Sunday, September 23, 2012

~ သံဝေဂ အစစ် - သံဝေဂအတု ~

" ချစ်တဲ့သူတွေနဲ့ ... ဝေးလေကောင်းလေ " လို့


တွေးရော တွေးမိရဲ့လား .... ~

တစ်ခါ တစ်ရံတော့ တွေးမိမှာပေါ့နော် ....

ချစ်တဲ့သူတွေကြောင့် ... သိပ်စိတ်ညစ်ရတဲ့အခါတွေမျိုး ...

သိပ်စိတ်ဆင်းရဲရတဲ့ .. အခါတွေမျိုးမှာတော့

သူတို့နဲ့ ... ဝေးလေကောင်းလေ လို့ တွေးမိကြမှာပေါ့ .... ~

*****************************

သိပ်စိတ်ညစ်လွန်းမှ ....

သိပ်စိတ်ဆင်းရဲလွန်းမှ ....

ဝေးလေကောင်းလေလို့ ... တွေးတာက

သံဝေဂနဲ့ တွေးတာ ... သိပ်မဖြစ်နိုင်တော့ပါဘူး .... ~

ဒေါမနဿနဲ့တွေးတာ ပိုဖြစ်ပါလိမ့်မယ် ... ~

*****************************

စိတ်ဆင်းရဲမှုဆိုတဲ့ ... " ဒေါမနဿ " က

ကြောက်ရွံ့ ထိတ်လန့်မှုဆိုတဲ့ " သံဝေဂ " အယောင်ဆောင်

တတ်ပါတယ် ... ~

စိတ်ဆင်းရဲပြီး လောကကြီးအပေါ် မကျေမနပ်ဖြစ်နေတာကို

သံဝေဂ ဖြစ်နေတယ် ....

လောကကြီးကို ... ငြီးငွေ့ နေတယ်လို့ ... ထင်တတ်တယ်လေ ..~

*****************************

ချစ်တဲ့သူတွေကြောင့် ... အကြီးအကျယ် စိတ်ဆင်းရဲရမှ

ဒုက္ခ မဟုတ်ပါဘူး ... ~

သာမာန် စိတ်ဆင်းရဲရလည်း ... ဒုက္ခပါပဲ .... ~

သာမာန် ၀မ်းနည်းနေရလည်း ဒုက္ခပါပဲ .... ~

စိတ်မဆင်းရဲရ ... ၀မ်းမနည်းရတောင်

သူတို့အတွက် ရုန်းကန်လှုပ်ရှားနေရတာ ....

သူတို့ ဆန္ဒ ဖြည့်ဆည်းပေးနေရတာ .....

သူတို့ကို သတိရ တမ်းတနေရတာကိုက ..... ဒုက္ခပဲလို့

ဥာဏ်နဲ့ လေးလေးနက်နက်

သိမြင်သဘောပေါက်မှ သံဝေဂ အစစ်လို့

ခေါ်နိုင်ပါတယ် ~

*****************************

အကြီးအကျယ် စိတ်ဆင်းရဲရမှ ....

အကြီးအကျယ် ၀မ်းနည်းကြေကွဲရမှ ....

တဒင်္ဂ ... တခဏ ....

ကြောက်ရွံ့ သလိုလို ... ထိတ်လန့်သလိုလို ....

ဖြစ်တာကတော့ ... သံဝေဂ အစစ် မဟုတ်ပါဘူး

သံဝေဂ အတု ပါ .....

ငြီးငွေ့ တဲ့အသွင်နဲ့ ဒေါမနဿက

သံဝေဂယောင် ဆောင်ထားတာပါ .... ~

*****************************

သံဝေဂ အစစ်ဟာ ဥာဏ်ပြဌာန်းပါတယ် ...

သတိပြဌာန်းပါတယ် ....

အရာရာကို အသိဥာဏ်နဲ့ အကြောင်းအကျိုး ဆက်စပ်ပြီး

လေးလေးနက်နက် သဘောပေါက်မှ သံဝေဂအစစ်

ဖြစ်နိုင်ပါတယ် ~

*****************************

သံဝေဂ အတုကတော့ ...

မကျေနပ်မှု ဒေါသ ပြဌာန်းပါတယ် ....

စိတ်ဆင်းရဲမှု ဒေါမနဿ ပြဌာန်းပါတယ် ....

အရာရာကို ဒေါမနဿနဲ့ မကျေမနပ် ပုတ်ခတ်ဝေဖန်တာဟာ

သံဝေဂအတုပါ ... ~

*****************************

အရှင် ဆန္ဒာဓိက ( ရွှေပါရီတောရ )

( ဝေးလေကောင်းလေ )

*****************************

ဒီတရားကိုနာပြီးတဲ့အခါ .. ကျွန်မ ကိုယ်ကျွန်မ ပြန်သုံးသပ်

မိပါတယ် .. ဒီအသက်အရွယ်အထိ .. ကျွန်မတို့ဟာ

သံဝေဂ အတုတွေနဲ့ပဲ ပျော်မွေ့ လို့ကောင်းတုန်း ဆိုတာ လေ .

မေတ္တာဖြင့် ~
Shared from Doh Yote

No comments:

Post a Comment