သွားနေကြရတာပါ။ အဖေ့ကိုကြည့်ပြန်တော့လည်း ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ကိုယ့်ခရီး
ကိုယ်သွားနေရတာ။ အမေ့ကိုကြည့်ပြန်တော့လည်း ကိုယ့်အထုပိကိုယ်ဆွဲပြီး ကိုယ့်ခရီး သွားနေရတာပဲ။ ဘယ်လောက်ချစ်ပါတယ်ပြောတဲ့ညီအစ်ကို မောင်နှမတွေဖြစ်ဖြစ် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရတာပါ။
ဒီလောက်နေပူပူ ခရီးကြီးထဲမှာ သစ်ပင်ရိပ်အောက် ရေသောက်ရင်းနဲ့ ခရီးသွား ဧည့်သည် ဘ၀တူအချင်းချင်း ရေမလုကြပါနဲ့၊ အရိပ်မလုကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့။ သူလည်းခရီးသွား၊ ကိုယ်လည်းခရီးသွားဆိုတာကို မေတ္တာရှေ့ထားပြီး အသိဥာဏ်နဲ့ နားလည်ပေးလိုက်ပါ။ ခရီးသွားဧည့်သည်ဆိုတာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပကတိ
ခရီးကို သွားနေကြတဲ့ ပကတိဧည့်သည်ရယ်၊ နောက်တစ်မျိုးက လောကကြီးထဲမှာ တစ်ဘဝ
ပြီး တစ်ဘ၀၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပြီး နိဗ္ဗာန်အထိအရောက်သွားနေကြတဲ့
နိဗ္ဗာန်ခရီးသွား သံသရာ ဧည့်သည်ရယ် နှစ်မျိုးရှိကြပါတယ်။
နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်၊ နိဗ္ဗာန်ဆိုတဲ့ ဦးတည်ချက်မရှိဘဲ သံသရာထဲမှာ ဟို
ရောက် ဒီရောက် ဟိုလည်ဒီလည် သွားနေတဲ့သူတွေက ခရီးသွားဧည့်သည်များအစစ်မဟုတ်
ဘူးလို့ပြောချင်ပါတယ်။ အဲဒီလိုမျိုးက ဧည့်သည်မဟုတ်ပါဘူး။ အိမ်လည်တာ။ ဘ၀အိမ်
လည်တာ အတူတူပဲတဲ့။ အခုက အိမ်လည်လာတာဆိုရင် အချိန်တန်ရင် အပါယ်လေးဘုံဆို
တဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ။ ဟိုလိုလို ဒီလိုလိုနဲ့ နေကြရင် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ ကိုယ်အရင်ကနေခဲ့တဲ့ ဒုက္ခဘုံ ဆင်းရဲအိမ်ကို ပြန်ရမှာပါ။ အဲဒါကသာ
ကိုယ့်အိမ် ကိုယ်ပြန်တယ်ခေါ်ပါတယ်။ ဘယ်လောက်များ ဒုက္ခဆင်းရဲဘုံကို ပြန်ရောက်ရ
မှာ ကြောက်စရာကောင်းလိုက်သလဲလို့။
ပုထုဇဉ်တို့ရဲ့အိမ်ဟာ အပါယ်လေးဘုံတဲ့ ကြောက်စရာကောင်းလိုက်တာ။
အဲဒါကြောင့်မို့လို့ သတိပ၏ဋ္ဌာန်ဘာဝနာကို အားထုတ်ကြစမ်းပါ။ သတိမလွတ်ပါစေနဲ့။
အခုလို ထပ်ခါထပ်ခါ ပြောပေးနေတယ်ဆိုတာက ဒီယောဂီတွေ၊ ဒီပရိတ်သတ်တွေအတွက်
အသိဥာဏ်တွေ တိုးဖို့ပါ။ သတိထား၊ သတိရှိလို့ အသိဥာဏ်တွေ တိုးလာတော့မှ မိမိတို့
ပုထုဇဉ်ဘ၀ကလွတ်မြောက်ပြီး အပါယ်လေးဘုံ ဒုက္ခဆင်းရဲကို ပြန်မရောက်တော့မှာပါ။
အသိဥာဏ်ဆိုတာက အမျိုးမျိုး အဆင့်ဆင့်ရှိကြပါတယ်။ အဓိကကတော့ သံဝေဂဥာဏ်တွေ
ရဖို့၊ ၀ိပဿနာဥာဏ်တွေရပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ရအောင်လို့ အခုလိုပြောပေးနေရတာပါ။
ရှေးဦစွာ သံဝေဂဥာဏ်ရပြီးတော့ အဲဒီသံဝေဂဥာဏ်နဲ့ပဲ-
' ဟုတ်တာပေါ့ ကြည့်စမ်းပါ။ ငါတို့နေရတဲ့ဒီဘ၀ သံသရာကြီးထဲမှာ သတိလေးတစ်
ချက်လောက်လွတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပေါ့တီးပေါ့ဆ နေလို့ကတော့ အပါယ်လေးဘုံ
ကိုပြန်ရောက်မှာသေချာပါတယ်။ဘယ်လောက်ကြောက်စရာကောင်းသလဲ'
' သံသရာခရီးက ဆက်ပြီးသွားကြရအုံးမှာပါ။ မိမိကိုယ်ကို ဧည့်သည်လို့သဘော
ပေါက်ရင် သတိ၊ ပညာ အလွတ်မခံပဲ ၀ိပဿနာဥာဏ်ရအောင် ကြည့်ရတာ၊ ရှုရတာ၊
ကြိုးစားရတာ။ အမှန်တကယ်လည်း လူ့ဘ၀ဆိုတာ ဧည့်သည်လို နေကြရတာ။ နေတတ်
ထိုင်တတ်ဖို့လည်း အရေးကြီးတယ်'
သံဝေဂဥာဏ်တွေ၊ အသိဥာဏ်တွေ ရစေချင်ပါတယ်။ဧည့်သည်ဆိုတာသဘောပေါက်
အောင် နားလည်အောင်ပြောပြပါမယ်။ ကိုယ့်အိမ်မှာ ဘုရားဝတ်တက်ချင်ရင် ကြိုက်တဲ့အ
ချိန်၊ ကြိုက်သလိုဘုရားဝတ်တက်၊ ထမင်းစားချင်ရင်လည်း ကြိုက်တဲ့အချိန် ကြိုက်သလို
စား၊ ကုန်ကုန်ပြောရရင် အပေါ့အပါးသွားချင်ရင်တောင်သွားလို့ရတယ်။ သူများအိမ် ဧည့်
သည်သွားလုပ်ရတာ အဲလိုမဟုတ်ဘူး။ တကယ်နေရထိုင်ရ ခက်ပါတယ်။
' ဧည့်သည်ဆိုတာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်လောက်နေရထိုင်ရခက်ခက်သလဲ'
ဆိုတာ နားလည်ပါ။ သဘောပေါက်ပါ။
ဆောင်းတွင်းဆိုရင်လည်း ဧည့်သည်လုပ်ရရင် အိမ်ရှင်ကိုကြည့်ရသေးတယ်။ နွေ
ဆိုရင်လည်း နွေအလျောက်၊ မိုးဆိုလျှင်လည်း မိုးအလျောက် အိမ်ရှင်ကိုကြည့်ရသေးတယ်။
အိပ်ရာနေရာ အဆင်ပြေမပြေ၊ စားရေးသောက်ရေးကလည်း အဆင်ပြေမပြေ ကြည့်ရသေး
တယ်။ကိုယ်သွားလည်ရင် သူတို့များအလုပ်ရှုပ်နေမှာလား၊ စီးပွားရေးများကျပ်နေမှာလား၊
အကုန်လုံးကို စုံအောင် စဉ်းစားကြည့်ရသေးတာ။ ဧည့်သည်ဆိုတာက မလွတ်လပ်ဘူး။ အိမ်
ရှင့်မျက်နှာကို အမြဲတမ်းကြည့်နေရတာ။ ဘ၀ခရီးသွားနေတဲ့ ဧည့်သည်ကို နိဗ္ဗာန်ရောက်
အောင်မခေါ်ပဲ သံသရာဘက် လှည့်ခေါ်နေတာက တဏှာလောဘပါ။အခုလူ့ဘ၀ကို ရောက်
နေတယ်ဆိုတာ နိဗ္ဗာန်ကို မတောင့်တပဲ လူ့ဘ၀ကို တောင့်တလို့လူ့ဘ၀ရောက်နေတာ။
ဒီလိုမတောင့်တ တာကလည်း တဏှာကတောင့်တလို့၊ တဏှာကခေါ်လို့ ရောက်နေတာပါ။ဒါကြောင့် တဏှာက ကိုယ့်လူ့ဘ၀ရဲ့အိမ်ရှင်လို့ပြောလိုက်ရင်တောင်
ပိုပြီးကောင်းပါသေးတယ်။ အခု လောကကြီးထဲမှာ လူ့ဘ၀၊ လူ့အဖြစ်နဲ့ နေနေရတာက
တဏှာအိမ်ရှင်ရဲ့မျက်နှာကို မော့်ကြည့်နေရတာ အချိန်တိုင်းပါပဲ။ အမြဲတမ်း လောဘမျက်နှာ
ကို မော့ကြည့်နေရတာပါ။ အဲဒီလို မော့ကြည့်နေရတဲ့ ဒုက္ခဆင်းရဲဖြစ်နေတာကိုက ဧည့်သည်
လို့သိလိုက်စမ်းပါ။ ကိုယ်နဲ့အတူခေါ်လာတဲ့ အဖော်ပါလာတယ်။ ကိုယ်သိတဲ့လူကို ခေါ်လာ
မိတယ်။ အဲဒီတော့ ကိုယ်နဲ့ပါသမျှသူတေါ အဆင်ပြေအောင် သူ့မျက်နှာကိုပဲ ကြည့်နေရ
တာ။ အိမ်ရှင်ရဲ့ မျက်နှာကိုပဲ ကြည့်နေရတာလေ။ မလွတ်လပ်ပါဘူး။ အောင်မလေး ဧည့်သည်လုပ်ဖူးမှ ဒီဒုက္ခကို သိတာနော်။
ကိုယ်နဲ့ပါလာတဲ့သူကျတော့ တဏှာဆိုတဲ့ အသိဟောင်းဖြစ်နေတော့ ရင်းရင်း
နှီးနှီးပြောလို့ဆိုလို့၊ ကိုယ့်အဖော်နဲ့ အိမ်ရှင်နဲ့က ရယ်လို့မောလို့။ ကိုယ်ကျတော့ အိမ်ရှင်
က ခပ်တည်တည်ကြီးလုပ်နေတယ်ဆိုရင် ထမင်းချကျွေး၊ ခပ်တည်တည်ကြီးဆိုရင် နှိုက်ရ
မယ့်လက်တောင် မဟ၀ံ့တော့ဘူး။ အောင်မလေး၊ တခြားတခြား အကြောင်းတွေကြောင့် အ
ဆင်မပြေတဲ့အိမ်မှာ တည်းခိုတာဆိုရင် နေရထိုင်ရတာ ကျဉ်းကျပ်လိုက်တာ။ သူများအိမ်မှာ
ဧည့်သည်သွားလုပ်ရင် အဆင်မပြေတဲ့အခါ အဲဒီလို ခံစားရတယ်နော်။လူ့ဘ၀ရောက်လာ
တာ၊ ကိုယ်ကဧည့်သည်၊ အိမ်ရှင်တဏှာ ခိုင်းတာကို အမြဲတမ်းလုပ်နေရတာ။ ဘယ်လောက်
ကျဉ်းကျပ်၊ ဘယ်လောက်ပင်းပန်းလိုက်သလဲ။ နေစမ်းပါဦး၊ ရေလေး ချိုးစမ်းပါရစေဦး၊ တဏှာ၊ တဏှာက ခိုင်းတာ။ အမယ်လေး နေစမ်းပါ၊ ဘာဒါလောက်အရေးကြီးနေတာလဲ၊
အဲလိုပြောတာကလည်း တဏှာ ဒီတဏှာပါပဲ။
စီးပွားရေး ကြီးပွားရေး၊ သားရေး သမီးရေး၊ လူမှုရေး၊ အရေးတွေစုံနေတာပါပဲ။
နေ့စဉ်မပြတ်လုပ်လိုက်ရတဲ့ အလုပ်မျိုးစုံတွေ ဒါတွေကို ဘယ်သူယူခိုင်းတာလဲဆိုတော့ ဒီ
တဏှာက ခိုင်းတာပါပဲ။ ဒီဘ၀ ဒီခန္ဓာနဲ့ တစ်သံသရာလုံး ကိုယ်က လုပ်ပေးကိုင်ပေး ပြောပေး ဆိုပေးခဲ့ရတာတွေဟာ နိဗ္ဗာန်ကို ကြည့်ပြီး လုပ်ခဲ့ရတာ တစ်ခုမှ မရှိသေးပါဘူး။
နိဗ္ဗာန်ကိုကြည့်ပြီးတော့ လုပ်ခဲ့ ကိုင်ခဲ့တာရှိခဲ့ရင် နိဗ္ဗာန်ရောက်သွားတာ ကြာရောပေါ့။ ဘ၀သံသရာတစ်လျှောက် နိဗ္ဗာန်ကို ကြည့်ပြီး ပြောခဲ့မိတဲ့ စကားမရှိဖူးပါဘူး။ နိဗ္ဗာန်ကို
ကြည့်ပြီး စဉ်းစားကြံစည်ခဲ့တာ မရှိဖူးပါဘူး။ တဏှာမျက်နှာကြည့်ပြီး ဒါလေးတော့လုပ်မှ
ကောင်းမှာ၊ တရားစခန်းဝင်ချင်တာတောင် အိမ်အတွက်၊ နောက်ကလူတွေအတွက် အကုန်
ရှာခဲ့ဖွေခဲ့ ပေးခဲ့ရပါသေးတယ်။ မှာခဲ့ပြုခဲ့ ပြောဆိုခဲ့ရပါသေးတယ်။
တဏှာမျက်နှာ ကြည့်နေရတယ်ဆိုတာ အခုလိုစဉ်းစားလေလေ၊ ပိုပြီးသိလာ
လေလေပါပဲ။ တော်တော် သံဝေဂရဖို့ကောင်းပါတယ်။တရားလေးနာချင်တာတောင်မှ
အိမ်မှာလုပ်စရာရှိတာ တောက်တောက် တောက်တောက်နဲ့ မြန်မြန်လုပ်ခဲ့ရပြီးမှ လာခဲ့ရတာ
ပါ။ တဏှာမျက်နှာ ကြည့်နေရတာကြောက်စရာ အလွန်ကောင်းပါတယ်။ ဧည့်သည်လုပ်ရ
တာ တကယ်ဒုက္ခရောက်ပါတယ်။ ကိုယ့်အိမ်လောက်မလွတ်လပ်ပါဘူး။ သူများအိမ်မှာ မဖြစ်
လို့သာ နေနေရတာပါ။ အဲဒီလိုပါပဲ ဟောဒီလောကကြီးထဲမှာလည်း လူ့ဘ၀ ပျော်စရာဆို
လို့ တစ်စက်မှ ရှာမရပါဘူး။ တစ်ကွကှ် ရှာမရပါဘူး။ ဒါက သံသရာသွားမယ့် ပကတိဧည့်
သည် အကြောင်းကို ပြောပါတယ်။
နောက်တစ်မျိုး နိဗ္ဗာန်သွားမယ့် ဧည့်သည်ဆိုရင်တော့ နိဗ္ဗာန်စခန်း သံသရာ လမ်း
လျှောက်ပြီဆိုရင် ကုသိုလ် ပါရမီ ရိက္ခာထုပ်ပါရ ပါတယ်။ ခရီးတစ်လျှောက် မပင်ပန်းအောင်
ရိက္ခာတွေ ထုပ်ယူသွားရပါတယ်။ အခု မိမိတို့မှာလည်း ထိုက်သင့်သလောက် ရိက္ခာထုပ်
ပါ ပါတယ်လို့ ဆိုရင် ကိုယ်ထုပ်ထားတဲ့ အထုပ်ကလေးဖြည်ကြည့်လိုက်။ ဒါနက လူချမ်းသာ၊
နတ်ချမ်းသာတွေကို ခံစားစံစားစေပြီးတော့ နိဗ္ဗာန်ရောက်စေမယ့် ဒါနမျိုးဖြစ်ပြီလားလို့။
ကိုယ်ထုပ်ခဲ့တဲ့ ဒါနအထုပ်ထဲ ပြန်ကြည့်စမ်းပါဦး။ ထုပ်ထားတဲ့ အ၀တ်ကလေးကလည်း အ၀တ်စုတ်၊ ထည့်ထားတဲ့ပစ္စည်းကလည်း အစုတ်ပလုတ်၊ ကောက်ကြည့်တော့လည်း တစ်ခု
မှ သုံးမရ၊ ဘယ်မလဲ ဒါနထုပ်၊ အလှုခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္တု၊ လှူချင်တဲ့ စိတ်စေတနာ၊ ဒါပြည့်
စုံလို့ လှူလိုက်ပါတယ်တဲ့။ ဒါနကို ပြောပြပါဦးမယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အလောင်းတော် သုမေဓာသတို့သားဘ၀တုန်းက မိဘဘိုးဘွားတွေက ဆုံးပါးသွားကြတော့
သားလေးတစ်ယောက်တည်း ကျန်ရစ်သတဲ့။ ဘုရားလောင်း သုမေဓာက ဘဏ္ဍာတိုက်ကို
ဖွင့်ကြည့်တော့ -
' ဟယ် ရွှေငွေ ရတနာ ပစ္စည်းတွေ အများကြီးပဲ' ရွှေတွေ ငွေတွေ ဥစ္စာတွေ၊
အဘိုးဘက်ကပါတယ၊ အဘွားဘက်က ပါတာ၊ အဖေရှာသွားခဲ့တဲ့ဟာ မေရှာသွားခဲ့တဲ့ဟာ၊
အများကြီးပဲကျန်ခဲ့တယ်။
' ဟင် သူတို့ဘာလို့ ယူမသွားတာလဲ။ ငါလှူရင်းနဲ့ ယူမယ်ဟေ့' ဆိုပြီး လှူလိုက်
တာ တစ်ရက်လှူ၊ နှစ်ရက်လှူ၊ အလှူခံလာသမျှ ကိုယ်တိုင်လှူရင်းနဲ့ လေးငါးရက်မြောက်
လည်း ကျရော စဉ်းစားပြီ။ ဘုရားလောင်းစဉ်းစားတယ် သူတော်ကောင်းတွေ စဉ်းစားတယ်။
ပညာရှိတွေ စဉ်းစားတယ်။အသိဥာဏ်ကြီးတဲ့သူတွေ စဉ်းစားတယ်။
' တို့က မအိုရာ၊ မနာရာ၊ မသေရာ နိဗ္ဗာန်ကို သွားချင်တာ. နိဗ္ဗာန်ကိုရောက်ချင်
တာ။ အခုလှူရင်းနဲ့ သေသွားနိုင်တယ်။ လှူရင်းနဲ့ အိုနေတယ်။ လှူရင်းနဲ့ နာနေတယ်။
လှူတာကို တန်ဖိုးထားပြီးတော့ မအို၊ မနာ၊ မသေတဲ့ နိဗ္ဗာန်ကို မြတ်နိုးပြီး လှူနေတယ် ဆိုပြီး
တော့ လှူတာနဲ့မွေ့လျော်၊ လှူတာနဲ့ပျော်၊ အလှူကိုပဲ အာရုံပြုဂရုစိုက်ရင်းနဲ့ နိဗ္ဗာန်ကို
အာရုံမပြုမိ၊ နိဗ္ဗာန်ကိုရောက်ဖို့ စိတ်ဆန္ဒတွေ ပျောက်နေပြီဆိုရင်တော့ နိဗ္ဗာန်နဲ့ ဆန့်ကျင်
ဘက် ကန့်လန့်ကြီးလှုနေတာပါလား' လို့သိလာကြပါတယ်။
တကယ်လှူချင်ရင် လှူပုံ၊ လှူနည်းက လွယ်လွယ်လေးပါ။ နိဗ္ဗာန်ကို အာရုံပြုပြီး
နိဗ္ဗာန်ကို မြန်မြန်သွားလိုတဲ့၊ နိဗ္ဗာန်ကိုရောက်ချင်တဲ့ ပုဂ္ဂိုလ်များ ဘုရားအလောင်းတော်များ
လှူသွားတဲ့ပုံလေးကို ကြည့်ကြစမ်းပါ။အလှူခံပုဂ္ဂိုလ်တွေကိုလည်း စောင့်မနေတော့ပါဘူး။
လှူဖွယ်ဝတ္တုတွေကိုလည်း မစီမံတော့ပါဘူး။အခမ်းအနားလည်း မပြင်ဆင်တော့ပါဘူး။ မဏ္ဍပ်တွေလည်း မထိုးတော့ပါဘူး။စာလေးတစ်ကြောင်းရေးလိုက်တယ်။
' လိုတဲ့သူ လိုတာ အကုန်ယူ' တဲ့။ လိုတဲ့သူ လိုသလောက် အကုန်ယူဆိုတဲ့သဘော
ပေါ့။ဒါမှ နိဗ္ဗာန်ရောက်တဲ့အလှူ၊ ဘာမှ မငဲ့တော့ပါဘူး။ ဘယ်လောက်ကောင်းမြတ်လိုက်တဲ့
အလှူလဲ၊ နိဗ္ဗာန်ကို ဒါနနဲ့ အလှူပေးရင်း စံဝင်ချင်တဲ့ သူတော်ကောင်း ပညာရှိတွေဟာ
ဒီနည်းနဲ့ လှူကြည့်ကြစေချင်ပါတယ်။
အရှင်ဆေကိန္ဒ
(မီးပျက်တဲ့နှစ်နာရီ အကျိုးတော့ရှိသား notes လေးတစ်ခုရေးနိုင်ခဲ့တယ်)
မေတ္တာဖြင့်
ရွှေရည်
No comments:
Post a Comment