Wednesday, March 27, 2013

ကွက်လပ်ဖြည့် မေတ္တာ




(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....


(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...

မေတ္တာဖြင့်....
( အရှင်တေဇာနန္ဒ )
ရွှေဘုန်း (စေတနာပန်းခင်း) 3.11.2012 at ဇလွန်

.....................................................

ဆရာတော်ရဲ့ Status Message မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Shared from Myanmar News Update (FB)

ကြည်ညိုစရာအကောင်းဆုံး သာဝတ္ထိရွှေပြည်


သာဝတ္ထိမှာ ဝေနေယျတွေဟာ ဘုရားမှန်း တရားမှန်း သံဃာမှန်းသိသိနဲ့  ဘုရားစကား တရားစကား
သံဃာ့စကား နားထောင်လိုက်နာကြတယ်။
အဲ့ဒီတုန်းက သာဝတ္ထိမှာ လူဦးရေ (တစ်ကုဋေ)လောက်ရှိတဲ့အထဲမှာ သုံးပုံနှစ်ပုံ ခုနစ်သန်းခွဲကျော်ဟာ အရိယာတွေချည်းပဲလို့ ဆိုတယ်။ သူတို့ အပါယ်တံခါးပိတ်ကုန်ကြပြီ။ ဒီလောက်သန်းချီတဲ့လူတွေ
အရိယာဖြစ်တယ်ဆိုလို့  ဘုန်းကြီးဝတ်၊ မယ်သီလ၀တ်ပြီး ကျင့်ခဲ့တာလို့ မထင်ပါနဲ့ ၊ သူတို့ လည်း ခင်ဗျားတို့ လိုပဲ အိမ်ထောင်သားမွေးရင်းက ဘုရားစကားအဆုံးအမကို ရိုရိုသေသေ တိတိကျကျ လိုက်နာကျင့်သုံးကြလို့ အရိယာတွေ ဖြစ်ကုန်တာပါ။ ၀ိသာခါကြီး ခုနှစ်နှစ် သမီးနဲ့ သောတာပန်တည်ခဲ့တာပါပဲ၊ ကြီးတော့  အိမ်ထောင်မပြုဘူးလား၊ ပြုလိုက်တာမှ မွေးလိုက်တဲ့ကလေးတွေ မြေးတွေတစ်သီကြီး။ ဒါပေမယ့် သူတို့ ရဲ့ ဘ၀နေနည်းက အာရုံ ခံစားမှုတွေနောက် ကောက်ကောက်ပါလိုက်ပြီး မေ့မေ့မျောမျောကြီးနဲ့ နေတာ မဟုတ်ဘူး။ လောဘ ဒေါသ နဲ နေတာ မဟုတ်ဘူး။ တရားနဲ့ နေတာ၊ အပ္ပမာဒဆိုတဲ့ သတိ နဲ့  နေတာ။

နံနက်မှာ ဆွမ်း၊ ညနေမှာ ဆီမီး ပန်းနဲ့  ရေချမ်း သာဝတ္ထိတို့ ရဲ့ ဒါနခန်း။
အသွားတစ်ဖြာ အလာတစ်ခန်း သတိတန်းလန်း သာဝတ္ထိနေတို့ ရဲ့  ခြေချလမ်း။
အဲဒီလို ဘာလုပ်လုပ် လောကီပေါ်တွင် သတိတင်လျက်က တစ်ခါတည်း နှစ်လုပ်ပြီးစေတဲ့ ဘ၀နေနည်းနဲ့  နေခဲ့ကြတော့ အတ္တလည်းမကြီးသာ၊ မာနလည်း မကြီးသာ၊ ကိလေသာလည်း မ၀င်သာတော့ဘူး။
ဟော နံနက်လင်းတာနဲ့  ဆွမ်းအုပ်ကိုယ်စီရွက်ပြီး ဘုရားရှင်နဲ့ အရိယာအရှင်သခင်ကြီးတွေ
သီတင်းသုံးရာ ဇေတ၀န်ရွှေကျောင်းတော်ကြီးကို ဆွမ်းပို့ သွားကြပါတယ်။ ဒီလိုသွားရာမှာလည်း သွားသွားမှန်းသိ၊ ဘယ်ညာဖ၀ါး ဘယ်လိုသွားနေတယ်ဆိုတာ သိကြတယ်။

ကျောင်းရောက်တော့လည်း သတိမပြတ် မှတ်လျက်ကသာနေကြသတဲ့။
ဆွမ်းကပ်ပြန်တော့လည်း သတိမပြတ် မှတ်လျက်ကသာ နေကြသတဲ့။
ကိုယ့်အိမ်ကို ပြန်ရောက်လို့  အိမ်မှုကိစ္စလုပ်ကြတော့လည်း ရှုမှတ်မှု သတိကလေး အမြဲကပ်ပါနေတယ်။ ဒီလိုနဲ့  တစ်နေ့ လုံး ဘာလုပ်လုပ် တရားနဲ့ သတိနဲ့ လုပ်နေတော့တာ၊ ဟော ညနေချမ်းရောက်လာပြန်တော့လည်း ဘုရားရှင်နှင့် အရိယာအရှင်သခင်ကြီးများ သီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်ကိုလာပြီး..
တချို့ က သောက်ရေ၊ သုံးရေ ထမ်းလျက်က။ တချို့ က ချိုးရေ ၊ ခြေဆေးရေ ရွက်လျက်က။ လက်တစ်ဖက်မှာတော့ ဆီမီး၊ နံ့ သာတိုင်တွေ ကိုင်လို့ ၊ လက်တစ်ဖက်မှာ အမွှေးနံ့ သာနဲ့ ပန်းတွေကိုင်လို့  သွားကြ လှူကြ လုပ်နေကြတယ်တဲ့ ။ ဒါန ကုသိုလ် ဝေယျာဝစ္စ ကုသိုလ်တွေကို သတိနဲ့ အတူ ယူကြပြန်ရော။

အဲ့ဒီမှာ ပြောရဦးမှာပေါ့ဗျာ။
ပန်း ဆီမီး နံ့ သာတွေ ဘာ့ကြောင့် လှူတယ်ဆိုတာ ဘုရားရှင်နဲ့  အရိယာအရှင်သခင်ကြီးတွေ ပန်းကြိုက်လို
အမွှေးနံ့ သာ ကြိုက်လို့ မှ မဟုတ်ဘဲ။ ကြိုက်စိတ် မကြိုက်စိတ်တွေ ပယ်ထားပြီးပြီပဲ၊ ဒါ့ဖြင့် ဘာ့ကြောင့် ပန်း ဆီမီး နံ့ သာတွေ ကပ်လှူရသလဲ ဆိုတော့
- ပန်းကား ဘုရားနှင့် မိမိတို့ အကြား ကာခြားထားရန်
- ဆီမီးကား ဘုရားရှင်၏ အသရေတော် ဖူးမြော်ရန်
- နံ့ သာတိုင်ကား မိမိတို့  ကိုယ်ညစ်အနံ့ ဘုရားထံ မပျံ့ နှံ့ ရန်
ဒီလို ရယ်ရွယ်ချက်ကောင်းနဲ့  ကပ်လှူကြတာပါ။

ဒီလိုနဲ့  ဘုရားဖူး၊ တရားနာ၊ တရားလျှောက်လုပ်ကြပြီး အိမ်ပြန်ရောက်လို့  အိပ်ကြတော့လည်း အမှတ်သတိကလေးနဲ့  အိပ်ကြသတဲ့ ဗျ။ ဒီတော့ သာဝတ္ထိပြည်သူပြည်သားတွေရဲ့ တစ်နေ့ တာဆိုတာ အမှတ်သတိ ရှိနေခြင်းရဲ့ တစ်နေ့ တာ။ ဒါ တစ်ရက်တည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ တစ်သက်လုံး ဒီလိုနေသွားကြတာပါ။
ဒါကြောင့် သာဝတ္ထိ ပြည်သူပြည်သား အများစုဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်နဲ့  ဘုရားရှင်မြင်တွေ့ လိုတဲ့  သာသနာတော်တွင်းသားများအဖြစ်နဲ့  နေပြခဲ့ကြတယ်။
ဘုရားစကား နားထောင်လိုက်နာတဲ့ သာဝတ္ထိမှာ ဘုရားရှင် အကြာဆုံးဝါကပ်တော်မူတာ ဒါကြောင့်ပေကိုး။
သြော် တိုင်းပြည်တစ်ပြည်၏ သုံးပုံနှစ်ပုံသော လူဦးရေများဟာ အရိယာတွေချည်းပဲ ဖြစ်ခဲ့ပေရာ ရာဇ၀င်မှာ လွမ်းတသသ ကြည်ညိုစရာ အကောင်းဆုံး သာဝတ္ထိရွှေပြည်ပါတကား။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သုဝဏ္ဏသျှမ်တောင်သြ၀ါဒ)

မေတ္တာဖြင့် စုစည်းသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Shared from အနှိုင်းမဲ့ စာတိုပေစများ (FB)

မေတ္တာပို့ပုံ



နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
.....................................................................
- အားလုံးသော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- အားလုံးသော သတ္တ၀ါတွေ မိမိတို့  ခန္ဓာဝန်ကို ချမ်းသာစွာ
ရွက်ဆောင်နိုင်ကြပါစေ...။

- ငါသည် စိတ်ဆင်းရဲခြင်းကို အလိုမရှိသကဲ့သို့ 
အားလုံးသတ္တ၀ါတို့ သည်လည်း စိတ်ဆင်းရဲခြင်း ကင်းကြပါစေ...။

- ငါသည် ရုပ်ဆင်းရဲခြင်းကို အလိုမရှိသကဲ.သို.
အားလုံးသော ရုပ်ရှိသော သတ္တ၀ါအပေါင်းတို့ သည်လည်း
ရုပ်၏ အလွန်အမင်း ဖောက်ပြန်ဆင်းရဲခြင်းမှ ကင်းရှင်းကြပါစေ...။

- ငါသည် တောင်.တတိုင်း ပြည်.စုံမှုကို အလိုရှိသကဲ့သို့ 
အားလုံးသော သတ္တ၀ါအပေါင်းတို.သည်လည်း
လိုရာဆန္ဒ ပြည်.၀ကြပါစေ...။

- ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ အရိပ်အောက်တွင်
ခိုလှုံရသဖြင့် အေးမြချမ်းသာရသကဲ့သို့ 
အားလုံးသော သတ္တ၀ါအပေါင်းတို့ သည်လည်း
တရားအရသာ ရရှိခံစားနိုင်ကြပါစေ...။

မေတ္တာဖြင့် ရေးသားသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Shared from အနှိုင်းမဲ့ စာတိုပေစများ (FB)

ပန်းရောင်နှုတ်ခမ်းလေးတွေပိုင်ဆိုင်နိုင်ဖို့



နှုတ်ခမ်းတွေမည်းနေတတ်ပြီး ပန်းရောင်နှုတ်ခမ်းလေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ပျိုမေတွေအနေနဲ့ နွားနို့အေးနဲ့ နနွင်းမှုန့်တို့ကိုရောစပ်ပြီး နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ... ပြီးတော့ ငါးမိနစ်လောက် ဒီအတိုင်းထားရပါမယ်... ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက်လုပ်သွားမယ်ဆိုရင်ပဲ သင့်နှုတ်ခမ်းအရောင်အသွေးဟာ သိသာထင်ရှားစွာ ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်...

လူအများစုဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းသိမ်းတတ်ကြပါတယ်... ဒါပေမဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကိုတော့ အာရုံစိုက်မှုအလွန်နည်းပါတယ်... ဆောင်းရာသီမှာ နှုတ်ခမ်းဟာ အစိုဓာတ်ဆုံးရှုံးကာ ခြောက်ပြီး အခြပ်လိုက်ကွာတတ်ပါတယ်... ဒါကြောင့် နှုတ်ခမ်းကို အဆီတောင့် (petroleum jelly) ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးတွေများများဆိုးပြီး ပျော့ပြောင်းမှုကို ထိန်းသိမ်းရပါမယ်...

အိပ်ရာမဝင်ခင်မှာဗွီတွတ်(beetroot) ဖျော်ရည်နည်းနည်းကို နှုတ်ခမ်းမှာလိမ်းပေးပါ... ဗွီတွတ်တွေဟာ သဘာဝအရောင်တင်ဆေးဖြစ်တဲ့အတွက် မနက်အိပ်ရာထတဲ့အချိန်မှာ သင့်နှုတ်ခမ်းတွေဟာ သဘာဝအတိုင်း ပန်းရောင်သန်းနေပါလိမ့်မယ်...

နှင်းဆီအနီရဲ့ပွင့်ချပ်တွေကို ကြေအောင်ကြိတ်ပြီး သင့်နှုတ်ခမ်းပေါ်သုတ်လိမ်းပါ.... သင့်နှုတ်ခမ်းတွေ နှင်းဆီရောင်သမ်းလာစေတဲ့အပြင် နှုတ်ခမ်းတွေရဲ့ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်...

နောက်တစ်နည်းကတော့ ရှောက်သီးနဲ့သကြားကိုသုံးပြီး သင့်နှုတ်ခမ်းအရေပြားကို ပေါင်းတင်တာပါပဲ... ဒီနည်းအားဖြင့် အရေပြားအသေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် လက်ဖက်ရည်/ကော်ဖီချိုးတွေကို ရှင်းလင်းပေးကာ သင့်နှုတ်ခမ်းကို နူးညံ့ပြီး ပန်းရောင်သမ်းစေမှာဖြစ်ပါတယ်...

Shared from Myanmar News Update (FB)

Tuesday, March 26, 2013

Post Type: Dhamma

- "သူ့အတွက် ကိုယ့်ကဏ္ဍကုန်သွားပြီမှန်းကိုသိလျှင် သူ့အပေါ်စေတနာရှိပါသည်ဟု သူ့အပေါ်အတင်းတွယ်ကာ သူ့အတွက် ဝေဖန်စရာ၊ နှမြောစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ.."

- "ကိုယ့်အတွက် သူ့ကဏ္ဍကုန်သွားပြီမှန်းကိုသိလျှင် သူမရှိတော့၍ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ.." ဆိုတာက ဥပေက္ခာသဘောဆောင်တဲ့ အမြင်ပေါ့ ကိုထူးရဲ့..။

- ဒါဟာ ဆုံခဲ့ ကြုံခဲ့ အပြန်အလှန် ကျေးဇူးရှိခဲ့ဖူးသူတွေကို သတိမရပါနဲ့ ဆိုလိုတာမဟုတ်ပါဘူး။ (အပေါ်က စာကြောင်းနှစ်ကြောင်း ကို သေချာ ပြန်ဖတ်ပြီး စဉ်းစားပါ။)

- တကယ်တော့ ဗြဟ္မဝိဟာရတရားလေးပါးမှာ ဥပေက္ခာသဘောဟာ အမြတ်ဆုံးပဲ။ ဘာကြောင့်လဲဆိုရင် ဥပေက္ခာသဘောသည် တဏှာစွဲ၊ မာနစွဲ၊ ဒိဋ္ဌိစွဲ စတဲ့ အစွဲတွေကို ရှင်းထုတ်နိုင်စွမ်း အရှိဆုံးမို့လို့ပဲ ကိုထူးရဲ့..။

အရှင်ဝိသာရဒ (ရမ္မာဝတီ)
27/03/2013

Shared from Ashin Visarada (FB)

"ဘ၀ဆိုတာဆီးနှင်းတစ်ပေါက်"


"အပ္ပမာယု မနုဿာနံ၊
ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊
နတ္ထိ မစ္စုဿ နာဂမော။"

လူသားတွေရဲ့ အသက်ဟာ အင်မတန်တိုတောင်းတယ်။
လူသားတွေရဲ့ အသက် တိုတောင်းတဲ့အကြောင်းကို ပိုပြီးတော့ လေးနက်အောင်ဆိုပြီး မြတ်စွာဘုရားက
"အရက ဆရာကြီး"ရဲ့ အဆုံးအမကို
နမူနာပြုပြီးတော့ ဆုံးမခဲ့တယ်။

✿တစ်ခါတုန်းက အရကလို့ခေါ်တဲ့ ဆရာကြီးတစ်ယောက်
ရှိတယ်။
သူက မိမိရဲ့ တပည့်ရာပေါင်းများစွာကို မကြာခဏ
အခုလို ဆုံးမလေ့ရှိတယ်။

“တပည့်တို့၊ လူတွေရဲ့အသက်ဟာ အင်မတန် တိုတောင်းတယ်၊ အသက်ရှင်သန်နေရပြန်တော့လည်း အင်မတန်
ပင်ပန်းဆင်းရဲတယ်။ ဒါကို ဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ မသေခင်အချိန်ကာလလေးအတွင်းမှာ ကုသိုလ်ကောင်းမူကိုပြုပါ၊ မြတ်သောအကျင့်ကို ကျင့်ပါ”
လို့ အဲဒီလို မကြာခဏ ဆုံးမလေ့ရှိပါတယ်။

လူ့သက်တမ်းတိုတဲ့အကြောင်းကိုလည်း ဥပမာခုနှစ်မျိုးနဲ့
ဆုံးမလေ့ရှိတယ်။
(၁) ဆီးနှင်း
(၂) ရေပွက်
(၃) ရေပေါ်မျဉ်း
(၄) တောင်ကျမြစ်
(၅) တံတွေး
(၆) အသားတစ်
(၇) သားသတ်များ
အဲဒီ ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်း တိုတောင်းလှတဲ့အကြောင်းကို ပေါ်လွင်အောင် ရှင်းပြလေ့ရှိတယ်။

♦ (1)လူတွေရဲ့ အသက်၊ လူတွေရဲက သက်တမ်းဟာ
"ဆီးနှင်းပေါက်"နဲ့ တူတယ်။

မြက်ဖျားပေါ်မှာတင်နေတဲ့ ဆီးနှင်းပေါက်လေးတစ်ခုဟာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး၊ နေရောင်ခြည်
ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းဆိုသလိုပဲ ကွယ်ပျောက်သွားရတယ်။

ဆီးနှင်းတစ်ပေါက်ရဲ့ သက်တမ်း၊ ဆီးနှင်းတစ်ပေါက်ရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ
အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာဘူး။
ဆီးနှင်းပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (2) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ" ရေပွက်ကလေး" နဲ့လည်း တူတယ်။

မြေပြင်ပေါ်မှာ မိုးရွာချလိုက်တဲ့အခါ မြေပြင်ပေါ်က
အောက်ခံ မိုးရေပြင်ပေါ်မှာ မိုးရေထိမှန်တဲ့ နေရာတိုင်း
ရေပွက်ကလေးတွေ ထလာတယ်။
အဲဒီရေပွက်ကလေးတွေဟာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။ မိုးရေထိမှန်လို့ ရေပွက်ထပြီးတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

ရေပွက်တစ်ခုရဲ့ သက်တမ်း၊ ရေပွက်တစ်ခုရဲ့
ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်
တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာ အင်မတန်
တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
ရေပွက်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(3)လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ
" ရေပေါ်မှာ တုတ်နဲ့ ရေးထားတဲ့ အရေးအကြောင်း၊ မျဉ်းကြောင်း"
နဲ့လည်း တူတယ်။

ရေပေါ်မှာ တုတ်ချောင်းလေးတစ်ချောင်းနဲ့ မျဉ်းကြောင်းလေးတစ်ခု ရေးလိုက်မယ်၊ ဒါမှမဟုတ်၊ စာလုံးလေးတစ်လုံး ရေးလိုက်မယ်ဆိုရင် အဲဒီမျဉ်းကြောင်း၊
အဲဒီစာလုံးဟာ ကြာမြင့်စွာ တည်တံ့ခြင်း မရှိဘူး။ ရှေ့ကရေး နောက်ကပျောက်၊
ရှေ့ကရေး နောက်ကပျောက်နဲ့ ချက်ချင်းပဲ
ကွယ်ပျောက်သွားရတယ်။

ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်း၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး၊ ရေပေါ်မျဉ်းတစ်ကြောင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(4) လူသားတွေရဲ့ အသက်၊ လူသားတွေရဲ့
သက်တမ်းဟာ" တောင်ပေါ်က စီးဆင်းလာတဲ့ မြစ်ရေ"
နဲ့လည်း တူတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းလာတဲ့
ရေဟာ နောက်ကို ဘယ်တော့မှ မပြန်ဘဲ ရှေ့ကိုသာ တောက်လျှောက်စီးဆင်းသွားတယ်။

တောင်ပေါ်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာရတဲ့ အတွက်ကြောင့် တောင်ကျမြစ်ရေဟာ နေရာတစ်နေရာမှာ အချိန်ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။
မြစ်ရေ ထိဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ စီးဆင်းကွယ်ပျောက်သွားရတယ်။

တောင်ကျမြစ်ရေရဲ့သက်တမ်း၊
တောင်ကျမြစ်ရေရဲ့ဖြစ်တည် ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန်တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။ တောင်ကျမြစ်တစ်စင်းရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (5) လူသားတွေရဲ့အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "တံတွေးပေါက်"
နဲ့လည်း တူတယ်။

လူတစ်ယောက် တံတွေးထွေးတော့မယ်ဆိုရင်
ခံတွင်းထဲမှာရှိတဲ့ တံတွေးတွေကို လျှာဖျားမှာ
အရင် စုလိုက်တယ်။ စုပြီးတော့မှ ထွေးလိုက်တယ်။
တံတွေးတွေကို လျှာဖျားမှာ စုလိုက်တဲ့အချိန် လျှာဖျားမှာ စုပြီးသားတံတွေးကို ထွေးလိုက်တဲ့အချိန်ဟာ ဘာမှမကြာဘူး။

ထွေးဖို့ရည်ရွယ်ပြီး လျှာဖျားမှာ စုထားလိုက်တဲ့ တံတွေးဟာ
အပြင်ဖက်ကို မထွေးစွန့်ခင် လျှာဖျားပေါ်မှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ပျစ်ခနဲ ထွေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန်ကို တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
တံတွေးတစ်ပေါက်ရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦ (6)လူသားတွေရဲ့ အသက်၊
လူသားတွေရဲ့ သက်တမ်းဟာ "အသားတစ်"
နဲ့လည်း တူတယ်။

တစ်နေ့လုံး အပူပေးထားတဲ့ သံအိုးကင်းကြီးထဲကို
အသားတုံးလေးတစ်တုံး ပစ်ချလိုက်မယ်ဆိုရင်
အဲဒီအသားတုံးကလေးဟာ ရှဲကနဲမြည်ပြီးတော့ ချက်ချင်းပဲ လောင်ကျွမ်းကြေမွသွားရတယ်။

သံပူအိုးကင်းထဲ ထည့်လိုက်တဲ့ အသားတုံးဟာ သံပူအိုးထဲမှာ
ကြာရှည်စွာ တည်တံ့ခြင်းမရှိဘူး။ ထည့်လိုက်တာနဲ့
တစ်ပြိုင်နက်တည်း ချက်ချင်းပဲ လောင်ကျွမ်းတူးခြစ်ပြီးတော့ကပွယ်ပျောက်သွားရတယ်။

သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ သက်တမ်း၊
သံပူအိုးကင်းထဲက အသားတစ်တစ်ခုရဲ့ ဖြစ်တည်ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှ မကြာပါဘူး။
သံပူအိုးကင်းထဲက သားတစ်တစ်ခုရဲ့ သက်တမ်းလို ပျောက်ပျက်လွယ်ပါတယ်။

♦(7) လူသားတွေရဲ့အသက်၊ လူသားတွေရဲ့ သက်တမ်းဟာ အသတ်ခံရမယ့် နွားနဲ့လည်း တူတယ်။

သားသတ်ရုံမှာ သတ်ဖို့ ရည်ရွယ်ချက်နဲ့ နွားတစ်ကောင်ကို သားသတ်ရုံရှိရာ ခေါ်သွားမယ်ဆိုရင် အဲဒီနွားရဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းဟာ သားသတ်ရုံနဲ့ နီးလာတယ်။ သေခြင်းတရားနဲ့ နီးလာတယ်။
အသတ်ခံရဖို့၊ သေရဖို့နဲ့ နီးနီးလာတယ်။

သားသတ်ရုံဘက် ဦးတည်လျှောက်လှမ်းနေတဲ့ နွားဟာ
နွားဘ၀မှာ ကြာရှည်စွာ တည်တံ့ခြင်း မရှိဘူး။
သားသတ်ရုံရောက်လို့ အသတ်ခံရတာနဲ့ တစ်ပြိုင်နက်တည်း
ချက်ချင်းပဲ ကွယ်ပျောက်သွားရတယ်။

သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ သက်တမ်း၊
သားသတ်ရုံ သွားနေတဲ့ နွားတစ်ကောင်ရဲ့ ဖြစ်တည်
ရှင်သန်ခွင့်ဟာ အချိန်ကာလ အင်မတန် တိုတောင်းတယ်။

အဲဒီလိုပါပဲ၊ လူသားတွေရဲ့ အသက်ဟာလည်း အင်မတန် တိုတောင်းလှပါတယ်။ ဘယ်လောက်မှမကြာပါဘူး။ သားသတ်ရုံသွားနေတဲ့ နွားတစ်ကောင်လို ပျောက်ပျက်လွယ်ပါတယ်။

အဲဒီလို ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်းတိုတောင်းတဲ့
အကြောင်း ပြောပြီးတော့
“တပည့်တို့… အဲဒီလို လူသက်တမ်းတိုတဲ့ အကြောင်းကို
အမြဲမပြတ် ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူကို ပြုကြပါ၊ မြတ်သောအကျင့်ကို
ကျင့်ကြပါ”လို့ အရကဆရာကြီးက ဆုံးမတယ်။

အမှန်ကတော့ အဲဒီအဆုံးအမကို မြတ်စွာဘုရားရှင်က
ဆုံးမချင်တာပါပဲ။
သို့သော်လည်း တိုက်ရိုက်မဆုံးမဘဲ အရကဆရာကြီးဆုံးမခဲ့တာကို နမူနာပေးပြီး ဆုံးမတာဟာ ဘာရည်ရွယ်ချက်လဲဆိုရင်
မိမိရဲ့ အဆုံးအမကို ပိုပြီး လေးနက်စေချင်လို့ပါ။

► ဘယ်လိုလေးနက်သွားသလဲဆိုတော့…

လူ့သက်တမ်းတိုလှပါတယ်လို့ ဆုံးမခဲ့တဲ့ အရကဆရာကြီးတို့
ခေတ်တုန်းက လူ့သက်တမ်းဟာ ဘယ်လောက်ရှည်သလဲဆိုရင် အနှစ်ခြောက်သောင်းရှည်တယ်။

► ဒီကနေ့ခေတ် သက်တမ်းနဲ့ ကြည့်လိုက်ရင်တော့ အနှစ်ခြောက်သောင်းဆိုတာ အသက်တမ်းရှည်လိုက်တာ၊
ကုန်ခဲလိုက်တာလို့ ထင်စရာကြီးပါ။

► အဲဒီလောက်သက်တမ်းရှည်တဲ့ခေတ်မှာတောင်မှ
လူ့သက်တမ်းဟာ တိုလိုက်တာလို့
ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းပြီး၊ ကုသိုလ်ကောင်းမူ ပြုခဲ့ကြသေးတယ်ဆိုရင် -

ချစ်သားတို့ ချစ်သမီးတို့၊ ဒီကနေ့ခေတ် လူ့သက်တမ်းမှာ လူ့သက်တမ်းတိုလိုက်တာလို့ ပိုပြီးတော့ ဆင်ခြင်သင့်တာပေါ့၊ ဆင်ခြင်ပြီးတော့ ကုသိုလ်ကောင်းမူတွေ ပိုပြီးတော့ ပြုသင့်တာပေါ့။

► အသက်ရှင်နေရပြန်တော့လည်း ချမ်းချမ်းသာသာ
သက်သက်သာသာနဲ့ ရှင်ရသလားဆိုတော့
"ဗဟုဒုက္ခံ ဗဟုပါယာသံ"၊
ဆင်းရဲခြင်း၊ ပင်ပန်းခြင်းကသာ များတယ်။

“လူ့သက်တမ်းက တိုလိုက်တာ။
အသက်ရှင်နေရပြန်တော့လည်း ဆင်းရဲခြင်းတွေကသာ
များလိုက်တာ၊ ပင်ပန်းခြင်းတွေကသာ များလိုက်တာ”လို့ ပညာရှိသူတော်ကောင်းများ ဆင်ခြင်နှလုံးသွင်းခဲ့ကြပါတယ်။

► အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ပြောခဲ့တဲ့
အရကဆရာကြီး တို့ရဲ့ ခေတ်တုန်းက အနာရောဂါဆိုလို့
ဘာပဲရှိသလဲဆိုရင်
"ဆဠေ၀ အာဗာဓာ အဟေသုံ။" ရောဂါခြောက်မျိုးပဲရှိတယ်။

► "သီတံ၊ ဥဏှံ၊ ဇိဃစ္ဆာ၊ ပိပါသာ၊ ဥစ္စာရော၊ ပဿာဝေါ။"

(၁) သီတံ - အေးတာရောဂါ၊
(၂) ဥဏှံ - ပူတာရောဂါ၊
(၃) ဇိယစ္ဆာ - ထမင်းဆာတာရောဂါ၊
(၄) ၀ိပါသာ - ရေငတ်တာရောဂါ၊
(၅) ဥစ္စာရော - ကျင်ကြီးစွန့်ချင်တာရောဂါ၊
(၆) ပဿာဝေါ - ကျင်ငယ်စွန့်ချင်တာရောဂါ။

► ဒီကနေ့ ခေတ်အနေနဲ့ ကြည့်လိုက်ရင်တော့ အဲဒီရောဂါခြောက်မျိုးဟာ ရောဂါလို့တောင်
သတ်မှတ်စရာ မဟုတ်ပါဘူး။
ဘာမှ မပြောပလောက်တဲ့ သဘောတရား
ခြောက်မျိုးကိုတောင်မှ အနာရောဂါလို့ သတ်မှတ်ပြီးတော့
အသက်ရှင်ရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ဆင်ခြင်နှလုံးသွင်းခဲ့သေးတယ်ဆိုရင်…

ဒီကနေ့ခေတ် အနာရောဂါတွေ ထူပြောလှတဲ့ခေတ်၊
စားဝတ်နေရေး ကျန်းမာရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လူပ်ရှားရတဲ့ခေတ်မှာ
အသက်ရှင်နေရတာ ပင်ပန်းဆင်းရဲလိုက်တာလို့
ပိုပြီးတော့ ဆင်ခြင်နှလုံးသွင်းသင့်ကြတာပေါ့။

အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ သူတော်ကောင်း
ပုဂ္ဂိုလ်တွေဟာ အသက်ကို ကဲ့ရဲ့ရူတ်ချရမယ်”ဆိုတာ
“လူ့သက်တမ်းဟာ တိုတောင်းလိုက်တာ၊
အင်မတန် ကန်ုလါယ်လိုက်တာလို့ ဉာဏ်နဲ့ ဆင်ခြင်ရမယ်”
လို့ ဆိုလိုတာပါပဲ။

[ အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)]
(မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ-)

--------------------------*--------------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

Monday, March 25, 2013

Post Type: Dhamma



တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ ..
စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ ..
သေသေချာချာ ဆန်းစစ်ကြည့်ကြ။
ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တစ်ခုခုကို မှီထားမိလို့ပဲဆိုတာ
ပေါ်ကြပလား။

ဥပမာ - သစ်တုံးကို မှီထားရင် သစ်တုံးလှုပ်ရင် ကိုယ်ပါလှုပ်မယ်။
သစ်တုံးလှုပ်တာနဲ့ မှီတဲ့သူပါ လှုပ်တာ။ အဲဒါ မှီထားလို့သာ လှုပ်တာ။ တခြားစီနေရင် မလှုပ်ပါဘူး။ သဘောပေါက်ကြပလား။

ဒီဥပမာအတိုင်းပဲ။
တို့ဒကာတွေ စိတ်မချမ်းမသာ ကိုယ်မချမ်းမသာ ဖြစ်နေရင် ရှိနေရင် တစ်ခုခုကို မှီနေလို့ပဲလို့ ဆုံးဖြတ်ချက်ချ။

( မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ )

Shared from 3 Treasures: Buddha, Dhamma & Sangha (FB)

Tuesday, March 19, 2013

ကိုကို မမတို့အားလုံး အတွက် သိထားသင့်တဲ့ နည်းလေးများ

ဒီနေ့တော့ သူငယ်ချင်းတွေ အတွက် ကောင်းနိုး ရာရာ လေးတွေရွေးလို့ မှတ်သားစရာ လေးများ ပြောပြ ဦးမယ်နော်။ တကယ်လဲ အသုံး ဝင်တဲ့ နည်းလေး တွေပါ။

ခေါင်းကိုက်နေပါသလား၊

သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေ သက်သာ သွားပါလိမ့်မယ်။

ခြင်ကိုက်လို့ ယားနေပါလား၊

ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ် သက်သာပါတယ်။

သကြားအညိုတွေ ခဲနေပါက ပန်းသီးတစိပ်လောက် ထည့်လိုက်ပါ ချက်ချင်း အရည်ပျော် သွားပါလိမ့်မယ်။

တလတခါ ရာသီလာချိန်မှာ ကိုက်ခဲနာကျင် တတ်သူ အစ်မနဲ့ ညီမလေးတွေ အတွက်ပါ၊ ဒိန်ချဉ် ဘူးလေးပဲ ဖြစ်ဖြစ်၊ ရိုးရိုး ဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင် မှု ဝေဒနာ တွေ သက်သာ စေပါတယ်။

ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်း ထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူးရဲ့ သဘာဝ အချိုဓါတ်တွေ ထွက်လာ စေပါတယ်။

ပုရွက်ဆိပ် ကလေးတွေ အိမ်မှာ တန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေ ထည့်ပြုတ်လိုက်ပါ

ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့ တိုက်လိုက်ပါ

မီးဖိုချောင်သုံး စတီးအိုး ခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊ အစွန်းအထင်း တွေကိုပါ ဖုံးလွှမ်း ပေးနိုင်ပါတယ်။

ရုံပတီသီးကြော် စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာ မကြိုက်ပါက ဟင်းအိုးချတဲ့ အချိန်မှာ သံပုရာသီး တစိပ် ထည်လိုက်ပါ လုံးဝ မချွှဲတော့ပါဖူး

ကြက်သွန်နီနွာလို့ မျက်ရည် မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ

အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေ စွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေ ပျောက်သွား ပါလိမ့်မယ်

ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေ လာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ

ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင် လွှင်ပြယ်တာကို ကာကွယ်တဲ့ အပြင် ၊မှိုတက် မဖြစ်တော့ပါဖူး

သတင်းစာကို ရေနဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည် လင်လင်လေး ဖြစ်လာ ပါလိမ့်မယ်

ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကို စင်ကြယ်အောင် တိုက်ချွတ် နိုင်ပါတယ်။

ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။


Shared from Myanmar News Update (FB)

Monday, March 18, 2013

အဲဒီညပေါ့ .... (သဲပုံစေတီည ပုံဖော်ရေးသားခြင်း by Ma Su)



ရေးကြီးသုတ်ပြာနဲ့ ကမ်းခြေကိုသွားနေခဲ့တယ်...

အကျွေးအမွေးအတွက် အော်ဒါမှာထားပေမယ့် ကိုယ်တိုင်လက်ခံမယူနိုင်ခဲ့တော့ ပို့သူက ပို့ပေးခဲ့ကြောင်းဖုန်းဆက်လာတယ်...

လက်ခံသူ ဓမ္မမိတ်ဆွေဦးကြီးက ခုချက်ချင်းပဲ ကုန်သွားပြီဖြစ်ကြောင်းဖုန်းဆက်လာတော့ ဗိုက်ထဲက ဂွီခနဲထွက်တဲ့အသံကို တိုးသွားစေမလား တံတွေးကိုမျိုချ....

အဲဒီညကို အဲဒီလိုစ ခဲ့တာ...


ကမ်းခြေကို ရောက်တော့....

လူအင်အား ၁၀၀ ကျော်လောက် တက်ညီလက်ညီ သံပြိုင်ချီ အင်တိုက်အားတိုက်လုပ်အားပေး ဝေယျာဝစ္စကုသိုလ်ယူနေကြပြီ..

အသက်ရှူသံပြင်းပြင်းကြားမှာ အပြုံးတွေဖောက်ထားပြီး သီလိုက်တဲ့ သဲတွေဟာ မြတ်ဘုရားခြေတော်ရင်း ဝပ်ဆင်းဖို့ပါ။

ပင်လယ်က ရေကိုပဲခပ်သူတွေတစ်လိုင်း ... ရေပုံးတွေလက်ဆင့်ကမ်းရင်း ပုံထားတဲ့ သဲတွေပေါ်လောင်းထည့်၊ သဲမာသွားအောင် ရိုက်သူက ရိုက်၊ မောပန်းနေသူတွေကို အအေးလိုက်တိုက်သူတွေကလည်းတိုက်...

ဒီလိုနဲ့ စေတီရဲ့ အောက်ပစ္စယံကို အားလုံးရဲ့ ကာယအားတွေသုံး၊အပြုံးနဲ့ အဆုံးသပ်ခဲ့ကြပါတယ်။


နောက်နေ့ညနေမှာတော့ ဗိသုကာပညာရှင်ကိုမျိုးရဲ့ ပါရမီကိုတူးဖော်ခွင့်ရတဲ့ အထက်ပစ္စယံကို ပူဇော်ပြီး တပေါင်းလရဲ့ မြန်မာ့ရိုးရာ သဲပုံစေတီပွဲကျင်းပကြပါတယ်။

ပန်းစီစဉ်တဲ့ သူများကလည်း သစ်ခွတွေခြွေပြီး စေတီတော်ခြေရင်း သဲနံရံမှာပန်းစေတီလေးတွေပုံဖော်ကြတယ်။ အဲဒီအထက်မှာတော့ ဂန္ဓာမာအမျိုးမျိုးကို ပန်းခုံကြီးတွေ အမျိုးမျိုးလုပ်လို့ စေတီတော်ပတ်ပတ်လယ် ပူဇော်ထားကြပြန်တယ်။

ဆီမီးအတွက် စေတီတော်ခြေရင်းပတ်ပတ်လယ် ၆လက်မ အကျယ်လောက် သဲမြောင်းလေးတူးထားပေးတယ်။

စေတီက ပင်လယ်ကမ်းစပ်မှာဆိုတော့ လေတိုက်ပေမယ့် မီးတွေမငြိမ်းဘဲ ပူဇော်ခွင့်ရအောင်ပါ။


ဆီမီးတွေက စေတီတော်ပတ်ပတ်လယ် အောက်ခြေမှာ ဆလိုက်တွေထိုးထားပေးသလို ညရဲ့ အသရေ တိုးစေခဲ့တယ်။

ပင်လယ်ကို ကျောပေးထားပြီး မြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ထားရာ မျက်နှာစာမုဒ်မှာတော့ အပွင့်ကြီးတွေငွားငွားစွင့်စွင့် ပွင့်နေသလားထင်မှတ်ရအောင် သစ်သီးပန်းအနုပညာတွေနဲ့ အလှဖော်ပူဇော်ထားကြလေရဲ့။


လရောင်ဖွေးဖွေးက ပင်လယ်ကြီးကို ငုံ့နမ်းလေသလား...

ငွေရောင်လွှမ်းတဲ့ ပင်လယ်ပြင်ကို နောက်ခံထားပြီး

ပန်း၊ ရေချမ်း၊ ဆီမီး၊ လှူဖွယ်ပစ္စည်း မြိုင်မြိုင်နဲ့ သဲပုံစေတီတော်ဟာ ဖူးမဝနိုင်အောင် ဖြစ်ခဲ့တယ်။


နားနေရာ တဲအသီးသီးကိုလည်း မြတ်ဘုရားဘက်မျက်နှာမူလို့ ထိုးထားကြတယ်။


ညဥ့်ကလည်းနက်နက်လာတော့ တိတ်တိတ်လာတဲ့ ပတ်ဝန်းကျင်ကို ပင်လယ်လှိုင်းသံကတော့ ဖြိုဖြိုယူဆဲ...

တရားထိုင်သူ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူ စသဖြင့် ကိုယ်အားသန်ရာနဲ့ ပူဇော်နေကြတုန်း။


ကုသိုလ်စေတသိက်တို့ အဆက်မပြတ်မွေးဖွားတော့ ဖေဖေ၊ မေမေနဲ့ ခင်မင်တဲ့ဆွေမျိုးတွေကို ဖုန်းဆက် အမျှဝေပေးခဲ့သေးတယ်။ ပင်လယ်လှိုင်းနဲ့ အတူ လှိုက်လှိုက်တက်နေတဲ့ ကုသိုလ်ပီတိတွေ ခဏမဟုတ်တဲ့ ဘဝတစ်ခု အဆုံးမသပ်ခင် ဒီလိုပဲမွေးဖွားခွင့်ရပါစေ။


အမှောင်ထုကို ငွေရောင်ဖျော့ဖျော့ ပက်ဖျန်းရင်း ပင်လယ်ကို ဖြတ်သန်းလာတဲ့ လေနုအေးက သူပါတိုးဝှေ့ပူဇော်လို့....

မြင်နေရတဲ့ အတိဣဋ္ဌာရုံ၊ အာရုံပြုရတဲ့ အနှိုင်းမဲ့ဂုဏ်တို့ကြောင့် ... သြော်.... မျက်တောင်ခတ်ချိန်တောင် နှမျောမိပါရဲ့။


အရင်နှစ်က အရသာကို ငေးမောရင်း ...

ဘယ်နှစ်နာရီထိုးပါလိမ့်....

Shared from ဇာတိပုည ဂုဏ်မာန (FB)

Sunday, March 17, 2013

မိန်းကလေးအတွက် :D


ညီမလေးရေ။ ယောက်ျားယူတော့မယ်ဆိုရင်လေ...

ယောက်ျားတစ်ယောက်အဖို့ ရုပ်ရည်ချောဖို့ မလိုပါဘူး။ ပိုက်ဆံလေးထောရင် ပြီးတာပါပဲ။ Shopping မှာ မ၀ယ်ဘဲ ဈေးကိုအနည်းဆုံး ၃ ပတ်လောက်လျှောက်ကြည့်တာကို မငြီးမငြူ ဂျီးမထူပဲ လိုက်နိုင်ရင်တော်ပါပြီ။

ယောက်ျားတစ်ယောက်အဖို့ အရင်သူနေခဲ့တဲ့ အိမ်ကျယ်မကျယ်က အရေးမကြီးပါဘူး။ လက်ထပ်ပြီးရင် နေမယ့်အိမ်ကိုသာ ကြီးကြီးလေး ၀ယ်ထားရင်ပြီးတာပါပဲ။

မင်္ဂလာဆောင်မယ့်စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။ သူ့မှာရှိတဲ့ ပိုက်ဆံအကုန် ကိုယ့်ကိုအပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့။

အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင် သူကဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကို ကြည့်လိုက်ပေါ့။ တစ်ပွဲမှာတစ်ယောက်ကတော့ အရမ်းချောမှာသေချာတယ်လေ။

သူ့ကျန်းမာရေးကို ဂရုစိုက်ပေးရမယ်နော်။ အသားဓာတ်လိုရင် ပဲများများကျွေးပေါ့။ အသားစားလို့ သွားကိုက်ရင် အရမ်းခံစားနေရမှာပေါ့။ ကိုယ့်ယောက်ျားခံစားနေရတာကို ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါကြောင့် အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပစ်လိုက်ပေါ့။

ကိုယ့်ယောက်ျားက ခေတ်နဲ့တပြေးညီဖြစ်နေရင် နောက်မိန်းမယူသွားမှာကို စိုးရိမ်နေရလိမ့်မယ်။ အဲဒီတော့ ပုဆိုး ၂ ထည်၊ အင်္ကျီ ၂ ထည်ဆိုလုံလောက်ပြီ။ ကိုယ်ကတော့ ခေတ်နဲ့အညီနေနိုင်မှ အချစ်မရော့မှာဆိုတော့ လှတပတလေးဆို ၀ယ်သာဝယ်။ ဈေးနှုန်းဆိုတာ ကိုယ်ပြောမှာသူသိမှာမဟုတ်လား။

ထမင်းဟင်းချက်တဲ့အခါမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့စကားနဲ့အညီ တစ်နေ့တစ်နေ့ အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာဝယ်ပြီး ချက်ပြုတ်နေတုန်း စားထားနှင့်လေ။ ထမင်းဘာလို့ သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့။

အ၀တ်အစားတွေ လျှော်ဖွတ်ရမှာက အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ဆိုတော့ သူပြောစရာမလိုခင် ကိုယ်ကဦးအောင်လုပ်ကိုင်ထားရမှာပေါ့။ Laundary Service ဆိုင်တွေက ပေါပါတယ်။

အိမ်သန့်ရှင်းရေး လုပ်တာကလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှ အကုန်သာလွှင့်ပစ်လိုက်။ နောက်ဆိုရှုပ်အောင် ဘယ်သူမှလုပ်ရဲမှာမဟုတ်တော့ဘူး။

လှဲကျင်းလျှော်ဖွတ်ရတာ ပင်ပန်းနေပြီဆို အနားယူလိုက်တော့။ ပန်းကန်ခွက်ယောက်တွေ ဆေးဖို့လဲ ပူစရာမလိုပါဘူး။ Paper Plates တို့ Paper Cups တို့ရှိသားပဲ။

ဈေးသွားရင်လည်း သူလိုက်ပါစေ။ မဟုတ်ရင် အမှိုက်ထုပ်ကြီး ကိုယ်သယ်နေရမှာပေါ့။ အပြန်ကျတော့ ကိုယ်သယ်ပေးလိုက်ပေါ့။ ကူလီငှားခက ဘယ်လောက်မှ မရှိပါဘူး။

ကိုယ်နဲ့သဘောထားချင်း မတိုက်ဆိုင်ရင် အတင်းကြီးမညှိယူပါနဲ့။ ကိုယ်လုပ်ချင်တာလုပ်လိုက်ပါ။

ကိုယ့်ကိုအသက်တမျှတန်ဖိုးထားတဲ့သူ့ကို ပိုက်ဆံမအပ်လို့ စိတ်မဆိုးနဲ့နော်။ Credit Card တွေကိုယ်ယူထားလိုက်ပေါ့။

သူကကိုယ်လိုချင်တာတွေ ၀ယ်ပေးဖို့ ငြင်းဆန်နေရင်၊ ကိုယ့်ကိုအလိုလိုက် အလျှော့ပေးဖို့ တွန့်ဆုတ်နေရင်တော့ Holly Wood မင်းသမီးတွေ ယောက်ျားဘယ်နှယောက်ယူခဲ့တဲ့စာရင်းလုပ်ပြီး သူ့ကိုပြောပြဖို့ မမေ့ပါနဲ့။

ဒီလူနဲ့ စိတ်သဘောထား မတိုက်ဆိုင်လို့ ကွာရှင်းချင်ရင် ကွာလိုက်ပါ။ ပိုင်ဆိုင်သမျှတစ်ဝက်ထက်ပိုရအောင် ရှေ့နေကောင်းကောင်း ရှာထားဖို့တော့ လိုမယ်နော်။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

Credit - Original Writer

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

Shared from ရေးမိရေးရာလေးများ (FB)

ယောက်ျားလေးအတွက် :D


ကျွန်တော်မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကလဲ သာမန်ပါပဲ။

ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ချစ်စရာမျက်နှာရှိရင်တော်ပြီ။ ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။

ကျွန်တော်ယူမယ့်မိန်းမရဲ့ အိမ်ဘယ်လိုပုံရှိတယ်ဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘကတစ်ဝက်။

သူမရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ ချောကလက်ကို သူမလက်ဖျားနဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲစားမယ်။

ထမင်းဟင်းကို သူမဘယ်လိုပဲချက်ချက် ကျွန်တော်စိတ်မ၀င်စားဘူး။ အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့တရုတ်စာ၊ နောက်နေ့ကုလားစား၊ စသည်ဖြင့် ပြောင်းလဲချက်ချက်လား။ ရတယ်။ ဒီကိစ္စမှာသူမကို လုံးဝလွတ်လပ်ခွင့်ပေးထားတယ်။

အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့အ၀တ်အစား အမြဲတမ်းသန့်ရှင်းနေရမယ်။

လှဲကျင်းလျှော်ဖွပ်လို့ ပင်ပန်းလာပြီလား။ အဲဒါဆို မိန်းမကို ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုမှ ကျန်တဲ့ပန်းကန် ခွက်ယောက်တွေကို ဆေးခိုင်းမယ်။

ဈေးကိုတော့အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။

သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ သူ့လက်ထဲကို ပိုက်ဆံတပြားမှ မထည့်ပေးဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မှတ်လား။

ကျွန်တော့်အမိန့်ကို နာခံရမယ်လို့မပြောဘူး။ ကျွန်တော့်စကားနားထောင်ရင်တော်ပြီ။ နားမထောင်နိုင်ဘူးလား ဒါဆိုနောက်တစ်ယောက်ရှာပစေပေါ့ မဟုတ်ဘူးလား။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

Credit - Original Writer

ရယ်မောခြင်းသည် အသက်ရှည်၏တဲ့ ...
တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ ...

Shared from ရေးမိရေးရာလေးများ

Saturday, March 16, 2013

စကားတစ်ခွန်း၏ တန်ဖိုး




ကျွန်တော်တို့  လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လူတစ်ဦးနဲ့တစ်ဦးကို ဆက်သွယ်မေးမြန်း စုံစမ်း လုပ်ကိုင် ကြတဲ့နေရာမှာ စကားပြောခြင်း ဆိုတဲ့ အရာကိုကြားခံထားလို့သုံးစွဲကြပါတယ်။
ကျွန်တော်တို့နေ့ စဉ်အသုံးပြုပြောနေကြ မြန်မာစကားဆိုတာက စကားလုံးတိုင်းမှာ အနက်အဓိပ္ပါယ် ပြည့်ဝစွာ ပါဝင် နေလေ့ရှိပါတယ်။
ပြီးတော့ အခြေအနေအချိန်အခါ နဲ့  လူပုဂ္ဂိုလ်အပေါ်မူတည်ပြီး သင့်မြတ်ချိုသာတဲ့ စကား ကို သုံးနှုန်းလေ့ရှိပါတယ် ။

ကြမ်းပေါက်ထဲ ခြေထောက်ကျွံရင် ပြန်နုတ်လို့ ရနိုင်ပေမယ် ကျွံသွား ၊ လွန်သွားတဲ့ စကားကတော့ပြန်ရုပ်သိမ်းလို့ မလွယ်တော့ပေ ။မြန်မာစကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါတယ်။
စကား စကားပြောပါများ စကားထဲက ဇာတိပြ ၊စကားနောက် တရားပါ ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်းတော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း
လက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့်များစွာ ရှိကြပါတယ် ။ထိုကြောင့် မဖြစ်မနေ များ စကားပြောခွင့်ကြုံလို့ ၊ ပြောရတော့မယ်ဆိုရင် တောင်မှ
ကိုယ်ပြောမယ်စကားကို ချိုသာသိမ့်မွေ့ မှုကို အခြေခံ ၊ပြီးရင် စကားရဲ့ ရှေ့ နောက်အကျိုးကို စဉ်းစားပြီးမှ
ပြောစေချင်ပါတယ် ။စကားပြောခြင်းနဲ့ ပတ်သက်တဲ့ သာဓကဆောင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို
ဥပမာပြုစေဖို့  ကျွန်တော် ပြောပြချင်ပါတယ် ။

ဟိုးရှေးအခါက ...............မိမိကိုယ်ကိုယ် စကားကျွမ်းကျင်လှပြီလို့ အထင်ရှိနေတဲ့ လူငယ်လေးဦးဟာ
အဘိုးအိုတစ်ဦးနဲ့ ဆုံမိကြပြီး တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က '' မယုံဘူး '' လို့ ပြောမိရင်
ကျွန်ပြုကြစတမ်းလို့  ကတိထားတဲ့ ယုံတမ်းစကားပြော ပြိုင်ပွဲတစ်ခု လုပ်ကြသတဲ့လေ ။လွယ်လွယ်ပြော
ရရင် မယုံအောင်ပြောတဲ့ စကားကို '' ယုံတယ် '' လို့ ခေါင်းညိတ်လက်ခံကြရမယ်ပေါ့ ။မယုံပါဘူး လို့ ပြော
လိုက်မိရင်လည်း မယုံအောင် ပြောတဲ့သူ အိမ်မှာ အခိုင်းအစေအဖြစ် နေကြေးပေါ့ ။

လူငယ်လေးယောက်အနက် ပထမဆုံးတစ်ယောက်က ......................
ကျွန်တော်အမေ့ဝမ်းဗိုက်ထဲမှာ နေစဉ်က အမေဆီးသီးစားချင်နေတာသိလို့  ၀မ်းဗိုက်ထဲကနေ ဆီးသီးရှာပေးခဲ့ရသေးသဗျ ။ ယုံကြလား လို့ မေးတော့ အားလု့းက ပြုံးပြီး ယုံပါတယ်ဟု ပြောကြသတဲ့ ။

နောက် ........ဒုတိယတစ်ယောက်ကတော့ ...................................
တစ်ခါတုန်းက ကျွန်တော်မန်ကျည်းသီး အလွန်စားချင်တာနဲ့ မန်ကျည်းပင်ပေါ် တက်ခူးခဲ့တာ ......
ခူးရင်းခူးရင်းနဲ့  လေးငါးတင်းလောက် ရလာလို့  အပင်ပေါ်ကပြန်မဆင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ် ။
ဒါနဲ့ ပဲ အိမ်ကလှေကားကို ပြန်ယူပြီး ဆင်းလာခဲ့ရတယ် ။
ယုံကြရဲ့ လား တဲ့ ။
အပင်ပေါ်ကနေ မဆင်းနိုင်ဘူးလည်း ပြောသေးတယ် လှေကားကို ကိုယ်တိုင်သွားယူတယ်ဆိုတော့ မဖြစ်နိုင်တဲ့စကားပေါ့ ။ဒါပေမဲ့ 
မယုံပါဘူး ပြောရင် ကျွန်ပြုခံရမှာဆိုတော့ အားလုံးက ယုံပါတယ် လို့ ပဲ ပြောကြသတဲ့ ။

တတိယတစ်ယောက်ကတော့ ဟိုတစ်နေ့ က မြစ်ချောင်းနား လမ်းလျှောက်ရင်းနဲ့ စိတ်ထဲမှာ ငါးကင်စား
ချင်လာတာနဲ့ ရေဆင်းငုပ်ပြီးတော့ ရေထဲမှာပဲ ငါးဖမ်း ၊မီးမွှေးပြီး ကင်စားလိုက်တာ ဗိုက်ကိုကားသွားတာပဲ ။
ဟဲဟဲ ယုံကြလားတဲ့ ။အားလုံးက ယုံတယ် ယုံတယ် လို ခေါင်းညိတ် လက်ခံလိုက်ပြန်တယ် ။

အဲ နောက်ဆုံး လူငယ်တစ်ယောက်က ကျတော့.......................
ကျွန်တော်အိမ် ဘယ်လောက်မြင့်သလဲဆိုရင် အိမ်မှာနေတဲ့ အိမ်ဖော်တစ်ယောက်က မွေးတဲ့ကလေးဟာ
မွေးပြီးပြီးချင်း အိမ်ရဲ့ ကြမ်းပေါက်က ကျွံကျသွားတာ ဆံပင်ဆွတ်ဆွတ်ဖြူတဲ့ အရွယ်ရောက်မှ မြေကြီးပေါ်ကျတော့တယ် ။အဲ့ဒီလောက်ထိ ကျွန်တော်အိမ်က မြင့်တာ ။ယုံကြရဲ့ လား လို့ မေးတယ်ဆိုရင်ပဲ လူငယ်
သုံးယောက်ကော အဘိုးအိုကပါ ယုံပါ့ ငါ့လူရာ ....ယုံပါ့ လို့ ဝိုင်းပြောလိုက်ကြသတဲ့ ။

ဒီလိုနဲ့ အဘိုးအို အလှည့်ရောက်လာရောပေါ့ .......'' အဘိုးအိမ်ရှေ့ မှာ ကွာ ၀ါပင်လေး တစ်ပင် စိုက်မိပါတယ် ။အဲ့ဒီဝါပင်က ၀ါသီးလေးတစ်လုံး သီးသကွဲ့ ။အဲ့ဒီ ၀ါသီးတွေရင့်မှည့်ခြောက်သွေ့ ပြီး အက်ကွဲလာတော့
လူငယ်လေးယောက် ထွက်ကျလာတော့တာပဲဟေ့ ။အဘိုးမှာလည်း လက်တို လက်တောင်းခိုင်းစရာ မရှိတော့
အဲ့ဒီလူငယ်လေးယောက်ကိုပဲ ကျွေးမွေးပြီး အခိုင်းအစေအဖြစ် ထားရတာပေါ့ကွာ ။တစ်နေ့ ကျတော့ အဲ့ဒီ လူငယ်
လေးတွေ လေးယောက်သား ငါ့ဆီကနေ ထွက်ပြေးသွားလို့  လိုက်ရှာနေတာ။အခုမှပဲ ပြန်တွေ့ ရတော့တာပဲကွာ ။
ဟဲဟဲ မင်းတို့ က အိမ်ကထွက်ပြေးသွားတဲ့ ကျွန်လေးယောက် ပဲ ကွ ။ '' ဘယ်လိုလဲ ယုံကြရဲ့ လားလို့ လည်းဆိုရော
လူငယ်လေးယောက်ခမျာ ယုံတယ် ပြောရင်လဲ အဘိုးအိုရဲ့ အခိုင်းအစေ တွေဆိုတာ လက်ခံသလို ဖြစ်မယ် ။မယုံဘူး
ဆိုရင်လည်း ကျွန်ပြုခံရမယ့်အဖြစ်ကို ရောက်သွားရှာတော့တာပေါ့ကွယ် ။

ကဲ သူငယ်ချင်းတို့ ရေ စကားတစ်ခွန်းရဲ့ တန်းဖိုး ဟာ ဘယ်လောက်အထိ အကျိုးရှိသလဲ ၊အကျိုးမဲ့သွားသလဲဆိုတာ
ဒီပုံပြင်လေးက သာဓက ပြလိုက်ပြီလို ထင်ပါတယ်။
ကိုယ်ပြောနေစဉ်ကတော့ အသားစီးရမလား အထင်နဲ့ ကရားရေ
လွှတ်တတွတ်တါတ်ပြောနေပြီး သူတစ်ဖက်သားက ကိုယ်စကားနဲ့ကိုယ် ပြန်ချည်လိုတာမျိုး ၊ ပိတ်မိအောင် ပြောလိုက်
တာမျိုးနဲ့ ကြုံရင် နောင်တရစရာ ဖြစ်နေမှာစိုးလို့  သတိစကားလက်ဆောင်ပါးတာပါ ။

ထိုကြောင့် စကားပြောရာတွင်

စကားအင်္ဂါရပ် (၁၀) ပါး

၁ ။ ကာလ၀ါဒီ = ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။

၂ ။ ဘူတ၀ါဒီ = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။

၃ ။ ဓမ္မ၀ါဒီ = တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။

၎ ။ အတ္တ၀ါဒီ = အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။

၅ ။ ပီယ၀ါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။

၆ ။ မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်စွာ ပြောဆိုခြင်း ။

၇ ။ မိတဘာဏီ = မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။

၈ ။ အတုရိတ၀ါဒီ = အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။

၉ ။ ပေါရီ = မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။

၁၀။ ၀ိသဒ၀ါဒီ = တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း ။



စကားအင်္ဂါ (၁၀)ပါး

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

မှန်သောစကားကိုသာ ပြောဆိုခြင်း။

အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။

အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

လျှာတွင်အသက်ကိုရှင်စေ ၊သေစေနိုင်သောစွမ်းအားရှိသည်။ စိတ်ဓာတ်ကျနေသူတစ်ဦးအား

အားပေးစကားပြောခြင်းသည် ၄င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင် သည့်အပြင် ၄င်းရင်ဆိုင်နေ

ရသောအခက်အခဲ ကိုအောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်

ကျနေသူတစ်ဦးအားပြောသည့် အပြုသဘော မဆောင်သောစကားသည် ၄င်းကိုယ်၎င်းသတ်သေ

ရန်ဖြစ်စေနိုင်သည်။ သို့ အတွက်ကြောင့်မိမိပြော သမျှစကားများကို သတိထားဆင်ဆင်ခြင်ခြင်

ပြောကြရန်ဖြစ်သည်။ဘ၀လမ်းကြောင်းတွင်းသွားရင်းလာ ရင်း မိမိနှင့်ထိတွေ ဆက်ဆံသူများအား

အပြု သဘောဆောင်သော စကားကိုသာပြောပါ။ တစ်ခါတစ်ရံတွင်အပြု သဘောဆောင်သောစကား၊

အားပေးစကားများသည် မိမိထင်ထားသည်ထက်ပြီး ထိရောက်တတ်သည်ကို နားမ လည်နိုင်အောင်ဖြစ်ရသည်။

သည့်အတွက်ကြောင့် စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။


ညချစ်သူ

Shared from ရေးမိရေးရာလေးများ (FB)

အိမ်မှာပဲ ဆံပင်ကို ပေါင်းတင် ကြည့်ရအောင်



ခေါင်းခဏခဏ လျှော်ခြင်း၊ ဓာတု ပစ္စည်းများနှင့် အထိအတွေ့ များခြင်း၊ နေရောင်ဒဏ် ခံရခြင်းနှင့် ထွက်ရှိသမျှ ဆံပင် အလှကုန် အမျိုးမျိုးကို အသုံးပြုခြင်းကြောင့် ဆံပင်ကြမ်းတာ၊ နှစ်ခွဖြစ်တာ၊ ပြတ်ထွက်တာ တွေနဲ့ကြုံရ တတ်ပါတယ်။

အဲဒီဒဏ် တွေကို ကာကွယ်ဖို့နဲ့ ဖြေရှင်းဖို့ အတွက် ဆံပင်ကို မကြာခဏ ပေါင်းတင် ပေးဖို့ လိုပါတယ်။

အချိန် မပေးနိုင်လို့ ဆိုင်မှာ သွားမလုပ် နိုင်တာ၊ ငွေကုန် ကြေးကျ များမှာကို တွေးကြောက်ဖို့ မလို ပါဘူးနော်။ မိမိရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အသီး အနှံတွေနဲ့ အိမ်တွင်းပစ္စည်း၊ ပျားရည်၊ ကြက်ဥ၊ အုန်းဆီစတာတွေက ပျိုမေတို့ရဲ့ ဆံကေသာ ကျန်းမာရေးကို ကုသ ပေးပါလိမ့်မယ်။

ပထမဆုံး ဆံပင်ကို ပေါင်းတင် နိုင်တဲ့ နည်းကတော့ ကြက်ဥ သုံးလုံးနဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောထည့်ပြီး သမအောင် မွှေလိုက်ပါ။ အဲဒီနောက် ဆံဖျားကနေ အရင်းထိ သေချာ သုတ်လိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ နာရီဝက်လောက် ထားပြီးတဲ့နောက် ရှမ်ပူအပျော့ စားလေးနဲ့ ဆေးကြော လိုက်တယ် ဆိုရင်ပဲ ပျော့ပျောင်း တောက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာပါ။

နောက်တစ်နည်း ကတော့ ပျိုမေတို့ လျှော်မယ့် ခေါင်းလျှော် ရည်ထဲမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်ပြီး မွှေပါ။ ဆံပင်နဲ့ ဦးရေပြားကို လိမ်းပြီး နှိပ်နယ် ပြီးတဲ့နောက် ၁ဝ မိနစ်သာ ထားပြီး ရေနှင့် ပြန်လည်ဆေး ကြောလိုက်တဲ့အခါ သန်စွမ်း တောက်ပြောင်တဲ့ ဆံကေသာကို ရရှိမှာပါ။

သံလွင်ဆီနှင့် ပျားရည်ကို ရောပြီး ဆံပင်ကို လိမ်းကျံ ပြီးတဲ့အခါ ပလတ် စတစ် ခေါင်းစွပ်လေး စွပ်ပြီး ဆံပင်ကို နာရီဝက်ခန့် ပေါင်းပေးမယ် ဆိုရင်လည်း ကောင်းပါတယ်။

ဆံပင် အစိုဓာတ်ကို ဖြည့်ပေးနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ထောပတ်သီး တစ်လုံးနဲ့ ကြက်ဥတစ်လုံးသာ လိုပါတယ်။ အဲဒီနှစ်ခုကို ရောနှောပြီး သမအောင် မွှေပါ။ ဆံပင်ကို အရင်နည်းတွေ အတိုင်း သုတ်လိမ်းပြီး ၁၅မိနစ်ခန့် ထားပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ဆေးကြော လိုက်ပါ။

နောက်ဆုံး တစ်ခုကတော့ ဆံပင်အတွက် အရမ်း ကောင်းမွန်ပြီး အားဖြည့်နိုင်တဲ့ ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ ငှက်ပျောသီး နှစ်လုံးနဲ့ ထောပတ်သီး တစ်လုံးကို ကြိတ်စက်နဲ့ ကြိတ်ချေပြီး ပေါင်းတင်ပေးမယ် ဆိုရင်လည်း အဲဒီ အသီးအနှံ နှစ်ခုရဲ့ သဘာဝ အဆီတွေက ပျိုမေတို့ရဲ့ ဦးရေကို အကောင်းဆုံး အစိုဓာတ် ပေးနိုင် ပါလိမ့်မယ်။

ဒီနည်းလမ်းတွေ ကတော့ ငွေကုန် ကြေးကျလည်း မများဘဲ ပျိုမေ တို့ရဲ့အိမ်မှာပဲ လုပ်နိုင်တဲ့ ဆံပင် ပေါင်းတင်နည်း လေးတွေပဲ ဖြစ်ပါတယ်။ လှပပြီး ကျန်းမာ သန်စွမ်းတဲ့ ဆံကေသာ အလှကို မြဝတီ စာချစ်သူ အားလုံး ပိုင်ဆိုင် နိုင်ပါစေလို့ ခင်လေးက ဆုတောင်း ပေးလိုက် ရပါတယ်။ ။
_________________________________________
မြ၀တီ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။



Shared from Myanmar faCeb()()k Society (FB)

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း




(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Credit - Original up-loader

---------------------------------------------------
Post From ^..^

ရေးမိရေးရာလေးများ

Shared from Myanmar faCeb()()k Society (FB)

Friday, March 15, 2013

• မိုင်လေးရဲ့ ကြက်သောက်စမ်း




ပါဝင်ပစ္စည်းများ
-----------------
၁။ ကြက်သား -၅၀သား(၅ယောက်စာ)
၂။ ကြက်သွန်နီ-၄ဥခန့်
၃။ ဥတစ်လုံးကြက်သွန်ဖြူ - ၅ ဥ ခန့်
၎။ ရှောက်သီး -အနည်းငယ်
၅။ ရခိုင်ငါးပိစိမ်းစား-ကွမ်းသီးလုံးခန့်
၆။ နနွင်း-အနည်းငယ်
၇။ ဆီ -တစ်ကျပ်သားခန့်
၈။ ငရုတ်သီးစိမ်း-၅တောင့်(၂ခြမ်းခြမ်းပါ)
၉။ ငံပြာရည် -အနည်းငယ်
၁၀။ ရေ(ရေချိုးခွက်ကြီး) -၂ခွက်(သို့)၃ခွက်ခန့်
၁၁။ ငရုတ်ကောင်း-၂၀ စေ့(ထောင်းထားရန်)
၁၂။ အရသာမှုန့် - အနည်းငယ်
၁၃။ ဆား - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း
------------------------
၁။ ကြက်သားကို အနေတော်အတုံးလေးများတုံးကာ
ဒန်အိုးထဲထည့်ပြီး အရသာမှုန့်၊ဆား၊နနွင်းမှုန့်၊ငံပြာရည်၊
ရှောက်သီး (အရည်ညှစ်ပါ)တို့ကိုရောပြီးနယ်ပါ။
(ရှောက်သီးကို အရည်ညှစ်ပြီးထည့်တဲ့အတွက်
စားတဲ့အခါမှာ ကြက်သားက နူးအိပြီး၊ အရသာပိုပေါ်လွင်စေပါတယ်။)
ထို့နောက် ရခိုင်ငါးပိစိမ်းစား ကွမ်းသီးလုံးလောက်ထည့်ပါ။
ဥတစ်လုံးကြက်သွန်အဖြူ ၅ ဥ လောက်၊ ကြက်သွန်နီ ၄ဥလောက်ကို ရောထောင်းပြီး ကြက်သားထဲထည့်ပါ။

၂။ ထို့နောက် အစပ်အရသာပေါ်လွင်ပြီးသောက်လို့ကောင်းအောင် ငရုတ်သီးစိမ်း၅တောင့်ကို ၂ခြမ်းခြမ်းထည့်ပြီးတော့ နယ်ပါ။
ဆီအနည်းငယ်ထည့်ပါ။ ပြီးလျှင် ရေထည့်ပြီး ဆူအောင်တည်ထားပေးပါ။ ရေဆူလို့ ကြက်သားနူးပြီဆိုရင်
အရသာအပေါ့အငန်မြည်းကြည့်ပြီးလိုအပ်တာများထည့်ပါ။

၃။ ဟင်းအိုးချခါနီး ရင်တော့ ငရုတ်ကောင်းကို
ထည့်ခတ်ပြီးပါက သုံးဆောင်လို့ရပါပြီ။

Shared from FOOD Magazine (FB)

Thursday, March 14, 2013

"သံဃာတုကိုလှူမိခဲ့လျှင်" ( ဗုဒ္ဓဘာသာ တိုင်းသိသင့်ပါတယ်)



အရှင်ဘုရား။တကယ်လို့ရဟန်းမစစ်တဲ့ ကိုယ်တော်ကို ကိုးကွယ်မိရင် ဘယ်လိုအကျိုးယုတ်မှုတွေ ဖြစ်နိုင်ပါသလဲ။ဥပမာ သင်္ကန်းဝတ်နဲ့ မမြင်ကွယ်ရာမှာ လုပ်ချင်တာလုပ်တဲ့ကိုယ်တော်မျိုးကို ဆိုလိုတာပါဘုရား။အဲလိုရဟန်းမျိုးကို လှူမိရင် မကောင်းမှုလုပ်တာကိုအားပေးရာရောက်တယ်လို့ ကြားဖူလို့ပါ။ရှင်းပြပေးပါဘုရား။

အင်း... ဒကာမေးတဲ့မေးခွန်းလေးက ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာ တော်တော်လေးကိုသံသယ ဖြစ်နေကြမဲ့ မေးခွန်းလေးပါပဲ။ မိမိက ရဟန်းစစ်မစစ်ကို အရင်သိအောင် လေ့လာစုံစမ်းဖို့တော့ လိုပါတယ် ဒကာ။ ဥပမာ..ဒီရဟန်းသည် ရဟန်းယောင်ဆောင်ကာ လုပ်စားနေသောရဟန်းလား။ ရဟန်းစစ်ပါလျက် ရဟန်းနဲ့မသင့်လျော်သည့် အရာများကို ပြုလုပ်နေသောရဟန်းလားဆိုတာကို သေချာစမ်းသပ်လေ့လာစုံစမ်းပါ။

ထိုသို့မစုံစမ်း မလေ့လာဘဲသံဃာစစ်ကို သံဃာတုဟုစွပ်စွဲမိပါကလူပုဂ္ဂိုလ်များမှာ အပြစ်များစွာဖြစ်သောကြောင့် သေချာစုံစမ်းဖို့ရန်တော့ လိုပါတယ်။

ရဟန်းမစစ်ဘဲ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်ကိုလှူမိလျှင် လှူသောလူမှာအပြစ်မရှိပါ ပေ။ ရဟန်းယောင်ဆောင်ထားသော ပုဂ္ဂိုလ်မှာသာလျှင် သာသနာကို အလွဲသုံးစား လုပ်သောကြောင့်ငရဲကိုလားစေနိုင်သော ကြီးစွာသောပြစ်မှုဖြစ်ပါသည်။

ရဟန်းတော့စစ်ပါသည်။သို့သော် ရဟန်းနဲ့မသင့်လျော်သည့် အရာများကို ပြုလုပ်သောပုဂ္ဂိုလ်ကိုလှူမိလျှင်လည်း လှူသောသူများမှာ အပြစ်မဖြစ်ပါ။သို့သော် ရဟန်းဖြစ်ပြီးရဟန်းနဲ့မသင့်လျော် သည့် ၀ိနည်းစည်းကမ်းများကိုဖောက်ဖျက်ပါက ဆိုင်ရာဝိနည်း စည်းကမ်းအလိုက်အပြစ် ရှိပေသည်။ဥပမာ... ရဟန်းဖြစ်အောင် သိမ်ဝင်ထားသော သံဃာသည်(၁) မေထုန်အမှုကိစ္စ ပြုလုပ်ခြင်း၊(၂) ပစ္စည်းဥစ္စာ ခိုးယူလည်ပတ်လိမ်ယူခြင်း၊(၃) လူကိုသတ်ခြင်း၊ လူသေစေလောက်သောအရာဝတ္ထုများကို သူတစ်ပါးအားပေးခြင်း၊ခိုင်းခြင်း၊ (၄)ဈာန်တရား မဂ်တရားစတဲ့ တရားထူးများမရရှိဘဲရရှိသည်ဟု သူများနားလည် ယုံကြည်အောင် ပြောဆိုခြင်းများ ပြုလုပ်ပါက ထိုသံဃာသည် ငရဲကိုလားစေတတ်သောအပြစ်များဖြစ်ပေသည်။

ထိုလေးမျိုးသောအပြစ်ကြီးများမှအပ အခြားသော အပြစ်များသည်သိမ်ဝင်ထားသောရဟန်း ဖြစ်ပါက ကုစားလို့ရသောကြောင့် ကြီးလေးသော အပြစ်မဟုတ်ပါ။သို့သော်လူမြင်မကောင်းသည့် အရာများကိုလူမြင်အောင်ပြုလုပ်သောအခြား အပြစ်များသည်လည်းသာသနာ ထိခိုက်သော ကြောင့် ထိုက်သင့်သော အပြစ်များရှိပေသည်။

လှူဒါန်းသူနှင့် အလှူခံသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ လှူဒါန်းသူဘက်က အပြစ်မရှိပါ။အလှူခံပုဂ္ဂိုလ်မှာ သာလျှင်အလှူခံထိုက်သောဂုဏ်မရှိလျှင် အပြစ်ရှိပေသည်။လှူဒါန်းသူများမှာ စိတ်ထားပေါ် မူတည်၍ အကျိုးနည်းများမှုသာကွာခြားပါသည်။

လှူဒါန်းမည့် ဒကာဒကာမများသည်မည်သည့် သံဃာကိုမဆို မိမိက လှူဒါန်းမည် ဆိုလျှင်မိမိ လှူဒါန်းသူ၏ ဂုဏ်သိက္ခာ သမာဓိတို့ကို အာရုံမပြုဘဲသံဃာအားလုံး၏ ဂုဏ်တော်များကို အာရုံပြုကာ လှူဒါန်းမည်ဆိုလျှင် မရေတွက်နိုင်သောအကျိုးများ ရရှိပါသည်။ အကယ်၍ မိမိသည် သံဃာ့ဂုဏ်ကို အာရုံပြုရန် ခက်ခဲပြီးသံဃာကောင်း သံဃာစစ်သီလ၊ သမာဓိ၊ ပညာစတဲ့ တစ်ခုခု သောဂုဏ်များနဲ့ပြည့်စုံသော သံဃာမှသာလှူဒါန်းချင်လျှင်တော့ သေချာစုံစမ်းလေ့လာ၍ လှူဒါန်းမှုပြုလုပ်ပါလေ။

မြတ်ဗုဒ္ဓအလိုအရ နောင်အချိန် သာသနာကွယ်ခါနီးကာလတွင် လက်မှာသင်္ကန်း ပတ်ထားသော လူကိုတောင်မှ သံဃာအမှတ်ဖြင့် သံဃာ့ဂုဏ်ကိုအာရုံပြုပြီးလှူဒါန်းလျှင် ရှင်သာရိပုတ္တရာအစ ရှိသော ရဟန္တာများအပါအ၀င် သံဃာအားလုံးအား လှူဒါန်းရာ ရောက်သောကြောင့် အကျိုးပေး များသည်ဟုဟောကြားထားသည်ကို ထောက်ဆလျှင်မိမိတို့၏ စိတ်စေတနာသည် အဓိက ကျပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာလှူဒါန်းမည့်ဒကာဒကာမများသည် အကယ်၍မိမိ၌ လှူဒါန်းချင်သော စေတနာလည်းဖြစ်နေ၊ လှူဒါန်းရန်လည်းပစ္စည်းဝတ္ထုကအရန်သင့်၊ အလှူခံ ပုဂ္ဂိုလ်ကလည်း မိမိရှေ့တွင် ရောက်နေပါကမိမိလှူမည့်အလှူခံပုဂ္ဂိုလ်၏ သီလ၊သမာဓိ၊ ပညာတို့ကိုမိမိက မသိထားလျှင် သံဃာ့ဂုဏ်ကိုအာရုံပြုကာ လှူဒါန်းမှု ပြုလုပ်ပါလေ။

တကယ်တော့ အလှူခံနှင့်လှူသူနှစ်ဦးတွင် လှူသည့်ပုဂ္ဂိုလ်၌ အပြစ်မရှိသော ကြောင့် မိမိစေတနာထားတတ်ဖို့ရန်သာမိမိ၏ အကျိုးပေးပေါ် မူတည်နေသဖြင့် မိမိရဲ့ စိတ်စေတနာလေးကို ကောင်းမွန်စွာ ထားတတ်အောင်သာ ကျင့်ကြံကြိုးစား အားထုတ်ပေးပါလို့ပြောကြားရင်း အားလုံး ရခဲလှတဲ့လူ့ဘ၀လေးမကုန်ခင်မှာဒါန၊သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ်ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.......

မှတ်ချက်။ ကာတွန်းက ကိုဟတ်ကော့ရဲ့ ကာတွန်းကို ယူသုံးထားပြီး ဗဟုသုတရစရာ၊ သိသင့်သိထိုက်တဲ့ အထက်က စာကိုတော့ ကိုအောင်ရာဇာဆီမှ ယူသုံးထားပါတယ်။
Shared from Aung San Kyaw (FB)

"သတိထားဖွယ်ရာ အမျိုးသမီးများနှင့် ကာမေသုမိစ္ဆာစာရကံ"


Thursday, March 14, 2013

ဥူးဇင်းဘုရား။ တပည့်တော်မ တစ်ခုလောက် လျောက်ထားချင်ပါတယ်ဘုရား။
တပည့်တော်မနဲ့ တပည့်တော်မရဲ့ သူငယ်ချင်းတို့ကာမေသုမိစ္ဆာအကြောင်း ကိုဆွေးနွေးကြည့်ပါတယ်။ ဒီဘက်ခေတ်မှာက စိုးရိမ်စရာတွေမြင်နေ မိ လို့ပါ ဘုရား။

သူငယ်ချင်းကပြောပါတယ် ကျူးလွန်သူအိမ်ထောင်သည်သာလျှင် ကံ ထိုက် ပြီးတော့တစ်ဖက်လူသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသူဆိုပါက ကံမ ထိုက် ဟု ဆိုပါသည်။
သူတို့ချင်း အတည်ယူလိုက်ပြန်လျှင်တော့ နှစ်ဦးစလုံးကံမထိုက်တော့ ဟုဆိုပါသည် ဘုရား။
တပည့်တော်မကို ကာမေသုမိစ္ဆာအကြောင်းလေးအသေးစိတ်ဟောပြပေးပါ ရန် လေးစားစွာလျောက်ထားအပ်ပါသည်ဘုရား။
ရိုသေစွာဖြင့်


အမျိုးသမီးများနှင့် ကာမေသုမိစ္ဆာစာရကံဤကာမေသု မိစ္ဆာ စာ ရ ကံ၌ ကမ္မပထမြောက်သည့်( ကာမေသုမိစ္ဆာစာရကံထိုက်သည့်) အင်္ဂါလေး ပါးရှိ၏။

ဤအင်္ဂ`ါလေးပါးတို့မှာ-
၁။ မသွားမလာထိုက်သော မိန်းမဆိုသည့် အဂမနီယဝတ္ထုဖြစ်ခြင်း။
၂။ ထိုဝတ္ထု၌ မှီဝဲပေါင်းသင်းဆက်ဆံလိုသည့် စိတ်ရှိခြင်း။
၃။ မှီဝဲမှုလုံ့လ ပယောဂပြုခြင်း။
၎။ မှီဝဲပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း။တို့ဖြစ်၏။ ဤအင်္ဂ`ါလေးမညီလျှင်၊ တစ်ပါးပါး ချို့ယွင်းခဲ့လျှင် ကာမေသုမိစ္ဆာစာရကံမထိုက်ဘဲ လေးပါးညီမှသာလျှင် ကမ္မပထမြောက်၏။
အဂမနီယဝတ္ထု(၂၀)
အမှတ်(၁)အင်္ဂ`ါအရ မသွားမလာထိုက်သော (အဂမနီယဝတ္ထု) အမျိုးသ မီးပေါင်း(၂၀)ရှိ ၏။ 

ထိုအဂမနီယဝတ္ထု(၂၀)တို့မှာ
၁။ မာတုရက္ခိတာ= ဖခင်သေ၍ဖြစ်စေ၊ ကွဲ၍ဖြစ်စေ မိခင်ကစောင့်ရှောက် ထားသောအမျိုးသမီး။
၂။ ပိတုရက္ခိတာ= ဖခင်က စောင့်ရှောက်ထားသော အမျိုးသမီး။
၃။ မာတာ ပိတုရက္ခိတာ = မိဘနှစ်ပါးလုံးက စောင့်ရှောက်ထားသော အ မျိုးသမီး။
၎။ ဘာတုရက္ခိတာ =မောင်၊ အစ်ကိုအရင်းတို့မှစောင့်ရှောက်ထားသော အမျိုးသမီး။
၅။ ဘဂိနိရက္ခိတာ = အစ်မ ညီမတို့ စောင့်ရှောက်ထားသော အမျိုးသမီး။
၆။ ဉာတိရက္ခိတာ = ဝမ်းကွဲဆွေမျိုးတို့က စောင့်ရှောက်ထားသော အမျိုးသမီး။
၇။ ဂေါတ္တရက္ခိတာ= လူမျိုးတူအနွယ်တူ လူတို့က စောင့်ရှောက် ထားသော အမျိုးသမီး။ အိန္ဒိယ၌သာ အနွယ်ရှိ၏။ မြန်မာနိုင်ငံ၌ အနွယ်မရှိ၊ လူမျိုးသာရှိ ၏။ ထို့ကြောင့် စောင့်ရှောက်မည့်သူမရှိ၍ ကရင်လူမျိုးက စောင့်ရှောက် ထားသော ကရင်မိန်းကလေး၊ ရှမ်းလူမျိုးက စောင့်ရှောက်ထားသော ရှမ်း မိန်း ကလေး စသည်တို့မှာ အနွယ်တူ လူတို့က စောင့်ရှောက်ထားသော မိန်း မ ပင်ြ ဖစ်သည်။
၈။ ဓမ္မရက္ခိတာ =အတူတရားကျင့်ဖော်ဖြစ်သူတို့က စောင့်ရှောက် ထားသော အမျိုးသမီး၊ယခုကာလ မိဘစသည်တို့နှင့် ခွဲ၍ သီလရှင်၊ ရသေ့မစသည်ပြု လုပ်နေသူများသည်လည်း ဓမ္မရက္ခိတာပင်ဖြစ်၏။
(ဤရှစ်ယောက်သော မိန်းမတို့သည် ကာမပိုင်ယောက်ျား မရှိသေးသော အပျိုမိန်းကလေးများ ဖြစ်၏။
---------------------------------------------------------

၉။သာရက္ခာ = စာင့်အရှောက်ရှိသောအမျိုးသမီး။(အရွယ်မရောက်မီကပင် မယားပြုရန် တရားဝင်တောင်းရမ်း သတ်မှတ်ထားသော မိန်းမမျိုးဖြစ်သည်။ ဤအစဉ်အလာသည် အိန္ဒိယနိုင်ငံ၌ ရှိ၏။ မြန်မာနိုင်ငံ၌ လက်ထက် ထိမ်းမြားခြင်း မပြုရသေးသော်လည်း စေ့စပ်ကြောင်းလမ်း ထားပြီးသော အမျိုး သမီးမျိုးသည် အစောင့်အရှောက်ရှိသော အမျိုးသမီးမျိုးဖြစ်၏။

၁၀။ သပရိဒဏ္ဍာ= မင်းပြစ်မင်းဒဏ်မကင်းသောအမျိုးသမီး မင်းစသော အာဏာပိုင်တို့မှ အချိန်ကျလျှင် မိမိကိုယ်တိုင်သူမကိုသိမ်းပိုက်မည်ဖြစ်၍ သွားလာပေါင်းသင်းသူတို့အား ပြစ်ဒဏ်ပေးမည်ဟု အမိန့်ထုတ် ထား တတ် ကြ၏။သည့်အတွက်ထိုအမျိုးသမီးကို မင်းပြစ်မင်းဒဏ် မ ကင်းေ စသော အမျိုးသမီးဟုဆိုလို၏။

၁၁။ ဓနက္ကီတာ= ရွှေ၊ငွေ အစရှိသော ပစ္စည်းဥစ္စာဖြင့် ၀ယ်ယူ ထားသော အမျိုးသမီး။ ကြွေးပြန်မဆပ်နိုင်သဖြင့် အသိမ်းခံရသော အမျိုးသမီးလည်း ပါဝင်၏။

၁၂။ ဆန္ဒ၀ါသိနီ= သူ၏ မယားဖြစ်ဖို့ရန် သဘောတူသဖြင့် မိန်းကလေးကိုယ် တိုင် ဆန္ဒတူချစ်ကြိုက်သဖြင့် ယောက်ျားအိမ်သို့ သွားရောက်နေထိုင်သောအ မျိုး သမီး။ မိဘစသည်တို့က သဘောမတူ၍ နှစ်ဦးသဘောတူ ထွက်ပြေးပေါင်း သ င်းနေ ထိုင်သော အမျိုးသမီး(ခိုးရာလိုက်လာသော အမျိုးသမီး) အမျိုးသမီးမျိုးဖြစ်၏။

၁၃။ ဘောဂ၀ါသိနီ =ဆင်းရဲလှသဖြင့် မောင်း၊ကျည်ပွေ့၊ ပုဂံ ခွက်ယောက် အစရှိသော အိမ်အသုံး အဆောင်ဖြင့် ပေးသူ(သို့မဟုတ်) တင်တောင်း သူယောက်ျားထံ မယားအဖြစ်ခံယူသော အမျိုးသမီး။

၁၄။ ပဋ၀ါသီနီ = ရွှေ၊ငွေ၊အ၀တ်၊ထဘီ စသောအဝတ်တန် ဆာပေးသောေ ယာက်ျားထံ မယားအဖြစ် ခံယူ နေထိုင်ပေါင်းသင်းနေသော အမျိုးသမီး။

၁၅။ သြဒပတ္တကိနီ= ရေခွက်တွင် လက်ဆုံချ ထိမ်းမြားထားသောအမျိုးသမီး ။ရေခွက်၌ နှစ်ယောက်လုံး ၏ လက်ကိုချစေ၍ “ဤရေခွက်၌ ရေသည်မကွဲ မပြား တစ် သား တည်းတည်နေသကဲ့သို့ သင်တို့ ဇနီးမောင်နှံလည်း မ ကွဲ မပြားတည်နေကြပါစေ” ဟု လူကြီးများက ပြောဆိုထိမ်းမြားပေးသော အမျိုးသမီး။

၁၆။ သြဘတ စုမ္ဗိတာ = ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီး။ ဦးခေါင်းပေါ် ခေါင်းခုတင်ပြီး ထင်း စသည်ရောင်း၍ အသက်မွေးရသည့် သူဆင်းရဲမကလေးကို အချို့က မယားအဖြစ် အတည်ယူလိုက်သောအခါ ထမ်းရွက်ပြီး မရောင်းရတော့ပြီဖြစ်၍ ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီးဖြစ်၏။

၁၇။ ဒါသီဘရိယာ= ကျွန်မလေးကိုပင် မယားအဖြစ် တရားဝင် ယူထားသောအမျိုးသမီး။

၁၈။ ကမ္မကာရီ ဘရိယာ = အိမ်တွင်ခိုင်းထားသည့် ကလေးမကို မယား အဖြစ် တရားဝင်ယူထားသော အမျိုးသမီးဖြစ်သည်။

၁၉။ ဓဇာဟတာ= စစ်နိုင်သဖြင့်သုံးပန့်အဖြစ် သိမ်းပိုက်ထားသော အ မျိုးသမီးအား မယားအဖြစ် တရားဝင်ယူထားထားသော အမျိုးသမီး။

၂၀။ မုဟုတ္တိကာ = အခကြေးငွေပေး၍ ခဏခေတ္တမျှပေါင်းဖော်ရန် ငှားရန်း ထားသော ပြည့်တန်ဆာ ကဲ့သို့သောအမျိုးသမီး တို့ဖြစ်ကြသည်။
-----------------------------------------------

မိန်းမများနှင့် ကာမေသုမိစ္ဆာစာရကံယောက်ျားများ မသွား မလာ ထိုက်သော မိန်းမ(အဂမနီယဝတ္ထု) နှစ်ဆယ်တွင်မိခင်စောင့်ရှောက်ထား သူ မိန်းအထိ (၈)ယောက်တို့ကား ကာမပိုင်လင်ယောက်ျားများ မရှိသေးသော အပျိုမိန်းကလေးများ ဖြစ်ကြ၏။

ထိုအပျိုမိန်းကလေးများကို စောင့်ရှောက်နေကြသည့် အမိ၊ အဖ၊ ညီ၊ အစ်မ ၊ မောင်ကြီး၊ မောင်ငယ်တို့ စသည်တို့မှာ ယောက်ျားတစ်ပါး တိုနှင့်မှောက် မှား မှား မဖြစ်ပွားရန် ကာကွယ် စောင့်ရှောက် ရသည့်တာဝန် သာရှိကြ၏။

ထိုအပျို(၈)မျိုးတို့၏ ဖောဋ္ဌဗ္ဗာရုံကာမအတွေ့အထိကို ပိုင်ဆိုင် သူ များလည်းမ ဟုတ်၊ ထိုကာမအတွေ့အထိကို ခံစားဖို့ စောင့်ရှောက်ကြသည် လည်း မဟုတ် ၍ ထို အပျို(၈)မျိုးတို့သည် မိမိတို့ကာမအတွေ့ကို မိမိတို့သာ ပိုင်ဆိုင်ကြရ ကား ကာမပိုင်ဆိုင်သူမရှိကြ သောကြောင့် “အသာမိက” များဖြစ်ကြသည်။

ထို့ကြောင့် ထိုအပျို(၈)မျိုးတို့သည် မိမိတို့ပိုင်ဆိုင်သော ကာမအတွေ့အထိကို မိမိတို့သဘော ဆန္ဒအတိုင်း ပေးခွင့်ရှိ၍ ယောက်ျားတစ်ဦးဦးနှင့်ပေါင်း သင်း ဆက်ဆံရာ၌ ထိုအပျို(၈)မျိုးတို့အား ကာမေသုမိစ္ဆာစာရကံ မထိုက်ချေ။

သို့ရာတွင် အပျိုများနှင့် ပေါင်းသင်းဆက်ဆံသူ ယောက်ျားတို့မှကား အမိ အ ဖစသည်တို့က စောင့်ရှောက်ထားသူကလေးများ ဖြစ်သောကြောင့် ကာမေ သုမိစ္ဆာစာရကံ ထိုက်ကြသည်ဟု ဝိပတိနောဒနီဋီကာ စသည်တို့၌ ဖော်ပြထား ၏။ ဤ သည်မှာ အပျိုမိန်းကလေးများ ကာမေသုမိစ္ဆာစာရကံ မထိုက်ပုံဖြစ်၏။

အမှတ်(၉) မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမမှစ၍ အမှတ်(၂၀)ခဏခေ တ္တပေါင်း သင်း ရသော ပြည့်တန်ဆာကဲ့သို့သော မယား(၁၂)ယောက်တို့ကား မိမိတို့ ကာမအတွေ့အထိကို ပိုင်ဆိုင်ထားသည့် လင်ယောက်ျားများ အသီး သီး ရှိ ကြပြီး ဖြစ်ပါသည်။ မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမနှင့် အစောင့် အရှောက် ရှိသော မိန်းမနှစ်မျိုးတို့မှာ ကာမပိုင်လင်ယောက်ျား အထင်အရှား မရှိသေးသော် လည်း မယားအဖြစ် သိမ်းပိုက်ရန် ရည်ရွယ်ထားပြီးဖြစ်၍ မယားမျိုးတွင် ပါဝင်ခြင်းဖြစ်၏။

ထို့ကြောင့် ထိုမယား(၁၂)မျိုးတို့တွင် မိမိပိုင် ယောက်ျားတို့နှင့်သာ ဆက် ဆံပေါင်း သင်းပျော်ပါးခြင်း အခွင့်ရှိကြသည်။ အခြားယောက်ျားများနှင့်လွန် ကျူးပျော်ပါး လျှင် မိမိယောက်ျားပိုင်သော ကာမအတွေ့အထိကို ခိုးပေး ရာရောက်သောကြောင့် ပျော်ပါးကြသူ မိန်းမယောက်ျားနှစ်ဦးသားလုံး ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်။

အကြောင်းအရာနှင့်ပတ်သတ်၍ မန်လည်ဆရာတော်ဘုရားကြီးက ပဟေဠိ ဆန် ဆန် မေးမြန်းလျှောက်ထားသည်ကို မင်းကွန်းအလယ်တောရဆရာကြီး များ ၏ အမေး အဖြေကို ဖော်ပြလိုက်ပါသည်။

မန်လည်ဆရာတော်ဘုရားကြီးအမေး
(၁)။ ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဘယ်လူတို့လေသိ။

(၂)။ ကိုယ်ဟာကို ကိုယ်ခိုးလို့ အကျိုးမဲ့ အပါယ်ဝင်၊ အကယ်ပင်မလွဲ။ သည်အရာ၊ ဘယ်ပုဂ္ဂိုလ် ဘယ်စေတနာနှင့် ဘယ်ဟာကို ဘယ့်နှယ် ခိုးသာမို့၊ ဆိုးရသလဲ။

မင်းကွန်ဆရာတော်ဘုရားကြီးအဖြေ။
(၁)။ ကိုယ့်ဟာကို ကိုယ်ပေးလျက်၊ လေးပါယ်ဝကျသူ၊ ဤသူတို့ပင်ပဲ။ ဆန်းတစ်ဖြာ၊ တစ်ခန်းငယ် တစ်ပုံသာပ၊ ကျမ်းဂန်လာ အိမ်ရှင်မတို့မှာ ထူးနိုင်မျှနဲ့။
(၂)။ ကိုယ့်ဟာကို ကိုယ်ခိုးလို့ အကျိုးမဲ့ အပါယ်ဝင်၊ အကယ်ပင်မလွဲ၊ သည် နည်း တွင် သည်အိမ်ရှင်၊ ဟိုစေတနာနှင့်၊ ဟိုဟာကို တိတ်တိတ်ခိုးသာမို့ ဆိုးရသပဲ။

လင်ရှိသော အိမ်ရှင်မတို့သည် ကိုယ့်ကာမ ကိုယ့်ဖဿကို မိမိလင်ယောက်ျား မှတစ်ပါး အခြားသောသူအားပေးလျှင် အပါယ်သို့ကျသည်ဖြစ်ကြောင်း နိစ္ဆဝိတ္တိဝတ္ထုကိုစသည်ကိုထောက်၍ သိအပ်၏။ ပါရာဇိကဏ်အဋ္ဌကထာ၊ နိဒါနဝဂ္ဂ၊ လက္ခဏသံယုတ် အဋ္ဌကထာတို့၌ “နိစဝ္ဆိတ္တိဝတ္ထု၌ အိမ်ရှင်မတို့မည် သည် မိမိ၏ကာမအတွေ့ကို အစိုးမရ မပိုင်ဆိုင်ကြသောကြောင့် ထိုအိမ်ရှင်မ သည် ခင်းပွန်းသည်ပိုင်ဆိုင်သော ကာမအတွေ့ကို ခိုး၍ အခြားယောက်ျား တို့နှင့် ပျော်ပါးခဲ့လျှင် ကျူးလွန်ခဲ့သော ကံနှင့် သဘောတူစွာ ဒုက္ခအတွေ့ အထိ ကိုခံ စားရန်အတွက် အရေမရှိသော မိန်းမဖြစ်ရသည်” ဟု မိန့်ဆို ထား ကြသည် စသည်ဖြင့် ပြန်လည်ဖြေကြားလိုက်ပါသည်။

ယောက်ျားသားများအနေဖြင့် ဤဖော်ပြခဲ့သော မသွားမလာထိုက်သည့် အမျိုး သမီး (အဂမနီယဝတ္ထု) နှစ်ဆယ်လုံးသည် ယောက်ျားများနှင့်သက်ဆိုင် သည်။ ယောက်ျားများသည် အမျိုးသမီး နှစ်ဆယ်အနက် မည့်သည့်အမျိုး သ မီး ကိုမျှ အမျိုးသမီးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပေါင်းဖက် စက် ယှက်မှု မပြုရချေ။

ထိုအမျိုးသမီးတစ်ဦးဦးကိုပေါင်းဖက်စက်ယှက်မှုပြုလျှင် ကာမေသုမိစ္ဆာစာရ ကံ ထိုက်တော့သည်။ အကြောင်းမှာ “သူတစ်ပါးတို့ လုံခြုံစွာ စောင့်ရှောက် တားမြစ်ထား၍ မိမိပိုင်ဥစ္စာမဟုတ်သောကြောင့်ဖြစ်သည်” ဟု ဝိမတိဝိနော ဒနီဋီကာ၌ ဖွင့်ဆိုထား၏ ထို့ကြောင့် “မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း မအိပ်လေရာ” ဟု ရှေးဆရာတို့ ဆုံးမခဲ့ခြင်းဖြစ်သည်။

ဖော်ပြခဲ့သည့် မိန်းမနှစ်ကျိပ်အနက် နောက်ဆုံးနှစ်ဆယ်မြောက်ဖြစ်သည့် မုဟုတ္တိကာ မယားဆိုသည်မှာ အတည်အမြဲမဟုတ်ဘဲ ရက်အနည်းငယ်မျှ တစ်ညမျှ တစ်ခဏမျှ ဥစ္စာ အခကြေးငွေပေးပြီး ပေါင်းသင်းဆက်ဆံ သည့် ပြည့် တန်ဆာကဲ့သို့သော ခေတ္တမယားမျိုးဖြစ်၏။ ထိုခေတ္တမယားမျိုးကို ရက်ပိုင်း ညပိုင်းနှင့်အခကြေးငွေပေးကာ မယားပြုနေသူ ရှိနေစဉ်အတွင်း ကြားပေါက် ဝင်ရောက် ကျူးလွန်းခဲ့လျှင် ဤကံထိုက်သည်။

မယားပြုသူမရှိဘဲ အားနေသည့် ပြည့်တန်ဆာမမျိုးကို မိန်းမထိန်းထံ အခကြေးငွေပေးပြီး ပျော်ပါးသူများမှာ ကံမထိုက်ဟု ဆရာတော်ကြီးများ ဆုံးဖြတ်ထား၏။

ရူးနေသည့် အမျိုးသမီးများနှင့် ပတ်သတ်၍ မိဘစသည်တို့ အုပ်ထိန်း မှု ရှိနေသေးသည့် အရူးအမျိုးသမီးကို ပေါင်းသင်းဆက်ဆံလျှင် အမျိုးသားမှာ ကံထိုက်သည်။ အုပ်ထိန်းသူမရှိလျှင် ကံမထိုက်ဟု အဆုံးအဖြတ်ရှိပေသည်။

အလိုတူဆန္ဒတူမျှ၍ ပေါင်းသင်းနေထိုင်သောမယား(ဆန္ဒဝါသိနီ)နှင့်ပတ်သတ်၍ နှစ်ဦးသဘောတူ ချစ်ကြိုက်နေသော အမျိုးသမီးကို ရည်စားဘဝ၌ ပေါင်း သင်း ဆက်ဆံလျှင် မိန်းကလေးက သဘောတူသော်လည်း မိဘစ သည်စောင့်ထိန်းသူ များ ရှိနေသောကြောင့် ယောက်ျားလေးမှာ ကံထိုက်၏။

မိန်းကလေးက ဆန္ဒတူသဖြင့် ထွက်ပြေးပြီးပေါင်းသင်းနေထိုင်ကြရာ၌ မိဘတို့ သဘောမတူစေကာမူ ဆန္ဒဝါသိနီ မယားအရာမြောက်သောကြောင့် ကံ မ ထိုက် ဟု ဖြေကြားလိုက်ပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဝီရဓမ္မ

Shared from Myanmar Online News (FB)

Wednesday, March 13, 2013

စွန့်ပစ်ခံ တိရစ္ဆာန်များသည် လူသားကို အန္တရာယ်ပေးမည့် သတ္တ၀ါအဖြစ် သတ်မှတ်၍မရ ( ဒေါက်တာ သန်းထိုက်)




ယခုတလော သတင်းစာ ဂျာနယ် များတွင် ခွေးရူးရောဂါ နှင့်ပတ်သက်၍ ပြောဆို ရေးသား မှုများ မကြာခဏ ဖတ်ရသည်။ လွှတ်တော် တွင်လည်း ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ဖေသက်ခင်က မြန်မာနိုင်ငံ တွင် ခွေးရူး ရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှု၊ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု စည့်တို့ကို တင်ပြ ဆွေးနွေး သွားခဲ့သည်။

ဂျာနယ်နှင့် သတင်းစာ များတွင် ခွေးရူးရောဂါ အကြောင်း ခွေးလေ ခွေးလွင့်များ အကြောင်း၊ အချို့တိရစ္ဆာန် ချစ်တတ် သူများကြောင့် ခွေးလေ ခွေးလွင့်များ ပေါများ ခြင်းထိန်း ချုပ်ရ ခက်ခြင်းများကို ဆောင်းပါးများ ရေးသား ကြ၍ ကျွန်တော့် နည်းတူ ဖတ်ရူသိရှိပြီး ဖြစ်မည်ထင် ပါတယ်။ ထိုသို့ ရေးသား ပြောဆိုကြ သည်ကို ဖတ်ကြည့်ပါက ကျွန်တော်တို့ လူသားများကို အန္တရာယ် ပေးနိုင် သည့်အတွက် ခွေးလေ ခွေးလွင့်များ သုတ်သင် ရှင်းလင်းရေး ကိုသာ အဓိကထား ပြောကြားသည်ကို တွေရသည်။ လမ်ဘေး ခွေး (ခွေးလေ ခွေးလွင့်) မရှိပါမှ ကျွန်တော် တို့အန္တရာယ် ကင်းဝေးမည့် သဘောတရား များကို တွေ့ရသည်။ ထို့ကြောင့် လူတော်တော် များများ၏ စိတ်ထဲတွင် ခွေးလေ ခွေးလွင့်များကို ကြောက်ရွံ့ မုန်းတီးရေး စိတ်ဓာတ်များ ပိုမိုပွားများ စေသည် ဟုထင်ပါသည်။

ခွေးရူး ရောဂါ ကြောက်စရာ ကောင်းသည်မှာ မှန်ပါသည်။ ထို့ အကြောက် တရားကြောင့် တရားခံ ခွေးလေ ခွေးလွင့်များ သုတ်သင် ရှင်းလင်း ရေးတည်း ဟူသော ရည်ရွယ်ချက် တစ်ခုတည်း နှင့်တော့ မပြည့်စုံ၊ မလုပ်သင့် ဟု ထင်ပါသည်။ ဘာကြောင့် ဆိုတော့ သူတို့သည် လည်း ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးသည့် အတွက် သက်ရှိ သတ္တ၀ါ များဖြစ်လို့ပါ။ သတ္တ၀ါ တိုင်း၏ အဓိက အရေးကြီး ဆုံးမှာ အသက် ရှင်သန် နေထိုင် ရေးပင် ဖြစ်သည်။ သူတို့ မှာလည်း အဲဒီရည်ရွယ် ချက်ရှိကြမည်။ သူတို့ လည်း အသက်ရှင် နေထိုင်ခွင့် (သို့မဟုတ်) ရပိုင်ခွင့် ရချင်ပေ လိမ့်မည်။ ကျွန်တော် တို့မဟာ လူသားများကို အဲဒီအခွင့် အရေးတောင်း ဆိုချင်ရှာ လိမ့်မည်ဟု တွေးတော ဆင်ခြင် မိပါသည်။

ကျွန်တော်တို့ နိုင်ငံသား အများစုမှာ ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ မေတ္တာ ၊ကရုဏာ ကြီးမားပြီး သနားကြင်နာ တတ်မှုကြောင့် လမ်းဘေးခွေး၊ ကြောင်များ ငတ်ပြတ် ဒုက္ခရောက် နေသည်ကိုတွေ့ ချင်လျှင် လျစ်လျူမပြုနိုင် ကြသူများ ပါသည်။ တတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက် တတ်သည်မှာ ဓလေ့တစ်ခု လိုပင်ဖြစ်ပါသည်။ ကိုယ့်လို ဘဲသူတို့လည်း အသက်ရှင် ရပ်တည်ချင် ရှာလိမ့်မည် ဟူသော ကိုယ်ချင်းစာ တရားနှင့် ကုသိုလ်လို ချင်လို့ လည်း ပါပါသည်။

၂.၂.၂၀၁၃ နေထုတ် The Messenger ဂျာနယ် စာမျက်နှာ (၂၀) တွင် ရဲလွင်အောင် ရေးသားသည့် မက္ကဆီကို နိုင်ငံ မြို့တော်တွင် တိရစ္ဆာန် များအား သေလောက် အောင် နှိပ်စက် ညှင်းပန်းပါက ထောင်ဒဏ် လေးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ (၃၀၀၀) ပေးဆောင်ရမည်။ သေဆုံးခြင်း မရှိပါက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ (၇၅၀) ထိပေး ဆောင်ရမည် ဟုဥပဒေ ပြဌာန်းကြောင်း၊ အိမ်မွေးနှင့် တောရိုင်း တိရစ္ဆာန် များအား နှိပ်စက် ညှဉ်းပန်းပါက ရာဇ၀တ်မှု သင့်ကြောင်း ဖော်ပြထားသည်။ ခွေးလေ ခွေးလွင့် များကဲ့သို့ စွန့်ပစ်ခံ တိရစ္ဆာန် များအား လူသားမျိုးနွယ်ကို အန္တရာယ် ပေးမည့် သတ္တ၀ါများ အဖြစ်သတ် မှတ်၍ မရကြောင်း၊ ဥပဒေသစ် တွင်ဖော်ပြ ထားကြောင်း ရေးသား ထားသည်။

၆.၂.၂၀၁၃ နေထုတ် ကြေးမုံ သတင်းစာတွင် မောင်စေအောင် ၏ သတင်းဆောင်း ပါး၌လည်း သက်ဆိုင်ရာ မှ ခွေးလေ ခွေးလွင့်များကို ရပ်ကွက်၊ လမ်းများ၊ အလိုက်စိစစ် ရှာဖွေ သုတ်သင် ပေးပါက ပြည်သူများ၏ အသက်ကို ကယ်တင်ရာ ရောက်မည် ဖြစ်ကြောင်း ဆိုထားပါသည်။
ကျွန်တော်တို့ လူသားများ အသက်ကယ်ရန် သက်ဆိုင်ရာမှ လုပ်နေကြဖြစ်သည့် အဆိပ် ကျွေးသတ်ဖြတ် ပေးရန် တောင်းဆို ထားခြင်း၊ ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင်အခြားနည်းဖြင့် ဖြေရှင်းခြင်း မတွေ့ဘူး၊ မကြားဘူး သေးပါ။ ခွေးရူး (သို့မဟုတ်) ခွေးရူးဟု သံသယ ရှိသူ (သို့မဟုတ်) ခွေးရူး အကြောက် လွန်ရောဂါ ကြောင့် ခွေးကောင်း များ၏ အသက်ပေါင်း များစွာ စတေးခံ ရတော့မည်။ ဒီနည်းဖြင့် ဖြေရှင်းလာ ကြတာနှစ်ပေါင်း မည်မျှ ကြာပြီနည်း။ လူနှင့်ခွေးတို့ အကြား ကြောက်ရွံ့ မုန်းတီး ရေးနှင့် အာဃာတ တရားများ ပြေပျောက် သွားခြင်းမရှိပါ။ ပို၍သာ ကြီးထွားလာ နေသည်။

ကျွန်တော့် အယူအဆက တော့လူနှင့် ခွေးတို့ အကြားမေတ္တာ၊ ကရုဏာ ဖြစ်ထွန်း စေမည့် ကောင်းမွန်သော ဖြေရှင်းနည်း တစ်ခု ဖြစ်ပေါ် လာအောင် ၀ိုင်းဝန်းကြိုး စားစေချင်ပါသည်။ လူသားတို့ ဘ၀ကလည်း လုံခြုံမှုရှိပြီး သူတို့ (စွန့်ပစ်ခံ တိရစ္ဆာန်) လည်း အေးချမ်းစွာ အသက်ရှင် နေထိုင်ခွင့် (ရပိုင်ခွင့်) ဖန်တီး ပေးနိုင်မှ လူသာဓုခေါ်၊ နတ်သာဓု ခေါ်မည့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးရရှိမည်ဟု ယုံကြည် ယူဆမိပါသည်။ ဗုဒ္ဓဘာသာ နိုင်ငံမ ဟုတ်သော မက္ကဆီကို လိုမြို့တော်၌ ပင်စွန့်ပစ်ခံ တိရစ္ဆာန်များ အပေါ်ဤကဲ့သို့ သဘောထား နိုင်လျှင် ကျွန်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံ ကြီးတစ်နိုင်ငံ အနေနှင့် ပို၍ပင် လေးစားအတု ယူဆင်ချင် သင့် လှပါသည်။

အချုပ်အား ဖြင့်ဆိုရသော် ခွေးလေခွေးလွင့်၊ ကြောင်လေ ကြောင်လွင့် များနှင့် ခွေးရူးရောဂါ စသည့် ကိစ္စများ ကို ဌာန တစ်ခုတည်း၊ အဖွဲ့ အစည်းတစ်ခု တည်းနှင့် ဆောင်ရွက်၍ အလုံးစုံ ပြည့်စုံ အောင်မြင်နိုင် မည်မဟုတ်ပါ။ ကျွန်တော်တို့ ကဲ့သို့ သော ပညာရှင်များ၊ သက်ဆိုင် ရာဌာန များ၊ NGO များ၊ စိတ်ပါ ၀င်စား သူပြည်သူများ၊ ငွေကြေး ချမ်းသာသူများ စုပေါင်း ပါဝင်နိုင် မည့်ဆွေးနွေး ပွဲတစ်ခုဖြစ် အောင် စီစဉ်ပေး စေချင်ပါသည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေး အကြံပြု ကြလျှင် လူနှင့် တိရစ္ဆာန် အဖွဲ့ အစည်း နှစ်ခုစလုံး အတွက် ကောင်းသော နည်းလမ်းများ ပေါ်ပေါက် လာနိုင် ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း အချိန်ယူ တွေးတော စဉ်းစားထား သည့်နည်း လမ်းများ၊ ဖြစ်နိုင် ခြေများကို တင်ပြ ဆွေးနွေး ချင်ပါသည်။
ကဏ္ဍ ပေါင်းစုံ၊ အလွှာ ပေါင်းစုံမှ ၀ိုင်းဝန်း အကြံ ပြုဖြေရှင်း ပေးစေချင်ပါသည်။ လူနှင့် စွန့်ပစ်ခံ တိရစ္ဆာန် များအကြား မေတ္တာ၊ ကရုဏာ တရားများ ဖြစ်ထွန်း ပေါ်ပေါက်နိုင်ပါစေ။ လူသားများ ခွေးရူး အန္တရာယ် ကင်းဝေး ပါစေ။ စွန့်ပစ်ခံ တိရစ္ဆာန် များလည်း ရှင်သန် ခွင့်ရပါစေ။

Credit to ~ SuMon Hlaing

ပေးပို့  သူ Thiri Phyo Thaw ကို ကျေးဇူးတင်ပါတယ်

Shared from Save Street Dog (FB)

Monday, March 11, 2013

စိတ်ပညာရှင်တွေကပြောကြတယ်။


စိတ်ပညာရှင်တွေကပြောကြတယ်။

လူတစ်ယောက်ဟာ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုနဲ့အလွန်အမင်းရယ်မောနေခဲ့မယ်ဆိုရင် သူ အရမ်းကိုအထီးကျန်နေလို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ လိုအပ်တာထက်ပိုပြီးအိပ်နေခဲ့တယ်ဆိုရင် သူ အရမ်းကိုဝမ်းနည်းနေရလို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ စကားကို မြန်လွန်းနှေးလွန်း ပြောနေတယ်ဆိုရင်သူ့မှာလှို့ဝှက်ချက်ရှိနေလို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ..၀မ်းနည်းနေပေမယ့်မျက်ရည်မကျနိုင်အောင်ဖြစ်နေခဲ့ရင်သူအရမ်းအားနည်းနေလို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ ပုံမှန်မဟုတ်ပဲအစားတွေကိုစားနေတယ်ဆိုရင်သူအရမ်းစိတ်ဖိစီးနေလို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ
လွယ်လွယ်နဲ့မျက်ရည်ကျတတ်တယ်ဆိုရင်သူဟာအပြစ်ကင်းစင်ပြီး နှလုံးသားနူးညံ့သူဖြစ်လို့ပဲဖြစ်တယ်။

လူတစ်ယောက်ဟာ
ဘာမဟုတ်တဲ့အသေးအဖွဲလေးနဲ့ဒေါသအကြီးအကျယ်ထွက်နေပြီဆိုရင်သူအချစ်ကိုလိုအပ်နေလို့ပဲဖြစ်တယ်။

ပြုပြင်ဖန်တီးထားတဲ့ သံပုရာရနံ့ကိုသာ ဖျော်ရည်မှာသုံးကြပြီး
သံပုရာအစစ်ကို လက်ဆေးတဲ့အခါသုံးဖို့ ကျင့်သုံးနေတဲ့ လောကကြီးမှာ လူတွေရဲ့ စိတ်ကိုသိအောင် ကြိုးစားသင့်ပါတယ်။


Shared from Ingyin Htay Aung (FB)

Sunday, March 10, 2013

သံသရာမှာ ကျင်လည်ရတဲ့ ဒုက္ခ



“မသူတော် ဘေးမှ လွတ်ရပါလို၏။” “ကပ်ကြီးတွေမှ ကျော်နိုင်လွှားနိုင်ရပါလို၏။” ဘာညာဘာညာနဲ့ ရွတ်သာ နေတာ သူတို့ ရင်ထဲမှာ ကိန်းနေတာကိုက မသူတော်တရားတွေ၊ အမြင်မှားတွေ ကိန်းနေတာနော်။

မသူတော် တရားတွေ ဆိုတာဘာလဲဆိုတော့ ဒီလူ့ကို တော့ ချစ်တယ်၊ ဟိုလူ့ကိုတော့မုန်း တယ်… ဘာမဆို မြင်မြင်သမျှ အပေါ်မှာ ပုံမှန်စိတ်ထားရမှာကို မတရားတဲ့စိတ်တွေနဲ့ တွေး၊ ပြော၊ ပြုမူနေကြတာ။

နောက် အမြင်မှားဆိုတာက မမြဲတဲ့ အနိစ္စကို နိစ္စလို့ထင်၊ ဆင်းရဲတဲ့ ဒုက္ခကို သုခလို့ထင်၊ အစိုးမရတဲ့ အနတ္တကို အတ္တလို့ထင်ပြီး ကိုယ့်ကိုကိုယ် မနှစ်မြို့ဖွယ်ဖြစ်တဲ့ အသုဘခန္ဓာကြီးကို သုဘလို့ ထင်နေတာကို ပြောတာ။ မကောင်း တာကို အကောင်းတွေလို့ ထင်နေတာဟာ အမြင်မှားပဲလေ။

ဒီအမြင်မှားနဲ့ ဒီမသူတော်တရားတွေက ပုထုဇဉ်လူသားတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းပြီး အိမ်ရှင်သဖွယ် ဖြစ်နေတော့ သူ့ဆီ လာလည်မှာကလည်း သူနဲ့တူရာပဲ လာမှာပေါ့။ သံလိုက်လိုပါပဲ။ ကိုယ့်ရင်ထဲက မကောင်းတဲ့ စိတ်ခံ သံလိုက်တုံးကြီးက အမာခံရှိနေတာ မမြင်ပဲနဲ့ လာကပ်နေတဲ့ ဓားတွေ၊ လှံတွေ၊ သေနတ်တွေကို ကြောက်ပြီး ပြေးနေ မယ်ဆိုရင် ရပါ့မလား။

ပြီးတော့ ဒီသံလိုက်ရဲ့ ဆွဲအားကြောင့်လာကြမယ့် မကောင်းတဲ့ ကပ်ဘေးတွေ၊ အငတ်ဘေးတွေ၊ ဒုက္ခဘေး တွေကို ဆုတွေတောင်းပြီး မောင်းထုတ်နေလို့ကတော့ မောရုံပဲရှိမယ်။

ကိုယ့်ကိုယ်တွင်းက မကောင်းတဲ့ဓာတ်ခံကို ဆွဲထုတ်နိုင်မှ သူ့ဆီလာကြမယ့် မကောင်းတာတွေကို မောင်းထုတ်ပြီးသား ဖြစ်မှာပေါ့။ အခုတော့ လွဲနေကြတာ။

“တွေ့လိုက်ရရင် လူတွေက ဒီလိုချည်းပဲ၊ တစ်ယောက်မှ ကောင်းတာကို မရှိဘူး” လို့ ပြောကြတယ်မလား။ အဲဒါ ဘာလို့လဲ ? ။

ကိုယ့်ရဲ့ ရင်ထဲက အခံကမှ မကောင်းတာ၊ ကောင်းတာ လိုချင်လို့ ဘယ်ဖြစ်မလဲနော်။

အဲဒီတော့ ဘာကို အရင်လုပ်ရမယ် ဆိုတာ အဖြေထွက်နေပါပြီ။

အပြင်ကဘေးနဲ့ ဝေးချင်ရင် ဝမ်းထဲက မကောင်းတဲ့ သံလိုက်တုံးကြီးသာ အရင်ဖယ်ပေတော့။

အညှီရှိလို့သာ ယင်အုံကြ တာပါ။

လူတွေက အကြောက်လွဲ နေကြတယ်။ ဝမ်းထဲက လက်ခံထားတဲ့ ကြောက်စရာ ကောင်းတဲ့ သံလိုက်တုံးကြီးကို မကြောက်ပဲ အပြင်က လာကပ်တာတွေကို ကြောက်နေကြတယ်။
ဒါဆို အတွင်းရန်နှင့် အပြင်ရန်ကို တော်တော်လေးတော့ သိလောက်ရောပေါ့။

အတွင်းရန်ကို အရင်ဆုံး ကြောက်ပြီး အမြန်ဆုံးဖယ် ထုတ်လိုက်ပါတော့။ ဒါမှ လာကပ်စရာလည်း မရှိတော့ မှာမို့ အပြင်ရန်တွေလည်း ငြိမ်းအေး ပါလိမ့်မယ်။

ဒီတော့ကာ တို့တွေ ဝိပဿနာတရား အားထုတ်လိုက်တာနဲ့ အတွင်းရန်တွေ ပြေးသွားပါလိမ့်မယ်။ ဒီ အတွင်းရန် နေရာမှာ အဖော်ကောင်းလေးဖြစ်တဲ့ မဂ္ဂင်တရား အသိလေးတွေ အစားထိုးလာလို့ အအေးသံလိုက်ဓာတ်ကြီးဖြစ်အောင် ပြောင်းကြရမယ်ဆိုတာ ပေါ်လာပါပြီနော်။

ဒါဆို လာကပ်မှာတွေကလည်း အေးချမ်းစေမှာမို့ အတွင်းကောင်းမှ အပြင်ကောင်းလိမ့်မယ်ဆိုတာ နားလည်နိုင် ကြပါစေလို့ ဆုတောင်းရင်းနဲ့ ဒီနေ့တော့ ဒီလောက်ပဲနော်။

အားလုံးပဲ ဓမ္မဓာတ်တွေကိန်းလို့ အမြန်အေးချမ်းနိုင်ပါစေ။
မနောကံကို မနောနဲ့သာ တိုက်ထုတ်နိုင်ပါတယ်။ ဝစီနဲ့ ဆုတောင်းလို့ မရဘူးဆိုတာလေး ဝေမျှရင်းနဲ့ တတ်အား သရွေ့အတွင်းရန်တွေကို တိုက်ထုတ်ကြပါစို့လားရှင်။
မအေးအေးချိုရဲ့ ဇော ၇ ချက် တရားပို့စ်မှ သဘောကျလွန်း၍ ပြန်ရှယ်ပါသည်။

အပြည့်အစုံဖတ်ရန်

https://www.facebook.com/photo.php?fbid=429459867133149&set=a.150642668348205.39860.100002074189858&type=3&theater

***********************

လောဘ ရယ် ဒေါသ ရယ် မောဟ ရယ် ဒီအကုသိုလ်တွေက လွတ်သွားတာကို ၀ိမုတ္တ လို့ ခေါ်တယ်။ စိတ်ကလေးဟာ အာရုံနဲ့ တော့တွေ့ တယ်။ ဒါပေမယ့် ထိုအာရုံရဲ့ ကြားထဲမှာ လွတ်သွားတယ်။ အဲဒါ Glue မရှိတော့တာ။ စက္ကူလေးနှစ်ခုဟာ ထိတော့ထိနေတယ်။ ဆိုပါစို့ စာရွက်လေး ၂ ခုထိထားတယ်။ အဲဒီ စာရွက် ၂ ခုကြားမှာ ကော်မပါဘူးဆိုရင် ခွဲလို့ မရဘူးလား။ ရတယ်။ လူတွေရဲ့ စိတ်မှာ ခွဲမရဘူးဆိုတာက ကော် ပါနေလို့ ခွဲမရတာ။ ဟုတ်လား။ ကော်က ရိုးရိုးကောတောင် မဟုတ်ဘူး။ Super Glue ဖြစ်နေတယ်။ အဲဒီတော့ အာရုံနဲ့ စိတ်နဲ့ ဘယ်လိုပဲတွေ့ တွေ့ လောဘမလာဘူး ၊ ဒေါသမလာဘူးဆိုရင် ညှိနေပါ့မလား။ ဘယ်ညှိမလဲနော်။ အဲဒါကို ၀ိမုတ္တ လို့ ခေါ်တာ။ လွတ်သွားပြီလို့ ပြောတာ။ ဓမ္မ ကို Practise လုပ်တယ်ဆိုတာ အဲဒီလိုလွတ်သွားပြီဆိုတဲ့ အဆင့်ထိအောင် အားထုတ်ရမှာ။

အဲဒီလိုလွတ်သွားပြီဆိုရင် ဘ၀ဆိုတဲ့ ကန္တာရခရီးကြမ်းကြီးကို နောက်ထပ်ရင်ဆိုင်စရာ မရှိတော့ဘူး။ ရင်ဆိုင်စရာ မရှိရုံတင်မကဘူး ၊ အသာသ ဒါနတဲ့ ။ သံသရာကြီးထဲမှာ ပင်ပန်းခဲ့ရတာတွေ အကုန်လုံးငြိမ်းသွားတယ်။ အသောကံ ၀ရဇံ ခေမံ ဆိုတာ အဲဒီကျမှလာတာ။ စိတ်ကလေးမှာ လောဘလည်းမလာဘူး။ ဒေါသလည်းမလာဘူး။ မောဟလည်းမလာဘူး။ စိတ်ကလေး ငြိမ်းချမ်းသွားပြီ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီအဆင့်ထိရောက်အောင် သွားရမယ်တဲ့။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှင်သူမြတ်ဟောကြားတော်မူသော ဓမ္မံသရဏံ ဂစ္တာမိ တရားတော် မှ သဘောကျလွန်း၍ ပြန်ရှယ်ပါသည်။

အပြည့်အစုံဖတ်ရန်

https://www.facebook.com/notes/khine-khine/ဓမ္မံသရဏံ-ဂစ္ဆာမိ-ဆိုတာ/500135950022471?comment_id=5145175&notif_t=like

ပါရမီဘုရားရှိခိုး ပူဇော်ရန်

https://soundcloud.com/greenkstar/paramiworship-1

ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ




http://www.worldofwisdom.asia/2012/03/blog-post_3505.html

ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ သီလစောင့်တည်တိုင်း သရဏံဂုံတည်တဲ့အခါ ဓမ္မံသရဏံ ဂစ္တာမိ လို့ ဆိုကြတယ်။ ဤတရားသည်သာလျှင် ကိုးကွယ်ရာလို့ ဒီအဓိပ္ပာယ်တော့ သိပါလိမ့်မယ်။ သို့ သော်ဒီ့ ထက်ပိုလေးနက်တဲ့ အဓိပ္ပာယ်ကိုသိဖို့ ရာ ဘုန်းကြီးအကျယ်ဟောပါ့မယ်။

ဓမ္မ ဆိုတဲ့စကားလုံးကို ပါဠိဘာသာမှာ ပါရှိတဲ့စကားလုံးဖြစ်လို့ မြန်မာလိုပြောမယ်ဆိုရင် သဘာဝတရားလို့ အဓိပ္ပာယ်ရတယ်။ ဓမ္မ ဆိုတဲ့သဘာဝတရားဟာ မည်သူတစ်ဦးတစ်ယောက်ကမှ ပိုင်ဆိုင်တာမဟုတ်ဘူး။ လောကကြီးမှာရှိတဲ့ လူအားလုံးနဲ့ သက်ဆိုင်တဲ့ သဘာဝတရား။ သဘာဝတရားဆိုတာအမျိုးမျိုးရှိတယ်။ ဓမ္မံသရဏံ ဂစ္တာမိ ဓမ္မကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အဲလို ပါးစပ်ကဆိုလိုက်ရုံနဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ ကိစ္စပြီးသွားပလား ? ဘယ်လိုအဓိပ္ပာယ်ရောက်မှ ၊ ဘယ်အတိုင်းအတာထိရောက်မှ ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ ပြီးပြည့်စုံမလဲ ဆိုတာ ဘုန်းကြီးတို့ မသိသင့်ဘူးလား။ သိသင့်ပါတယ် ဘုရား။


မြတ်စွာဘုရားက ဓမ္မကိုဟောတယ်ဆိုတာ ဒီ ဓမ္မဆိုတဲ့သဘာဝတရားတွေဟာ မြတ်စွာဘုရားပွင့်လာမှ ရှိလာတာမဟုတ်ဘူး။ ရှေးတုန်းကတည်းက ဒီသဘာဝတရားတွေဟာ ရှိနေတယ်။ အမြဲတမ်းရှိနေတဲ့ မှန်ကန်တဲ့သဘာဝတရားတွေ။ ထိုသဘာဝတရားတွေဟာ ထူးခြားတဲ့အသိဥာဏ်ရှိတဲ့ ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်ပေါ်လာမှ ဗုဒ္ဓက ထုတ်ဖော်ရှင်းပြခဲ့တာ။ ဗုဒ္ဓ ဆိုတဲ့ ပုဂ္ဂိုလ်မပေါ်ခဲ့ရင် ဓမ္မ ဆိုတဲ့ သဘာဝတရားတွေကို ပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့သူရှိမှာမဟုတ်ဘူးတဲ့။ ဗုဒ္ဓကသာလျှင် ဓမ္မကိုပြည့်ပြည့်၀၀ ရှင်းပြနိုင်တာ။ သို့ သော် ဓမ္မ ဆိုတာ လောကကြီးမှာ အမြဲရှိနေတဲ့ The Law of Nature ။ မြတ်စွာဘုရားက ဓမ္မ ကိုတီထွင်ခဲ့တာမဟုတ်ဘူး။ မြတ်စွာဘုရားက ဓမ္မကိုတွေ့ ရှိတာသာ ဖြစ်တယ်။ ဖန်တီးသူ မဟုတ်ဘူး။

တစ်နည်းအားဖြင့် တွေ့ တယ်ဆိုတာ သိရှိသူ။ အဲဒါကြောင့်မို့ ဗုဒ္ဓ ဆိုတဲ့ အဓိပ္ပာယ်ကိုက အမှန်တရားကိုတွေ့ ရှိသူလို့ အဓိပ္ပာယ်ရတယ်။ သာမန်သိတဲ့လူကို ဗုဒ္ဓလို့ မခေါ်နိုင်ဘူး။ အမှန်တရားကို အားလုံးပြည့်ပြည့်စုံစုံ ခြွင်းချက်မရှိသိတဲ့လူကိုသာဗုဒ္ဓ လို့ ခေါ်တာ။

ဒါကြောင့်မို့ လို့ သရဏံဂုံသုံးပါးမှာ ဒီ ဓမ္မကိုထုတ်ဖော်ဟောပြောနိုင်တဲ့ ၊ ဓမ္မကိုတွေ့ ရှိတဲ့ ပုဂ္ဂိုလ်မို့ လို့  ဗုဒ္ဓံသရဏံ ဂစ္တာမိ လို့ ဆိုကြတယ်။ ပြီးတော့ အဲဒီ ပုဂ္ဂိုလ်အရှင်သူမြတ်တွေ့ ရှိခဲ့တဲ့ တရားကို ဓမ္မံသရဏံ ဂစ္တာမိ လို့ ဒီလိုဆိုတယ်။ အဲဒီ မြတ်စွာဘုရားတွေ့ ရှိတဲ့ ဓမ္မတွေကိုလက်တွေ့  ကျင့်သုံးလို့ ပေါက်မြောက်သွားတဲ့အဖွဲ့ အစည်းတစ်ရပ်ကို သံဃံ သရဏံ ဂစ္ဆာမိ လို့ ဒီလိုဆိုကြတယ်။ ဒါကိုပဲ ရတနာသုံးပါးလို့ ဒီလိုပြောဆိုကြတယ်။ သရဏံဂုံသုံးပါးလို့ လည်းပြောကြတယ်။

အဲတော့ ဒီ သဘာဝတရား ဓမ္မ ဆိုတာတွေဟာ မဖော်ထုတ်ရင် မသိဘူး။ ဖော်ထုတ်တဲ့သူရှိမှ သိမှာ။ အဲလို ဖော်ထုတ်တာကလည်း ရိုးရိုးတန်းတန်းသာမန်လူမရဘူးတဲ့။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်လာတဲ့ ဗုဒ္ဓမြတ်စွာလို လူပဲရမှာ။ အဲဒီလို ဖော်ထုတ်လိုက်တဲ့ တရားတွေဟာလည်း ရတနာတွေ။ ရတနာတွေဆိုတာ လူတိုင်းသုံးနိုင်ပါ့မလား ? မသုံးနိုင်ပါဘူး ဘုရား။ ရတနာ ဆိုတာ အတုလံ ဒုလ္လပတ် ဒသနံ ။ တွေ့ ဖို့ ခဲယဉ်းတာ ရတနာ။ ဓမ္မ ဆိုတာလည်း ရတနာပဲ။

ဒီပင်္ကရာ မြတ်စွာဘုရားပွင့်ပြီးနောက် မရေမတွက်နိုင်တဲ့ အသင်္ချေပေါင်းများစွာ ကမ္ဘာတွေလွန်ပြီးနောက် မင်္ဂလ ဘုရားပွင့်တယ်။ အဲဒီ ဘုရားနှစ်ဆူကြားထဲက ကာလမှာ ဓမ္မ ဆိုတာ ပျောက်ကွယ်သွားတယ်။ ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ မရှိတော့ဘူးတဲ့။

ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှာ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာရသေ့ က ဘုရားဆုပန်တယ်။ အဲဒီနောက် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာပြီးမှ ဘုရားပွင့်တယ်။ အဲဒီကြားထဲမှာ ရေတွက်လို့ မရတဲ့ အသင်္ချေပေါင်း ၄ ခါကြုံလို့ လေးအသင်္ချေလို့ ခေါ်တာ။ နောက် ရေတွက်လို့ ရတဲ့ကမ္ဘာက တစ်သိန်း။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့  ကောဏ္ဍညမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ

ကောဏ္ဍညမြတ်စွာဘုရားနဲ့ မင်္ဂလ မြတ်စွာဘုရားကြားမှာ တစ်သင်္ချေ။ သောဘိတမြတ်စွာဘုရားနဲ့  နာရဒမြတ်စွာဘုရားကြားမှာ တစ်သင်္ချေ ၊ အနောမဒဿီမြတ်စွာဘုရားနဲ့ ပဒုမုတ္တရမြတ်စွာဘုရားကြားမှ တစ်သင်္ချေ တဲ့။ အဲဒီတော့ ဓမ္မ ဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ စဉ်းစားကြည့်။ တွေ့ ဖို့ လွယ်လား။ မလွယ်ဘူးနော်။ ခဲယဉ်းတယ်။

အဲဒီတော့ ဂေါတမမြတ်စွာဘုရားမတိုင်မှီ ကဿပ မြတ်စွာဘုရားရှင်အထိ အားလုံးပေါင်း ၂၄ ဆူသောမြတ်စွာဘုရားရှင်တို့ ပွင့်တော်မူခဲ့ကြတယ်။ ပေါတမမြတ်စွာဘုရားကိုထည့်လိုက်တဲ့အခါ ၂၅ ဆူ။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တူတူပွင့်တာက ၃ ဆူ။ အားလုံးပေါင်း ၂၈ ဆူ။ နှစ်ကျိပ်ရှစ်ဆူ ဆိုတာ အဲဒါပဲနော်။ ဂေါတမ ဘုရားအလောင်းဗျာဒိတ်ခံခဲ့တာက ၂၄ ဆူ။ ၂၄ ပါးပဲ ဗုဒ္ဓ ဆိုတာကိုတွေ့ ခဲ့ရတယ်။ အဲဒီ ၂၄ ပါးသည်သာလျှင် ဓမ္မကို ထုတ်ဖော်ဟောကြားနိုင်ခဲ့တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဓမ္မကို ထုတ်ဖော်ဟောကြားနိုင်ခြင်းမရှိဘူးတဲ့။

မြတ်စွာဘုရားကို ကိုးကွယ်တာဟာ စီးပွားတက်ချင်လို့ ကိုးကွယ်တာရှိတယ်။ ကြောက်လို့ ကိုးကွယ်တာရှိတယ်။ တစ်စုံတစ်ခုကြောင့်အကာအကွယ်လုပ်ချင်လို့ ကိုးကွယ်တာရှိတယ်။ မျိုးစုံပေါ့လေ။ ဘယ်လိုကိုးကွယ်ရမလဲ မှန်ကန်တဲ့စိတ်ထား ဘယ်လိုထားရမလဲဆိုတော့ ဘုရားဆိုသည်မှာ မိမိရဲ့ သန္တာန်ကျရောက်လာမဲ့ မကောင်းကျိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေကိုဖယ်ရှားပြီး ကောင်းကျိုးချမ်းသာကိုညွန်ပြပေးတဲ့အတွက် ကိုးကွယ်တယ်။ ဒီလိုနည်းနဲ့ ကိုးကွယ်ရမယ်နော်။

ဘ၀တု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေ၀တာ။
သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊
သဒါ သုခီ ဘ၀န္တု တေ။

အဲဒီဂါထာလေး အဓိပ္ပာယ်ကို ဘုန်းကြီးရှင်းပြမယ်။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန အလုံးစုံသောဘုရားရှင်တို့ ရဲ့ တန်ခိုးတေဇော အာနုဘော်တို့ ကြောင့် ၊ သဒါ အခါခပ်သိမ်း ၊ သုခီ ချမ်းသာ ၊ ဟောတု ဖြစ်ပါစေ။ ဒီလို တစ်ချို့ က အဓိပ္ပာယ်ပြန်ကြတယ်။ အဲဒီလို အဓိပ္ပာယ်ပြန်တော့ ဘယ်လိုဖြစ်သွားလဲဆိုရင် မြတ်စွာဘုရားရဲ့ တန်ခိုးအစွမ်းကြောင့်ချမ်းသာပါစေလို့ ဆိုတော့ ဘုရားက သူ့ ရဲ့ တန်ခိုးအာဏာ ပါဝါတွေကို အသုံးပြုပြီး သတ္တ၀ါတွေကို ကယ်တင်တယ်ဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား။ အဲဒီအဓိပ္ပာယ်ပြန်ဆိုချက်မမှန်ဘူး။

ဘယ်လိုပြန်ဆိုရမလဲဆိုတော့ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ အလုံးစုံသောမြတ်စွာဘုရားရှင်တို့ ရဲ့ ဂုဏ်ကိုအာရုံပြုကာ ကိုးကွယ်ပူဇော်ရတဲ့အစွမ်း အာနုဘော်ကြောင့် ၊ သဒါ သုခီ ဘ၀န္တု တေ အစဉ်ထာဝရချမ်းသာသုခရပါစေ။ အဲလိုပြန်ဆိုမှ မှန်ကန်တယ်။ အဲလိုဆိုလိုက်တော့ ဘုရားကို အာရုံပြုပြီးဖြစ်ပေါ်လာတဲ့ ကုသိုလ်ကိုပြောတာ။ ဓမ္မ ကိုပြောတာ။ ကုသိုလ်ဆိုတာ ဓမ္မပဲ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတဲ့နေရာမှာ ဓမ္မ ကိုကိုးကွယ်ကျင့်သုံးမှ ဓမ္မံသရဏံ ဂစ္ဆာမိ လို့ မှတ်ရမယ်။

ဓမ္မ ကိုကျင့်သုံးလို့ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်နေတဲ့လူတွေလည်းအများကြီး။ ဒါပေမယ့် အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့တရားတွေကနေ မကျော်လွန်နိုင်သေးဘူး။ ဓမ္မ ရဲ့ စွမ်းဆောင်ချက်က နောက်ဆုံး ဒီ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့အရာတွေကို ကျော်လွားနိုင်မှ ဓမ္မ ဟာပြည့်စုံတယ် လို့ ပြောရမယ်။

မေတ္တာတရားကို မိမိရဲ့ နှလုံးသားထဲမှာ တည်ဆောက်တာ လိုက်နာကျင့်သုံးသာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲလိုမဟုတ်ပဲ ပါးစပ်ကတော့ဓမ္မံသရဏံ ဂစ္ဆာမိ ၊ ဒါပေမယ့် အမုန်းတရားတွေကိုလက်ခံကျင့်သုံးနေတာဆိုလျှင် ဓမ္မံသရဏံ ဂစ္တာမိ မဖြစ်နိုင်ဘူး။ ထို့ အတူပဲ အမောဟ တဲ့ ၊ အသိပညာတွေရှိဖို့ လိုတယ်။ အသိပညာဆိုတာ လုပ်သင့်တာ နဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်။ အနည်းဆုံး အောက်ထစ်ဆုံး မလုပ်သင့်တာကို ရှောင်ဖို့ ၊ လုပ်သင့်တာကိုလုပ်ဖို့ ခွဲခြားသိရမယ်။ အဲဒီတော့ မိမိသန္တာန်မှာ လောဘ ကိုဖယ်ရှားပြီး အလောဘ ကိုတည်ဆောက်တယ်။ ဒေါသကိုဖယ်ရှားပြီး အဒေါသ ကိုတည်ဆောက်တယ်။ မောဟ ကိုဖယ်ရှားပြီး အမောဟဆိုတဲ့ ပညာတရားကိုတည်ဆောက်တယ်။ အဲဒါဆိုရင် ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ပါးစပ်ကဆိုတဲ့ ဓမ္မံသရဏံ ဂစ္ဆာမိ သည် အကျိုးတရားတွေကို ထွက်ပေါ်လာစေမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ တရားတွေကိုလက်ခံကျင့်သုံးရတယ်။

အေး......ဓမ္မံသရဏံ ဂစ္တာမိ ဆိုတာ ဒီ့ထက်အဆင့်မြင့်သေးတယ်။ ဘ၀ကန္တာရ ကနေထုတ်ဆောင်ပေးတယ်တဲ့။ ဘ၀ကန္တာရ ဆိုတာ ဘာလဲဆိုတော့ ဘုန်းကြီးတို့ သိထားတဲ့ဘ၀ကြီးဟာ ကျေနပ်စရာကောင်းတဲ့ဘ၀လား ပြန်စဉ်းစားကြည့်။ လူမှုရေး စီးပွားရေးအခက်အခဲတွေက ထားပါတော့ လူတိုင်း ကြုံချင်မှ ကြုံကြမှာ။ ဒါပေမယ့် အိုခြား နာခြင်း သေခြင်း ဆိုတာတွေကတော့ လူတိုင်းကြုံမှာ။ အာဏာရှင်လည်း တစ်နေ့ အိုမှာပဲ။ အာဏာမရှိတဲ့လူလည်း တစ်နေ့ အိုမှာပဲ။ လူဝတ်ကြောင်လည်း အိုမှာပဲ။ ဘုန်းကြီးတွေလည်း အိုမှာပဲ။

အဲဒီတော့ အိုခြင်း နာခြင်း သေခြင်း ဆိုတာလည်း ကန္တာရတွေပဲ။ အဲဒီ ကန္တာရတွေကို ကျော်လွားနိုင်တဲ့လူရှိလား။ မရှိနိုင်ဘူး။ အဲဒါကို ဘ၀ကန္တာရလို့ ခေါ်တယ်။ အဲဒီ ကန္တာရတွေထဲက ကယ်ထုတ်နိုင်တာကတော့ ဓမ္မပဲတဲ့။ သဘာဝတရားတွေကိုသိအောင် ၊ သတ္တ၀ါဆိုတဲ့ အတွေးကို ပျောက်သွားအောင် သဘာဝတရားတွေချည်းသိရှိလာတာကို နာမရူပ ပရိစ္ဆေဒညဏ် လို့ ခေါ်တယ်။

ဒီသဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့်ဖြစ်လာတယ်ဆိုတာကိုသိရင် ပစ္စယပရိဂ္ဂဟဥာဏ် လို့ ခေါ်တယ်။ အဲဒီကနေ တစ်ဆင့် သဘာဝအတွက် တရားတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ သဘာဝတရားတွေဟာ ဖြစ်ပြီးတော့ ပျက်နေတာပဲလို့ အမြင်တွေမြင်လာပြီး ဒီသဘာဝတရားတွေဟာ ငြီးငွေ့ စရာပဲ ၊ ကြောက်စရာပဲ ၊ လန့် စရာပဲ ၊ ဒီသဘာဝတရားတွေကလွတ်အောင်ကြိုးစားမှပဲ ဆိုတဲ့ အသိဥာဏ်လေးဝင်လာလို့ ရှိရင် ဒါ ၀ိပသာနာဥာဏ် လို့ ခေါ်တယ်။

လောဘ ရယ် ဒေါသ ရယ် မောဟ ရယ် ဒီအကုသိုလ်တွေကလွတ်သွားတာကို ၀ိမုတ္တ လို့ ခေါ်တယ်။ စိတ်ကလေးဟာ အာရုံနဲ့ တော့တွေ့ တယ်။ ဒါပေမယ့် ထိုအာရုံရဲ့ ကြားထဲမှာလွတ်သွားတယ်။ အဲဒါ Glue မရှိတော့တာ။ စက္ကူလေးနှစ်ခုဟာ ထိတော့ထိနေတယ်။ ဆိုပါစို့ စာရွက်လေး ၂ ခုထိထားတယ်။ အဲဒီ စာရွက် ၂ ခုကြားမှာ ကော်မပါဘူးဆိုရင် ခွဲလို့ မရဘူးလား။ ရတယ်။ လူတွေရဲ့ စိတ်မှာ ခွဲမရဘူးဆိုတာက ကော် ပါနေလို့ ခွဲမရတာ။ ဟုတ်လား။ ကော်က ရိုးရိုးကောတောင်မဟုတ်ဘူး Super Glue ဖြစ်နေတယ်။ အဲဒီတော့ အာရုံနဲ့ စိတ်နဲ့ ဘယ်လိုပဲတွေ့ တွေ့ လောဘမလာဘူး ၊ ဒေါသမလာဘူးဆိုရင် ညှိနေပါ့မလား။ ဘယ်ညှိမလဲနော်။ အဲဒါကို ၀ိမုတ္တ လို့ ခေါ်တာ။ လွတ်သွားပြီလို့ ပြောတာ။ ဓမ္မ ကို Practise လုပ်တယ်ဆိုတာ အဲဒီလိုလွတ်သွားပြီဆိုတဲ့အဆင့်ထိအောင် အားထုတ်ရမှာ။

အဲဒီလိုလွတ်သွားပြီဆိုရင် ဘ၀ဆိုတဲ့ ကန္တာရခရီးကြမ်းကြီးကိုနောက်ထပ်ရင်ဆိုင်စရာမရှိတော့ဘူး။ရင်ဆိုင်စရာမရှိရုံတင်မကဘူး ၊ အသာသ ဒါနတဲ့ ။ သံသရာကြီးထဲမှာ ပင်ပန်းခဲ့ရတာတွေအကုန်လုံးငြိမ်းသွားတယ်။ အသောကံ ၀ရဇံ ခေမံ ဆိုတာ အဲဒီကျမှလာတာ။ စိတ်ကလေးမှာ လောဘလည်းမလာဘူး။ ဒေါသလည်းမလာဘူး။ မောဟလည်းမလာဘူး။ စိတ်ကလေးငြိမ်းချမ်းသွားပြီ။ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီအဆင့်ထိရောက်အောင် သွားရမယ်တဲ့။

ရှင်သာရိပုတ္တရာ တို့ ရှင်မဟာမောဂ္ဂလန်တို့ ရဟန္တာတွေဟာဓမ္မံသရဏံ ဂစ္ဆာမိ ကို အပြည့်အ၀ကျင့်ကြံကြိုးကုပ်အားထုတ်လိုက်ကြသည့်အတွက်ကြောင့် နောက်ဆုံးမှာ နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတယ်။ အေး...အဲဒါသည် အပြည့်ဝဆုံး အစစ်မှန်ဆုံး ဓမ္မံသရဏံ ဂစ္တာမိ ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မ ဆိုတဲ့နေရာမှာ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ဆိုတဲ့ လောကုတ္တရာ တရား ၉ ပါး။ အဲဒီ လောကုတ္တရာ တရား ၉ ပါးကို ကိုယ်ကိုတိုင်မျက်မှောက်ပြုရပြီဆိုရင် ဓမ္မံသရဏံ ဂစ္တာမိ ပြီးပြည့်စုံတယ်လို့ မှတ်။

အဲဒါတွေအတွက် ဘယ်ကစရမလဲဆိုတော့ သီလကျင့်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ ဒါန ကောင်းမှုလုပ်တာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ စိတ်ကောင်း နှလုံးကောင်း ထားတာသည်လည်း ဓမ္မံသရဏံ ဂစ္ဆာမိ ပဲ။ အားလုံးဟာ ဓမ္မံသရဏံ ဂစ္ဆာမိ ထဲအကျုံးဝင်တယ်။ သို့ သော်အဲဒါတွေဟာ အခြေခံအဆင့်တွေလို့ အောက်မေ့ထား။

ဒါကြောင့် တရားနာပရိတ်သတ်အပေါင်းသူတော်ကောင်းတို့ ကလည်း ဓမ္မံသရဏံ ဂစ္ဆာမိ ရဲ့ အဓိပ္ပာယ်ကိုသေသေချာချာသဘောပေါက်နားလည်ပြီးသကာလ ဒို့ တရားကိုကိုးကွယ်သည်ဆိုသည်မှာ တရားအတိုင်းလိုက်နာကျင့်သုံးလိုက်ရမှာဖြစ်တယ်လို့ နားလည်ပြီး ဓမ္မံသရဏံ ဂစ္ဆာမိ တရားကိုလိုက်နာကျင့်သုံးနိုင်ကြစေကုန်သတည်း။

တရားတော်ပြီးပါပြီ။

မှတ်ချက်။
ပါမ္ခောချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အရှင်သူမြတ်ဟောကြားတော်မူသော ဓမ္မံသရဏံ ဂစ္တာမိ တရားတော်ကို ကိုယ်တိုင်နာယူမှတ်သား၍ ပြန်လည်စာစီစာရိုက်ခြင်းပြုကာ ကုသိုလ်ပြုတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဆရာတော်ကြီးပြောသမျှ တစ်လုံးမကျန်သော်လည်းကောင်း ၊ ပါဠိလိုအပြည့်အစုံမဖော်ပြနိုင်ခြင်းဌာ လည်းကောင်း ခွင့်လွတ်ပေးကြပါလို့ အားလုံးကိုမေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်ခင်ဗျာ။ တရားတော်အပြည့်အစုံကို နာယူချင်တယ်ဆိုရင်တော့https://www.youtube.com/watch?v=-v3Yx15myuU&feature=related မှာ သွားရောက်နာယူနိုင်ပါတယ်ခင်ဗျာ။
by Htoo Tint Naing
11-10-2011
Special Credit To : Ko Htoo Tint Naing
https://www.facebook.com/notes/htoo-tint-naing/htoo-tint-naing/ဓမ္မံသရဏံ-ဂစ္ဆာမိ-အဓိပ္ပာယ်-အပြည့်အစုံရှင်းလင်းချက်/10150405091696628 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Credit- World of Wisdom မှ

Shared from နှလုံးသားအာဟာရ (FB)


https://soundcloud.com/greenkstar/paramiworship-1

***တရားအားထုတ်နေစဉ် ခန္ဓာကိုယ်အနေအထား ပြင်သင့်၊ မပြင်သင့်နှင့် ပတ်သက်ပြီး ဆရာတော်ဦးဇောတိက၏ ဖြေကြားချက်***


ဒကာမ - တရားထိုင်မယ်ဆိုလို့ရှိရင် လူက စပြီးတော့ ထိုင်နေတဲ့ ပုံစံကနေပြီးတော့ ပုံစံမပျက်အောင် တတ်နိုင်သမျှ ကြိုးစားပြီးတော့ ထိုင်ပါတယ်ဘုရား၊ ထိုင်တော့လည်း ဝေဒနာတွေဘာတွေ ပေါ်တော့ လိုက်မှတ်နိုင်ပါတယ်ဘုရား၊ ဒါပေမယ့် ဒီဝေဒနာကို သက်သာအောင်လို့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်က နည်းနည်းတော့ ထိုင်တဲ့ ပုံစံမပျက်ဘူးပေါ့ဘုရား။ ရှေ့တိုးနောက်ဆုတ်နဲ့ ကိုယ်အနေအထားကို သက်သာအောင် ထုံတာ ကျင်တာတွေ လျော့အောင်တော့ လုပ်တာပေါ့ဘုရား၊ တခါတလေကြလို့ရှိရင် သည်းညည်းမခံနိုင်လောက်အောင်ဖြစ်တယ်၊ ဒါပေမယ့်လည်း ထိုင်နေရင်းကနေ ကိုယ်က အထိုင်မပျက်သွားစေချင်တော့ စိတ်ကိုအတင်းချုပ်တည်းပြီးတော့ အဲလိုလိုက်လုပ်နေလို့ရှိရင် အဲ့ဒါကြ ဘယ်လိုမျိုး အကျိုးတွေ ဖြစ်လာမလဲဘုရား..။


ဆရာတော် - အဲ့လိုစိတ်ကို အတင်းချုပ်တည်းထားလို့ရှိရင် ကြာရင် မခံနိုင်တာကြီးကို ဇွတ်အောင့်ခံနေရသလို ဖြစ်ပြီး စိတ်ထဲမှာ ဒေါမနဿတွေ ဖြစ်လာမယ်.နော်၊ ခန္ဓာကိုယ်မှာ ဒုက္ခဝေဒနာဖြစ်လာရင် စိတ်မှာ ဒေါမနဿဆိုတဲ့ ဝေဒနာ ဖြစ်တယ်၊ မကျေနပ်မှု၊ မခံချိ မခံသာ ဖြစ်နေတယ်၊ စိတ်ဆိုးနေတယ်၊ စိတ်က ဒါကြီးကို မလိုချင်တော့ဘူး၊ အဲ့တော့ ကိုယ်သိထားတဲ့ အတွေးစိတ်ကသာ ငါမလှုပ်ပဲနဲ့ နေရမှာလို့ ဒီလိုသတ်မှတ်ထားတာကိုး.. ဒါကိုယ့်ကိုယ်ကို သတ်မှတ် ပေးထားတာ သို့မဟုတ် တစ်စုံတစ်ယောက်က ပြောထားတာကိုး.. နော်၊ အဲ့တော့ မလှုပ်ရဘူးဆိုတဲ့ သဘောထားကြီးနဲ့ အတင်းအကျပ်ကြီး နေတော့ နေသာနေရတာ စိတ်ထဲတော့ ဒေါသဖြစ်နေတယ်။

အဲ့တော့ ထိုင်တဲ့အခါမှာ တတ်နိုင်သလောက် ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကိုတော့ သည်းခံပါလို့တော့ ပြောချင်တယ်..နော်၊ အဲ့ဒီ ဖြစ်ပေါ်နေတဲ့ ဝေဒနာရဲ့ သဘာဝကိုလည်းပဲ ပိုပြီးတော့ သိအောင် အာရုံစိုက်ပါ.. နော်၊ သူ့ကို နာမည် မတပ်ပါနဲ့၊ ဘာနာမည်မှ မတပ်နဲ့၊ နာမည်မတပ်ဘဲနဲ့ကိုပဲ သူဖြစ်ပေါ်နေပုံ အချင်းအရာကို စိတ်နဲ့ကပ်..ပြီးတော့ သိနေပါ..နော်၊ အဲ့လိုသိလို့ရှိရင် တခါတလေ နာမည်မတပ်ဘဲနဲ့ စိတ်ကို အာရုံထဲမှာ သေချာကပ်ထားတဲ့အခါ အာရုံရဲ့ သဘာဝဟာ ကိုယ်နဂိုက သိထားသလို တစ်မျိုးတည်းမဟုတ်ဘဲနဲ့ သူ့မှာ အမျိုးမျိုး ဖြစ်နေတာကို တွေ့ရတယ်..နော်၊ ဥပမာ- နာတယ်ဆိုတာ တစ်ခုတည်းကို သေချာအာရုံပြုကြည့်ရင် နာတယ်ဆိုတဲ့ နာမည်ကို ဖယ်လိုက်ပြီးတော့ သေချာကြည့်လို့ရှိရင် နာသလိုလို၊ အောင့်သလိုလို၊ ကိုက်သလိုလို၊ ဆူးသလိုလို မပြောနိုင်ဘူး၊ တခါတလေ mixed အကုန်လုံးဟာ ရောနေသလိုဖြစ်တယ်..နော်၊ အဲ့တော့ သူ့ရဲ့သဘာဝကို ပိုပြီးတော့ စိတ်ဝင်စားပြီးတော့ အထဲရောက်အောင် ကြည့်ပါ..နော်၊

ပြီးတော့ နာတာကြီးက အတုံးလိုက်အခဲလိုက်ကြီးလို့ထင်ရတတ်တာကိုး။ တကယ်သေချာကြည့်လို့ရှိရင် အတုံးလိုက် အခဲလိုက်ကြီးမဟုတ်ဘဲ သူက တိမ်ခိုးလိုလို မီးခိုးလိုလိုပဲ အမြဲတမ်း ပုံသဏ္ဍာန်ပြောင်းနေသလို ဖြစ်နေတာ၊ ပုံစံတော့တကယ်မရှိဘူးပေါ့လေ။ စိတ်ကထင်ရတာနော်၊ အဲ့တော့ သူ့ရဲ့ သိမ်မွေ့တဲ့ အပြောင်းအလဲလေးတွေကိုပါ လိုက်ပြီးတော့ ကြည့်..ပြီးတော့ သိလို့ရှိရင် တခါတလေ အဲ့ဒါကို စိတ်ဝင်စား..ပြီးတော့ နေတော့တာ၊ သူ့ကိုစိတ်ဝင်စားနေတယ် ဆိုရင်ကိုပဲ စိတ်ထဲမှာ ဒေါမနဿ မဖြစ်တော့ဘူး..နော်၊ အဲ့တော့ စိတ်ဝင်စားမှုရှိဖို့ အင်မတန်လိုတာ။

အဲ့တော့ လူတွေဟာ ကိုယ်ခံချင်တဲ့ ဝေဒနာမျိုးကို ခံစားရလို့ရှိရင် ဒေါမနဿ မဖြစ်ဘူး၊ တခါတလေ နာတဲ့ဝေဒနာသည်ပင်လျင် ခံလို့ကောင်းတာရှိတယ်နော်၊ ဥပမာ- အကြမ်းစားဆိုပါတော့။ တစ်ယောက်ယောက်က ကိုယ့်ကို နှိပ်ပေးနေတာ။ တံတောင်ဆစ်နဲ့ ထောက်ပေးနေတာ သို့မဟုတ် လက်နဲ့ နှိပ်ပေးနေတာ။ ခံရတဲ့ ဝေဒနာရဲ့ (nature) ကို တကယ်ကြည့်မယ်ဆိုရင်တော့ နာတာပဲ. နော်၊ တချို့ အနှိပ်သန်တဲ့သူဆိုရင် နှိပ်လိုက်လို့ရှိရင် အမလေး.. ကျွတ်.ကျွတ် ကျွတ်.ကျွတ်နဲ့တောင် စုတ်သပ်နေတာနော်၊ ဒါပေမယ့် သူ ဆက်နှိပ်စေချင်တယ် ၊ ဆက်နှိပ်နေ ကိစ္စမရှိဘူး၊ တချို့ အနင်းခံတယ်။ လူတစ်ကိုယ်လုံးကြီးနဲ့ တက်နင်းတာ။ ဝေဒနာက ဘယ်လိုဝေဒနာလဲ မေးလို့ရှိရင် နာတာပဲ၊ ဒုက္ခဝေဒနာပဲနော်၊ ဒါပေမယ့် ဒုက္ခဝေဒနာပင် ဖြစ်သော်လည်း ကိုယ်က ခံချင်လို့ ခံနေတာဆိုတော့ ဒါကိုပဲ သဘောကျနေတယ်၊ အဲ့လိုပဲ ဖြစ်တတ်တယ်၊ အဲ့တော့ တရားထိုင်တဲ့ အခါမှာလဲပဲ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို မခံချင်စိတ်အားကြီးရင် မခံသာတဲ့သဘောကပိုဆိုးတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ဝေဒနာကို မခံချင်စိတ် မရှိဘဲနဲ့၊ လိုလိုချင်ချင် ကြည့်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့သဘောက ခံရတာ သက်သာသလို ရှိတယ်နော်။

တခြားလည်း ဒီလိုဘ။ဲ ဥပမာ စဉ်းစားကြည့်။ ဥပမာ- ငရုပ်သီး အစပ်ကို ကြိုက်တဲ့လူဟာ အင်မတန် စပ်တာကို စားရတာ သူ့မှာ အရသာရှိတယ်၊ နှာရည်တွေ တရွဲရွဲနဲ့ စားနေရတာကိုပဲ သူ့မှာ သိပ်အရသာ ရှိနေတယ်၊ တရှုးရှုး တရှဲရှဲနဲ့ပဲ အရသာရှိတယ်လို့ ထင်နေတယ်၊ ဒီစပ်တာကိုပဲ မကြိုက်တဲ့သူက သွားစားရလို့ရှိရင် သူ့မှာ သည်းမခံနိုင်လောက်အောင် ကြီးမားတဲ့ ဒုက္ခဝေဒနာ ဖြစ်လာတယ်နော်၊ အဲ့တော့ သည်းခံနိုင်တယ် သည်းမခံနိုင်ဘူး၊ ဒေါမနဿ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကိုယ်က အဲ့ဒီအာရုံပေါ်မှာ ထားနေတဲ့ သဘောထားပေါ်မှာ မူတည်တယ်၊ အဲ့တော့.. အဲဒီဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတဲ့ အဲ့ဒီ သဘောထားလေးတွေကို သိဖို့ လိုသေးတယ်နော်၊ အဲ့ဒီသဘောထားလေး နည်းနည်း ပြောင်းသွားတာနဲ့ ခံသာတယ်၊ မခံသာဘူးဆိုတဲ့ သဘောက အများကြီးပြောင်းသွားတာ တွေ့ရတယ်နော်။

တကယ်ပဲ သည်းမခံနိုင်လောက်အောင် နာလာပြီဆိုရင်တော့ ပြင်ရမှာပေါ့၊ မပြင်လို့ရှိရင်လည်း ဆက်ပြီးတော့ တရားအားထုတ်လို့က မကောင်းတော့ဘူး၊ Agitation သိပ်များလာပြီ. နော်၊ ဒုက္ခဖြစ်လာရင် စိတ်ထဲမှာ agitation ဖြစ်လာတယ်။ စိတ်က ယောက်ယက်ခတ်လာတယ်၊ လှုပ်လာတယ်၊ တုန်လာတယ်၊ သည်းမခံနိုင်တော့ဘူးနော်၊ အဲ့ စိတ်ရဲ့ တုန်ခါမှုက သိကို သိနေရတာနော်၊ တခါတလေ ဘယ်လောက်ထိတောင် သိရသလဲဆိုတော့ အဲ့ဒီ မခံနိုင်တာကြီးကို ကြိတ်မှိတ်ခံတော့ အဲ့ဒီလူရဲ့ မျက်နှာကို ကြည့်၊ မျက်နှာကြီးက tense ဖြစ်နေတယ်နော်၊ တခါတလေ အံတောင်ကြိတ်ထားတယ်၊ အတင်းကြီး အံကြိတ်ပြီးတော့ သည်းခံနေတာ၊ အဲ့လောက်ကြီးဖြစ်လာရင်တော့ မကောင်းတော့ဘူးလို့ ထင်တယ်၊ ပြင်သင့်ပြီလို့ ထင်တယ်နော်၊

အဲ့တော့ ပြင်တဲ့အခါမှာ အလျင်စလို မပြင်ပါနဲ့၊ ဖြည်း..ဖြည်း..လေး ပြင်ပါနော်၊ သတိလေးနဲ့ သေချာကြည့်၊ အဲ့ဒီ ခံနေရတဲ့ ဝေဒနာကြီးရဲ့ သဘောကိုလည်း သိတယ်၊ ဒီဝေဒနာကြီးကို စိတ်ကမခံနိုင်တော့ဘူး ဆိုတာကိုလည်း သိတယ်နော်၊ မခံချင်တော့ဘူး၊ မခံနိုင်တော့ဘူး၊ ပြင်ချင်ပြီ။ အဲ့ဒီ ပြင်ချင်တဲ့ စိတ်ကလေးကိုပါ သိပြီးတော့ နည်းနည်း. နည်းနည်း..နည်းနည်း ပြင်ပါ၊ ချက်ခြင်းကြီး ဗြုန်းကြီး အများကြီး မပြင်လိုက်နဲ့နော်။

ဥပမာ- ခါးကိုဆန့်တော့မယ်ဆိုရင် နည်းနည်းလေး ဆန့်ကြည့်လိုက်၊ အဲ့ဒီ နည်းနည်းလေး ဆန့်ကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုကို သိရမယ်၊ အဲ့ဒီ နည်းနည်းလေး ဆန့်တဲ့အတွက်ကြောင့် အဲ့ဒီ ခါးဘက်မှာရှိတဲ့ muscle တွေမှာ tension ပြောင်းသွားတယ်နော်၊ နည်းနည်းလေး နေရာပြင်လိုက်တာနဲ့ တစ်ပြိုင်တည်း သူ့ရဲ့ tension ဟာ ပြောင်းသွားတယ်၊ နဂိုတုန်းက အများကြီး tense ဖြစ်ပြီး ထားရာကနေ အခုလို နည်းနည်းလေး tension လျော့သွားတယ်၊ အဲ့ဒီ လျော့သွားတဲ့ tension ကို သိဖို့လိုတယ်နော်။ အသာလေး လိုက်ပြီး ပြီးမှ နည်းနည်းလေး ထပ်ပြင်ကြည့်။ tension ပြောင်းသွားတယ်၊ နည်းနည်းလေး နေသာသလို ရှိလာတယ်၊ အဲ့ဒါလေးကို သိတယ်၊ အဲ့ဒီ tension လေးပြောင်းသွားတဲ့အခါမှာ စိတ်က ဘယ်နှယ့်ဖြစ်သွားလဲ၊ အဲ့ဒီစိတ်ကိုပါ ကြည့်ရမယ်နော်၊ ခန္ဓာကိုယ်မှာ tension နည်းနည်းလျော့သွားရင် စိတ်မှာလဲ tension နည်းနည်းလျော့သွားတယ်၊ သူနဲ့ ပတ်သက်ပြီးတော့ တင်းထားတဲ့ စိတ်ကြီးက နည်းနည်းလျော့သွားတယ်၊ စိတ်က နည်းနည်းလေး ကျေနပ်သလို ဖြစ်လာတယ်၊ မခံသာတဲ့သဘော နည်းနည်းလျော့သွားတော့ နည်းနည်း ကျေနပ်မှု ရလာတယ်၊ နောက် နည်းနည်း.ထပ်ပြင်ကြည့်၊ နောက် နည်းနည်း.ထပ်ပြင်ကြည့်။ နောက်ဆုံး ကိုယ်လိုချင်တဲ့ အနေအထား ရောက်တဲ့အခါမှာ ဒီခန္ဓာကိုယ်ပေါ်မှာ မခံသာတဲ့ သဘောမရှိတော့ဘူး၊ သူ့နေရာမှာ tension ကြီးကလဲ လျော့သွားပြီ၊ စိတ်ကလည်းပဲ လျော့လျော့လေးဖြစ်သွားပြီ၊ ကျေနပ်သွားပြီ၊ အဲ့ဒီလို process တစ်ခုလုံး ဖြစ်တာကို သတိလေးနဲ့ ကပ်ပြီးတော့ လိုက်ကြည့်လို့ရှိရင် ပြင်လိုက်တဲ့ အတွက်ကြောင့် သတိ၊ သမာဓိ ပျက်မသွားဘူး၊ သတိ၊ သမာဓိက continuous ဖြစ်နေတယ်၊ တဆက်တည်း ပါသွားတယ်နော်၊ အဲ့တော့ အရေးကြီးတာက သတိ၊ သမာဓိ တဆက်တည်း ဖြစ်ဖို့ပဲ၊ ပြင်တာ မပြင်တာက အဓိက မဟုတ်ဘူးနော်။

ဥပမာ- စင်္ကြန်လျှောက်ရင်းနဲ့ တရားအားထုတ်တယ်ဆိုပါတော့၊ တရားအားထုတ်တာ ထိုင်တလှည့်၊ လျှောက်တလှည့်ဆို သိပ်ကောင်းတာ၊ အဲ့ဒီတော့ လျှောက်ရင်းနဲ့ တရားအားထုတ်တဲ့သူဟာ ခန္ဓာကိုယ် အနေအထားဟာ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း ပြောင်းသွားတယ်နော်၊ တချိန်လုံး ပြောင်းနေတယ်၊ တစ်လှမ်းပြီး တစ်လှမ်းဆိုတာ တစ်ကိုယ်လုံး ပြောင်းသွားတယ်၊ တစ်ကိုယ်လုံး လှုပ်တယ်၊ ခြေတစ်လှမ်း လှမ်းလိုက်ဖို့ဆိုတာက ခန္ဓာကိုယ် တစ်ကိုယ်လုံး တစ်နေရာမှ မကျန်အောင်လှုပ်သွားတာ၊ လက်လွှဲတယ်ဆိုရင် လက်အနေအထားတွေ ပြောင်းသွားတယ်နော်၊ ခန္ဓာကိုယ်ဟာ ခြေထောက် တစ်ချောင်းကနေ နောက်တစ်ချောင်းကို weight ကိုပြောင်းပြီးတော့ ယူရတဲ့အတွက်ကြောင့် တစ်ကိုယ်လုံးမှာ balance ပြောင်းသွားတယ်၊ မပြောင်းတဲ့နေရာရယ်လို့ မရှိဘူး၊ ဖနောင့်ကို ချလိုက်တာနှင့် တစ်ပြိုင်နက်ထဲ ငယ်ထိပ်အထိအောင် အဲ့ဒီ ဆောင့်လိုက်တဲ့ အားက ရောက်တယ်၊ သတိထားကြည့်ရင် သိတယ်နော်၊ အဲ့ဒီတော့ တစ်ကိုယ်လုံး ဒီလောက်ကြီး ပြောင်းလဲနေတာတောင်မှ သတိနဲ့ကပ်ပြီးတော့မှ လျှောက်နိုင်လို့ရှိရင် တရားအားထုတ်လို့ ရတာဘဲ။ စင်္ကြန်ကမ္မဋ္ဌာန်းကို အားထုတ်လို့ ရတာဘဲ။ အဲ့ဒီတော့ လျှောက်နေတုန်းတောင် တရားအားထုတ်လို့ရတယ် ဆိုတော့ ထိုင်နေတုန်းမှာ နည်းနည်းပါးပါး ပြင်တာ ကိစ္စမရှိပါဘူး၊

သမာဓိကို ဦးစားပေးတဲ့သူအဖို့ဆိုရင်တော့ နည်းနည်းလေး ပြင်တာနဲ့ သမာဓိပျက်တယ်လို့ ယူဆမှာပဲနော်၊ သတိကို ဦးစားပေးတဲ့ သူဆိုရင်တော့ နည်းနည်းလေး ပြင်ချင်တဲ့ စိတ် ဖြစ်နေကတည်းက သိတယ်၊ နည်းနည်းလေးပြောင်းကတည်းက ပြောင်းတာလေးကို သိတယ်။ နောက်ဆုံး ပြီးသွားတဲ့ အထိ အဆင့်ဆင့်၊ အဆင့်ဆင့် ပြင်သွားတာ ပြောင်းသွားတာကို သိတဲ့အတွက်ကြောင့် သူ့ကို သတိပျက်သွားတယ်လို့ ပြောလို့မရဘူးနော်၊ ၀ိပဿနာက သတိကို ဦးစားပေးတယ်။ သမထက သမာဓိကို ဦးစားပေးတယ်။

အဲ့တော့ သမထ သဘောမျိုး တစ်ခုမှ တစ်ခုဆိုမှ ဒီတစ်ခု၊ တခြား အာရုံကို ပြောင်းလဲပြီးတော့ မရှု့တဲ့ သဘောရှိတာကိုး။ သမထက။ ဒါကိုမှ ဒါဆိုပြီးတော့ select လုပ်ထားတဲ့သူ အဖို့ကတော့ ပြင်ချင်တဲ့စိတ် ဖြစ်ကတည်းကိုးက သူက နဂိုအာရုံကပြောင်းသွားပြီ၊ ပျက်သွားပြီလို့ ဆိုရတော့မှာနော်၊ အဲ့တော့ ဒီသဘာဝ ၂ ခု မတူတာကို နည်းနည်း သိဖို့လိုတယ်၊ အဲ့တော့ နာရီဝက်လောက် ကြာရင် နည်းနည်းလေး ခါးညောင်းသလို ဖြစ်လာပြီ၊ ပြင်ချင်ရင် အသာလေး ပြင်လိုက်။ တစ်နာရီလောက်ကြာလာရင် နည်းနည်းလေး မခံသာလောက်အောင် ညောင်းတဲ့ သဘောလေးဖြစ်လာမယ်ဆိုရင် အသာလေး.. ပြင်လိုက်ရုံဘဲ။

စပြီးတော့ ထိုင်ကတည်းက အသက်သာဆုံး အနေအထားကို ရွေးပါ။ ထိုင်နေကျ လူဆိုသိတယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ထိုင်လို့ရှိရင် အသက်သာဆုံး ရှိမလဲ၊ တင်ပါးဘက်မှာ စောင်လိုဟာမျိုးကို ခေါက်ပြီးတော့ (၃) လက္မလောက် ထူအောင် ခုပြီးတော့ ထိုင်လို့ရှိရင် ထိုင်ရတာ ပိုသက်သာတယ်၊ ပိုသက်သာရင် ကြာကြာ ထိုင်နိုင်တာဘဲ။ ကြာကြာထိုင်နိုင်တာထက် ပိုအရေးကြီးတာက တစ်ဆက်တည်းသိတာ၊ ကြာကြာပင် ထိုင်နိုင်သော်လည်းပဲ သိတာက တစ်ဆက်တည်း မဖြစ်လို့ရှိရင် တရားအားထုတ်ရတာ အကျိုးမများဘူး၊ အဲ့ဒီတော့ ပုံစံအရေးမကြီးပါဘူးနော်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ မဟာသတိပဋ္ဌာနသုတ်၊ သံယုတ်ပါဠိတော်မှာပါတယ်။ မဟာသတိပဋ္ဌာနသုတ်သံယုတ်ဆိုတာရှိတယ်၊ အဲ့ဒီမှာ ကာယနုပဿနာအပိုင်းမှာ “သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ” ဆိုပြီးတော့ ဘုရားကဟောထားတာ ရှိတယ်၊ “ကွေးတဲ့အခါမှာ၊ ဆန့်တဲ့အခါမှာ၊ သတိနဲ့ ဉာဏ်နဲ့ ယှဉ်ပြီးတော့ ပြုလေ့ရှိ၏” တဲ့၊ ပြုလေ့ရှိ၏ဆိုတာက ဘယ်သူလဲဆိုတော့ သတိနဲ့ နေတဲ့သူဟာ အဲလိုဘဲ ပြုလေ့ရှိတယ်.. နော်၊ သတိပဋ္ဌာန်တရားကို အားထုတ်တဲ့သူဟာ ကွေးတဲ့အခါ၊ ဆန့်တဲ့အခါမှာ သတိနဲ့ ပြုလေ့ရှိတယ်တဲ့၊ အဲ့ဒီ အပိုဒ်ကိုဘဲ အဋ္ဌကထာမှာ အဓိပ္ပါယ် အကျယ်ဖွင့်တဲ့ အခါကြတော့ သူက “လက်ခြေတို့ကို တာရှည်စွာ ကွေးထာသည်ဖြစ်စေ၊ ဆန့်ထားသည်ဖြစ်စေ၊ မခံသာသော ဒုက္ခဝေဒနာတို့သည် မကြာမကြာပေါ်ကုန်၏” တဲ့။ ဒုက္ခဝေဒနာပေါ်လို့ရှိရင် စိတ်ထဲမှာ ဒေါမနဿဖြစ်တော့မယ်နော်။ စိတ်ထဲမှာ ဒေါမနဿ ဖြစ်လို့ရှိရင် စိတ်က လှုပ်လာတယ်။ တုန်ခါလာတယ်။ Agitation ရှိလာတယ်။ “ဒေါမနဿ ဝေဒနာ မကြာမကြာ ဖြစ်လို့ရှိရင် စိတ်တည်တံ့မှုကို မရနိုင်” တဲ့၊ “စိတ်တည်တံ့မှုကို မရနိုင်လို့ရှိရင် ကမ္မဋ္ဌာန်းမကြီးပွား” တဲ့။၊ ကမ္မဋ္ဌာန်းမကြီးပွားလို့ရှိရင် မဂ်ဖိုလ်ကို မရဘူး။

အဲ့တော့ “လက်ခြေတို့ကို တာရှည် ကွေးထားသည်ဖြစ်စေ၊ ဆန့်ထားသည်ဖြစ်စေ မခံသာသော ဒုက္ခဝေဒနာတို့သည် ပေါ်ကုန်၏” ဆိုတာ အဲဒါ သဘာဝဘဲ။ သာမန်လူတွေ နေ့စဉ် သူတို့ဟာ သူတို့ တရားအားမထုတ်ဘဲ ထိုင်နေလည်းဘဲ ကြာရင်တော့ ညောင်းလာတာဘဲ။ မခံသာတဲ့ ဒုက္ခဝေဒနာ ပေါ်တာဘဲ၊ သို့သော် သာမန်အခြေအနေမှာ အဲဒါကို ၁ မိနစ်တောင်မှ သည်းခံပြီးတော့ မနေဘူး၊ နည်းနည်းလေး မနေနိုင်တာနဲ့ ချက်ခြင်းပြင်တာပဲ၊ အဲ့တော့ လူတွေကို သာမန်အခြေအနေမှာ ထိုင်တဲ့အခါမှာကြည့်နေ။ ၁ မိနစ် တစ်ခါလောက် ရွှေ့နေတာဘဲ။ ပြင်နေတာဘဲ။ ၂ မိနစ် တစ်ခါ၊ ၃ မိနစ် တစ်ခါလောက် ရွှေ့နေ၊ ပြင်နေတာပဲ။ တစ်ခုခုကို အင်မတန် စိတ်ဝင်စားလို့ စူးစိုက်နေတဲ့ အခါမျိုးမှာတော့ မပြင်ပဲနဲ့ နေတာ ကြာချင် ကြာမယ်၊ ဥပမာ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ TV program တစ်ခုခုကို ကြည့်နေတဲ့အခါမျိုးမှာ။ သို့မဟုတ် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်အုပ်ကို ဖတ်နေတဲ့အခါမျိုး ဆိုပါတော့။ စိတ်ဝင်စားမှုအားကြီးလို့ ဒီထဲမှာ စိတ်ကစူးဝင်နေတဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကို သိပ်မပြင်ဘူး၊ ဒါတောင်မှ unconsciously နည်းနည်းတော့ ပြင်တယ်နော်၊ သာမန်အခြေအနေ မဟုတ်တဲ့ အခါမျိုးမှာကြရင်တော့ ၁ မိနစ်/ ၂ မိနစ်လောက် နေရင် နည်းနည်းပြင်ပြီ။ ၁ မိနစ်/ ၂ မိနစ်လောက်နေရင် နည်းနည်းပြင်ပြီ။ အဲ့ဒီတော့ မခံသာတဲ့အဆင့်ကို မရောက်လာဘူး…နော်။

တရားထိုင်တဲ့အခါကြတော့ ကိုယ့်ရဲ့သဘောထားကိုက ငါငြိမ်ငြိမ်လေး ထိုင်မယ်ဆိုတဲ့ သဘောထားက ရှိနေတယ်၊ ကိုယ့်ကိုယ်ကို ဒီလိုသတ်မှတ်ထားပြီ။ ငါငြိမ်ငြိမ်လေးထိုင်မယ်၊ ကြာကြာထိုင်မယ်၊ ငြိမ်ငြိမ်လေး ကြာကြာထိုင်တာနှင့် တစ်ပြိုင်နက်ပဲ ခန္ဓာကိုယ်မှာ မနေသာတဲ့ သဘောဟာ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေဖြစ်လာတယ်။ ဘာမှ ထူးဆန်းတာမဟုတ်ဘူး။ တချို့က ဝေဒနာပေါ်လာတယ်တဲ့။ ဝေဒနာဟာ အမြဲတမ်း ပေါ်နေတာပါ။ တရားမထိုင်လဲ ပေါ်နေတာပဲ၊ ဒါပေမယ့် တရားမထိုင်တဲ့ အခါမှာ မခံသာတဲ့ အဆင့်ကို မရောက်ခင် ပြင်လိုက်တယ်။ တရားထိုင်တဲ့အခါကြတော့ မပြင်ဘူး၊ မပြင်တော့ တဖြည်းဖြည်းနဲ့ မခံသာတဲ့ အဆင့်ကို ရောက်လာတာဘဲ။ အဲ့ဒီတော့ သည်းခံနိုင်သလောက် သည်းခံပြီးတော့ နောက်ဆုံး မခံသာတဲ့ အခါမှာ သတိလေးနဲ့ သိပြီးတော့ ပြင်လိုက်ပါ၊ ဘုရားက ကွေးတဲ့အခါ၊ ဆန့်တဲ့အခါ သတိလေးနဲ့ ပြုပါတဲ့၊ မကွေးရဘူး၊ မဆန့်ရဘူးလို့ မဆိုဘူးနော်။

အနေအထားကို ပြင်တယ်ဆိုတာ နည်းနည်းလေး ကွေးပေးတယ် သို့မဟုတ် နည်းနည်းလေး ဆန့်ပေးလိုက်တယ်။ အခုလို ထိုင်နေတော့ ခါးလေးက နည်းနည်းလေး ကွေးနေတယ်၊ ကြာလာရင် သိလာပြီ။ ကျောမှာ တင်းပြီးတော့ မခံသာတဲ့ tension ကြီး ဖြစ်လာပြီ နော်၊ နည်းနည်းလေး ဆန့်ပေးလိုက်တာနှင့် တစ်ပြိုင်နက် နည်းနည်းလေး နေသာတယ်။ ဒီ tension ဟာ ဘယ်လောက်ထိအောင် တင်းသလဲသိလား။ ခုနက ဒီလိုလေးနေလို့ တင်းနေတဲ့ tension ဟာ ဒီထိအောင်ရောက်တယ်၊ ဒီနေရာမှာပါ တင်းနေတယ်၊ ကျောကို ဒီလို ဆန့်လိုက်တဲ့အခါ ဒီနေရာမှာပါ tension ပြောင်းသွားတာကို သိရတယ်၊ စမ်းကြည့်စမ်းပါ၊ သိနိုင်ပါတယ်နော်၊ ခန္ဓာကိုယ် တစ်နေရာရာမှာ tension ရှိလာရင် အဲ့ဒီ tension ဟာ ဒီမှာထိအောင် လာပြီးတော့ တင်းလာတယ်၊ သူနဲ့ အကြောချင်း ဆက်နေတယ်လို့ မဆိုလိုဘူးနော်၊ muscle ချင်း ဆက်နေလို့ မဟုတ်ဘူး၊ စိတ်က တင်းနေတာနော်၊ စိတ်က တင်းနေတော့ အဲ့ဒီ tension က တစ်ကိုယ်လုံးမှာ တင်းနေတာ၊ အနေအထားလေး နည်းနည်းလေး ပြင်လိုက်တာနဲ့ တစ်ကိုယ်လုံးပဲ နေရတာ နည်းနည်းသက်သာသွားတယ်၊ ပြင်တဲ့အခါမှာ သက်သာသွားတဲ့ သဘောလေးကို သိပြီးတော့ ပြင်ပါ.. နော်။

Typed By: စေတနာရှင်တစ်ဦး

အသံဖိုင် နားဆင်ရန် - http://minus.com/l1RR0227h1L88

(ပထမ အသံဖိုင် သီးသန့်တင်ပေးထားတာမှာ ကော်နက်ရှင် အခက်အခဲကြောင့် နားထောင်လို့မရကြတဲ့ မိတ်ဆွေများအတွက် စာဖြင့် ပြန်လည် တင်ပြပေးလိုက်ပါသည်။)

မူလ ပို့စ် -
https://www.facebook.com/photo.php?fbid=529949367027736&l=1fff1af389

Shared from Vimuttisukha Bliss (FB)