာတော် ဟောကြားတော်မူသော မြက်တစ်ဆုပ်နတ်သား တရားတော်


http://dhammadownload.com/MP3Library/AungThuKhaSayaDaw/003-AungThuKha.mp3


(သီလအကြောင်းဟောထားတဲ့ တရားတစ်ပုဒ်ဖြစ်တဲ့အလျှောက် ပါဏာတိပါတာအကြောင်းပါသလို သက်သက်လွတ်စားခြင်း အကြောင်းလေးတွေကိုလည်း အယူမှန်ကန်မှုရှိအောင် ဆုံးမပြီး ထည့်ဟောပြပေးသွားတာ တော်တော်ကောင်းပါတယ်။)


၅) မနာပဒါယီ အရှင်ဝိစိတ္တ ရေးသားတော်မူသော သက်သက်လွတ် နဲ့ ရသတဏှာ တရားစာ


https://www.facebook.com/notes/%E1%80%99%E1%80%94%E1%80%AC%E1%80%95%E1%80%92%E1%80%AB%E1%80%9A%E1%80%AE-%E1%80%A1%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%9D%E1%80%AD%E1%80%85%E1%80%AD%E1%80%90%E1%81%B1/%E1%80%9E%E1%80%80%E1%80%B9%E1%80%9E%E1%80%90%E1%80%B9%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%94%E1%80%B2%E1%82%94-%E1%80%9B%E1%80%9E%E1%80%90%E1%80%8F%E1%80%BD%E1%80%AC/293814677305487

၆) ၂၀၁၂ ဖေဖော်ဝါရီလတုန်းက တင်ခဲ့ဖူးတဲ့ သက်သက်လွတ်အကြောင်း... ဖေ့စ်ဘုတ်မှ ဓမ္မမိတ်ဆွေများနဲ့ ဆွေးနွေးထားဖူးတဲ့ လင့်ခ်လေး ပြန်ရှယ်လိုက်ပါတယ်။ သူငယ်ချင်းများရဲ့ ဗဟုသုတမျှဝေမှုကြောင့် အဲဒီတုန်းက မသိသေးတာလေးတွေလည်း သိလိုက်ရပါတယ်။ 

https://www.facebook.com/photo.php?fbid=10150673571970752&set=a.10150268278065752.380043.582360751&type=3&theater

၇) 
 ထမင်းစားရင်း ပါရမီ ဖြည့်မယ်
http://greenkstar.blogspot.com/2011/12/blog-post_18.html

၈) 
ပုဂ္ဂိုလ်၊ လူတစ်ယောက်စားတဲ့ အစားအစာကို ကြည့်ပြီး ထိုသူရဲ့ စိတ်ဟာ စင်ကြယ်တယ်၊ မစင်ကြယ်ဘူး မဆုံးဖြတ်သင့်ပါဘူး။
http://greenkstar.blogspot.com/2012/01/blog-post_5869.html

၉) သက်သက်လွတ်စားခြင်းသည် မြတ်သလား
http://greenkstar.blogspot.com/2011/12/blog-post_562.html

၁၀) သက်သက်လွတ်ဝါဒ နှင့် ကုသိုလ်
http://greenkstar.blogspot.com/2012/01/blog-post.html


၁၁) မီးလွတ်၊ အရူးမီးဝိုင်း နဲ့ အပါယ်လွတ် အကုသိုလ်ရှောင်နည်း
http://greenkstar.blogspot.com/2012/06/blog-post_03.html

၁၂) မီးလွတ်ကျင့်စဉ်ဆိုတာ
http://greenkstar.blogspot.com/2011/11/blog-post_27.html


၁၃)  ကြက်ဥစားခြင်းဟာ အပြစ်ရှိ၊ မရှိ 
https://www.facebook.com/notes/khine-khine/%E1%81%BE%E1%80%80%E1%80%80%E1%80%B9%E1%80%A5%E1%80%85%E1%80%AC%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9F%E1%80%AC-%E1%80%A1%E1%80%BB%E1%80%95%E1%80%85%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%99%E1%80%9B%E1%80%BD%E1%80%AD/319686941400707


၁၄) မစားကောင်းတဲ့ အသား (၁၀) မျိုး အကြောင်း
http://greenkstar.blogspot.com/2012/02/blog-post_10.html


[Tag တာကတော့ Tag နေကျ ဓမ္မမိတ်ဆွေတွေမို့လို့ပါ။ အပေါ်ကတရားတွေကို အရင်ကလည်း မျှဝေဖူးပါတယ်။ များသောအားဖြင့် ဓမ္မမိတ်ဆွေများ ရှယ်ထားဖူးတာတွေကိုပဲ စုစည်းပြီး ပြန်မျှဝေတာပါ။]


မဖတ်ဖူး၊ မနာဖူးသေးသော ဓမ္မမိတ်ဆွေများအတွက်... ဒီအကြောင်းအရာကို စိတ်ဝင်တစား လေ့လာချင်တဲ့ မိတ်ဆွေများအတွက်... အဓိကရည်ရွယ်ပြီး ခိုင်နာဖူးသမျှထဲက၊ ဖတ်ဖူး၊ မှတ်သားဖူးသမျှထဲက မှတ်မိသမျှ... သက်သက်လွတ်စားခြင်း နဲ့ ပတ်သက်တဲ့ ဆရာတော်တချို့ရဲ့ တရားဗဟုသုတလေးတွေကို တစ်နေရာတည်းမှာ အချက်အလက်လေးတွေ တစုတစည်းတည်းဖြစ်အောင် မျှဝေပါတယ်။ တရားဓမ္မနဲ့ ပတ်သက်သမျှ ခိုင် မှားနေတာတွေရှိရင်လည်း ခွင့်လွတ်ဖို့နဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။ 
တရားအလှူမျှဝေရသော အကျိုးအားကြောင့် အမှန်တရား၊ သစ္စာတရားတွေကို အမှန်အတိုင်း မမြင်နိုင်အောင် ဖုံးကွယ်ခံနေရတဲ့ အဖြစ်မျိုးမှ အမြန်ဆုံး လွတ်မြောက်ရပါလို၏။  ။
ခိုင်ခိုင်

1 comment:

  1. *ခုချပြထားတဲ့ Link မှာပါတဲ့ ဟောထားတဲ့ 
    တရားတော်အားလုံး မဟုတ်တောင် တူရာအားလုံးဖတ်ဖူးပါတယ်။
    လိုရာဆွဲယူ လိုရာဆွဲတွေးပြီး ကိုယ်လိုရာ ကိုယ့်ဖက်ပါအောင် ဟောထားတာတွေချည်းပါပဲ။

    *ဒေဝဒတ် တောင်းဆု ငါးဆုထဲမှာ - လေးဆုကဘုရားဟောထားတဲ့ တရားတော်တွေ
    ဒါဆို အဲထဲကတစ်ပါးပါးဖြစ်စေ သုံးလေးပါးဖြစ်စေကျင့်ကြံလို့ ရှိရင် ဘယ်သူတွေက
    ဘယ်လိုဖြေရှင်းချက်တွေနဲ့  ဘာတွေပြောမလဲ?

    *သက်သတ်လွတ်ကို မှ ဒေဝဒတ်လမ်းစဉ်ဆိုပီး အမည်တပ်ဟောနေတာတွေက အလွဲကြီး လွှဲချော်နေတယ်။
    ဝိနည်း သီလ ဆုံးဖြတ်ချက်တွေမှာ - ကြောင်းရင်းငါးလီ အင်္ဂါညီပါမှ အာပတ်သင့်တယ် သီလပျက်တယ်။
    ဒီလိုဆိုထားတယ်မဟုတ်လား။ ဒါကြောင့် ….

    *ဒီလိုပဲ ဒေဝဒတ် တောင်းတဲ့ ဆုငါးဆုလုံး မှာ လေးဆုက ဘုရားချမှတ်ပေးထားတဲ့ လမ်းစဉ်၊ သက်သတ်လွတ်ထည့်လိုက်အုံး ငါးချက်လုံးပြည့်တာတောင် ဒေဝဒတ်လမ်းစဉ်မဟုတ် -
    ဘာကြောင့်လဲ အဓိကက သူ့ ရည်ရွယ်ချက်သိဖိုပဲ၊ သူ့ ရည်ရွယ်ချက်က ဘာလဲ … ဒါဆို သိလောက်ပီ။

    *သီလပိုင်းဆိုင်ရာ ပါဏာတိပါတကံ နဲ့ ဥပမာထား ကြည့်ရအောင် ….
    ပါဏာတိပါတ- သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ(၅)ပါးရှိသည်။
    (၁) သတ္တဝါဖြစ်ခြင်း၊
    (၁) သတ္တဝါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
    (၃) သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း၊
    (၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
    (၅) ထိုလုံ့လကြောင့်သေခြင်း။

    *အဲဒီမှာ သတ်လိုစိတ် သေစေလိုသော စိတ်ရှိခြင်း က အရေးအကြီးဆုံးပဲ …
    ဒါကိုကြည့်လိုက်ရင် ဘယ်သူကမှ ဒေဝဒတ် လို အကြံဆိုးဆိုတဲ့ ရည်ရွယ်ချက်နဲ့  သက်သတ်လွတ်စားကြတာမဟုတ်လို့ … ဘယ်သူတွေ ဘာပြောပြော ဘာဟောဟော
    ဘာအမှတ်မှ ရမှာမဟုတ်သလို .. လေထဲကလာတဲ့စကား လေထဲပြောကွယ်သွားမှာပဲ။
    ( မဟုတ်တာကို အဟုတ်လုပ်ပြီး ပြောနေဟောနေ လို့ ကတော့ တန်ဘိုးမရှိ တန်ဘိုးမဲ့တာ အမှန်ပဲ )

    *ဆရာတော် ဦးသီလ က အများသူငါ အကုသိုလ် မပွားစေဖို့ မဖြစ်စေဖို့ နဲ့ 
    စကားအငြင်းခုံ မပွားချင်လို့ မိန့် လိုက်တယ်ဆိုတာ ကုသိုလ် အကုသိုလ် အကြောင်း
    ဆင်ခြင် နှလုံးသွင်းတတ်တဲ့ သူမှန်သမျှ သိနိုင်တာပဲ။

    *အစွန်းရောက်တာ မရောက်ဆိုတဲ့ စကားလုံးကလည်း
    ဘုရားစကားတော်ကို နေရာတကျ သုံးထားတာမဟုတ်ပဲ
    လိုသလို ဆွဲယူသုံးထားတာပဲ။

    *ဘုရားဟောတဲ့ အစွန်းရောက်မရောက်ဆိုတာ တရားဦးဓမ္မစကြာထဲမှာ သေချာပါတာပဲ။ အတ္တကိလမထနုယောဂ ဆိုတဲ့ မိမိကိုယ်ကို ညှင်းဆဲခြင်း အကျင့်နဲ့ 
    ကာမသုခလ္လိကာ နု ယောဂ ဆိုတဲ့ ကာမဂုဏ်ခံစားခြင်းဆိုတဲ့ အကျင့်ပဲ။
    သက်သတ်လွတ်နဲ့ ဘာဆို ဘာမှမဆိုင်ဘူး။

    *ဟောထားတဲ့ အခြားပုဒ်တွေက အဓိပ္ပါယ်မဲ့လွန်းလို့ ရှင်းဖို့ မလိုပါ
    ဥပမာ - အရက်သမား ပဲကြီးလှော်တရား စတာတွေက - ကလေးကလားဆန်လွန်းတယ်။

    *မိုးကုတ်ဆရာတော်တရားခွေတွေကို သေချာနာကြည့်ပါ -
    ဟောထားတဲ့ တရားပုဒ် တစ်ချို့ မှာ - စွဲလမ်းတဲ့ လျှာရဲ့ အလို သတ္တိကိုသိစေချင်တာ ။။။
    အာလူး နဲ့ ဝက်သား ရောချက်ထားတဲ့ဟင်း စားပွဲပေါ်ပန်းကန်ထဲမှာ အာလူးပဲကျန်တယ် …

    *ဒီနေ့ တော့ဒီလောက်ပါပဲ
    ခုလို စုစုစည်းစည်း သက်သတ်လွတ် နဲ့ ပတ်သက်ပြီးပြောထား ဟောထားတဲ့ Link ကို
    ချပေးလာတာ တကယ်ကျေးဇူးတင်ပါတယ် … ဘာကြောင့်လည်းဆို ဒီကလည်း ဒီလိုမျိုးမှ ဖြေရှင်းချင်တာ …. ။

    ReplyDelete